အခန်း ၁၃၃
Viewers 25k

အခန်း (၁၃၃) - သိုက်တူးခြင်း (၁)

 

လီဝမ့်ကျင်းသည် အံတင်းတင်းကြိတ်၍ သူ့ရှယ်ယာ ငါးရာခိုင်နှုန်းကို ရောင်းချလိုက်သည်။ သူက ရှယ်ယာရောင်းချရာကနေ အနည်းဆုံး ယွမ်နှစ်ဘီလီယံ ရနိုင်လိမ့်မယ်လို့ သူထင်ခဲ့ပေမယ့်လည်း ယွမ်တစ်ဘီလီယံခွဲသာ ရခဲ့သည်။

 

လီဝမ့်ကျင်းသည် ဒေါသထွက်စေသည်။ အမှန်တော့ သူ့မှာ ပါးစပ်ထဲ အနာပေါက်နေသည့်အတွက်ကြောင့် ဒေါသထွက်လွန်းနေတာ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများက သူ့ကို ရက်ပေါင်းများစွာ ကောင်းကောင်းအိပ်စက်နိုင်ခြင်း မရှိခဲ့ပါ။

 

ပြီးတော့ အခြားသူကတော့ အလွန်လျော်ကန်သင့်မြတ်သည်ဟု ခံစားခဲ့ရသည်။

 

“ညီလေးလီ အခုလက်ရှိအေယွန်က လွန်ခဲ့တဲ့တစ်နှစ်က အေယွန်နဲ့ မတူတော့တာကို မင်း သိသင့်တယ်။ မင်းရဲ့ကုမ္ပဏီက အခုနောက်ပိုင်းမှာ အနုတ်လက္ခဏာပြနေခဲ့ပြီး စတော့ရှယ်ယာစျေးတွေ ကျဆင်းသွားခဲ့တယ်။ မင်းရဲ့စတော့ရှယ်ယာတွေကို အရင်တုန်းက တန်ဖိုးအတိုင်း ပြန်ရောင်းချတာက လက်တွေ့မကျဘူးလေ။ ငါတို့က မိတ်ဆွေသူငယ်ချင်းတွေဖြစ်လို့ အရမ်းသင့်တင့်တဲ့ စျေးနှုန်းနဲ့ မင်းကို ငါကမ်းလှမ်းနေတာပဲ”

 

လီဝမ့်ကျင်းက သောက‌ရောက်နေရသလောက် တစ်ဖက်ကတော့ သူ လက်ရှိအခြေအနေကို အခွင့်ကောင်းယူနေရုံပဲ။ လီတမ့်ကျင်းက ရင်းနှီးမြှုပ်နှံဖို့နဲ့ ပြန်လည်လည်ပတ်ဖို့ ငွေကို အသည်းအသန် လိုအပ်နေသည်။ ထို့ကြောင့် အခြားတစ်ဦးက သူ့ထံမှ အခွင့်ကောင်းယူနေမှန်းကို သူ သိနေလျှင်ပင် သူ ခံနိုင်ရည်ရှိရပေမည်။

 

လီဝမ့်ကျင်းသည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူ အလှအပဆေးလုံးကနေ ငွေရှာလို့ရတာနဲ့ ဒီလူက သူ့ဆီကို တွားသွားပြီး လာတောင်းပန်ရင်တောင်မှ သူက ဘယ်တော့မှ မျက်နှာသာပေး ဆက်ဆံတော့မှာ မဟုတ်ပါ။

 

အကြောင်းအရာများသည် အချိန်တိုအတွင်း လှည့်ပတ်သွားနိုင်ပြီး သူ့နေ့ရက်များ အနှေးနှင့် အမြန်ရောက်လာပေလိမ့်မည်။

 

လီဝမ့်ကျင်းသည် သူ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူ့ရှယ်ယာများကို လွှဲပြောင်းရောင်းချရမှာပင်ဖြစ်သည်။

လီဝမ့်ကျင်းသည် သူ့လက်ထဲမှာ ငွေသားများဆုပ်ကိုင်ထားပြီး အခက်အခဲအချို့ကို ဖြတ်ကျော်ပြီးနောက်တွင် အလှအပဆေးလုံး၏ဆေးညွှန်းဖော်မြူလာကို လက်ဝယ်ရရှိနိုင်ခဲ့သည်။

 

ဆေးညွှန်းဖော်မြူလာကိုကြည့်ရင်း လီဝမ့်ကျင်းသည် အသံထွက်ကာ မရယ်မောပဲ မနေနိုင်ခဲ့ပါ။

 

လီဝမ့်ကျင်းသည် ထိုဆေးညွှန်းကို သူ့လက်ထဲမှာ ရေရှည်မကိုင်ထားတော့ပဲ ကျန်းပိလက်ထဲ လွှဲပြောင်းပေးလိုက်သည်။ ဆေးဝါးဆိုင်ရာနယ်ပယ်က မိသားစုအနေဖြင့် ကျန်းအိမ်တော်၏နောက်ခံသည် သူ တိုင်းတာနိုင်သောအရာမဟုတ်ချေ။ သူတို့မှာ ဆေးညွှန်းနှင့် အရင်းအနှီးနှစ်ခုစလုံး ရှိတာနဲ့ချက်ချင်းပင် စက်ရုံက ချက်ချင်းလည်ပတ်နိုင်ခဲ့သည်။

 

ထုတ်ကုန်များ ပထမဆုံးအသုတ်ဟာ လျင်မြန်စွာ ပြီးစီးခဲ့တာနဲ့ ချက်ချင်း လီဝမ့်ကျင်းဟာ ထို့အတွက် ကုန်ကျစရိတ်မျာကို လျင်မြန်စွာ တွက်ချက်လိုက်သည်။ သူတို့က ထုတ်ကုန်များကို အနည်းငယ်ပဲ ထုတ်လုပ်ခဲ့မယ်ဆိုရင် ကုန်ကျစရိတ်များကို ဖောင်းပွစေလိမ့်မည်။ ဒါတောင် အလှအပဆေးလုံးတစ်ဗူးအတွက် ယွမ်သုံးဆယ်ဝန်းကျင်သာ ကုန်ကျခဲ့သည်။ ကြော်ငြာစရိတ်နှင့် အလုပ်သမားစရိတ်ကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင်တောင် တစ်ဗူးကို ယွမ်တစ်ရာအောက်သာ ကုန်ကျသည်။ ဖန့်ကျွင်းရုံသည် တစ်ဗူးကို ၈၈၈ယွမ်ဖြင့် ရောင်းချခဲ့သည်။ ဒါက အဝေးပြေးလမ်းမှာ အနုကြမ်းစီးသလိုပါပဲ။

 

လီဝမ့်ကျင်းသည် ကျစ်လို့ စုပ်သပ်လိုက်မိသည်။ သူ စိတ်လှုပ်ရှားသွားခဲ့သည်။ အလှအပဆေးလုံး၏ နာမည်ကျော်ကြားမှုအရ ၎င်းအားထုတ်လုပ်ဖြန့်ချိပါက တစ်နှစ်လျှင် ဗူးရေသန်းပေါင်းများစွာ ရောင်းချရခြင်းကို စိတ်ပူစရာမလိုပါ။ ဒါက ရွှေတူးခြင်းနှင့်ပင် ဆင်တူသည်။

 

နောက်လသည် တရုတ်ပြည်၏ စျေးရောင်းပွဲတော်လ ဖြစ်သည်။ သူတို့သည် ထိုစျေးရောင်းပွဲတောင်မတိုင်မီ အသုတ်တစ်သုတ် ထုတ်လုပ်ပြီးတော့ ထိုဆေးလုံးများကို စျေးကွက်ထဲသို့ တင်ပို့ရောင်းချနိုင်လိမ့်မည်။ ရက်သတ္တပတ်နှစ်ပတ်ခန့်သာ ကျန်တော့သော်လည်း သူတို့ မြန်မြန်ထုတ်လုပ်လျှင် ထိုကိစ္စကို မဖြေရှင်းနိုင်ပဲ မနေပါ။

 

ဆယ့်တစ်လပိုင်း ဆယ့်တစ်ရက်နေ့ဟာ စျေးရောင်းပွဲတော်နေ့ဖြစ်သဖြင့် သူတို့သည် ထိုဆေးလုံးအား အရောင်းမြှင့်တင်နိုင်ရန်အတွက် လျှော့စျေးများဖြင့် စတင်ရောင်းချနိုင်သည်။ တူညီသောအာနိသင်ရှိသည့် ထုတ်ကုန်များကို ဖန့်ကျွင်းရုံ၏ထုတ်ကုန်များထက် ‌စျေးပိုသက်သာစွဦ ရောင်းချမည်ဆိုလျှင် စျေးဝယ်သူများက မည်သည်ကို ရွေးချယ်ဝယ်ယူရမည်ကို သူတို့ သိကြပေလိမ့်မည်။

 

ထိုအကြံအစည်ကိုစဥ်းစားရင်း လီဝမ့်ကျင်းက မနေနိုင်မထိုင်နိုင် ဖြစ်လာခဲ့သည်။ ကျန်းအိမ်တော်နှင့် ဆွေးနွေးပြီးနောက် သူတို့သည် သုံးစွဲသူများတွင် ချယ်ရီပန်းကဲ့သို့ အသားအရေရရှိစေသောကြောင့် ထုတ်ကုန်နာမည်ကို ချယ်ရီပန်းပွင့်ဆေးလုံးလို့ အမည်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ကျန်းအိမ်တော်၏စမ်းသပ်မှုရလဒ်က ရရှိလာခဲ့ပြီ။ ပါဝင်ပစ္စည်းများသည် ဖန့်ကျွင်းရုံ၏ အလှအပဆေးလုံးနှင့် အလွန်ဆင်တူသည်။ ၎င်းတို့ကို လက်တွေ့စမ်းသပ်မှုများနှင့် ထုတ်ကုန်များကို စမ်းသပ်သုံးစွဲပြီးနောက် သုံးစွဲသူများသည် သိသိသာသာ အသားဖြူလာခဲ့ကြသည်။

 

ရုတ်တရတ် မိသားစုနှစ်ခုလုံး အလွန် စိတ်လှုပ်ရှားခဲ့ကြသည်။ သူတို့‌ရှေ့မှာ ငွေတောင် ရွှေတောင်များ စုပုံထားတယ်လို့ပင် မြင်ယောင်နေခဲ့ကြသည်။ ဒီလိုဖြစ်လာအောင် လုပ်ခဲ့နိုင်တဲ့ ကျန်းပိကလည်း ကျန်းအိမ်တော်ကလူတွေကြားထဲမှာ သူ့အဆင့်အတန်းက မြင့်တက်လာခဲ့ပြီး စိတ်အားတက်ကြွနေခဲ့သည်။

 

ကျန်းပိနှင့် လီဝမ့်ကျင်းတို့က ဖန့်ကျွင်းရုံကို မကောင်းပြောဆိုသည့်အခါတွင် သူတို့ကိုယ်ပိုင်ပြောနေကျ ဘုံဘာသာစကား ရှိပေသည်။ သူတို့ထဲက တစ်ယောက်က ဖန့်ကျွင်းရုံက စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သူဟု ပြောသည့်အခါ နောက်တစ်ယောက်က ကြိုးကိုင်ခြယ်လှယ်တတ်သူလို့ ပြောကြပေလိမ့်မည်။ သူတို့က တစ်ယောက်စိတ်ကို တစ်ယောက် ဖတ်နိုင်တယ်လို့ ခံစားခဲ့ရပြီး သူတို့က ညီအစ်ကိုကောင်းတွေ ဖြစ်လာနိုင်ဖို့ကိုပင် လိုလားခဲ့ကြသည်။

 

ကျန်းပိသည် သူ့အစ်မရင်းနဲ့တောင် လီဝမ့်ကျင်းကို မိတ်ဆက်ပေးလိုခဲ့သည်။ ကျန်းပိက သူ့အစ်မဟာ လီဝမ့်ကျင်းအတွက် အသက်အရွယ်အရ‌ရော၊ နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းမွန်ကာ ရုပ်ရည်ချောမောလှပသူဖြစ်၍ လိုက်ဖက်ညီမှုရှိတယ်လို့ သဘောတူဟန်ဖြင့် ပြောဆိုခဲ့သည်။ တကယ်လို့ သူတို့က အိမ်ထောင်‌ရေးဖြင့် မဟာမိတ်ဖွဲ့မယ်ဆိုရင် သူတို့ရဲ့ဆက်ဆံ‌ရေးကို ပိုပြီးခိုင်မြဲစေနိုင်လိမ့်မည်။

 

ကျန်းအိမ်တော်၏ပုံရိပ်ကို လူတိုင်း သိမြင်နိုင်သည်။ လီဝမ့်ကျင်းသည် အလွန်သွေးဆောင်ခံခဲ့ရသည်။ သမ့်အိမ်တော်က သူ့ကို မျက်နှာပျက်အောင် ဘယ်လိုပင် လုပ်ခဲ့ပါစေ ကျန်းအိမ်တော်ကတောင် သူတို့ရဲ့သံလွင်ခက်နဲ့ သူ့ဆီ ရောက်လာတယ်ဆိုတာကို ပြန်တွေးတောနေမိသည်။ သူက လမ်းခရီးအဝေးသို့တိုင် လျှောက်လှမ်းနိုင်မယ်ဆိုတာ သေချာတယ်။