အခန်း ၁၁၃
Viewers 25k


အခန်း (၁၁၃)- အရင်က သူ့ရဲ့နာမည်ဂုဏ်သတင်းကောင်းတွေက အခုအချိန်မှာ သူ့အပေါ် ပို၍အဆိုးမြင်လာစေတယ် (၂)


သူက ကျန်းယာ့ကောနှင့် ဖန့်ကျွင်းရုံတို့ကို အပြစ်တင်မိသည်။ သူသည် သူမ၏ခရက်ဒစ်ကတ်များကိုပိတ်ထားလိုက်ခြင်းဖြင့် ကျန်းယာ့ကောအား လက်စားခြေပြီးပြီဖြစ်သည်။ ဖန့်ကျွင်းရုံအတွက် သူ ဘာမှကို မလုပ်နိုင်သေးဘူး။ အထူးသဖြင့် သူမက တဖြည်းဖြည်း အောင်မြင်လာခဲ့သည့်နောက်မှာပေါ့။ အဲ့တာက သူ့ရဲ့မကောင်းတဲ့ ဆုံးဖြတ်ချက်ကို ဆွဲခေါ်ထုတ်ပြီး သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ တူသည်။

 

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ နက်ရှိုင်းသောဝမ်းနည်းမှုဟာ ပျံ့နှံ့သွားခဲ့ပြီးတော့ သူသည် ထိုဝမ်းနည်းမှုကို မဖယ်ရှားနိုင်ခဲ့ပါ။

 

အလှအပ‌ဆေးလုံးကို သူတို့ကွာရှင်းပြတ်စဲပြီး မကြာခင်မှာ ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ဒါ့ကြောင့် အစောကတည်းက သူမမှာ ဖော်စပ်နည်းရှိပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါပေမယ့် သူမသည် သူ့ကို နည်းနည်းလေးမှ အရိပ်အယောင်မပြပဲ ကောင်းကောင်းဖုံးကွယ်ထားခဲ့သည်။ သူမသည် သူမနှင့် ညတိုင်း အတူအိပ်စက်နေတဲ့သူ့ဆီကနေ ကောင်းကောင်းမွန်မွန် သိမ်းဆည်းထားနိုင်ခဲ့သည်။

 

သူသည် အလှအပဆေးလုံးမှ ရရှိသောအကျိုးအမြတ်တစ်စိတ်တစ်ပိုင်းကို ရသင့်သည်။

 

ထိုအရာကို စဥ်းစားရင်း သူ့နှလုံးသားကို ဓားနဲ့အထိုးခံရသလို ခံစားလိုက်ရသည်။ သူသည် လွန်ခဲ့သောတစ်နှစ်ကို ပြန်သွားလိုရန် ဆန္ဒရှိသည်။ သူ သေချာပေါက် ဝမ်စစ်ရှန်းကို သူ့အနားကို ပြန်ခေါ်လာခဲ့မှာ မဟုတ်သလို ကျန်းယာ့ကောကိုလည်း သူ့အိမ်တော်ထဲသို့ ခေါ်မသွားပဲ ဖန့်ကျွင်းရုံကိုလည်း သူနဲ့ဝေးရာသို့တွန်းပို့မိအောင် မလုပ်တော့ဘူး။

 

ကံမကောင်းစွာပဲ ဘဝမှာ နောင်တရတာကို ပျောက်ကွယ်သွားစေတဲ့ဆေးဆိုတာ မရှိခဲ့ပါဘူး။ သူ့နောင်တတွေကြောင့် ငိုကြွေးနေရတဲ့ညတွေကို တွန်းလှန်ပစ်တာကလွဲလို့ သူ လုပ်နိုင်တာ ဘာမှမရှိဘူး။ 

 

ထိုအချိန်တွင် သူ့လက်ထောက်က သူ့ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်လာပြီးတော့ ဝမ်စစ်ရှန်းထံသို့သွားရောက်ရန် အချိန်ရောက်နေပြီလို့ သတိပေးလိုက်သည်။ လီဝမ့်ကျင်းသည် သောကြာနေ့တိုင်း ဝမ်စစ်ရှန်းကိုကြည့်ရှုရန် ဆေးရုံသို့သွားသည်။ ကံတရားကြောင့် သူသည် ဝမ်စစ်ရှန်းရှေ့၌ သူ့စိတ်အားတက်ကြွမှုအချို့ကို ပြန်လည်ရယူနိုင်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ သူ့ကို အပြည့်အဝမှီခိုခြင်း ခံခဲ့ရသည်။

 

သူက သူ့မျက်ခုံးကြားကို လက်ဖြင့်ပွတ်လိုက်ပြီးတော့ သူ့အပေါ်ထပ်ကိုဆွဲယူလိုက်ကာ “သွားကြစို့” ဟု ပြောလိုက်သည်။

 

 သူ ဆေးရုံကိုရောက်သွားသောအခါ ဝမ်စစ်ရှန်းရဲ့စိတ်အခြေအနေက သိပ်မကောင်းဘူးဆိုတာကို သတိထားမိလိုက်သည်။ သူမ မျက်နှာပျက်စီးသွားကတည်းက သူမက ဘယ်တော့မှမပျော်ရွှင်တော့ပေ။ ပြီးတော့ သူသွားရောက်လည်ပတ်တဲ့အချိန်တွေမှာ သူမရဲ့စိတ်ဝိညာဥ်က အမြဲလွင့်မျောနေတတ်တယ်။

 

သူမက ဒီနေ့မှာတော့ ပုံမှန်နေ့တွေထက် အနည်းငယ် ပိုတက်ကြွနေပုံရတယ်။ သူမမျက်နှာပေါ်က အမာရွတ်များက သူ့အမြင်အာရုံမှာ စိုးမိုးသွားမှာစိုးရိမ်မိသောကြောင့် အဝေးသို့ ဂရုတစိုက် အကြည့်လွှဲလိုက်သည်။ သူသည် ထိုအမာရွတ်များကို ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးသော်လည်း ၎င်းကို မြင်သည့်အချိန်တိုင်း စိတ်အနှောင့်အယှက်ဖြစ်ပြီး မရွံရှာပဲမနေနိုင်ပါ။

 

အရင်တုန်းက ဝမ်စစ်ရှန်းရဲ့အသွင်ကို ပြန်မြင်ယောင်ကြည့်ပြီး တတ်နိုင်သမျှ မြန်မြန်ထွက်သွားရန် သူ့ကိုယ်သူ သတိပေးနေရုံသာ တတ်နိုင်သည်။

 

“မင်းကြည့်ရတာ ဒီနေ့ ပျော်နေတဲ့ပုံပဲ။ ဘာဖြစ်နေလို့လဲ” သူသည် ကျန်းယာ့ကောကို စိတ်ပျက်သွားမိပြီးနောက် ဝမ်စစ်အာနဲ့တူတဲ့ ဝမ်စစ်ရှန်းအပေါ် သူ့ခံစားချက်များကို ပြန်လည်နေရာချခဲ့သည်။ ထို့ကြောင့် သူသည် ဝမ်စစ်ရှန်းကို ပို၍စိတ်ရှည်ပေးခဲ့သည်။

 

ဝမ်စစ်ရှန်းသည် အံကြိတ်လိုက်သည်။ သူမကို လီဝမ့်ကျင်းထံ စွန့်စားပြီးတော့ “ဝမ့်ကျင်း ဖန့်ကျွင်းရုံဆီကနေ ကျွန်မအတွက် အလှအပဆေးလုံးရရှိဖို့ တောင်းဆိုပေးနိုင်မလား” လို့ မေးလိုက်လေသည်။

 

လီဝမ့်ကျင်း၏အပြုံးဟာ ပျောက်ကွယ်သွားသည်။ သူက မယုံနိုင်သည့်အကြည့်ဖြင့် ဝမ်စစ်ရှန်းကို ကြည့်လိုက်သည်။ ဝမ်စစ်ရှန်းရဲ့စိတ်ထဲမှာ ဘာတွေကို တွေးနေတာလဲ။ သူမက သူ့ကို ဖန့်ကျွင်းရုံထံကနေ သူမအတွက် အလှအပဆေးလုံးရရှိဖို့ သွားမေးရန် တောင်းဆိုခဲ့တယ်တဲ့လား။ သူမက ဖန့်ကျွင်းရုံနဲ့ သူကိုယ်တိုင်ရဲ့ဆက်ဆံရေးအကြောင်း အကောင်းဆုံး သိတဲ့သူတစ်ယောက်ပဲ မဟုတ်ဘူးလား။

 

“ဒါက ဟာသလုပ်စရာ မဟုတ်ဘူး။ တခြား မင်းလိုချင်နေတဲ့ဟာရှိရင် မင်းအတွက် အဲ့တာတွေကို တစ်ယောက်ယောက်နဲ့ လာပို့ခိုင်းလိုက်မယ်”

 

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ အဲ့ဆေးဗူးအနည်းငယ်ကို လက်ဝယ်ရရှိခဲ့တယ်။ ပြီးတော့ သူတို့က အကျိုးသက်ရောက်မှုရှိပုံရတယ်။ မီးလောင်ဒဏ်ရာအချို့ကို သက်သာသွားစေခဲ့တယ်။ သူမမှာ ပိုအကျိုးသက်ရောက်မှုရှိတဲ့ဗားရှင်းရှိတယ်လို့ ကျွန်မ ကြားခဲ့တယ်” အစကတော့ သူမဟာ ဒါကို အသုံးမပြုချင်ခဲ့ပေမယ့် အွန်လိုင်းပေါ်ကရီဗျူးတွေကို ဖတ်ခဲ့ပြီးနောက်ပိုင်းမှာ မှောင်ခိုစျေးကွက်ကနေ တစ်ဗူးဝယ်ယူခဲ့တယ်။ ထိုဆေး၏အကျိုးသက်ရောက်မှုသည် သူမမျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။

 

အာနိသင် အကျိုးသက်ရောက်မှုက အကန့်အသတ်ရှိသဖြင့် သူမ၏အမာရွတ်များမှာ သိသာထင်ရှားနေဆဲ ဖြစ်သည်။ ဖန့်ကျွင်းရုံထံမှာ သူမသုံးစွဲနေသည့်ဗားရှင်းထက် ပိုမိုအကျိုးသက်ရောက်မှုရှိသည့်ဗားရှင်းရှိကြောင်းကို သူမ ကြားခဲ့ရပြီး ထိုဗားရှင်းကို အွန်လိုင်းပေါ်တွင် ဝယ်ယူမရရှိနိုင်ပဲ အတွင်းပိုင်းအသိုင်းအဝိုင်းများမှာ ရှရှိနိုင်ကြောင်းကိုပါ သိလိုက်ရသောအခါ သူမ အရှုံးမပေးချင်ခဲ့ပါ။

 

ဝမ်စစ်ရှန်းသည် အတွေးများနေခဲ့ပြီး ‌နောက်ဆုံးမှာ လီဝမ့်ကျင်းကို လှည့်မကြည့်ပဲ မနေနိုင်ခဲ့ဘူး။ သူမမျက်နှာသာ ပြန်လည်မကောင်းမွန်လာခဲ့ရင် လီဝမ့်ကျင်း သူမအပေါ် ထားရှိသောအရာအားလုံး ပျောက်ကွယ်သွားလိမ့်မည်။ သူက အလည်လာသည့်အချိန်တိုင်း သူမမျက်နှာကို မြွေတစ်ကောင်အကိုက်ခံရမလိုမျိုး ရှောင်ဖယ်နေပြီးတော့ သူမကို တိုက်ရိုက်မကြည့်ခဲ့ပါ။

 

ထိုအကြောင်းကိုတွေးပြီးတော့ သူမမျက်ရည်များကို ထိန်းမထားနိုင်တော့ပါ။ သူမသည် အဘယ်ကြောာင့် ဤမျှ ကံဆိုးရပါသနည်း။ နောက်ဆုံးမှာတော့ သူမဘဝရဲ့ပျော်ရွှင်မှုကို ရှာတွေ့ခဲ့တယ်။ ပြီးတော့ သူမရဲ့တူမလေးကြောင့် သူ ဒီလိုပုံစံမျိုး