အခန်း ၁၁၆
Viewers 25k


အခန်း (၁၁၆) - သူမသည် ဖန့်ကျွင်းရုံက သူမသားနှင့်ဆက်ဆံရေးကို အမှန်တကယ် ဖြတ်တောက်ခဲ့လိမ့်မည်ဟု လုံးဝမယုံကြည်ခဲ့ပါ (၂)


“တစ်သက်လုံး မိဘနဲ့ သားသမီးအကြား အမုန်းတရားဆိုတာ မရှိပါဘူး။ ကလေးတွေ ခေါင်းမာလွန်းရင် မိဘတွေက နောက်ကို ခြေတစ်လှမ်းဆုတ်ပေးပြီးတော့ ကလေးတွေက အခွင့်အရေးတစ်ကြိမ်လောက်ဖြစ်ဖြစ် ပေးသင့်တယ်။ ဟုတ်တယ်မလား… ဘော့စ်ဖန့်”

 

စုမိန်က ဘာမှဝင်မပြောပေ။ အတိအကျပြောရရင် ဖန့်ကျွင်းရုံက သူ့သမီးကို ပိုချစ်မှန်းကို သိပေမယ့်လည်း ဖန့်ကျွင်းရုံက လီရှစ်ကျီကို ဘယ်နေရာအထိ မျှော်မှန်းထားတယ်ဆိုတာကို သူမ သေချာမသိသေးပါဘူး။

 

“ကျွန်မတို့အသိုင်းအဝိုင်းထဲမှာ ရှစ်ကျီက အအောင်မြင်ဆုံးက‌လေးတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ကျွန်မှာသာ အဲ့လိုသားလေးမျိုးရလာနိုင်ခဲ့ရင် အိပ်ရာနိုးတာနဲ့ ပျော်ပျော်ရွှင်ရွှင် ထရယ်မောမိလိမ့်မယ်။ ဘော့စ်ဖန့်က သူ့အပေါ် အရမ်းကောင်းတယ်။ ပြီးတော့ သူက သူ့မိဘတွေအပေါ်မှာလည်း အရမ်းဂရုစိုက်တတ်တယ်။ သူက အရမ်းပြည့်စုံလွန်းတယ်”

 

ထို့အပြင် သူသည် မိသားစုကောင်းမှ မွေးဖွားလာသည့်အပြင် အလုပ်အကိုင်လည်း လုပ်ကိုင်ရာတွင် ကောင်းမွန်လှသည်။ သူ့မိဘများက ကွာရှင်းပြတ်စဲခဲ့ကြပေမယ့် လီဝမ့်ကျင်းနှင့် ဖန့်ကျွင်းရုံတို့ဟာ အလွန်ချမ်းသာနေဆဲဖြစ်ကာ အထူးသဖြင့် ဖန့်ကျွင်းရုံဟာ နောက်ပိုင်းတွင် ပိုချမ်းသာလာနိုင်ဖွယ်ရှိသည်။ ထိုကဲ့သို့သော မိဘများပိုင်ဆိုင်ထားသည့် တစ်စုံတစ်ယောက်ဟာ သူမသမက်ဖြစ်လာလိမ့်မည်ဟု တွေးလိုက်မိခြင်းက လျှိုကျူးကို အားရကျေနပ်စေခဲ့သည်။

 

“ကျွန်မရဲ့ သားလား”

 

ဖန့်ကျွင်းရုံက အပြုံးလေးဖြင့် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ကျွန်မတို့ကြားမှာ နားလည်မှုလွဲနေတာလေးတွေ ရှိတယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မမှာ သားမရှိဘူး။ ဒါ့ကြောင့် သူက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး”

 

ဇာတ်လမ်းတစ်ခုလုံးကို တင်ဆက်ရန် ပြင်ဆင်ထားခဲ့သည့် လျှိုကျူးသည် သူမပါးစပ်အား မမြင်ရသောလက်များဖြင့် ပိတ်ဆို့လိုက်သလို ခံစားရကာ ဆို့နင့်သွားလေသည်။ သူမမျက်လုံးများဟာပြူးကျယ်သွားပြီးတော့ ဖန့်ကျွင်းရုံအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

 

“ဟုတ်တာပေါ့။ အကယ်၍ ရှင် သူ့ကို အရမ်းသဘောကျတယ်ဆိုရင် ရှင် သူ့ကို မွေးစားလို့ရနိုင်ပါတယ်။ လီဝမ့်ကျင်းကလည်း သူ့သားကို တခြားလူတွေ ချစ်ခင်သဘောကျပေးတာကို စိတ်ရှိမယ်လို့ ကျွန်မ မထင်ဘူး” ဟု ဖန့်ကျွင်းရုံက ပြောလိုက်ကာ ကြက်သေ သေနေသော လျှိုကျူး အပြုံးခပ်ကြီးကြီးတစ်ပွင့် ပေးလိုက်သည်။

 

စုမိန်သည်လည်း အရမ်းဝမ်းသာသွားသည်။ သူမကလည်း တစ်ဖက်ကနေ ထောက်ခံနေသည့်အသံဖြင့် “ဒါက ကောင်းသားပဲ။ နင် ဒါကို တရားဝင်မိတ်ဆက်ပွဲ ကျင်းပပေးတဲ့အခါကျရင် ငါ့ကို အသိပေးပါ။ အဲ့အခမ်းအနားကို ငါတို့ကို ဖိတ်ကြားရမယ်နော်။ ငါ လက်ဆောင်တစ်ခုလောက်တော့ သေချာပေါက် ယူလာမှာပါ။ 

 

ဖန့်ကျွင်းရုံက ထိုအခွင့်အရေးကို ဝင်ယူပြီး သာသာနှင့်နာနာနှက်လို့ရမည့် အခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပေ။ “ဟုတ်တယ်။ အဲ့အချိန်ကျရင် ကျွန်မရဲ့အလှအပဆေးလုံးတွေကို လက်‌ဆောင်ယူလာခဲ့ပေးမယ်လေ။”

 

ဖန့်ကျွင်းရုံဟာ သူမအတွက် အလှအပေဆးလုံးမျးကို မည်သည့်အခြေအနေတွင်မှ အလကားမပေးချင်ပါ။ အလှအပဆေးလုံးများသည် ဖော်စပ်ရန် ခက်ခဲလှသည်မဟုတ်သော်လည်း သူမသည် လျှိုကျူးကဲ့သို့သော တစ်စုံတစ်ယောက်အား ပေးချင်စိတ် မရှိပါ။

 

ဖန့်ကျွင်းရုံနှင့် စုမိန်တို့ ပြောသော စကားများကြောင့် လျှိုကျူး၏မျက်နှာကြီးဟာ မည်းသွားလေသည်။ သူမသည် အရူးတစ်ယောက်တော့ မဟုတ်ပါလေ။ လျှိုကျူးသည် သူမ၏အမွေအားလုံးကို သူမသားဖြစ်သူဆီသို့သာ သွားလိမ့်မည်။ အမွေခွဲပေးဖို့ အပြင်လူအချို့ကို ဘာလို့ ခေါ်သွင်းရမှာလဲ။ လျှိုကျူးက ပြန်လည်ချေပဖို့ စကားစရှာရန် အချိန်အနည်းငယ်ခန့် ယူလိုက်ရသည်။ “ရှင် သူ့ကို တကယ်စွန့်လွှတ်လိုက်တာလား။” ဘယ်သူက ဒါမျိုးကို လုပ်နိုင်တာလဲ။ ဘယ်သူကများ သူတို့သားတွေကို ဒီလိုမျိုးငြင်းဆန်နိုင်တာလဲ။ အဲ့တာက သူမ သားအရင်းပဲ။ ဖန့်ကျွင်းရုံက ဘယ်လိုတောင် နှလုံးသားကင်းမဲ့ရတာလဲ။

 

“အကယ်၍ သူက အမှားလုပ်ခဲ့တယ်ဆိုရင်တောင် သူက ရှင့်သားဖြစ်နေတုန်းပဲလေ။ ဒီလိုလုပ်တာက ကောင်းမွန်တဲ့ မိဘအုပ်ထိန်းမှုပုံစံမျိုး မဟုတ်ဘူးလေ။ သူ ဘာအမှားလုပ်ခဲ့တယ်ဆိုတာကို ရှင် သူ့ကို သေသေချာချာ ရှင်းပြသင့်တယ်။”

 

ဖန့်ကျွင်းရုံက သူနဲ့ပတ်သတ်သမျှ စကားအကုန်ပြောပြီးပြီ။ သူမက အေးစက်စွာ ပြောလိုက်သည်။ “ရှင်က စကားအရမ်းများတာပဲ။ ကျွန်မ ရှင့်ပါးစပ်ကိုတောင် မမြင်ရတော့ဘူး။”

 

စုမိန်ဟာ လျှိုကျူးဆီ အကြည့်ပင်မပို့တော့ပဲ ပေါ်တီကိုအောက်ကနေ ထွက်လာခဲ့သည်။ ပေါ်တီကိုအောက်တွင် လျှိုကျူးနှင့်အတူ ရပ်နေရတာက ရှုရှိုက်နေရသောလေထုပင် ညစ်ညမ်းလှသည်။ သူမထွက်သွားသောအခါ ဖန့်ကျွင်းရုံသည် စုမိန်ကို မမေ့ဖို့ သတိပေးစကားဆိုလိုက်သည်။ “လာမည့်ရက်အနည်းငယ်အတွင်း နင် ငါ့ဆီ လာခဲ့ဦး။ ငါ နင့်အတွက် ဗူးရေအနည်းငယ် ချန်ထားပေးမယ်။”

 

စုမိန်ဟာ ချက်ချင်းပင် ပြုံးလိုက်မိသည်။ “ကောင်းပြီလေ”

 

စုမိန်ဟာ မနေနိုင်ပဲ နူးညံ့စွာ မေးလိုက်မိသည်။ “ဒါပေမယ့် လီရှစ်ကျီက နင့်ကို ဒီလောက်ထိ စိတ်ဆိုးအောင် ဘယ်လိုလုပ်လိုက်လို့လဲ” ဖန့်ကျွင်းရုံသည် အမြဲလိုလိုပင် နူးညံ့သိမ်မွေ့သောစိတ်ထားရှိသူဖြစ်သည်။

 

ဖန့်ကျွင်းရုံသည် သူမ၏ဝက်လိုသားအကြောင်းကို ဖုံးကွယ်ထားလိုသည့် ရည်ရွယ်ချက်မှရိပါချေ။ သူမက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “လီဝမ့်ကျင်းက ငါ့ကို လိမ်လည်တဲ့ကိစ္စကို ကျန်းယာ့ကောက ကူညီပြီး ဖုံးကွယ်ထားပေးတာ။ အဲ့တာကို ရှစ်ကျီက ကျန်းယာ့ကောဖက်မှာ ရပ်တည်ပေးပြီး‌တော့ ငါ့ကို အပြစ်တင်ခဲ့တယ်။ နောက်တော့ သူတို့အိမ်ပြောင်းသွားပြီးတော့ သူ အိမ်အသစ်ဝယ်ခဲ့တယ်။ အိမ်ဝယ်ပြီး သိပ်မကြာခင်မှာပဲ သူက လီဝမ့်ကျင်းရဲ့အချစ်သစ်လေးကို သူတို့နဲ့အတူနေထိုင်ခွင့်ပေးခဲ့တယ်လေ”

 

စုမိန်သည် ယခင်က ဖန့်ကျွင်းရုံ၏အပြုအမူက အနည်းငယ် အစွန်းရောက်နေသလို ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ဖန့်ကျွင်းရုံပြောသည့် အတွင်းရေးကိစ္စများကို ကြားပြီးနောက် ချက်ချင်းပင် စကားမဆိုနိုင်သည့်အထိ ဒေါသထွက်သွားသည်။ “တော်တယ်။ အကယ်၍ နင့်နေရာမှာ ငါဆိုရင်လည်း ဒီလိုလုပ်မိမှာပဲ။