အခန်း ၁၃၅
Viewers 25k

အခန်း (၁၃၅) - သိုက်တူးခြင်း (၃)

 

ဖန့်ကျွင်းရုံက အခု ကန့်သတ်ချက်ကို ရုတ်သိမ်းလိုက်မယ်ဆိုလျှင် တစ်လျှောက်လုံး မဲစနစ်ဖြင့် ကံစမ်းကြသူများအတွက် အလွန်မတရားသလို ဖြစ်လိမ့်မည်ဟု ခံစားခဲ့ရသည်။ တရားမျှတသောသူတစ်ယောက်အနေဖြင့် ဖန့်ကျွင်းရုံသည် သူမသမီး၏မွေးနေ့၌ အပိုခံစားခွင့်များကိုသာ ပေးတတ်သည်။

 

ဖန့်ကျွင်းရုံသည် မှတ်ချက်အားလုံးကို လျစ်လျူရှုထားစဥ်တွင် လီဝမ့်ကျင်းသည် သူ့ကိုယ်သူ လူသိများထင်ရှားအောင် ပြုလုပ်ရန် အဆင်သင့် ဖြစ်နေသည်။ လဝက်ခန့် ထုတ်လှုပ်မှုပြီးသည့်နောက် သူ့ကုမ္ပဏီကနေ ချယ်ရီပန်းပွင့်ဆေးလုံးများဗူးရေ ခြောက်သိန်းကို ထုတ်လုပ်ပြီးလေပြီ။ စျေးရောင်းပွဲတော်ကာလ၌ သူတို့၏ထုတ်ကုန်များကို ဝယ်ယူသုံးစွဲနှုန်း မြင့်တက်လာလိမ့်မည်။ ဒါက စျေးဝယ်သူတွေကို သူတို့ရဲ့စိတ်ကျေနပ်မှုရရှိစေဖို့ လုံလောက်လိမ့်မည်။

 

လီဝမ့်ကျင်းသည် သူ့လက်ဖဝါးများကို စိတ်လှုပ်ရှားစွာ ပွတ်တိုက်နေရင်း ဒီစျေးကွက်ကို လွှမ်းမိုးဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။

 

ညဆယ်နာရီတွင် လီဝမ့်ကျင်းဟာ ဝေ့ပေါ်တွင် ပို့စ်အသစ်တစ်ခုကို ‌‌‌ရေးတင်ဖို့ လုပ်နေခဲ့ပြီးတော့ ထိုပို့စ်အောက်ရှိ မှတ်ချက်များကို ပြန်လည်ဖတ်ရှုဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

 

[နှစ်ပတ်အတွင်း အလှအပဆေးလုံးဗူးရေ တစ်သန်း… ဦးရာလူစနစ်]

 

နှစ်ပတ်အကြာတွင် တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသည့် စျေးရောင်းပွဲတော် ကျင်းပပေလိမ့်မည်။

 

မိနစ်အနည်းငယ်အကြာမှာ သူက ဒီစာကိုဖျက်လိုက်ပြီးတော့ အသစ်တစ်ခုကို ပြန်လည်ရေးသားလိုက်သည်။

 

[လွန်ခဲ့သောတစ်နှစ်က လှပသောချယ်ရီပန်းပွင့်များဖြင့် နှိုင်းယှဥ်နိုင်သည့် ချောမောလှပသော အမျိုးသမီးတစ်ယောက် ရှိလေသည်။ နှစ်ပတ်အတွင်း ချယ်ရီပန်းပွင့်ဆေးလုံးဗူးရေ တစ်သန်း… ဦးရာလူစနစ်]

 

လီဝမ့်ကျင်းက အမှတ်မထင် မှားရိုက်မိတာလား။ ဘယ်ဟုတ်ပါ့မလဲ။ သူက ဒါကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ လုပ်ခဲ့တယ်။ သူ့ထုတ်ကုန်သည် ချယ်ရီပန်းပွင့်ဆေးလုံးများသာဖြစ်သော်လည်း သူ့ထုတ်ကုန်က များသောအားဖြင့် အလှအပဆေးလုံးနှင့် အာနိသင်တူထုတ်ကုန်ဖြစ်ကြောင်း အကြံပြုတာ ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ မူလရှိပြီးသား အလှအပဆေးလုံး ဝယ်ယူသုံးစွဲနေသူများ၏အာရုံကို ဆွဲဆောင်ရန် ဖြစ်သည်။ ယခင်က ဖန့်ကျွင်းရုံသည် သူ့ကျော်ကြားမှုများကို ကြိမ်ဖန်များစွာ အမြတ်ထုတ်ခဲ့သည်။ ဒီတစ်ခါတော့ သူက ဒီလှည့်ကွက်ကို ပြန်အသုံးပြုရလိမ့်မည်။

 

လီဝမ့်ကျင်းက လူကြိုက်အများဆုံးစာရင်းဝင်အောင် #အလှအပဆေးလုံး ချယ်ရီပန်းပွင့်ဆေးလုံး ဟုရေးတင်ပြီး ထိုသတင်းအတွက် ရေတပ်ကိုပင် ငှားရမ်းသုံးစွဲခဲ့သည်။

 

သူ့လှည့်ကွက် အောင်မြင်ခဲ့တယ်။ ထိုသတင်းက အင်တာနက်အသုံးပြုသူများအား ဆွဲ‌ဆောင်နိုင်ခဲ့ပြီးတော့ လျင်မြန်စွာ ဒူးထောက်ကျရှုံးသွားခဲ့ကြသည်။

 

[ကံကောင်းထောက်မစွာဖြင့် ငါ ဖန်သားပြင်ဓာတ်ပုံတစ်ခု ရိုက်ယူနိုင်ခဲ့တယ်။ လီဝမ့်ကျင်းက အလှအပဆေးလုံးအကြောင်း ပြောနေတာ ဟုတ်တယ်မလား။ ဒါဆိုရင် သူကလည်း ဖန့်ကျွင်းရုံနဲ့ အမျိုးအစားတူထုတ်ကုန်ပစ္စည်းကို ရောင်းချမှာလား။]

 

[လီဝမ့်ကျင်းတို့က လွန်ခဲ့သောလအနည်းငယ်က ကွာရှင်းခဲ့သဖြင့် လီဝမ့်ကျင်းမှာလည်း တူညီသောဆေးညွှန်းဖော်မြူလာကို သုံးခွင့်ရှိတယ်လို့ ပြောနိုင်မယ်။ နောက်ဆုံးတော့ သူက နည်းပညာဆိုင်ရာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီးတော့ ယခုအချိန်မှသာ ထုတ်လုပ်ရောင်းချတာ ဖြစ်နိုင်တယ်။]

 

[ဟိုး … ဟိုး … ဟိုး … ငါကတော့ ဂရုစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့လို လူယုတ်မာတစ်ယောက်ကို ပိုက်ဆံ တစ်ပြားဆို တစ်ပြားမှ မပေးနိုင်ဘူး။]

 

[သူ့ရဲ့ချယ်ရီပန်းပွင့်ဆေးလုံးတွေက အလှအပဆေးလုံးတွေနဲ့ တကယ်အာနိသင်တူမယ်ဆိုရင် ဘယ်ဆေးလုံးကို ဝယ်ယူဖို့ အရေးကြီးသနည်း။ လီဝမ့်ကျင်းထံမှ ငါ ဝယ်ယူမယ်ဆိုရင် အနည်းဆုံးတော့ ကံစမ်းမဲစနစ် သို့မဟုတ် အခြားသူတွေနဲ့ ယှဥ်ပြိုင်ပြီး ဝယ်ယူရလိမ့်မယ်။ သေချာတာတစ်ခုကတော့ ငါ လက်‌ဆောင်ပေးဖို့အတွက် ဗူးရေအနည်းငယ် ဝယ်ယူရနိုင်တယ်။]

 

လီဝမ့်ကျင်း၏ပို့စ်အောက်တွင် မှတ်ချက်များ ဆွေးနွေးချက်များ ပလူပျံနေခဲ့သည်။ လီဝမ့်ကျင်းသည် တစ်စုံတစ်ရာကိုဖြစ်ဖြစ် ရှင်းပြရန် ထွက်မလာတာကြောင့် သူ့ထုတ်ကုန်များသည် အလှအပဆေးလုံးများနှင့် အာနိသင်တူသည်ဟူသော ထင်ကြေးကို လူအများက စတင်ယုံကြည်လာခဲ့ကြသည်။

 

လီဝမ့်ကျင်း ငှားရမ်းထားသော ရေတပ်ကလည်း ထပ်ဆင့်ဝေမျှရန် “အတွင်းသတင်းအချက်အလက်များ” ရရှိသော လူများကဲ့သို့ ဟန်‌ဆောင်ပြုမူခဲ့သည်။ သူတို့က ထုတ်ကုန်ကို ထုတ်လုပ်ဖြန့်ချိနိုင်ရန်အတွက် လီဝမ့်ကျင်းက အချိန်တော်တော်ကြာ ကြိုးပမ်းခဲ့ရတယ်လို့ သူတို့က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သူက ကျန်းအိမ်တော်နဲ့ ဆေးဖက်ဆိုင်ရာ အဆက်အသွယ်ရှိပြီး ထုတ်ကုန်ကို ပိုကောင်းမွန်အောင် ပြုလုပ်ခဲ့သည်။ လီဝမ့်ကျင်း၏ ချယ်ရီပန်းပွင့်ဆေးလုံးများသည် ဖန့်ကျွင်းရုံ၏ အလှအပဆေးလုံးများထက် ပိုကောင်းသည်ဟူသောအချက်ကိုပါ ထည့်သွင်းပြောဆိုခဲ့ကြသည်။

 

စကားဝိုင်း၏ဦးတည်ရာကို ညွှန်ပြလိုက်သော ရေတပ်များနှင့်အတူ ဖရဲသီးစားကြသူများအားလုံး (အတင်းအဖျင်း စိတ်ဝင်စားကြသူများ) အံ့သြသွားကြသည်။

 

#အလှအပဆေးလုံး ချယ်ရီပန်းပွင့်ဆေးလုံး# အစပိုင်းတွင် လီဝမ့်ကျင်း ငှားရမ်းထားသောသူများကြောင့် လူသိများသော်လည်း ညနက်ပိုင်းတွင် ထိုသတင်းက နာမည်ကြီးလူသိများသောစာရင်းထဲသို့ ဝင်ရောက်သွားလေသည်။

 

လီဝမ့်ကျင်းကို သပိတ်မှောက်ခြင်းနှင့် ပတ်သက်၍ အင်တာနက်အသုံးပြုသူများစွာသည် ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသော်လည်း လီဝမ့်ကျင်း၏ နာမည်ဂုဏ်သတင်းကို လူများစွာက ဂရုမစိုက်ကြချေ။ အမေများသည် အမေများသာ ဖြစ်သည်။ သူတို့ကို ကောင်းမွန်ပြီး စျေးသက်သာသည့် ထုတ်ကုန်များကို ဖြန့်ချိပေးနိုင်တဲ့သူတွေကိုပဲ သူတို့က ပံ့ပိုးပေးလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် လီဝမ့်ကျင်း၏ သူ့ဆက်ဆံရေး၌ သူ့အမှားများစွာကို ထိုလူတွေက အလွယ်တကူ နားလည်ခွင့်လွှတ်ပေးခဲ့ကြသည်။

 

လီဝမ့်ကျင်းသည် သူ့ရဲ့လာမည့်ထုတ်ကုန်၏ ကျော်ကြားမှုကို အွန်လိုင်းပေါ်မှာ ဆက်လက်ကြည့်ရှုနေခဲ့သည်။ နွေရာသီရဲ့အပူဆုံးနေ့မှာ အအေးတစ်ခွက်လောက် သောက်သုံးနေသူဖြစ်တဲ့ ဖန့်ကျွင်းရုံရဲ့ ဒေါသတကြီး ခုန်ပေါက်နေတဲ့ပုံကို မြင်ယောင်ကြည့်နေမိသည်။