Chapter 42
စုပြုံဖွဲ့လာသော ရေများက နက်ရှိုင်းလှသည့် အသူရာချောက်ဖြစ်လာသည်။
မြစ်လေသည် ပြင်းထန်ပြီး လင်းရုဖေး၏ အနက်ရောင်ဆံနွယ်များအား ပျံ့လွင့်စေကာ သူ၏အင်္ကျီလက်နှစ်ဖက်ကိုလည်း လွင့်မျောစေနေသည်။ သူ၏အောက်ခြေတွင်ရှိသည့် လှေငယ်လေးမှာ မြစ်ထဲတွင် သွားလာနေကာ အကယ်၍ ခဏအကြာတွင် လှိုင်းလုံးကြီးများကြောင့် မှောက်သွားမည့်နှယ်။ လှေငယ်လေး၏ ဦးခေါင်းပိုင်းတွင် မတ်မတ်နေသော ကျန်းချောင်အာက သင်္ဘော၏မှီခိုအားထားရာ ဖြစ်လာသည်။ မြစ်ရေ ရိုက်ခတ်သံများ ပေါ်လာပြီးသူ၏အင်္ကျီလက်အနားအား စိုစွတ်သွားလေသည်၊ သို့သော် လူငယ်လေးရဲ့ မျက်နှာတွင်ကား သူ၏မူပိုင်အပြုံးကြီးကြီးမှာ ဆက်လက်ရှိနေဆဲပင်။
သူက လက်မောင်းထဲမှ ဘူးသီးခြောက်မှ အရက်ကို ပါးစပ်အပြည့် သောက်လိုက်ပြီး ပြောလာသည်။
"သခင်လေး အာရုံစိုက်ပါ-ကျွန်တော်တို လှည့်တော့မှာ-"
သူက ထိုကဲ့သို့ ပြောပြီးနောက်တွင် ရွက်အား ပြင်းထန်စွာ ဆွဲတင်လိုက်ပြီး လှေ၏ဦးတည်ရာနှင့် လိုက်ညှိနေလေ၏။
လှေငယ်လေးမှာ လေယူရာ ယိမ်းနေသည်။ လင်းရုဖေး၏ ပထမဆုံးအကြိမ် မြစ်ကို ဖြတ်ခြင်းက ဝတ္ထုရှည်ဆန်ဆန် အတွေ့အကြုံ ရစေပြီး အာရုံစိုက်ကာ ဂရုတစိုက် စောင့်ကြည့်သည့်အခါ တစ်ခုချင်းစီက စိတ်ဝင်စားဖွယ်ကောင်းသည်ကို သိလိုက်ရသည်။
"ကုန်းဇီ သေချာ ကိုင်ထား...."ကျန်းချောင်အာက အော်လိုက်သည်။
အခြားသော ပြင်းထန်သည့် လှိုင်းလုံးက ရိုက်ခတ်လာပြီး လှေငယ်လေးမှာ သွားကိုက်နာကဲ့သို့ တစ်ကျွီကျွီမြည်လာသည်။ လင်းရုဖေးက ရွက်တိုင်ကို ကိုင်ထားပြီး ဘေးနှစ်ဖက်လုံးမှ လေချွန်သံကဲ့သို့ ပြုလုပ်နေသော မြစ်ပြင်သို့ ကြည့်လိုက်သည်။
သူက သူ၏အသံအား မြင့်လိုက်ရင်း"မင်း ဘယ်နှစ်ခါလောက် ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဖြစ်နေပြီလဲ"
"ကျွန်တော် မမှတ်မိဘူး--"
ကျန်းချောင်အာက ရယ်မောလိုက်သည်။
"ကျွန့်တော့်အဖေ သေပြီးတော့ မိသားစုမှာ ကျွန်တော်ပဲ ကျန်ခဲ့တယ် ကျွန်တော် တွေးခဲ့တာက မိသားစုရဲ့ အတတ်ပညာက ဒီလို မတိမ်မြုပ်သွားသင့်ဘူးလို့လေ ဒါကြောင့် ကျွန်တော်က ကူးတို့သမားတစ်ယောက် ဖြစ်ချင်ခဲ့တာ ဒါပေမယ့်လည်း ကံဆိုးချင်တော့ ကျွန်တော်က ငယ်နေပြီး ပိန်တယ်လေ ဒါကြောင့် စီးတဲ့သူတွေ တော်တော်များများက ကျွန်တော့်ကို စိတ်မချကြတာ.."
အဓိပ္ပါယ်ရှိသည်။ ကျန်သည့် ကိုယ်ခန္ဓာတောင့်တင်းသည့် ကူးတို့သမားများနှင့် ယှဥ်သော် ကျန်းချောင်အာ၏ သွင်ပြင်မှာ လူအများအား ယုံကြည်ရန် ခက်ခဲစေလိမ့်မည်ပင်။ ထပ်ပေါင်းဆိုရသော် ကူးတို့သမားအား သူတို့၏ကိုယ်ပိုင်ဘဝနှင့်ဟာသလုပ်ရအောင်လည်း ချန့်လန်မြစ်သည် အန္တရာယ်များလှသည် မဟုတ်ပါလား။
"ဒါပေမယ့် ကိစ္စမရှိပါဘူးဗျာ ကျွန်တော် ကြီးလာရင်တော့ ဒီနေရာမှာ ကျွန်တော်က အားအကောင်းဆုံး ကူးတို့သမား ဖြစ်လာမှာလေ ကုန်းဇီသာ လှေစီးချင်ရင် ကျွန်တော့်ဆီ လာခဲ့ ခရီးကို ဘေးကင်းကင်းရောက်စေရမယ်လို့ ကတိပေးတယ်-"
အနှီဆယ်ကျော်သက်လေး၏ မယဥ်ကျေးမှုသောပြောဆိုပြုမူပုံသည် သူ့အား စိတ်အနှောင့်အယှက် မဖြစ်စေပေ။ ကျန်းချောင်အာက ပွင့်ပွင့်လင်းလင်းပင် ပြုံးပြတတ်ပြီး ဤမယဥ်ကျေးသော စကားလုံးများကို ပြောနေစဥ်တွင်ပင် ကလေးအသံလေးက မပျောက်သေးပေ။
လင်းရုဖေးမှာ သူ၏အပြုံးမှတဆင့် အပျော်တို့ကူးစက်လာပြီး သူနှင့်အတူပင် ရယ်မောလိုက်မိသည်။
"ဒီကွေ့ကြီးပြီးရင် မိစ္ဆာကျောင်း နားနေတဲ့ နယ်မြေကိုရောက်တော့မှာ "
ကျန်းချောင်အာက လက်ဆန့်ထုတ်လိုက်ပြီး မျက်နှာကိုရေနှင့် လက်အပြည့် သစ်လိုက်သည်။
သူက အားစိုက်ထုတ်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
"ကျွန်းသေးသေးလေးတွေနဲ့ ရေဝဲလေးတွေရှိသေးတယ် ကုန်းဇီ ထိုင်နေတာ အကောင်းဆုံးပဲ ရေထဲကို ချော်ကျမသွားဖို့ သတိထားပါ" “
မြစ်၏ဘေးနှစ်ဖက်စလုံးမှာ ချောက်များကဲ့သို့ နက်ရှိုင်းလှသည်။ လူများက မြစ်ကိုဖြတ်သွားကြသောအခါ ယင်းမှာ မြစ်ထဲရှိ ရေနေပုစဥ်းများကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အဆိုပါ မြစ်နောက်လိုက်ပါနေကြသော ရေနေပုစဥ်းလေးများက တည်းခိုခန်းမှလူစု၏ မျက်လုံးများထဲမှ ပျောက်ကွယ်သွားခြင်းမရှိမီ အချိန်အထိ မတ်စောက်သော အကွေ့တစ်ခုပေါ်ရှိ ထောင့်ချိုးအတိုင်း လှည့်ပတ်နေပေသည်။
ကောင်းကင်ယံက အမှောင်ထုမှာ သိပ်သည်းလာပြီးကျန်းချောင်အာ၏ သွင်ပြင်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။မည်သို့ပင်ဖြစ်စေ သူတို့က ရေစုန်ကို လှော်ခတ်နေသော လှေငယ်လေးကို မပီမပြင်တွေ့နိုင်ပါသေးသည်၊ မြစ်ရေက ရေစီးသန်လာသည်၊ သို့သော်လည်း လှေငယ်လေးအား မတိမ်းမှောက်စေနိုင်ချေ။ ကျန်းချောင်အာအား ယခင်က ဆူပူဖူးသည့် လှေသမားမှာ သူ၏ခေါင်းကို နိမ့်လိုက်ပြီး မြေကြီးပေါ်တွင် တံတွေးထွေးလိုက်သည်။
"အဲဒီကောင်လေး ထပ်ပြီးရယ်နေလောက်ပြီ"
ထိုသို့ပြောပြီးနောက် သူသည်လည်း အပြုံးတစ်ခုကို ထုတ်ပြရုံမှလွဲ မတတ်နိုင်ခဲ့ချေ။
ကွေ့ကြီးကို ကျော်ပြီးသည့်နောက် ဘေးနှစ်ဖက်ရှိ ရှုခင်းမှာ တဖြည်းဖြည်းပြောင်းလဲလာသည်။ မတ်စောက်သော ကျောက်ကမ်းပါးနံရံထက်တွင် ဆူးတောများနှင့် ထင်းရှူးတောများက တည်ရှိနေကာ လစ်ဟာနေသော အဝါရောင် ကျောက်ဆောင်များအား အစိမ်းရောင်ရေညှီအလွှာက လွှမ်းခြုံထားလေသည်။
ကျေးငှက်များက ကျီကျီကျာကျာ အော်မြည်နေကာ မျောက်ဝံများကမူ အော်ဟစ်မြည်ကြွေးနေကြသည်၊ မည်သို့ပင်ဖြစ်စေ အကျယ်လောင်ဆုံးသောအသံသည် သူတို့၏ ခြေဖဝါးအောက်တွင် စီးဆင်းနေသော မြစ်ရေသည်သာ ဖြစ်နေဆဲပင်။
"အဲ့ဒီနေရာရဲ့ အသွားအပြန်က သုံးနာရီကြာလောက်မယ် ထွက်လာတာက အတော်လေး မြန်ပေမယ့် ပြန်လာဖို့ကတော့ စိတ်ဒုက္ခဖြစ်စရာပဲ"
ကျန်းချောင်အာက လင်းရုဖေးသည် သိချင်စိတ်အပြည့် ဖြစ်နေသည်ကို တွေ့သောကြောင့် ချန့်လန်မြစ် အကြောင်းကို စတင် စကားဦးသန်းလိုက်သည်။
"ဒါပေမယ့် ကောင်းတာက မနက်စောစောမှာဆို မြစ်လေက တောင်ဘက်ကို တိုက်တာ အပြန်ကို တောင်လေနဲ့ စီးဖူးတယ် သိပ်မပင်ပန်းပေမယ့် ပိုပြီး အာရုံစိုက်ရတယ်"
လင်းရုဖေးက ဆိုလိုက်သည်။
"အရင်က မိစ္ဆာကျောင်းကို ထိပ်တိုက်တွေ့ဖူးလား"
"ဟင်း...ကျွန်တော်အကြာကြီး နားလည်ခဲ့တာ အဲ့ဒီကျောင်းက နေ့ပိုင်းမှာဆို လူတွေကိုစားဖို့ ခဏခဏ ထွက်လာတတ်ပေမယ့် ညရောက်ရင်တော့ လှုပ်ရှားမှုမရှိတော့ဘူး ကျွန်တော် ဘယ်တော့မှ ညပိုင်းဖြတ်ရင်း ထိပ်တိုက်မတွေ့ဖူးဘူး ဒါပေမယ့် မနက်စောစောကျရင်တော့ သတိထားရတယ်"
ကျန်းချောင်းအာက ရယ်မောလိုက်ရင်း"လူတွေက ညကျရင် မဖြတ်ရဲတော့ဘူးလေ....အထူးသဖြင့် မြစ်သာ ဒေါသထွက်လာရင် ကျောင်းလောက်နီးနီး ခက်ခဲတဲ့အထိ ပြသနာဖြစ်စေမှာမို့လို့လေ"
[ T/N - ဒီရေတက်လှိုင်းကြီးခြင်းကိုဆိုလို ]
မြစ်သည် ညအချိန်တွင် ပြင်းထန်ကြမ်းတမ်းကာ မြင်ကွင်းက ကောင်းမွန်ခြင်းမရှိချေ။ မရှိမဖြစ်မလိုအပ်ပါက ညတွင် မည်သူမျှမဖြတ်ချေ။ အနှီအကြောက်အလန့်မရှိသော သတ္တိရှိသည့် ကောင်လေး ကျန်းချောင်အာကသာ မြစ်တစ်ခုလုံးအား အလွတ်ရနေကာ အသွားအပြန်သွားနိုင်သည့် အခွင့်အရေးရသွားသည်လည်းဖြစ်ပေ၏။
လှေငယ်လေးက ရှေ့တူရှူသို့ အချိန်အတန်ကြာသွားနေပြီး အန္တရာယ်အရှိဆုံး နေရာကို ဖြတ်ကျော်ပြီးပုံရသည်။ ကျန်းချောင်အာက ခံစားချက်ကောင်းစွာဖြင့် လေချွန်သံပေးလိုက်သည်။သို့သော်လည်း လင်းရုဖေး၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး တောင်တန်းရှုခင်းများကို အပန်းဖြေကြည့်နေသည့် ကုရွှမ်းတုက ရုတ်တရက် ထရပ်ကာ မကျေနပ်ဖြစ်နေဟန်ဖြင့် ကျွတ် စုတ်သတ်လိုက်သည်။
"အကြီးအကဲ"
လင်းရုဖေးက သိချင်စိတ်ဖြင့် ကြည့်နေသည်။
မျှော်လင့်ထားသလိုပင် ကုရွှမ်းတုက ဖြေလာခဲ့သည်။
"သူဒီကို လာနေပြီ"
မြစ်ရေ၏ မူလမြန်ဆန်ဆန်စီးဆင်းနေမှုက ရုတ်တရက်ဆိုသလိုပင် ရေပွက်များ စတင်ထလာပြီး ပူဖောင်းများပေါ် လာသဖြင့် ကျန်းချောင်အာက ထိုမြင်ကွင်းကို မြင်သွားစဥ် သူ၏မျက်နှာက ကြီးကြီးမားမား ပြောင်းလဲသွားပြီး လှေ၏ဘေးနှစ်ဖက်အား အထိတ်တလန့်ဖြင့် ကြည့်လိုက်လေ၏။
ကောင်းကင်ယံမှာ အလွန်ပင် မှောင်မည်းနေသော်လည်း သူတို့သည် အရိပ်မည်းကြီးက လှေတစ်ခုလုံးအား မဖုံးလွှမ်းမီ ရေအောက်မှ တဖြေးဖြေး ရွေ့လျားလာသည်ကို မသဲမကွဲတွေ့လိုက်ရသည်။
တဲအိမ်အတွင်းရှိ ဖူဟွားနှင့်ယွီရွေ့တို့နှစ်ဦးမှာလည်း တစ်ခုခုကို သတိထားမိကြသဖြင့် ခန်းဆီးလိုက်ကာအား လက်ဖြင့် မလိုက်သည်။
"ဘယ်လိုလုပ်ပြီး...ဘယ်လိုလုပ်ပြီး..."
ကျန်းချောင်အာက စိတ်ပျက်မှုများအပြည့် ဖြစ်နေသည်။ သူက ရေမျက်နှာပြင်ပေါ်သို့ တစ်စတစ်စမြင့်တက်လာသော လှေပတ်လည်ရှိ အရိပ်ကြီးအား စောင့်ကြည့်နေရင်း သူ၏အသံမှာ တုန်ယင်လာသည်။
"အဲ့ဒီကောင်ကြီးက ညဘက် မအိပ်ဘူးလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ-"
အရိပ်ကြီးမှာ ပို၍ပင် ထင်ထင်ရှားပေါ်လာပြီး ကျောဘက်မှ ရေယက်တောင်များကပင် ရေမျက်နှာပြင်ပေါ်သို့ ရောက်လာပြီဖြစ်သည်။ ကျောဘက်မှ ရေယက်တောင်များမှာ အမည်းရောင်ကြေးခွံများထူထပ်နေကာ ကျောရိုးအချွန်များအပြည့် ဖြစ်လေ၏။ ခန့်မှန်းစရာမလိုအောင်ပင် ယင်းမှာ အရိပ်မည်းကြီး၏ ပိုင်ရှင်သာဖြစ်ပေသည်။
ဝိုင်း၍ဝိုင်း၍ပတ်ကာနေပြီးနောက်တွင် အရိပ်ကြီးမှာ ဖြည်းညင်းစွာဖြင့် ယိုင်နေသော လှေငယ်လေးအား ဝန်းရံအုပ်မိုးလာသည်။ တရှူးရှူးဖြင့်မြည်နေသော အသံရှည်ကြီးနောက်တွင် ရေပြင်သည် ဆူဆူညံ့ညံ့ မြည်သံဟိန်းကာ ကောင်းကင်တစ်ခွင်လုံးအား လွှမ်းခြုံဖိနှိပ်သွားတော့မည်ဟု ထင်ရလောက်သည်အထိ ကြီးမားလှသည့် ဧရာမသတ္တဝါကြီး တစ်ကောင်မှာ မြစ်ပြင်မှ ပေါ်ထွက်လာတော့သည်။
သတ္တဝါကြီး၏ခေါင်းထက်တွင် အဝါရောင်တောက်တောက် အဆင်းရှိသည့် ရှည်လျားကျဥ်းမြောင်းသော မျက်၀န်းတစ်စုံရှိနေပြီး စိုက်ကြည့်နေသည့် မျက်ဆံများမှာ နှိုင်းယှဥ်၍မရနိုင်အောင်ပင် ဆိုးယုတ်မည့်ပုံပေါ်နေလေ၏။
ဤနေ့ညတွင် မိစ္ဆာကျောင်းသည် အမှန်တကယ်ပင် အိပ်ပျော်မနေချေ။ ကျန်းချောင်အာက သူ၏ရှေ့တွင်ရှိနေသည့် သားရဲကောင်ကြီးအား စိုက်ကြည့်နေရင်းဖြင့် လှေကြမ်းပြင်ပေါ်သို့ အံ့အားသင့်စွာ ထိုင်ချမိသည်။
မိစ္ဆာကျောင်းနှင့်ယှဥ်ပါက လှေငယ်လေးမှာ သူ၏လက်ချောင်းမျှပင် ရှိမနေချေ။ အသက်တစ်ချက်ရှူလိုက်ရုံဖြင့် သစ်သားလှေကလေးမှာ အပိုင်းပိုင်း ကွဲသွားမည့်ပုံပေါ်နေသည်။
"ကုန်းဇီ....ကုန်းဇီ မြန်မြန်လေး ..လွတ်အောင်ပြေးတော့.."
မည်သည့်နေရာကလာသည့် သတ္တိများစုစည်းလာသည်မသိ၊ ကျန်းချောင်အာက လှော်တက်ကို ဆုပ်ကိုင်လိုက်သည်။ သူက သွားတွေကတဒက်ဒက်ရိုက်ခက်နေပြီး မတ်တပ်ရပ်လိုက်ချိန်တွင် ခန္ဓာကိုယ်မှာ လှုပ်ရမ်းနေသည်။ သူက လင်းရုဖေးအရှေ့သို့ အပြေးအလွှားသွားလိုက်ပြီး မြင်ကွင်းကို ကာလိုက်ကာ တုန်ယင်နေသောအသံဖြင့်ဆိုလိုက်သည်။
"မြန်မြန်လေး အစေခံမလေးတွေကို ခေါ်ပြီး ထွက်သွားတော့...ကျွန်တော်..ကျွန်တော် သူ့ကို တားလိုက်မယ်"
လက်တစ်ဖက်က ကျန်းချောင်အာ၏ ပုခုံးပေါ်သို့ ညင်ညင်သာသာ တင်လာသည်။ သူ လှည့်ကြည့်လိုက်သည်တွင် သူအခုတင် စကားပြောနေခဲ့သည့် ကုန်းဇီကို တွေ့လိုက်ရ၏။ အနှီကုန်းဇီ၏ မျက်နှာက ဆက်လက်ပြီး ပြုံးနေဆဲဖြစ်ပြီး အပြုံးမှာမူ သိပ်အားမပါချေ။ သို့ပေမယ့် ထိုသူ၏ အပြုံးမှာမူ သူ့အား အတော်လေးသက်တောင့်သက်သာ ဖြစ်စေပြီး ထိုသူက ဖြေးညင်းစွာ စကားပြောလာသည်။
"မင်း အထဲကို အရင်ဝင်သွားပြီးတော့ သူတို့နဲ့အတူ ပုန်းနေလိုက်ပါ"
ကျန်းချောင်အာက အေးခဲသွားသည်။
ထို့နောက် ကုန်းဇီက ကျန်းချောင်အာ မည်သည့်အခါမှမေ့နိုင်မည်မဟုတ်သော စကားတစ်ခွန်းကိုဆိုလိုက်၏။
"သွားတော့ အပြင်ဘက်မှာ ရပ်မနေနဲ့ မြစ်ရေတွေက မင်းခန္ဓာကိုယ်ကို နောက်ပိုင်းကျရင် စိုလာမှာစိုးတယ်"
ကုန်းဇီ....က သူစိုသွားမှာကို စိုးရိမ်နေတာလား။ ကျန်းချောင်အာက အတွေးထဲတွင် နစ်မြောနေလေသည်။ သူ၏အတွေးများဆီ တုံ့ပြန်နိုင်သည့်အချိန်တွင်သူ၏ရှေ့တွင်ရှိနေသည့် ကြီးမားလှသည့် မိစ္ဆာ ကျောင်းသည် ရုတ်တရက်ပင် သူ၏ပါးစပ်ကို ဖွင့်လိုက်ကာ ပြင်းထန်သော တစ်ရှူးရှူးမြည်သံကို ထုတ်လာသည်။
လေက ငါးညှီနံ့အား သယ်လာပြီး ထိုလေက သူ၏မျက်နှာကို ပြန်၍ထိရိုက်လာချိန်တွင် ချွန်မြထက်ရှသည့်သွားတန်းများ အပြည့်ရှိနေသည့် ကျောင်း၏ပါးစပ်ကိုပင် ရိပ်ခနဲဖမ်းမြင်မိလိုက်သည်... သူသာ တစ်ကယ် ကိုက်ချလိုက်ရင် တအားနာမှာပဲ...ဤသည်မှာ ကျန်းချောင်အာ၏ မေ့မျောမသွားမီ နောက်ဆုံးအတွေးပင် ဖြစ်သည်။
ကုရွှမ်းတုက ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ကာ ချဥ်းကပ်လာသော ငါးညှီနံ့နံသည့် လေကို မျက်နှာမူရင်း လင်းရုဖေးရှေ့၌ မတ်တပ်ရပ်လိုက်သည်။ သူက အလွန်ပင် မပျော်မရွှင်ဖြစ်နေပြီး လက်တစ်ဖက်က သူ၏နှာခေါင်းအား ဖြင့်ညှစ်လိုက်ကာ ကျန်လက်တစ်ဖက်ကမူ လေကာရန်လုပ်လိုက်ပြီးနောက် မနှစ်မြို့မှုအပြည့်ဖြင့် စကားစပြောလိုက်၏။
"အော်နေတာ ရပ်လိုက်တော့ မင်းရဲအနံ့က ဆိုးဝါးလိုက်တာ"
ထိုစကားလုံးများ ပြောထုတ်အပြီးတွင် လင်းရုဖေးသည် မိစ္ဆာကျောင်း၏ မျက်နှာပေါ်တွင် မတရားခံရသော မျက်နှာအမူအရာဖြစ်နေသည်ကို တွေ့လိုက်ရတော့၏။
***
စာရေးသူမှာ ပြောစရာရှိပါတယ်~
ကုရွှမ်းတု : ရှောင်ကျို့က ရည်ရွယ်ချက်အပြည့်နဲ့ ငါ့ကို မှိုင်းတိုက်တယ်!
လင်းရုဖေးက ခဏကြာအောင် တွေးတောပြီးနောက် ကုရွှမ်းတုအား ကြက်သွန်မြိတ် အစည်းကြီးနှစ်ခုကို ပေးလိုက်သည်။
ကုရွှမ်းတု : .........
သူက တအားခံစားရတယ် ၊ တအားပဲ အရမ်းဆိုးဝါးတဲ့ တစ်ခုခု သိပ်ထည့်ခံလိုက်ရသလိုပဲ သူ့လည်ချောင်းတွေ နာကျင်ကုန်ပြီနော် - Q~Q-
────────────────────────────────────────────────
Footnotes💥
[1] Idiom အသုံးအနှုန်း "ရိုးသားသောသူများနှင့် ရောနှောနေသော လူဆိုးလူညစ်များ"
[2] English အဓိပ္ပါယ်နဲ့နီးစပ်တာကို ရှာကြည့်တော့ ဒီလိုထွက်လာပါတယ် ၊အခြေခံသဘောတရားကတော့ လက်ချောင်းများနှင့်ကိုင်တွယ်ပြီး အော်ဟစ်သံတွေ ပါဝင်တဲ့ အရက်သောက်ရတဲ့ ကစားနည်းတစ်မျိုးပါ၊ လူတွေကစားကြတာကိုတော့ တွေ့ဖူးပါတယ် ဒါပေမယ့် ကိုကိုယ်တိုင်တောင်မှ စည်းမျဥ်းတွေကို ဘယ်တော့မှ နားမလည်ခဲ့ဘူး။ ဒီမှာ သူ့အကြောင်းကို ပိုပြီးဖတ်နိုင်ပါတယ်-
__ __
Translated By IQ-Team.