အခန်း ၁၃၄
Viewers 25k

အခန်း (၁၃၄) - သိုက်တူးခြင်း (၂)

 

ဖန့်ကျွင်းရုံသည် ကျန်းကျစ်ဆုနှင့် တွေ့ဆုံနေစဥ်တွင် ကျန်းအိမ်တော်နှင့် လီဝမ့်ကျင်းသည် ကျန်းအိမ်တော်နှင့် လီဝမ့်ကျင်းသည် အလှအပဆေးလုံး မူကွဲ ချယ်ရီပန်းပွင့်ဆေးလုံးများကို ထုတ်လုပ်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်။

 

ဒီတစ်ခါမှာတော့ သူတို့ဟာ S Cityရှိ အပန်းဖြေစံအိမ်တစ်ခုမှာ တွေ့ဆုံခဲ့ကြတာဖြစ်သည်။

 

ယခင်က သူတို့တွေ့ဆုံခဲ့သည့်အချိန်နှင့် နှိုင်းယှဥ်လျှင် ကျန်းကျစ်ဆု၏မျက်နှာအရောင်အသွေးဟာ ယခင်ကထက် ပိုမိုကောင်းမွန်လာခဲ့ပြီး အရင်လို ကျောက်စိမ်းကဲ့သို့ မဖြူဖျော့တော့ပေ။ ကျန်းကျစ်ဆုသည် ဖန့်ကျွင်းရုံကို အပြုံးခပ်ဖျော့ဖျော့ဖြင့် “မစ်ဖန့်” ဟု နှုတ်ဆက်လိုက်သည်။ 

 

ဖန့်ကျွင်းရုံသည် ကျန်းကျစ်ဆုက ကျောက်စိမ်းဖြူခရင်မ်ကို စမ်းသုံးကြည့်ပြီးသောကြောင့် သူက ဒီလိုတွေ့ဆုံဖို့ စီစဥ်ခဲ့တာလို့ ယုံကြည်မိသည်။ သူမကလည်း ပေါ့ပေါ့ပါးပါး အပြုံးတစ်ပွင့် ပြန်ပြုံးပြလိုက်သည်။ “ကျွန်မတို့ နောက်တစ်ကြိမ် တွေ့ဆုံတဲ့အခါကျရင် ရှင်ခြေထောက်တွေက မတ်တပ်ရပ်နေနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်တယ်”

 

ကျန်းကျစ်ဆု၏အပြုံးဟာ ပိုမိုစစ်မှန်လာသည်။ “မင်းရဲ့ကျောက်စိမ်းဖြူခရင်မ်အတွက် ကျေးဇူးပါပဲ… မစ္စဖန့် ပြီးတော့ အဆိပ်အတောက်ဖယ်ရှားဆေးလုံးအတွက်ရောပေါ့၊”

 

“အာ ...”

 

ဒီစကားက သူ အရင်က အဆိပ်သင့်ဖူးတယ်လို့ ဆိုလိုတာလား။

 

ကျန်းကျစ်ဆုသည် ဒီအကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ် ပြန်မပြောလိုသည်မှာ သိသာထင်ရှားသည်။ သူ အခြားအကြောင်းအရာသို့ စကားလမ်းကြောင်း လွှဲလိုက်သည်။ “ကျွန်တော် ဒီဆေးဝါးတွေအကြောင်းကို တခြားသူတွေဆီ ပြန်ပြောခဲ့တယ်။ ပြီးတော့ သူတို့က ဒီဆေးဝါးတွေကို လက်တွေ့စမ်းသပ်မှုတွေ စလုပ်နေခဲ့ပြီးတော့ မကြာခင်မှာ ရလဒ်တွေရလိမ့်မယ်”

 

“အရာအားလုံး ချောချောမွေ့မွေ့နဲ့ အဆင်ပြေသွားမယ်ဆိုရင် ဒီနှစ်ထဲမှာ သူတို့ကို စျေးကွက်ထဲ ထုတ်လုပ်ဖြန့်ချိနိုင်လိမ့်မယ်”

 

ကျန်းကျစ်ဆုသည် ဖန့်ကျွင်းရုံရှေ့တွင် စာချုပ်တစ်ခုကို ချပေးလိုက်သည်။ သူမသည် ထိုစာချုပ်ကိုဖွင့်ကြည့်လိုက်တော့ ထိုစာချုပ်ဟာ ကောယွမ်ကော်ပိုရေးရှင်းရှယ်ယာလွှဲပြောင်းမှုစာချုပ် ဖြစ်ပေသည်။ ထိုစာချုပ်တွင် ကောယွမ်ကော်ပိုရေးရှင်း၏ ရှယ်ယာ ၈ ရာခိုင်နှုန်းကို သူမအား လွှဲပြောင်းပေးခဲ့သည်။ ကောယွမ်ကော်ပိုရေးရှင်းသည် အစိုးရ‌‌က ကျောထောက်နောက်ခံပေးထားသော လုပ်ငန်းတစ်ခုဖြစ်ပြီး တရုတ်ဆေးဝါးများ၊ တရုတ်ဆေးဖက်ဝင်အပင်များနှင့် ဓာတုဆေးဝါးဖော်စပ်၊ ထုတ်လုပ်၊ ဖြန့်ချိမှုနှင့်ဆိုင်သော ကြိုတင်ပြင်ဆင်မှုများကို အဓိကထား လုပ်ဆောင်သည်။ သူတို့၏ဆေးဝါးများကို သာမန်အားဖြင့် အလွန်သင့်တင့်သောစျေးနှုန်းများဖြင့် ရောင်းချပေးပြီး လူအများ နှစ်သက်ကြသည်။

 

 

 

ဖန့်ကျွင်းရုံသည် စိတ်သက်သာရာရသွားသည်။ ဤသဘောတူညီမှုသည် သူမ မျှော်မှန်းထားတာထက် ပိုကောင်းမွန်ခဲ့သည်။ နိုင်ငံက ကျောထောက်နောက်ခံပေးထားသောကြောင့် လုပ်ငန်း၏အနာဂတ်နှင့်ပတ်သက်၍ သံသယဖြစ်စရာမလိုပါ။ အနည်းဆုံး ဘယ်သူကမှ ဒါကို မထိပါးရဲကြဘူး။ ၈ ရာခိုင်နှုန်းသည် အလွန်များပြားသော ပမာဏဖြစ်သည်။ သူမဟာ ကုမ္ပဏီရဲ့ ဒုတိယအကြီးဆုံးရှယ်ယာရှင် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

 

ဖန့်ကျွင်းရုံသည် ငွေကြေးပြတ်လပ်နေတာ မဟုတ်သော်လည်း အခွင့်အလမ်းများ ရောက်ရှိလာသည့်အခါတွင် ၎င်းကို ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

 

ဖန့်ကျွင်းရုံသည် ခေါင်းတစ်ချက်ညိမ့်ကာ “ကျေးဇူးပါပဲ” လို့ ဆိုလိုက်သည်။ 

 

ထို့နောက် ကျန်းကျစ်ဆုသည် သူမအား “မင်းလည်း တိုင်းပြည်ရဲ့အကောင်းဆုံး စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်အဖြစ် စတင်‌လျှောက်ထားနိုင်ပြီနော်” ဟု ပြောလိုက်သည်။

 

ဖန့်ကျွင်းရုံသည် ခေတ္တမျှ အေးခဲသွားပြီးတော့ သူမအပြုံးများဟာ နက်ရှိုင်းလာသည်။ “ကျေးဇူးတင်ပါတယ်”

 

ဖန့်ကျွင်းရုံသည် လွန်ခဲ့သောနှစ်အနည်းငယ်က S City၏ အကောင်းဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ပြီးဖြစ်သော်လည်း သူမသည် တိုင်းပြည်၏အကောင်းဆုံးစွန့်ဦးတီထွင်သူဘွဲ့ကို မရရှိသေးပေ။ ထိုခေါင်းစဥ်သည် သူမ၏စွမ်းရည်ကို အာမခံချက်တစ်ခုဖြစ်စေမည်မှာ သေချာသည်။ ဒါဟာ ငွေနဲ့ဝယ်ယူလို့ရတဲ့အရာ မဟုတ်ပါဘူး။

 

ထိုအကြောင်းကိုစဥ်းစားရင်း သူမကဲ့သို့ တည်ငြိမ်သောလူတစ်ယောက်သည်ပင် ပီတိကို ခံစားလာရသည်။ သူမသည် သီချင်းမညည်းပဲ မနေနိုင်တော့ပါ။ ခဏအကြာတွင် သူမက ဒီလိုဖြစ်နေရမည့် အချိန်နှင့် နေရာမဟုတ်ကြောင်းကို သတိပြုလိုက်မိပြီး သူမကိုယ်သူမ ထိန်းသိမ်းလိုက်သည်။ 

 

“မင်းဆိုနေတာ ကြယ်ပွင့်များရဲ့ကံကြမ္မာလား” လို့ ကျန်းကျစ်ဆုက မေးလိုက်သည်။

 

ထိုသီချင်းသည် လွန်ခဲ့သောတစ်နှစ်မှ သီချင်းဘုရင်မသီဆိုထားခဲ့သော သီချင်းဖြစ်ပြီး အလွန်လူကြိုက်များခဲ့သည်။ 

 

ဖန့်ကျွင်းရုံ၏နှုတ်ခမ်းလေးများက တွန့်ကွေးသွားကာ “ဟုတ်တယ် အဲ့သီချင်းပဲ” လို့ ပြန်ဖြေလိုက်သည်။

 

သူမ အချိန်အကြာကြီး သီချင်းညည်းဆိုခဲ့တာ မဟုတ်ပေမယ့် သူမဆိုတဲ့ သီချင်းသံစဥ်ကို ဘယ်လိုမေ့ပျောက်သွားနိုင်မှာလဲ။ သူမက ကွဲပြားခြားနားတဲ့သီချင်းတစ်ပုဒ်ကို ညည်းဆိုနေတယ်ဆိုတာကို ဝန်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။

 

***

 

နိုဝင်ဘာလသည် တရုတ်နိုင်ငံ၌ အလွန်နာမည်ကြီးသော စျေးရောင်းပွဲတော်တစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင် အရောင်းအဝယ်များသည် ယွမ်သန်းရာနှင့်ချီ မြင့်တက်လာနိုင်ပြီး အဓိကစီးပွားရေးလုပ်ငန်းများသည် သူတို့၏ကျွမ်းကျင်မှုကို ပြသရမည့်အချိန်ဟု ဆိုနိုင်သည်။ ယေဘုယျအားဖြင့် အောက်တိုဘာလကုန်၌ အရောင်းမြှင့်တင်ရေးလုပ်ငန်းများကို စတင်ကြပေလိမ့်မည်။

 

စီးပွားရေးလုပ်ငန်းများစွာသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော အရောင်းမြှင့်တင်ရေးများဖြင့် ထွက်ပေါ်လာခဲ့ကြသည်။

 

ဖန့်ကျွင်းရုံ၏ပရိသတ်များအားလုံးသည် သူမ၏ဝေ့ပေါ်အကောင့်အောက်တွင် အလှအပဆေးလုံးများကို ပိုမိုလိုချင်ကြောင်းကို အော်ဟစ်ငိုယို တောင်းဆိုကြသည်။ လျှော့စျေးမရှိလျှင်ပင် နောက်ထပ်ဗူးရေသောင်းချီ ထုတ်လုပ်ဖြန့်ချိပေးခြင်းသည်လည်း ကောင်းလိမ့်မည်။ လစဥ်ရောင်းချမှုပမာဏသည် ပုံမှန်သုံးစွဲဖို့ပင် မလုံလောက်ပါ။

 

လူများစွာသည် ဤထုတ်ကုန်ကို မသုံးစွဲမီ သံသယဝင်ခဲ့ကြပြီး ၎င်းက အသုံးမဝင်ဘူးလို့ ခံစားခဲ့ရသည်။ သူတို့ အဲ့တာကို သုံးစွဲပြီးတာနဲ့ သူတို့ဟာ ရေတပ်ကိုငှားရမ်းလိုက်သလိုမျိုး ထိုထုတ်ကုန်ကိုကောင်းကျိုးများကို မပြောပဲမနေနိုင်အောင် ဖြစ်မိကြသည်။

 

ဒါပေမယ့် သူတို့က ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ပေမယ့် တရားဝင်ဝေ့ပေါ်အကောင့်ကနေ ထုတ်ပြန်ကြော်ငြာချက် မရှိသေးပါဘူး။ လျှော့စျေးမရှိ၊ အပိုထုတ်လုပ်ဖြန့်ချိခြင်းလည်း မရှိပါ။ ဖန့်ကျွင်းရုံ၏ မြင့်မြတ်ပြီး စွဲမက်ဖွယ်ကောင်းသောပုံစံက သူတို့ရဲ့ပရိသတ်တွေကို ချစ်လည်းချစ်စေသလို မုန်းလည်း မုန်းစေပါသည်။