အခန်း ၁၁၇
Viewers 25k


အခန်း (၁၁၇) - သူမသည် ဖန့်ကျွင်းရုံက သူမသားနှင့်ဆက်ဆံရေးကို အမှန်တကယ် ဖြတ်တောက်ခဲ့လိမ့်မည်ဟု လုံးဝမယုံကြည်ခဲ့ပါ (၃)

 

ဖန့်ကျွင်းရုံက ဗုံးကို ပစ်ချလိုက်သည်။ “သူက ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲဆိုတော့ သူက ကျန်းယာ့ကောနဲ့ ချစ်ကြိုက်နေလို့လေ။”

 

ဖောက်ပြန်ခြင်းဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ဖူးသော စုမိန်သည် ဤအရာမျိုးအား မုန်းတီးလေသည်။ သူမသည် သူမအာရုံကြောတွေကိုသက်သာရာရစေဖို့ သူမ အိမ်ပြန်ရောက်ရင် အလှအပဆေးလုံး တစ်လုံးလောက်စားဖို့ ဆုံးဖြတ်လိုက်သည်။

 

***

လျှိုကျူးက သူတို့ကို အနောက်ကနေ စိုက်ကြည့်နေပြီးတော့ သူတို့ရဲ့စကားတွေကို ကြားဖို့အတွက် အဝေးကြီးမှာ ရှိနေတော့ သူတို့ ဘာကိုတွေးနေမှန်း၊ ပြောနေမှန်းကို သူမ မသိပါဘူး။ ဖန့်ကျွင်းရုံက သူမကိုယ်သူမ ဘယ်လောက်ထိတောင် ယုံကြည်မှုရှိနေတယ်ဆိုတာကိုလည်း သူမ မသိပါဘူး။ တစ်ချိန်တည်းမှာပင် သူမက ဖန့်ကျွင်းရုံကို တော်‌တော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။ ဖန့်ကျွင်းရုံက သူမသားအရင်းဖြစ်သူကို ဒီလိုမျိုး ဆက်ဆံခဲ့မှတော့ သူမခင်ပွန်းနဲ့ သားဖြစ်သူက သူမဆီကနေ စွန့်ခွာခဲ့တာ အံ့သြစရာမရှိပါဘူး။

 

သူမ အိမ်သို့ပြန်ရောက်သောအခါ သူမသည် သူမခင်ပွန်းနှင့် သမီးရှေ့တွင် ဖန့်ကျွင်းရုံအကြောင်းကို ဝေဖန်အပြစ်တင်ပြောဆိုခဲ့သည်။

 

“အင်း ဒီအလုပ်က အရမ်းခက်ခဲလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ ကျွန်မ လီဝမ့်ကျင်းကို တောင်ပန်ဖို့လိုလိမ့်မယ်လို့ထင်တယ်” သူမသည် လီဝမ့်ကျင်းတောင်းဆိုတဲ့ ဒီကိစ္စကို လုပ်ပေးနိုင်ခဲ့ရင် သူက သူမမိသားစုအပေါ် အထင်ကြီးပြီး သမ့်လန်က လီဝမ့်ကျင်းတို့မိသားစုထဲလက်ထပ်ပြီး ဝင်ရောက်ဖို့ ပိုလွယ်ကူသွားလိမ့်မယ်လို့ သူမ မျှော်လင့်ထားခဲ့သည်။ ဒီရလဒ်မျိုးကိုတော့ လုံးဝ မတွေးထားခဲ့ပေ။

 

လျှိုကျူးက သူမခင်ပွန်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ကာ “ဘာလို့ ကျွန်မတို့က သူမကို ဂရုစိုက်နေရမှာလဲ။ ဖန့်ကျွင်းရုံမရှိဘူးဆိုရင်တောင် လီရှစ်ကျီက အေယွန်ကော်ပိုရေးရှင်းရဲ့ မင်းသားဖြစ်နေသေးတာပဲ။ သူ့မှာ‌ တောက်ပတဲ့အနာဂတ်ရှိတယ်။ လန်လန်က သူတို့ကို လက်လှမ်းမီနိုင်လိမ့်မယ်။” ဟု ပြောလိုက်သည်။

 

ဘော့စ်သမ့်က သူမကို မပျော်ရွှင်သည့်မျက်နှာဖြင့် ကြည့်လိုက်သည်။ “ ဘယ်လိုဆိုးရွားသွားအောင်လုပ်ဖို့ပဲ မင်း သေချာသိတယ်။ မိန့်ဖန့်ကော်ပိုရေးရှင်းရဲ့ လစဥ်ဝင်ငွေကို မင်း မစဥ်းစားဘူးလား။ မင်း အဲ့တာကို ဂရုမစိုက်ဘူးလား။ မင်း ‌ပြောချင်တဲ့စကားကို လွယ်လွယ်ကူကူပြောခဲ့တာပဲနေမယ်။ မင်း ပြောခဲ့တဲ့စကားက ဖန့်ကျွင်းရုံကို စိတ်ဆိုးသွားစေခဲ့တာမလား။ သူမက ငါတို့အသိုင်းအဝိုင်းမှာ ဆက်ဆံရေးကောင်းမှန်း လူတိုင်းသိတယ်။”

 

လျှိုကျူးဟာ သူမခင်ပွန်းထံမှ သင်ခန်းစာတောင် ပို့ချခံနေရသောကြောင့် ပိုလို့တောင်မှ စိတ်မချမ်းသာခဲ့ပါ။ နောက်မှ သူမသမီးဖြစ်သူထံမှ သိလိုက်ရသည်။ ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းနှင့် ကွာရှင်းပြတ်စဲရာတွင် လီရှစ်ကျီမှ သူမဖက်မှ မရပ်တည်သောကြောင့် ရှစ်ကျီက ဒီလိုမျိုး ဆက်ဆံခံရလေသည်။

 

လူအများကြီးက ဒီလိုအဆင့်မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ဘာကြောင့် ချီးကျုးနေရတာလဲ။ အဓိပ္ပာယ်မရှိလိူက်တာ။

 

သူမ၏မာကျောက်ကစားဖော်သူငယ်ချင်းများအား ထိုအကြောင်းကို ပြောဆိုခဲ့ပြီး နောက်ကွက်တွင် ပြန်မပြောကြရန် တောင်းဆိုလိုက်သည်။ ထိုသူငယ်ချင်းများသည် သူမရှေ့တွင် ခေါင်းညိမ့်ပြကြသော်လည်း နောက်ကွယ်တွင် ထိုသတင်းကို ပြန်ဖြန့်ကြလေသည်။ သတင်းများ ပျံ့နှံ့သွားပြီးနောက် ထိုသတင်းများကို လူတိုင်းသိရှိသွားခဲ့ကြသည်။

 

သို့သော် ဖန့်ကျွင်းရုံဟာ သူမပုံရိပ်ကို ထိန်းသိမ်းရာတွင် ထူးချွန်သူတစ်ယောက်ဖြစ်သည်။ လူတိုင်းက ထိုကောလဟာလကို သံသယဝင်ရုံသာဝင်ကြသည်။ ဖန့်ကျွင်းရုံက သူမမှာ သားတစ်ယောက်မှ မရှိဘူးဆိုတာကို လူတိုင်းက ယုံကြည်ပေးကြပေမယ့် နောက်ကွယ်က အကြောင်းအရာများကိုတော့ သူတို့က သံသယဝင်ခဲ့ကြသည်။

 

နောက်ဆုံးတော့ တစ်ယောက်ယောက် မနေနိုင်တော့၍ စုမိန်အား ထိုအကြောင်းကို သွားမေးလေသည်။ စုမိန်သည် သူတို့အသိုင်းအဝိုင်းတွင် အတင်းအဖျင်းဘုရင်မအဖြစ် လူသိများသည်။

 

စုမိန်က ထုံးစံလိုဖြစ်နေသောကြောင့် စိတ်မပျက်ပါချေ။ သူမက ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်ပြီးတော့ လီရှစ်ကျီလုပ်ခဲ့သည့်အရာအားလုံးကို ဝေမျှပြောဆိုပေးခဲ့သည်။ “ကျွင်းရုံက အရမ်းကြင်နာလွန်းတယ်။ အကယ်၍ လီရှစ်ကျီသာ ငါ့သားသာဆိုရင် ငါ သူ့ကို အရင်ဆုံး အကြိမ်အနည်းငယ်လောက် ရိုက်ပစ်လိုက်မိမှာသေချာတယ်။”

 

စုမိန်သည် သူမစိတ်ထဲမှာ သဘောမကျသောသူတစ်ယောက်အား ရိုက်နှက်ပစ်သည့်နေရာမှာ အလွန်တော်သည်။

 

ထို့ကြောင့် လီဝမ့်ကျင်း သူတို့အသိုင်းအဝိုင်းကြား လူသူမသိအောင် ဖုံးကွယ်ဖို့ အလွန်ကြိုးစားခဲ့သော အဖြစ်အပျက်အားလုံး ပေါက်ကြားသွားစေခဲ့တာ ဖြစ်သည်။ လူတိုင်း အံ့အားသင့်သွားခဲ့ပြီး တပြိုင်နက်တည်းပင် အသိဥာဏ်အလင်းရသွားခဲ့သည်။ ဖန့်ကျွင်းရုံလိုလူမျိုးက သူမသားဖြစ်သူအား လွယ်လွယ်ကူကူ လက်လျှော့လိုက်တာ အံ့သြစရာ မဟုတ်ပါဘူး။

 

လူအများက ကျန်းယာ့ကောနှင့် ဝမ်စစ်ရှန်းတို့က ဘယ်လိုမိသားစုမျိုးက ပေါက်ဖွားလာခဲ့ကြတာလဲဆိုတာကို နောက်ကွယ်မှာ ပြောဆိုနေခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးက ယောကျာ်းတွေကို ဆွဲဆောင်သည့်နေရမှာ တကယ်ကောင်းသည်။ အကြီးဖြစ်သူက လီဝမ့်ကျင်းကို ဆွဲဆောင်ပြီးတော့ အငယ်ဖြစ်သူက လီရှစ်ကျီကို သူ့မိခင်ရင်းအား စွန့်လွှတ်လိုစိတ်ဖြစ်အောင်အထိ ‌ဖျားယောင်းသွေးဆောင်ခဲ့သည်။

 

လီရှစ်ကျီသည် မျက်လုံးဖြူဝံပုလွေတံဆိပ်ကပ်ခြင်းကို ရရှိသွားပြီးတော့ ရုတ်တရတ် သူနှင့် အလုပ်အတူတွဲလုပ်မည့် ကုမ္ပဏီများက စာချုပ်များ ရုတ်သိမ်းသွားကြသည်။

 

စီးပွားရေးတွင် အကျိုးအမြတ်က အရေးအကြီးဆုံးနှင့် အရေးပါဆုံး ဖြစ်သော်လည်း လူတစ်ဦး၏စရိုက်သည်လည်း အရေးပါလှသည်။ ဟုတ်တာပေါ့။ လူတစ်ဦးက သူရရှိမယ့် အကျိုးအမြတ်က လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို ဘေးဖယ်ထားလို့ရလောက်သည့်အထိ ကြီးမားနေခဲ့ရင်တော့ တစ်မျိုးပေါ့။ သိသာထင်ရှားတာကတော့ ဘွဲ့ပင်မရသေးတဲ့ လီရှစ်ကျီမှာ ဒီလိုဆွဲအားမျိုး မရှိခဲ့ပါဘူး။ ပိုအရေးကြီးတာက သူတို့ရဲ့အကျိုးစီးပွားအတွက် နောင်တွင် ဖန့်ကျွင်းရုံနှင့် အလုပ်အတူလုပ်ဖို့ ရှိကြသည်။ လီရှစ်ကျီနဲ့ အကျိုးတူပူးပေါင်းခြင်းက ဖန့်ကျွင်းရုံနှင့် အကျိုးတူပူးပေါင်းရမှာထက်စာလျှင် ဟာသတစ်ပုဒ်အပြင် မပိုပါချေ။

 

လီရှစ်ကျီသည် သူနှင့်အလုပ်တွဲလုပ်ရန်လုပ်ခဲ့သည့် ကုမ္ပဏီများ၏ငြင်းပယ်သော ဖုန်းခေါ်ဆိုမှုများကို ရရှိပြီးနောက် သူ ကြက်သေသေသွားမိသည်။