အပိုင်း ၄၀
Viewers 15k

Chapter 40

 စုပြုံလာသော ရေများက နက်ရှိုင်းလှသည့် အသူရာချောက်ဖြစ်လာသည်။ 





လင်းရုဖေးနှင့် ကုရွှမ်းတုတို့သည် မြစ်ဘေးတွင်အချိန်တော်တော်ကြာအောင် စကားစမြည်ပြောခဲ့ကြ၏။ 


ကောင်းကင်ယံက အမှောင်ကြီးစိုးသွားသည့်တိုင် သူတို့သည် ကျန်းချောင်အာပြန်လာသည်ကို မတွေ့ရပေ။ကုရွှမ်းတုက သူ၏မှန်းဆချက်အရ မြစ်ပေါ်တွင်လှည့်ပတ်သွားနေသောခရီးတစ်ခေါက်သည် တစ်ညတာကုန်ဆုံးသွားပြီး ကျန်းချောင်အာအတွက် ပြန်လာရန် အနည်းဆုံးမနက်ဖြန်နံနက်တိုင်အောင်ကြာလိမ့်မည်ဖြစ်သည်။  


လင်းရုဖေးက ဆိုလိုက်သည်။


"မနက်ဖြန်မနက်....အဲ့ဒီအချိန်မှာ မိစ္ဆာကျောင်းက နိုးနေတော့မှာမဟုတ်ဘူးလား" 


ကုရွှမ်းတုက ဖြေလိုက်သည်။


"အရေးမကြီးပါဘူး" 


သို့သော် ကျန်းချောင်အာ၏အရည်အချင်းကိုကြည့်ခြင်းဖြင့် သူသည် ဤအရာမျိုးကို တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်လုပ်ဖူးခဲ့လောက်သောကြောင့် လင်းရုဖေးသည် နောက်ဆုံးတွင် အနည်းငယ်စိတ်သက်သာရာရသွားသည်။တဖြည်းဖြည်းမှောင်လာသည်ကိုကြည့်ရင်း သူသည် တည်းခိုခန်းသို့ နောက်ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့သည်။နေဝင်ရီတရောအချိန်တွင် တည်းခိုခန်းသည် ပို၍တိတ်ဆိတ်လာကာ အခန်းများမှာကြည့်မိသည်နှင့် မည်သူမျှရှိနေသည်မဟုတ်ချေ။ 


ရှောင်အာ့က လင်းရုဖေးအား အပေါ်ထပ်အခန်းများဆီ ခေါ်သွားခဲ့သည်။အထဲတွင် ဖူဟွားနှင့်ယွီရွေ့က သန့်စင်ထားသောရေနွေးကို ပြင်ဆင်ထားပြီး သူ့အားဆေးကြောရန် ကူညီပေးသည်။


[ T/N - စားပွဲထိုး ]


လင်းရုဖေးက သူ၏အဝတ်အစားများကို လှဲလိုက်ပြီးကုရွှမ်းတု၏တိုက်တွန်းမှုအောက်တွင် သူက သောက်ဆေးတစ်ခွက်ကို ခါးခါးသီးသီးသောက်ခဲ့ရသည်။ သူ၏မျက်နှာတစ်ခုလုံးက အခါးဓာတ်နှင့်အတူရှုံ့တွသွားသည့်အခါ သူသာဆေးမသောက်ပါက ထပ်ပြီးချောင်းဆိုးနေမည်မဟုတ်ကာအဆင်ပြေသွားမည်ဖြစ်ကြောင်းကိုလည်း တတွတ်တွတ်ပြောဆိုနေမိသည်။ 


ကုရွှမ်းတုသည် သူ့အားကြည့်ရုံသာကြည့်ကာ လင်းရုဖေးက သက်ပြင်းချပြီးအိပ်ယာထဲသို့ တွားသွားနေသည့်တိုင်အောင် နှုတ်ဆိတ်နေမိ၏။ သူက အခင်းများကိုမကာ သူ့အား တင်းတင်းကျပ်ကျပ်ထုပ်ထားပေးလိုက်သည်။ 


"မီးတွေကို ငြိမ်းလိုက်မယ်"ကုရွှမ်းတုက ဆိုလိုက်သည်။ 


လင်းရုဖေးက သဘောတူသည့်အသံထွက်လာပြီး အခန်းလေးသည် အမှောင်ထဲတွင်နစ်မြုပ်သွားလေသည်။ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေသော လှိုင်းသံများနှင့် လေကပြင်းပြင်းထန်ထန်အေးနေသောကြောင့် မနက်ဖြန်၏ ရာသီဥတုအခြေအနေ မည်သို့ရှိမည်ကို သူမသိတော့ပေ။ 


 နောက်တစ်နေ့တွင် မိုးဖွဲဖွဲလေးရွာနေခဲ့သည်။ 


ငါးနှင့်နဂါးများ[1]ရောနှောနေသော တည်းခိုးခန်းက နံနက်စောစောတွင် ယောက်ယက်ခပ်သွားလာလှုပ်ရှားနေကြသည်။ ဧည့်သည်များကြိုဆိုသည့်နေရာတွင် စကားပြောသံ ကျယ်လောင်စွာအော်ဟစ်သံများဖြင့်ပြည့်နေကာ မိုရာ[2]ကစားနေကြသော အရက်သမားများလည်းရှိနေသေး၏။ ခွန်းလွန်တောင်၏တိတ်ဆိတ်ငြိမ်သက်မှုနှင့် မည်သို့မျှနှိုင်းယှဥ်၍မရနိုင်ပါသော်လည်း သာမာန်ထက်နေပျော်တော့ကောင်းလှ၏။ 


လင်းရုဖေး၏ ချောင်းဆိုးမှုက လွန်ခဲ့သောရက်အနည်းငယ်ကနှင့်ယှဥ်သော် ပိုမိုကောင်းမွန်လာပြီဖြစ်သော်လည်း ကောင်းကောင်းအိပ်ပျော်နိုင်ခြင်းမရှိသေးချေ။ သူက အိပ်ရာဘေးတွင် ပျင်းရိစွာထိုင်ကာ မနက်ခင်းမြစ်ပြင်ရှုခင်းကိုကြည့်နေသော ကုရွှမ်းတုက သူ့ဘက်သို့လှည့်လာသည်ကိုတွေ့လိုက်ရသည်။ သူက သူနိုးနေသည်ကိုတွေ့လိုက်ရသည်နှင့် ပြုံးပြလိုက်ကာ မင်္ဂလာနံနက်ခင်းပါဟု နှုတ်ဆက်လာ၏။ 


"မင်္ဂလာနံနက်ခင်းပါ"


လင်းရုဖေးက သူ၏မျက်လုံးများကို ပွတ်လိုက်သည်။ ကုရွှမ်းတုက သူ့ အဝတ်အစားများကိုယူလာပေးကာ အဝတ်လှဲရန် ကူပေးနေသည့်အချိန်တွင် သူက အိပ်ရာထဲမှပင်မထွက်ရသေးပေ။


ထိုသူ၏လှုပ်ရှားမှုများကိုကြည့်နေရင်းတွေးနေမိသည်မှာ သူက ထိုကိစ္စများတွင် ဖူဟွားနှင့်ယွီရွေ့တို့ထက်ပင် ပို၍အရည်အချင်းရှိနေသေးသည်။ 


လင်းရုဖေး၏ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများက လျော့ရဲလာကာ သူက တုံ့ပြန်နိုင်ခြင်းမရှိသေးသည့်အချိန်မှာပင် သူ၏ အဝတ်များက ဝတ်ဆင်နှင့်ပြီးဖြစ်နေချေပြီ။ 


"အဲ့ဒီကောင်လေး ပြန်လာပြီ"


ကုရွှမ်းတုက လင်းရုဖေး၏ နောက်ဆုံးသော အဆင်တန်ဆာဖြစ်သည့် ကျောက်စိမ်းခါးပတ်ကို မြန်မြန်တပ်ပေးရင်း မှတ်ချက်ပေးလိုက်လေသည်။


"သူက ကိုယ်ခန့်မှန်းထားတာထက် ပိုစောပြီးမိုးသောက်ချိန်မှာ ပြန်လာခဲ့တာ"


ကောင်းကင်ယံသည် ဤရာသီအတောအတွင်း မိုးသောက်ချိန်တွင် အလင်းရောင်မရှိဖြစ်နေပြီး မြစ်ထဲမှာ ပေါ်ထွက်တတ်သော မိစ္ဆာကျောင်းကတော့ နိုးထလာခြင်းမရှိသေးသောကြောင့် ပုံမှန်အားဖြင့် နေ့အချိန်ထက် ပို၍လုံခြုံနေသည်။


"ပြန်လာပြီလား"လင်းရုဖေးသည် မရေရာမှုများနှင့် ရေရွတ်လိုက်မိသည်။


"သူပြန်လာတာ ကောင်းပါတယ်...." 


ကုရွှမ်းတုက သူ၏ပုံစံအား ကြည့်နေရင်း အမှန်တကယ်ပင် ရယ်ချင်ခဲ့၏။ လင်းရုဖေးက အိပ်စက်ခြင်းမှ နိုးထလာသည့်အချိန်တိုင်း လုံးဝနိုးထလာခြင်းမရှိသေးမီအထိ အတန်ကြာအောင် မရေမရာဖြစ်ကာ မိန်းမောတွေဝေနေတတ်သည်။ ထိုကာလအပိုင်းအခြားလေးတွင် သူက အလွန်တရာမှ နာခံမှုရှိနေလိမ့်မည်ဖြစ်သည်။ သင်က သူ့အား မည်သို့သော တစ်စုံတစ်ခုအား လုပ်ဆောင်ခိုင်းစေကာမူ သူက လုပ်ပေးလိမ့်မည်ဖြစ်၏။


ခွန်းလွန်တောင်တွင် သူက ဆေးများကို ဝုန်းဒိုင်းကြဲ၍လွှင့်ပစ်ကာ သောက်ရန်ငြင်းဆန်နေမည်ဖြစ်သည်။ အဆုံးတွင်မူ၊သူအိပ်ယာထခါစတွင် သူ၏အစ်ကိုအစ်မများက သူ့အားဆေးချော့တိုက်ပါလျှင် သူကသောက်လိုက်မည်သာ။


ဟုတ်တာပေါ့၊ ဆေးသောက်ပြီးတဲ့နောက်မှာတော့ လင်းရုဖေးက သတိထားမိသွားမည်ဖြစ်သည်။ ဘာကြောင့်ဆို ချောင်းဆိုးပျောက်ဆေးက မည်သူမျှမသောက်နိုင်အောင်ပင် ခါးသက်လွန်းတာကြောင့် သူ့မျက်နှာလေးက ခါးသက်မှုနှင့်အတူ ရှုံ့တွသွားမည်မှာမလွဲဧကန်ပေ။  


ဆေးကြောသန့်စင်ပြီးနောက်တွင် လင်းရုဖေး၏ အသိစိတ်ကတဖြည်းဖြည်းကြည်လင်လာလေပြီ။ သူက အခန်းလေးထဲတွင်နေနေပြီး သူ၏အစေခံမလေးများယူလာသော နံနက်စာကို စားလိုက်သည်။ 


လက်ရှိတွင် သူက ကုရွှမ်းတုနှင့်အတူ ဆွေးနွေးနေသည်။


"ဒါဆိုရင် ကျွန်တော်တို့က မြစ်ကိုဖြတ်ဖို့ ဒီကောင်လေးရဲ့လှေကို စီးနိုင်လိမ့်မယ်လိို့ ခင်ဗျားတွေးထားတာလား" 


ကုရွှမ်းတုက ဖြေလိုက်သည်။


"အမှန်ပဲ ကိုယ်တို့စီးနိုင်မှာ.. ဘာလို့လဲဆိုတော့ ကိုယ်တို့က ကျောင်းငယ်လေးကဆီနေ အနိုင်ကျင့်ခံရတာကို နတ်ဘုရားက မထိန်းချုပ်နိုင်ဘူးလို့မဆိုလိုဘူးလေ" 


လင်းရုဖေးက ဆိုလိုက်သည်။


"ကျောင်းငယ်လေး.." 


ကုရွှမ်းတုက ဖြေလိုက်သည်။


"အဲ့ဒီကျောင်းက နှစ်ထောင်ပေါင်းများစွာကြာပြီးတဲ့နောက်တော့ အရွယ်ရောက်လာပြီ ကိုယ်တွက်ကြည့်လိုက်တာ သူက အသက်ခြောက်ရာပဲ ရှိသေးတာဆိုတော့ သူက ကောင်ငယ်လေးပဲလေ" 


လင်းရုဖေးက သူ့ကိုယ်သူ တွေးလိုက်မိသည်


'အသက်ခြောက်ရာရှိပြီ' နှင့် 'ကောင်ငယ်လေး'ဆိုသည့်စကားလုံးက မည်သို့မျှယှဥ်တွဲ၍မရချေ။ 


"ဒီမိုးက နေ့လည်လောက်မှာ ရပ်သွားလိမ့်မယ် ကိုယ်တို့ ဒီည ထွက်လို့ရပြီ"


ကုရွှမ်းတုက တည်းခိုခန်းမှ အစားအစာများကို ဝါး၍စားနေသည်။ သူက အမှန်ကတယ်တော့ ထိုအရာများကို စားရသည်အား မနှစ်သက်ချေ။


"ဒီတည်းခိုခန်းက ငါးညှီနံတွေ ပြည့်နေတာပဲ ...စိတ်ပျက်ဖို့ကောင်းတယ်“ 


လင်းရုဖေးက ဆိုလိုက်သည်။


"ဟုတ်ပါပြီ" 


သူက နံနက်စာကို စားပြီးနောက် တည်းခိုခန်း၏ ဧည့်ကြိုနေရာဆီသို့ ဆင်းသွားလိုက်သည်။ သူ မရောက်မီအချိန်တွင် သူက ကျန်းချောင်အာ၏ စွမ်းအင်ပြည့်ဝနေသည့် အသံကို ကြားလိုက်ရ၏။


ဆယ်ကျော်သက်လေးက ပတ်၍ကကာ လူတစ်စုအား သူသည် အရင်နေ့ညက မြစ်ပေါ်တွင် သေလုနီးပါးဖြစ်သွားခဲ့သည်ကို ပြောဆိုနေရင်း မကြာသေးမီက အရက်ဖြည့်ထားသည့် ဘူးသီးခြောက်မှ အရက်ကိုမော့သောက်နေသည်။ သူက စိတ်တိုနေသောကျောင်းကိုလည်း ဝိုးတိုးဝါးတားမြင်ခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ကျောင်းက ဤပေါက်စလေးအား မမြင်သောကြောင့် သူသည် ပြန်အိပ်ရန် ရေထဲသို့သာ ပြန်လည်၀င်သွားခဲ့၏။ 


(t/n:ပေါက်စလေးက သူ့ကိုယ်သူ ပြောတာပါ) 


နားထောင်နေသောလူစုသည် စတင်ရယ်မောလာကြကာ ပြောဆိုလာကြသည်။


"ကျန်းချောင်အာ.. မင်းကတော့ သောက်နေတာကို ရပ်လိုက်သင့်ပြီ မင်းက သောက်ထားလို့ မဖြစ်နိုင်တာတွေကို ကရားရေလွှတ်ပြောနေတော့တာပါလား ဘယ်သူကများ ညမှာ မြစ်ကိုဖြတ်ရဲလို့လဲ မင်း ကြွားဝါနေတာက ချဲ့ကားလွန်းနေတာပဲ" 


လူများက ကျန်းချောင်အာအား ပျက်ရယ်ပြုနေကြစေကာမူ သူသည် အနည်းငယ်သော်မျှ စိတ်ပျက်သွားခြင်းမရှိချေ။ ထို့အစား သူကရယ်မောလိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ 


သူက လင်းရုဖေး လှေကားမှဆင်းလာသည်ကို တွေ့သောအခါ သူ၏ အနက်ရောင်မျက်လုံးများက တောက်ပလာကာ ချိုသာသောအသံဖြင့် ခေါ်လိုက်သည်။


"လင်းကုန်းဇီ--"  


လင်းရုဖေးက ပြုံးလိုက်သည်။


"စောစောစီးစီး သောက်နေပြန်ပြီလား" 


ကျန်းချောင်က ဖြေလိုက်သည်။


"ကျွန်တော် မနေ့ညက ကောင်းကောင်းမအိပ်ပျော်လို့ပါ ဒါကြောင့် ကိုယ့်ကိုကိုယ် ပြန်ပြီးလန်းဆန်းသွားအောင် နေ့ခင်းမှာ အရက်သောက်ရမယ်လေ"သူက သမ်းဝေလိုက်ပြီး"ကုန်းဇီက မြစ်ကို ဘယ်အချိန်ဖြတ်ကူးမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား" 


လင်းရုဖေးက ဖြေလိုက်သည်။


"ဒီနေ့ည" 


"ဘာရယ်"ကျန်းချောင်အာက သူ နားကြားမှားသည်ဟု ထင်လိုက်မိသည်။ 


"ငါပြောတာက ငါတို့ဒီနေ့ညမှာ မြစ်ကို ဖြတ်ကူးကြမှာမို့ မင်းရဲ့လှေကို ယူခဲ့လိုက်လို့လေ"


လင်းရုဖေးက နွေးထွေးသော အသံဖြင့် ဆိုလိုက်သည်။


ဤစကားလုံးများ ထွက်ကျလာသောအခါ တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။


အားလုံးတွင်"ဒီကုန်းဇီက ဘာဆေးမျိုးစားများမှားသောက်ခဲ့တာလဲ"ဆိုသည့် မျက်နှာအနေအထားဖြင့် လူတိုင်းက လင်းရုဖေးအား မယုံသင်္ကာမျက်ဝန်းများနှင့် ကြည့်နေကြကာ ကျန်းချောင်အာကိုယ်တိုင်ကပင် သူ့ကို မယုံသင်္ကာဖြစ်စွာ ကြည့်နေခဲ့သည်။ 


သူက ထစ်ထစ်ငေါ့ငေါ့ဖြင့်မေးလာ၏။


"ကုန်း-ကုန်းဇီ..ဘ-ဘာများပြောလိုက်တာပါလဲ"


သူက နားကြားမှားသည်ဟုပင် ထင်နေမိသည်။ 


လင်းရုဖေးသည်လည်း ယခင်က ပြောခဲ့သည့်အတိုင်း တစ်ဖန်ပြန်၍ ထပ်ပြောလိုက်သည်။ 


ဤအရာကို ကြားပြီးနောက် ကျန်းချောင်အာသည် ကျယ်ကျယ်လောင်လောင် ရယ်လိုက်ပြီး လင်းရုဖေးဆီ မျောက်ရိုင်းတစ်ကောင်ကဲ့သို့ ခုန်ပြေးလောလေသည်။ သူက ထပ်ခါထပ်ခါခုန်နေကာ အရက်များမှောက်ကျလုနီးပါး စိတ်လှုပ်ရှားနေသည်။


သူက လင်းရုဖေးကို တစ်ချက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ မေးလိုက်သည်။


"ကုန်းဇီ ဟာသတွေ ပြောနေတာတော့ မဟုတ်ဘူးမလား" 


လင်းရုဖေးက ဆိုလိုက်သည်။


"ငါဘယ်တော့အခါမှ စိတ်ဝင်စားစရာမကောင်းတဲ့ ဟာသတွေ မပြောတတ််ဘူး"


ကျန်းချောင်အာက စိတ်လှုပ်ရှားမှုနှင့်အတူ ဆွဲဆွဲငင်ငင် အော်ဟစ်လိုက်ပြီး ဖူဟွားနှင့် ယွီရွေ့ကြောင့်သာ မဟုတ်ပါလျှင် လင်းရုဖေးကို ဆွဲဖက်လိုက်ကာ သူ့အား တစ်ပတ်လှည့်ပြီးနေလိမ့်မည်ပင်။  


(t/n:ဘာ့ကြောင့် တစ်ခါတစ်လေ ကျန်းချောင်အာဖြစ်ပြီး တစ်ခါတစ်လေ ကျန်းချောင် ဆိုပြီး ရောနေကြသူများအတွက်ပါ..အဆုံးမှာရှိတဲ့ အာက ဒေသိယစကားပါ ၊ ဒါကြောင့် နာမည်မပြောင်းသွားပါဘူးနော်^-^တစ်ခါတစ်ရံမှာ အာကို ကြင်ကြင်နာနာပြောတဲ့အခါမှာလည်း သုံးနိုင်ပါတယ်)


___



Translated By IQ-Team.