အခန်း ၁၁၄
Viewers 25k

အခန်း (၁၁၄)- အရင်က သူ့ရဲ့နာမည်ဂုဏ်သတင်းကောင်းတွေက အခုအချိန်မှာ သူ့အပေါ် ပို၍အဆိုးမြင်လာစေတယ် (၃)

 

လီဝမ့်ကျင်း လိုချင်လုပ်ချင်သော နောက်ဆုံးသောအရာသည် ဖန့်ကျွင်းရုံအား မျက်နှာသာပေးခြင်းနှင့် ဖောက်ပြန်ခြင်းကဲ့သို့သော အမှားမျိုးကို ကျိန်းသေပေါက် မပြုလုပ်ရန်ပင်။ မည်သို့ပင်ဖြစ်စေ ဝမ်စစ်ရှန်းသည် သူ့ရှေ့မှာ အလွန်ဝမ်းနည်းပက်လက် ငိုကြွေးနေသည်။ သူမကို ခေါင်းငုံ့၍ငိုကြွေးနေတာဖြစ်သောကြောင့် သူမမျက်နှာပေါ်က အမာရွတ်က မမြင်ရတော့ပေ။ ထိုကဲ့သို့သောအဖြစ်ကြောင့် သူမသည် ဝမ်စစ်အာအကြောင်းကို သူ့အား အမှတ်ရစေသည်။

 

လီဝမ့်ကျင်းသည် သူမကို ငြင်းဆန်မယ့်စကားများကို မျိုချလိုက်သည်။ သူက ဒေါသသံဖြင့် သူမကို “ငါ ကြိုးစားကြည့်ပေးမယ်” လို့ ပြောလိုက်သည်။

 

သူက ဖန့်ကျွင်းရုံကို ကိုယ်တိုင်သွားမမေးမြန်းနိုင်ပေမယ့် နောက်ကွယ်မှာ သူ ရှိနေတာကို မဖော်ပြနိုင်မည့် တစ်ယောက်ယောက်ကို သူ အကူအညီတောင်းနိုင်တယ်။ ဒါက လှောင်ရယ်စရာ ဖြစ်နိုင်ပေမယ့် သူက လူကိုယ်တိုင် သွားရောက်မေးမြန်းပြီးတော့ စော်ကားပြောဆိုခံရမှာထက်စာရင် ဒါကပိုကောင်းပါသေးတယ်။

 

ရှစ်ကျီသည် ယာ့ကောနှင့် လမ်းခွဲပြီး မကြာသေးမီက သမ့်မိန်းကလေးနှင့် အလွန်နီးစပ်လာခဲ့သည်။ သူက သမ့်အိမ်တော်ကို ဂရုမစိုက်ပေမယ့် ခေါင်းမာတဲ့သူ့သားအကြောင်းကို တွေးမိတော့ ယာ့ကောထက်စာရင် သမ့်လန်နဲ့ချိန်းတွေ့တာက ပိုကောင်းပါသေးသည်။ သူသည် သမ့်အိမ်တော်အား အလှအပဆေးလုံးဗူးရေအနည်းငယ်အတွက် ဖန့်ကျွင်းရုံအား ဆက်သွယ်ဝယ်ယူပေးရန် တောင်းဆိုနိုင်သည်။ 

 

တစ်နည်းမဟုတ် တစ်နည်းဖြင့် အလှအပဆေးလုံးကိုရရှိရန် ကြံစည်ရမည်။ သူသည် ဖန့်ကျွင်းရုံအား ခယဝပ်တွားဖို့ မလုပ်နိုင်ပါ။

 

ရုတ်တရတ် သူက တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ သူက သူ့ဖုန်းထဲက အဆက်အသွယ်စာရင်းထဲက ဖန့်ကျွင်းရုံနံပါတ်အားနှိပ်၍ ဖုန်းခေါ်ဆိုလိုက်သည်။

 

နောက်တစ်စက္ကန့်မှာပဲ သူ့မျက်နှာဟာ မည်းမှောင်လာလေသည်။

 

***

 

ဧည့်ခံပွဲအတွင်းမှာ အကများ၊ ဝိုင်များ သောက်စားကာ အဝတ်အစားများ အပြိုင်အဆိုင်ဝတ်ဆင်ကာ သာယာငြိမ့်ညောင်းသော ဂီတသံလေးများ ပျံ့လွင့်နေသည်။ မီးရောင်အောက်မှလူများသည် သူတို့အချင်းချင်း စကားပြောဆိုနေကြပြီးတော့ ကုမ္ပဏီတစ်ခုတည်းမှထုတ်လုပ်ထားသော မျက်နှာဖုံးများကို ဝတ်ဆင်ထားပုံရသည်။


ဖန့်ကျွင်းရုံအား ဤပွဲသို့ သူမသူငယ်ချင်း နဥ်ချင်းမှ ဖိတ်ကြားခဲ့တာ ဖြစ်သည်။ နဥ်ချင်းသည် သူမကိုယ်ပိုင်လုံခြုံရေးကုမ္ပဏီကို စတင်ဖွင့်လှစ်ခဲ့တာ မကြာသေးကာ ဖွံ့ဖြိုးနေဆဲလုပ်ငန်းစဥ်၌ရှိနေပြီးတော့ နောက်ပိုင်းတွင် သူမ၏ကွန်ယက်ကို ချဲ့ထွင်ရန် ဧည့်ခံစားသောက်ပွဲများစွာကို ကျင်းပခဲ့သည်။ ဖန့်ကျွင်းရုံသည် နဥ်ချင်းနှင့်အလွန်ကောင်းမွန်သောဆက်ဆံရေးရှိပြီး သူမသည် မကြာသေးမီက အလုပ်များကြောင့် ပင်ပန်းနေတာဖြစ်သည့်အတွက် သူမသည် ဒီကိုအပန်းဖြေဖို့လာရန် ဆုံးဖြတ်လိုက်သည်။

 

အခုနောက်ပိုင်းတွင် သူမက အလွန်နာမည်ကြီးကျော်ကြားလာသောကြောင့် လူများစွာသည် သူမရောက်လာသည်နှင့် သူမကိုစကားပြောရန် လာကြသည်။ သူတို့ထဲကအချို့က သူမနှင့်လက်တွဲ လုပ်ကိုင်လိုသည်ကို မသိမသာ အကြံပြုကြသည်။ ဖန့်ကျွင်းရုံက သူတို့နှင့် ယဥ်ယဥ်ကျေးကျေး စကားစမြည်ပြောဆိုခဲ့ပြီးတော့ ဘယ်သူ့မှဂရုမစိုက်လောက်မည့်အချိန်မှာ အိမ်ရှေ့ပေါ်တီကို ထွက်လာခဲ့သည်။

 

ဖန့်ကျွင်းရုံသည် လက်ထဲမှာ ဝိုင်တစ်ခွက်ဖြင့် ကောင်းကင်ပေါ်က တောက်ပသောလမင်းတစ်စင်းကို မော့ကြည့်ကာ အေးချမ်းသာယာမှုကို ခံစားနေခဲ့သည်။

 

ကံမကောင်းစွာပဲ တစ်စုံတစ်ယောက်ရောက်ရှိလာပြီး အဲ့ဒီအေးချမ်းသာယာမှုလေးကို ဖျက်ဆီးလိုက်လေသည်။

 

သူမလှည့်ကြည့်လိုက်ရာ သူမဆီသို့ ဦးတည်လျှောက်လှမ်းလာသော အနည်းငယ် ပြည့်ဖောင်းဖောင်းရှိသည့် အမျိုးသမီးတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ ထိုအမျိုးသမီးက အံ့သြဟန်ဖြင့် သူမပါးစပ်ကို အသာဖုံးအုပ်လိုက်သည်။ “အာ… ကျွန်မက ဒီနေရာမှာ တစ်ခြားဘယ်သူမှ မရှိဘူးထင်ပြီး အနားယူဖို့ ထွက်လာခဲ့တာ။ ဘော့စ်ဖန့်လည်း ဒီနေရာမှာရှိနေတာကို သတိမထားမိလိုက်ဘူး။ တိုက်ဆိုင်မှု တစ်ခုပဲ”

 

သူမသည် ဒီလောက်ဟန်ပန်မူရာများတာကို တစ်ခါမှ မမြင်ဖူးခဲ့ပါ။

 

ဖန့်ကျွင်းရုံသည် သူမစိတ်ထဲမှာ ထိုအမျိုးသမီးကို နိမ့်ကျသည့်အဆင့်တစ်ခုပေးခဲ့ပြီးတော့ ထိုပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာကို အသိအမှတ်ပြုမိလိုက်သည်။ “လျှိုကျူး”

 

သူမသည် သမ့်လန်၏မိခင်ဖြစ်သည်။ ဖန့်ကျွင်းရုံသည် လျှိုကျူးကို သူမယောကျာ်းပြောသမျှကို အမြဲခေါင်းညိတ်သဘောတူတတ်တဲ့ မိန်းမတစ်ယောက်အဖြစ် အမြဲတမ်း အမှတ်ရခဲ့တာ ဖြစ်သည်။ သူမ၏အမူအကျင့်ဟာ အဆင့်အတန်းနိမ့်သည့်အသွင်ရှိသည်။ သူမသည် သမ့်လန်၏မသင့်လျော်သောလုပ်ရပ်များအား ထုတ်ဖော်ခံရပြီး လီရှစ်ကျီက သမ့်အိမ်တော်အား အခြားသောလူအချို့နှင့်အတူ လက်စားခြေဖျက်ဆီးခဲ့ပြီး သူတို့မိသားစု ပျက်စီးသွားခဲ့သည့် စာအုပ်အဆုံးပိုင်းတွင် ထပ်မံဖော်ပြခံရသည်။ 

 

လျှိုကျူးက သူမအပေါ် ဖန့်ကျွင်းရုံ၏ထင်မြင်ချက်ကို မသိခဲ့ပါဘူး။ သူမသည် ဖန့်ကျွင်းရုံက သူမကိုအမှတ်ရနေသည့်အတွက် အလွန်ပျော်သွားခဲ့သည်။

 

သူမ၏သဘောထားဟာ စိတ်အားထက်သန်လာခဲ့သည်။ “ဘော့စ်ဖန့် ရှင်ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီးလှပလာတာပဲ။ ကလေးနှစ်ယောက်အမေနဲ့တောင် လုံးဝ မတူတော့ဘူး။ ရှင့်ရဲ့အလှအပဆေးလုံးတွေကြောင့် ကျွန်မပတ်ဝန်းကျင်မှာ ဘယ်လောက်တောင် ပွက်လောရိုက်သွားမှန်းကို ရှင် မသိပါဘူး”

 

ဖန့်ကျွင်းရုံက သူမခေါင်းလေးကို အသာယမ်းကာ အလွန်အဆင့်အတန်းရှိသော အပြုံးတစ်ပွင့်ကိုပေးလိုက်သည်။ “အကယ်၍ ရှင်လိုချင်တယ်ဆိုရင် ရှင့်လိပ်စာကိုကျွန်မဆီ ပေးထားနိုင်ပါတယ်။ ကျွန်မ ရှင့်ကို လက်လီစျေးနဲ့ဗူးရေတစ်ချို့ရောင်းချပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးနိုင်ပါတယ်” သူမသည် အလှအပဆေးလုံးအချို့ကိုတောင် အလကားပေးဖို့ မလုပ်ချင်ပါ။

 

မကြာသေးမီက သူမသမီးဖြစ်သူက ဖန့်ကျွင်းရုံ၏သားဖြစ်သူနှင့် ချိန်းတွေ့နေတယ်လို့ထင်သောကြောင့် လျှိုကျုးက သူမကိုယ်သူမ အရမ်းယုံကြည်မှုရှိသည်။ “ရှင့်ကုမ္ပဏီကနေ ထုတ်လုပ်ရောင်းချခြင်းမရှိတဲ့ ပိုကောင်းတဲ့အာနိသင်နဲ့ထုတ်ကုန်ရှိတယ်လို့ ကျွန်မ ကြားမိတယ်။ ပြီးတော့ အဲ့တာတွေကို ရှင်က ရှင့်သူငယ်ချင်းတွေကိုပဲပေးတယ်လို့ ကြားမိတယ်။ ကျွန်မက ရှင့်ရဲ့ဂုဏ်ယူရတဲ့သူငယ်ချင်းတွေထဲမှာ ပါနိုင်မယ်လို့ ရှင်ထင်လား”

 

ဖန့်ကျွင်းရုံဆီမှာ ဒီဗားရှင်းက ရှားပါးမှုမရှိပေမယ့် သူမကို ထိုဆေးလုံးများကို ဒီပုဂ္ဂိုလ်အား အလကားပေးမယ်လို့ မဆိုလိုဘူး။ သူမ စိတ်လျော့ပြီး လျှိုကျူးကိုလှည့်မကြည်မီ ဒေါသတကြီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


“အရှက်မရှိလိုက်တာ။ ရှင်က ရှင့်ကိုယ်ရှင် ဖန့်ကျွင်းရုံရဲ့သူငယ်ချင်းလို့ ဘယ်လိုလုပ်ပြီး ပြောရဲရတာလဲ။ ရှင်က သူမဆီကနေ ရှင်လိုချင်သမျှ တောင်းနိုင်တယ်လို့ ရှင် ဘာလို့ထင်နေရတာလဲ”

 

ဖန့်ကျွင်းရုံလှည့်ကြည့်လိုက်သောအခါ စုမိန်သည် သူမဂါဝန်အစွန်းကိုမပြီး လျှောက်လာတာကို မြင်လိုက်ရသည်။

 

ဖန့်ကျွင်းရုံက သူမဖာသာသူမ “အမ်… စုမိန်ကလည်း ငါ့သူငယ်ချင်းတစ်ယောက်လည်း မဟုတ်ပဲဲန့“ လို့ စဥ်းစားလိုက်မိသည်။ 

 

စုမိန်က မိမိကိုယ်မိမိနားလည်သဘောပေါက်မှု သိသိသာသာ ချိုတဲ့တာကြောင့် အလွန်ရိုးသားစွာ ပြောလိုက်သည်။ “သူမက ရှင့်ကို အဲ့လိုဆေးမျိုးကို ပေးတာကိုလိုချင်ရင် အရင်ဆုံး ရှင်ကလည်း ကျွန်မလို သူငယ်ချင်းအစစ်ဖြစ်လာမှ အဲ့လိုဆေးမျိုးကို သူမက ပေးလိမ့်မယ်။ ရှင်နဲ့ ရှင့်ခင်ပွန်းက လီဝမ့်ကျင်းနဲ့ရင်းနှီးတယ်ဆိုတာ ကျွန်မ မသိဘူးများ ထင်နေတာလား။ ကောင်းပြီ။ ရှင်က ဒီမှာ ခြံစည်းရိုးကို ခွကျော်ဖို့ ကြိုးစားနေတာလား”

 

ဖန့်ကျွင်းရုံ: အံ့ဖွယ်ပဲ။ စုမိန်က နောက်နာရီပိုင်းအတွင်းမှာပဲ ငါ့သူငယ်ချင်း