Chapter 44
ကျောင်းကောင်ငယ်လေး ထွက်သွားပြီ (2)
ဖူဟွားနှင့်ယွီရွေ့တို့သည် အမူအရာကင်းမဲ့စွာဖြင့် တဲအိမ်လေးထဲ၌ ထိုင်နေကြသည်။ သူမတို့နှစ်ဦးမှာ လှေပေါ်တွင် ဖြစ်ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှအား မျက်မြင်တွေ့ခဲ့သော်ငြား လင်းရုဖေးက ကျောင်းကောင်ကို လွယ်လွယ် ထွက်သွားရန် ပြောလိုက်သည်အား နားမလည်လိုက်ပေ။ သူမတို့မှာ သိသိသာသာပင် သူနှင့်အတူကြီးပြင်းလာခြင်းဖြစ်သော်ငြားလည်း ချယ်ရီပန်းပင်တစ်ခုကြောင့် သူ့ထံတွင် မမြင်နိုင်သည့် လျှိုဝှက်ချက်များစွာက ရုတ်တရက် စုပြုံ၍ရှိလာ၏။
ယွီရွေ့က မသိခဲ့သော်လည်း ဖူဟွားကမူ သူတို့၏ကုန်းဇီကိုယ်အား ကောင်းကင်ဘုံလမ်းကြောင်းတစ်ခုက ထိတွေ့နေလျက်ရှိပြီး သူတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ငါးရှိသည့်သူများကပင် အနီးကပ်ကြည့်၍ရနိုင်သည့် အရာမျိုးမဟုတ်ကြောင်းသိခဲ့ပေသည်။ ထို့အခြင်းအရာများကြောင့် အစမှအဆုံးထိ သူမသည် မမေးထုတ်နိုင်ခဲ့ချေ။
မြစ်ကမ်းစပ်သို့ ရောက်ရှိလာပြီဖြစ်ကာ ဘေးနံပါးနှစ်ဖက်စလုံးရှိ ရှုခင်းများက ပြောင်းလဲသွားချေပြီ။ မတ်စောက်သော ချောက်ကမ်းပါးနံရံများနေရာ၌ ချောမွေ့ကြည်လင်သည့် မြစ်ရေပြင်က အစားထိုးယူလာကာ ကောက်ကွေ့ဆုံးသောအပိုင်းအား ဖြတ်ကျော်ပြီးနောက်တွင် ရှင်းကျိုးမြေဆီသို့ ရောက်ရှိလာ၏။
မြေမျက်နှာသွင်ပြင် ကျယ်ဝန်းပြန့်ပြူးကာ သင်္ဘောကြီးများ တရွေ့ရွေ့သွားနေကြသည်ကိုလည်း မြင်နိုင်ပေသည်။ ကုန်းပေါ်ရှိ မီးအလင်းရောင်များမှာ လက်ဖြာနေပြီး သာယာပျော့ပျောင်းသည့် ပြဇာတ်အဆိုရှင်များ၏ တေးသံများကိုပင် ယဲ့ယဲ့လေးကြားနေရသည်။
ကျန်းချောင်အာ၏ လှေငယ်လေးမှာ ဆိပ်ကမ်းတွင် ရပ်သွားလေပြီ။ လင်းရုဖေးက ချောမွေ့သော မြစ်ကမ်းပါးပေါ်သို့ ခြေလှမ်း လှမ်းလိုက်ကာ အနှီဆယ်ကျော်သက် ကူးတို့သမားလေးအား နှုတ်ဆက်စကားဆိုလိုက်၏။
"ကုန်းဇီ မြစ်ထဲက မိစ္ဆာ ကျောင်းက တစ်ကယ်ကြီးထွက်သွားတာလား"
ကျန်းချောင်အာက ထပ်မံ၍ လေသံတိုးတိုးဖြင့် မေးလာသည်။
"သူ သွားပြီ"
လင်းရုဖေးက ဆိုလိုက်သည်။
"အဲဒါ ကောင်းတယ်"
ကျန်းချောင်အာက ဘူးသီးခြောက်အား ကိုင်ကာ နှစ်ကျိုက်မျှသောက်လိုက်ပြီးနောက် သူက ရေရွတ်လိုက်သည်။
"ဒါက တကယ်ကြီးကို ကောင်းတာ......"
"သွားတော့"
လင်းရုဖေးက ဆိုလိုက်သည်။
"အပြန်ကျရင် အလောတကြီးဖြစ်စရာ မလိုတော့ဘူး လမ်းမှာ ဘေးကင်းပါစေ"
"ကျေးဇူးပါ ကုန်းဇီ"
ကျန်းချောင်အာက သူ၏မူပိုင်အပြုံးအား ပြသလာသည်။ လင်းရုဖေးအား ခေါင်းညိတ်ပြလိုက်ရင်း လှေပေါ်တက်ကာ အနောက်သို့ လှည့်လိုက်သည်။
သူက ပျော်ရွှင်စွာ အော်ဟစ်ရင်းဆိပ်ကမ်းမှထွက်ခွာသွားတော့သည်။
လူငယ်လေး၏ကျောပြင်မှာ အားနည်းနေဆဲဖြစ်သော်ငြား အနှီကူးတို့သမားလေးမှာ အမှန်ပင် အားကောင်းလှကြောင်း သူ၏လှေအားစီးဖူးသည့်ခရီးသည်များသာ သိပေလိမ့်မည်။
စေးကပ်သော တံတွေးများဖုံးနေသည့် ကိုယ်ဖြင့် လင်းရုဖေးက ဆိပ်ကမ်းရှိ အနီးဆုံးတည်းခိုခန်းသို့ သွားလေ၏။ သူက ရေများများချိုးလိုက်ချင်၍ ရေပူကို ချက်ချင်းမှာလိုက်သည်။
အခန်းဆီသို့ ရေပူယူလာသောအခါ လင်းရုဖေးက အဝတ်များချွတ်၍ ရေချိုးကန်ထဲသို့ ဝင်ရန်မစောင့်နိုင်တော့ပေ။ သူ၏ပုခုံးထက်မှ ရေပူများ ကျဆင်းလာသည်အား ခံစားရင်း သက်တောင့်သက်သာဖြစ်စွာဖြင့် ရင်ထံမှအပူလုံးမှာကျသွားချေပြီ။ သူက ရေချိုးနေသောကြောင့် ကုရွမ်းတုက ဘေးနားမှ စောင့်ကြည့်နေလေ၏။ လင်းရုဖေးက သူတို့နှစ်ဦးလုံးမှာ ယောကျာ်းသားပင်ဖြစ်ရာ မသင့်လျော်သည်မရှိဟုထင်၍ ကုရွှမ်းတုအား မောင်းထုတ်ခြင်းမပြုခဲ့ချေ။
သို့ရာတွင် ကုရွမ်းတုကမူ အနည်းငယ် မသက်မသာ ဖြစ်နေပုံရပြီး သူ့အား လုံး၀ကြည့်မနေချေ။ ထို့နောက် အပြင်ဘက်မှ ရှုခင်းများအား ကြည့်မည်ဆိုကာ ပြတင်းပေါက်နားတွင် သွားထိုင်နေလေ၏။
လင်းရုဖေးက ကုရွှမ်းတုအား ကြည့်လိုက်သည်။ သူ့အသံမှာ ပုံမှန်ထက် နူးညံ့နေသဖြင့် အရည်ပျော်ကျတော့မည်ဟုပင် ခံစားလိုက်ရသည်။
"အကြီးအကဲ"
ကုရွှမ်းတု : "ဟမ်"
လင်းရုဖေးက ဆိုလိုက်သည်။
"ဘာတွေများ ကြည့်နေတာလဲဟင်"
ကုရွှမ်းတုက ဖြေလိုက်သည်။
"ဒီတိုင်း အပြင်ဘက်ကို ကြည့်နေတာပါ"
လင်းရုဖေးက သံသယဖြစ်နေဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
"ပြတင်းပေါက်က ဖွင့်တောင်မဖွင့်ရသေးဘူးလေ...ဘယ်လိုလုပ်ပြီး ကြည့်လို့ရမှာလဲ"
ကုရွှမ်းတုက တည်တည်ငြိမ်ငြိမ် ပြန်မဖြေနိုင်မီ တစ်ခဏမျှ တိတ်ဆိတ်နေမိ၏။
"အပြင်မှာ လေတိုက်နေတာ ကိုယ်သာ တံခါးကိုဖွင့်လိုက်ရင် မင်းအအေးမိသွားလိမ့်မယ် ပြတင်းပေါက်ကို ကျော်ပြီး ကိုယ့်မှာမြင်နိုင်စွမ်းရှိတယ်လေ"
လင်းရုဖေးက မေးလိုက်သည်။
"တကယ်လား"
ကုရွှမ်းတုက ဖြေလိုက်သည်။
"တကယ်"
လင်းရုဖေးက အမှန်စင်စစ်ပင် ယုံကြည်ပေသည်။ သူက ရေပူအား မ ယူလိုက်ပြီး ပုခုံးထက်ရှိ အတွင်းကြေဒဏ်ရာအား ရှာရန် သူ၏ကိုယ်ပေါ်မှ အကျိအချွဲများအား ဖြည်းညင်းစွာ ပွတ်တိုက်နေ၏။ ဂရုတစိုက် စဥ်းစားပြီးသည့်နောက်တွင် အနှီဒဏ်ရာမှာ ကျောင်းကောင်မှ မှုတ်ထုတ်ပစ်လိုက်သည့် ငါးကြောင့် ဖြစ်နိုင်၏။
ထိုအချိန်က သူသည် အလွန်နာကျင်နေပြီး အတော်လေး ပြင်းထန်မည်မှာ မျှော်လင့်ပြီးသားပင်။ သာမန်တိုက်မိရုံလေးကပင် သူ့အတွက် အချိန်အတန်ကြာ မပျောက်နိုင်ဖြစ်တတ်သည်။ ယခုတစ်ကြိမ်တွင်မူ ပုခုံးပေါ်၌ ဒဏ်ရာအကြီးကြီးဖြစ်နေပေ၏။
ကံကောင်းထောက်မစွာဖြင့် အစေခံမလေးများက မမြင်၍သာ၊မဟုတ်ပါက သူမတို့၏ခေါင်းမာပုံဖြင့် ကျောင်းကောင်အားရှာ၍ အသေသတ်ရန် ဓါးဆွဲကုန်ကြမည်မှာသေချာပေါက်ပင်။
သူက ဤအကြောင်းအား တွေးနေချိန်တွင် ကုရွှမ်းတု၏ မသဲမကွဲအသံက သူ၏နောက်ဘက်မှ ထွက်လာသည်။
"ဘာလို့ တအား စိမ်းနေရတာလဲ"
"အဲ့ဒါ...ငါးက ကျွန်တော့်ဆီ လာမှန်တုန်းကဖြစ်မယ်"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"သိပ်မနာပါဘူး အရမ်းဒဏ်ရာအကြီးကြီးရသွားသလိုသာ ပေါ်နေတာပါ"
"မနာဘူး ဟုတ်လား"
ကုရွှမ်းတုက သိသိသာသာပင် လုံး၀ မယုံချေ။
"မနာပါဘူး.....ကျွတ်...အကြီးအကဲ..မတို့လိုက်နဲ့လေ.အာ့"
လင်းရုဖေးက ကုရွှမ်းတုမှာ သူ၏ဒဏ်ရာအား တို့လိုက်သည့်အတွက် တုန်ယင်သွား၏။
ကုရွှမ်းတုက အံကြိတ်လိုက်ရင်း : "မနာဘူးလို့ ပြောချင်နေတုန်းလား"
"အဲ့ဒါက တကယ်ကို အများကြီးမနာပါဘူး"
လင်းရုဖေးက အမြန်ပြောလိုက်သည်။
"အဲ့နေရာကိုသာ မ..ထိပါနဲ့"
ကုရွှမ်းတုက ကျိန်ဆဲလိုက်သည်။
"အဲ့ဒီ မိမစစ်ဖမစစ် အရူးကောင်က တကယ်ကို အရိုက်ခံရဖို့ပဲတန်တယ်...."
လင်းရုဖေးက ထိုကျောင်းကောင်မှာ အတော်လေးပင် ဦးနှောက်မရှိ ဟု ထင်မိ၏။
သူ့ကိုယ်ပေါ်ရှိ ကျောင်းကောင်၏တံတွေးများအား ရေဖြင့်ဆေးကြောသန့်ရှင်းပြီးသည့်နောက် လင်းရုဖေးက အနည်းငယ် ပင်ပန်းသွားရသည်။ သူက ရေချိုးခန်းမှထွက်လာစဥ် ညဝတ်အင်္ကျီလဲလိုက်ကာ နူးညံ့သောအိပ်ရာထက် လှဲချလိုက်သည်။
တဖြည်းဖြည်း အိပ်ချင်လာ၍ ဆံနွယ်များခြောက်အောင်ပင် မသုတ်နိုင်တော့ကာ ပုခုံးထက်မှဒဏ်ရာကြောင့် အိပ်ပျော်သွားသောအခါ အတန်ငယ် မျက်မှောင်ကြုတ်မိသွား၏။
ကုရွှမ်းတုက လင်းရုဖေး၏ အိပ်ပျော်နေသော မျက်နှာလေးအား အဓိပ္ပါယ်ပါသော မျက်နှာဖြင့် ကြည့်လိုက်ရင်း သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
xxxxxxxxxxxxxxxxxxx
ကျောင်းကောင်က နောက်ဆုံးတွင် သူ၏အမည်ဂုဏ်ပုဒ်အား လက်ခံရရှိပြီးနောက် ချန့်လန်မြစ်အောက်ဘက်တစ်လျှောက် လိုက်ပါသွားလေ၏။ ရှင်းကျိုးအားဖြတ်၍ ပို၍ဝေးလံသည့်အရပ်ဒေသဆီ ကူးခတ်သွားနေရင်း တစ်စုံတစ်ရာက သူ၏ ရေကူးနေသည့်ပုံရိပ်လေးအား ရုတ်တရက် ပြင်းပြင်းထန်ထန် ပိတ်ကန်ပစ်လိုက်သည့်ချိန်မတိုင်မီထိ ယင်းက မိမိ၏ပုံစံပြောင်းလဲလာသည့်အပေါ် ပျော်ရွှင်ကြည်နူးမှုများ ခံစားနေရဆဲပင်။
လတ်တလောအချိန်မှာ နံနက်ခင်းစောစောသာဖြစ်ပြီး နေလုံးကြီးသည် ရေပြင်၏ အလင်းပြန်ရာထက်သို့ ရွှေမှုန်အလင်းတန်းများ ဖြန့်ဖြူးလျက် ရေပြင်ညီမျဥ်းတစ်လျှောက် ဖြေးညင်းစွာ ပေါ်ထွက်လာသည်။ အလင်းပြန်နေသည့် ရေပြင်သည်ကား ရွှေအိုရောင် သဲလွှာပါးပါးလေးဖြင့် ဖုံးလွှမ်းခံရမည့်ပုံပေါ်ကာ မြင်ကွင်းမှာ အလွန်အမင်း လှပလေသည်။ ထွက်ပြူလာသည့် မြူနှင်းများက အခိုးအငွေ့မှုန်များ ထပ်ပေါင်းလာမည့်ဟန်ရှိသည်၊ သို့သော်ငြား အနှီလှပသော ရှုခင်းအား ကျောင်းကောင်မှာ စိတ်ဝင်တစားမွေ့လျော်နေခြင်းမရှိပေ။ ယင်းက ရုတ်တရက် စိတ်မသက်မသာဖြစ်လာပြီး အသက်ရှူထုတ်သံကပင် ပြင်းထန်လာသည်။
ရေမျက်နှာပြင်ထက်တွင် အနီရောင်အလင်းလျှပ်တစ်ပြက်နှင့်အတူ ပေါလောပေါ်လာသည့် အရာက အသက်ရှူလိုက်သည့် အချိန်တစ်ခုထက် ပို၍မြန်သည်မှာ အသေအချာပင်။ ယင်းအရောင်ဖျော့ဖျော့လေးမှာ ပြင်းထန်သည့်ဓားသွားနှင့် ရောယှက်နေလေ၏။
ကျောင်းကောင်၏ မျက်နှာလေးမှာ ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်သွားသည်။ ယင်းက ရေထဲသို့ ငုပ်ဆင်းရန်ပြင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ရေပြင်ထက်ရှိ ပုဂ္ဂိုလ်က သူ၏ဓါးအား ဆွဲချလိုက်ပြီး အနှီဓားအား ပြင်းပြင်းထန်ထန် လွှဲချလိုက်သည်။ ကြီးကျယ်မြင့်မြတ်လှသော ဓါးသွားထက်ထက်မှာ ရေအိုင်ကိုဖြတ်၍ ကျောင်းကောင်ဆီသို့ တည့်တည့်တိုး၀င်သွားလေသည်။
ကျောင်းကောင်က မိမိမှာ ပုန်းကွယ်၍မရနိုင်ကြောင်းသိ၍ ရိုးရှင်းစွာဖြင့် ပုန်းမနေတော့ပေ။ နေရာတွင်သာရပ်နေမိရင်း သူ၏ပါးစပ်မှမူ နဂါးအော်သံသေးသေးလေးထွက်လာ၏။
အနှီနဂါးအော်သံတွင် တစ်ခုခုမှားယွင်းနေသကဲ့သို့ ခံစားချက်များ ပါဝင်နေသည်။
'ဘာလို့ ဒီလိုထပ်ဖြစ်နေရတာလဲ...ငါဘာမှလည်း မလုပ်ထားပါဘူး...မင်းဘာလို့ ဒီနဂါးကို ဒီလိုမျိုးအနိုင်ကျင့်ရတာလဲ"
ဓားအား အမိန့်ပေးလိုက်သော လူမှာ သရော်ပြုံးပြုံးလာသည်။
"မင်းမှုတ်ထုတ်လိုက်တဲ့ ငါးကြောင့် သူ့ပုခုံးကျိုးတော့မလို ဖြစ်သွားတာလေ"
ကျောင်းကောင်က အံ့အားသင့်သွားသည်။
သူက ဆက်ပြောလာ၏။
"သူ့ပုခုံးကဒဏ်ရာက တော်တော်အညိုအမည်းစွဲသွားတာ...ပြီးတော့ မင်းကလျက်တောင်လျက်လိုက်သေးတယ်..."
သူက ထိုသို့ပြောနေရင်း တဖန်ဒေါသထွက်လာပုံရသည်။
ထိုသူက အံကြိတ်လိုက်ပြီး ဒုတိယအကြိမ် ဓါးအား လွှဲချလိုက်ပြီး : "သူသာ အအေးမိသွားရင်--"
ကျောင်းကောင်မှာ သူ၏ဦးခေါင်းအပေါ်ရှိ တစ်စုံတစ်ခုက ပေါ့ပါးသွားသလို ခံစားလိုက်ရသဖြင့် အံ့အားသင့်မှုအပြည့်ဖြင့် ရေထဲတွင် ဆက်၍ရပ်နေမိသည်။ သူက ငုံ့ကြည့်လိုက်သည့်အခါ သူ၏တစ်ခုတည်းသာကျန်ရှိတော့ည့် ဦးချိုလေးမှာ ထပ်၍အဖြတ်ခံလိုက်ရကာ ပင်လယ်၏အောက်ခြေတည့်တည့်သို့ ကျဆင်းသွားသည်အား နားလည်ရခက်စွာဖြင့်စိုက်ကြည့်နေမိသည်။
ကျောင်းကောင်ထံမှ သနားစရာကောင်းလွန်းသည့် ဝမ်းပန်းတနည်းအော်ဟစ်ငိုယိုသံများ ထွက်လာတော့သည်---အနှီဦးချိုကား အသုံးမလိုပါသော်ငြား သူ၏သြဇာအာဏာတို့အား ပြနေပါသေးသည်။ ထိုတစ်ခုတည်းသာ ကျန်တော့သည်ဖြစ်ပြီး ယခု သူ့တွင် ဘာမျှမရှိတော့ချေ။
နဂါးတစ်ကောင်ဖြစ်လာလျှင်တော့.....
"ဒါဆို မင်းက နဂါးတစ်ကောင်လို ပြောင်းသွားရင် ဘယ်လိုဖြစ်သွားမလဲ"
ဓါးနှင့်လူက ညင်ညင်သာသာ ပြုံးနေစေကာမူ ထွက်ကျလာသည့် အနှီစကားလုံးများကမူ သနားစရာကောင်းသည့် ကျောင်းအား လည်ချောင်းကိုပင် ကျုံ့သွားစေ၏။
"အာ...ဟုတ်ပြီ...နဂါးဦးချိုက ကျောင်းဦးချိုထက်တော့ ပိုတန်ဖိုးရှိတယ် သူက အားဆေးကြီးလည်းဖြစ်တော့ ဆေးထဲကိုထည့်သုံးလို့လည်းရပြီ"
ကျောင်းကောင်မှာ "အားဆေးကြီး" ဆိုသည့်စကားလုံးအား ပြောလာချိန်တွင် ရေပေါ်ရှိလူက တစ်ခုခုအား တည်တည်ငြိမ်ငြိမ် ဆင်ခြင်သုံးသပ်နေသကဲ့သို့ ခဏတာရပ်တန့်သွား၏။
"အဲ့ဒါက သူ့ခန္ဓာကိုယ်အတွက် အားဖြည့်စာ ဖြစ်နိုင်လား"
အဆုံးတွင် ထိုတီးတိုးပြောဆိုနေသည့်စကားများကို ကျောင်းက ရှင်းရှင်းလင်းလင်းကြားနေရဆဲပင်။
ဤသည်ကိုကြားပြီးနောက် ကျောင်းမှာ သူ့အား ထပ်ပြန်မပြောရဲတော့ချေ။ လျှပ်တပြက် အလင်းတန်း တစ်ခုပေါ်လာပြီးနောက် ယင်းက တစ်ဖက်သို့လှည့်လိုက်ပြီး ရေများပြင်းပြင်းထန်ထန် အုံကြွစေရစ်ကာ ချက်ချင်းပင် ကြောက်ရွံ့တကြီးပြေးထွက်သွားတော့သည်။ ကံကောင်းစွာဖြင့် ဓါးနှင့်လူက ဆက်၍မလိုက်တော့ပေ။
ထို့အစား သူက အေးအေးလူလူ သက်ပြင်းချလိုက်ပြီး သူ၏ခေါင်းအား ခါယမ်းလိုက်သည်။
"ဒါပေမယ့် သူ့ရဲ့ မွေးရာပါ ချို့တဲ့နေတာကို အများကြီးအကျိုးရှိစေမယ့်ပုံတော့မရဘူး"
ထိုသို့ဆိုလျှင် ဤကိစ္စကို မေ့လိုက်တာပေါ့...။
ဓားနှင့်လူက သက်ပြင်းထပ်၍ချလိုက်ပြီး တဝီဝီမြည်နေသည့် သူ၏ဓါးတိုအားထိကာ ပြောလိုက်သည်။
"မလောရဘူးလေ..မလောရဘူး...ရှေ့လျှောက် ရက်တွေအများကြီးရှိဦးမှာ"
ကောင်းမွန်သော အရာများက တစ်ခါတစ်လေ အထုပ်ကြီးကြီးဖြင့် ရောက်လာတတ်သည်။၎င်းအတွက် မင်းအချိန်ယူလိုက်သည်က ပိုကောင်းပေလိမ့်မည်။
လင်းရုဖေးက အချိန်အတော်ကြာ အိပ်ပျော်နေခဲ့သည်။ သူက ပုံမှန်ဆိုလျှင်အလွယ်တကူ မအိပ်ပျော်နိုင်ပေမယ့် မနေ့က မတော်တဆမှုကြောင့် ဒဏ်ရာများနှင့်ပင်ပန်းကာ ဆက်၍တောင့်မခံနိုင်တော့ချေ။ သူက အချိန်အတော်ကြာအိပ်နေခဲ့သော်ငြား အိပ်မက်ဆက်မက်နေတုန်းပင်။
သူအိပ်မက်မက်သည့် တစ်ခဏ၌ သူသည် လှေပေါ်တွင်ရှိနေဆဲဖြစ်ကာ နောက်ထပ်မက်သည့် အိပ်မက်မှာ ကျောင်းကောင်က သူ့အား ထပ်လျက်ရန် လာနေခြင်းပင်။
အနှီ ညစ်ပတ်သည့် ကျောင်းကောင်။
သူ့တွင် အနံ့ပြင်းသောပါးစပ်ရှိပြီး ယင်းအနံ့များက သူ့အား တစ်ညလုံးနှောင့်ယှက်နေကာ ပြန်အန်ထုတ်လုနီးပင်။ သူ့ကိုယ်သူအား အနံ့များပျောက်ကာ သန့်ရှင်းမလာမချင်း အချိန်အတန်ကြာ ဆေးကြောနေလေ၏။ သို့သော်လည်း သူက အိပ်ရာပေါ်တွင် လဲလိုက်သောအခါ သန့်ရှင်းနေသည့် အနံ့အစား အပုပ်နံ့အားရနေဆဲဖြစ်သကဲ့သို့ ခံစားလိုက်ရသည်။
လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်သည်။ လက်အေးတစ်စုံက သူ့နာဖူးသို့ ထိလာသည့်တိုင်အောင် သူက နူးညံ့သော အိပ်ရာထက်တွင် အသံစုံမြည်ကာလူးလွန့်လိမ့်ပတ်နေမိသည်။
သူ့ဘေးနားရှိ တစ်စုံတစ်ယောက်က တီးတိုးပြောနေပုံရ၏။
"မကောင်းတော့ဘူး...အဖျားတက်နေပြီ"
လင်းရုဖေးက သူ၏မျက်လုံးများအား ဖွင့်ချင်ပါသော်လည်း မျက်ခွံများမှာ တင်းတင်းစေ့ပိတ်နေပြီး မည်သို့ပင် ကြိုးစားစေကာမူ ဖွင့်၍မရချေ။ အချိန်အတော်ကြာ ရုန်းကန်လှုပ်ရှားပြီးနောက်တွင် အနည်းငယ်ဖွင့်လာနိုင်ပြီး အနီရောင် ဝတ်ဆင်ထားသည့် ကုရွှမ်းတုအား မသဲမကွဲ တွေ့လိုက်ရသည်။
"အကြီးအကဲ"
လင်းရုဖေးက မိန်းမောစွာဖြင့် ခေါ်လိုက်သည်။
"မင်းမှာ အဖျားရှိနေတယ်"
ကုရွှမ်းတုက ဆိုလိုက်ရင်း "ကိုယ် မင်းရဲ့အစေခံမလေးတွေကို ခေါ်ဖို့ နည်းလမ်းကို စဥ်းစားလိုက်ဦးမယ်"
လင်းရုဖေးက ကုရွှမ်းတုထွက်သွားသည်အား စောင့်ကြည့်ရင်း ပင်ပန်းနွမ်းနယ်စွာဖြင့် သဘောတူသည့်အသံလေးလုပ်ပေးလိုက်သည်။
သို့သော်လည်း သူက မထွက်ခွာမီ သူ့အား ဒေါသတကြီးပြောလာသည်ကို ကြားလိုက်ရသည်။
"ငါတကယ်ပဲ သူ့ကို ဒီလိုမျိုး ပြေးသွားခွင့်မပြုလိုက်သင့်ဘူး အဲ့ဒီကောင် အနဲဆုံးတော့ သွေးနဲနဲတော့ ချန်ထားခဲ့သင့်တယ်..."
သွေးထွက်သင့်တယ်..၊ ဘယ်သူက သွေးထွက်သင့်တာလဲ...။
လင်းရုဖေးက မူးနောက်လာပြီး ကုရွှမ်းတုပြောနေသည့် အရာအား နားမလည်နိုင်တော့ချေ။
(t/n:LRFကသွေးထွက်နေသည်လို့ ပြောရသည့် အကြောင်းပြချက်က တရုတ်ဘာသာစကားတွင် "ချန်ထားသည်"ဆိုသည့် အသံထွက်က "သွေးထွက်နေတယ်"ဆိုသည့် အသံထွက်နှင့်အတူတူဖြစ်သည်။ ထို့ကြောင့် GXDက "သွေးနဲနဲချန်ထားသင့်တယ်" ဟုပြောသည်ကို LRFက အခြေခံအသံထွက်တူသည့် "သွေးထွက်သင့်တယ်"ကိုကြားလိုက်ခြင်းဖြစ်သည်။)
များမကြာမီအချိန်တွင် ဖူဟွားနှင့်ယွီရွေ့တို့က အခန်းထဲသို့ အပြေးအလွှားဝင်လာကြသည်။ သူမတို့က ပူကျစ်တောက်ကာ နီမြန်းနေသည့် သူ၏မျက်နှာအားတွေ့လိုက်ရချိန်တွင် ဆေးအမြန်ကြို၍ တိုက်လိုက်ကြသည်။
သူက ဆေးထပ်သောက်ရပြန်သည်။ လင်းရုဖေးက တရုတ်ဆေးဝါးများ၏ ခါးသက်သက်အနံ့အား ရှူလိုက်ရင်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွားမိ၏။
ဖူဟွားက ၎င်းအား မြင်သည့်အခါ သူမက ယွီရွေ့အား လမ်းထဲတွင် တရုတ်ဆီးသီးကဲ့သို့ စားချင်စဖွယ်မုန့်များသာမက ယာဂုကျဲကျဲလေးနှင့် ဟင်းပွဲအချို့အား အပြန်တွင် ဝယ်ခဲ့ရန် အမြန်ညွှန်ကြားလိုက်သည်။
ဆေးသောက်ပြီးသည့်နောက် လင်းရုဖေးက မဖော်ပြနိုင်လောက်အောင်ပင် ပင်ပန်းနွမ်းနယ်လာကာ တဖြည်းဖြည်း အိပ်ပျော်သွား၏။ သူဤတစ်ကြိမ်အိပ်ပျော်သွားခြင်းက တစ်နေ့လုံးနီးပါးရှိသွားလေသည်။ နောက်ဆုံးအကြိမ် တစ်ဖန်ပြန်၍ နိုးလာချိန်တွင် နောက်နေ့ညအထိ မရောက်သေးသော်လည်း ယခုအကြိမ်တွင်မူ သူ့ထံ၌ မည်သည့်အားအင်မျှရှိမနေတော့ချေ။
သူ့ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ကုရွှမ်းတုက ပြတင်းပေါက်နံဘေးတွင် ထိုင်နေသည်အား တွေ့လိုက်ရ၏။
ရက်အတော်ကြာ ရွာနေသောမိုးက အဆုံးတွင် တိတ်သွားပြီး ကောင်းကင်တစ်ခွင် ဖြန့်ကျက်လာသည့် အရောင်စုံလင်လှသည့် သက်တံ့လေးက တိမ်တိုက်များကို နှစ်သက်ကြည်နူးကာ မိန်းမောတွေဝေသွားစေသည်။ မသေမျိုးတို့၏ တိုင်းပြည်ကဲ့သို့ပင်။
ကုရွှမ်းတုက လှည့်ကြည့်လာပြီး ပေါ့ပေါ့ပါးပါး ပြုံးပြလာသည်။
"မင်းနိုးလာပြီလား"
"ကျွန်တော် နိုးပြီ"
လင်းရုဖေးက ဖြေလိုက်သည်။
"မင်းနိုးနေရင် ထလာပြီး တစ်ခုခုလာစား"
ကုရွှမ်းတုက ဆိုလိုက်သည်။
"ကိုယ် မင်းရဲ့ခန္ဓာကိုယ် အာဟာရရှိဖို့ ဆေးအချို့ ယူလာခဲ့တယ်"
သူက ပြောပြီးသည်နှင့် ရှေ့ခါးစည်းဖုံးလေးအား ဝတ်ဆင်ထားပြီး ရောက်တတ်ရာရာ စူးစူးဝါးဝါးအော်ဟစ်နေပုံရသည့် အရုပ်သေးသေးလေးအား ဆွဲထုတ်လာ၏။ သူက သူ့အရှေ့ရှိ သစ်သားစားပွဲပေါ်သို့ ချလိုက်သည်။
လင်းရုဖေးက အရုပ်ကလေး၏ မျက်လုံးဝိုင်းလေးများအားကြည့်လိုက်ပြီး : "လူတွေကိုစားတာက ခန္ဓာကိုယ်ကို အားဖြစ်စေနိုင်လို့လား ခင်ဗျား ဘယ်ကနေ ဒီအရုပ်ကလေးကို အလစ်သုတ်ခဲ့တာလဲ"
ကုရွမ်းတုက အေးအေးဆေးဆေးဖြေလိုက်သည်။
"စိုးရိမ်စရာမရှိဘူး...ကိုယ် မွေးပေးထားတာမို့လို့...စားလို့ရတယ်"
လင်းရုဖေး : "ဟား..ကျွန်တော် ခင်ဗျားကို တစ်ရက်လောက် မတွေ့လိုက်ရတာနဲ့ ခင်ဗျားက ကလေးတစ်ယောက်ရှိသွားပြီလား ခင်ဗျားတစ်ကယ်ကြီး မွေးပေးခဲ့ရင်တောင်မှ သာမန်ကာလျှံကာ မစားပစ်နိုင်ဘူးလေ...ဟုတ်တယ်မို့လား"
****
စာရေးသူမှာ ပြောစရာရှိတယ်~
လင်းရုဖေး : "ခင်ဗျား ဘယ်အချိန်တည်းက ကလေးရှိနေခဲ့တာလဲ"
ကုရွှမ်းတု : "မင်းရဲ့ လင်းမိသားစုက ကိုယ်ဝန်ရှိလာလို့လုပ်ရတဲ့ လက်ထပ်ပွဲတွေနဲ့ပတ်သက်ပြီး အရမ်းဆတ်ဆတ်ထိမခံအောင် တိကျပြတ်သားတယ်မဟုတ်ဘူးလား
လင်းရုဖေး:......
ကုရွှမ်းတု : ကိုယ်က ကိုယ့်မှာရှိတာလေးနဲ့ လုပ်ခဲ့ရတာ ကိုယ်က တစ်ယောက်ယောက်ဆီ မွေးထားတာလေးပေးလိုက်ချင်ရုံလေးပါ
လင်းရုဖေး : ? ? ? ?
─────────────────────────────────────────────────
Translated By IQ-Team.