အခန်း ၁၅၉
Viewers 25k

အခန်း(၁၅၉) - "ငါ မင်းကိုမတွေ့ချင်တော့ဘူး။ ငါ့အိမ်ထဲကထွက်သွားတော့။" (၁)

 

လီဝမ့်ကျင်းသည် တွေဝေမိန်းမောစွာဖြင့် အိမ်ပြန်လာခဲ့သည်။

 

သူ လက်ရှိနေထိုင်နေတဲ့အိမ်ကို သူက အခြားသူဌေးများထံမှ ငွေချေးခဲ့သည့်အချိန်က ဝယ်ယူခဲ့သည်။ အိမ်၏ဧရိယာသည် သူ၏ ယခင်အိမ်အတိုင်းအတာကို မယှဉ်သာသော်လည်း ၎င်းသည်လည်း သိပ်မသေးငယ်ခဲ့ပါ။ နောက်ဆုံးတော့ သူက သူ့အိမ်ကြီးမှာ ခန့်အပ်ခိုင်းစေဖို့ အိမ်စေတွေကိုထိန်းသိမ်းဖို့ လိုနေသေးသည်။ သူက လီရှစ်ကျီဝယ်ယူထားခဲ့သောအိမ်မှာ သူ့သားနဲ့အတူနေချင်စိတ် မရှိတော့ဘူး။

 

သူ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ သူ့အိမ်စေတွေကို အလုပ်မထုတ်ချင်ဘူး။ နေ့စဉ်နှင့်အမျှ သူအိမ်ပြန်လာတာကို အိမ်စေများက စောင့်ဆိုင်းနေခြင်းသည် သူသည် တစ်ချိန်ကမြင့်မြတ်ပြီးအားကြီးသော လီဝမ့်ကျင်းဖြစ်နေသေးသည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည်။

 

သူ အခုအိမ်ပြန်ရောက်တာနဲ့ ဝမ်စစ်ရှန်းက သူ့ဆီကို ချက်ချင်း အပြေးရောက်လာပြီး ကြိုဆိုသည်။ သူမဟာ သူ့ဆီကနေ သူ့ဂျာကင်အင်္ကျီကိုယူလာပြီး စိုးရိမ်စွာမေးလိုက်သည်။ "ရှင် သောက်လာတယ်မလား။ အရက်နာကျတာကို သက်သာ‌စေနိုင်မယ့်ဟင်းချိုအချို့ကို ကျွန်မ ချက်ပြုတ်ထားခဲ့တယ်။ ဒီမှာ ခဏစောင့်ပါဦး။ ကျွန်မ ရှင့်အတွက် သွားယူလာခဲ့မယ်။"

 

“ရှင် ဒီလောက်အများကြီး မသောက်လာသင့်ဘူး။ ရှင် သောက်မယ်ဆိုရင်တောင် ရှင့်အစာအိမ်ကို ‌နွေးထွေးသွားအောင် အစားအစာ ပူပူနွေးလေးကို အရင်စားသင့်တယ်။” လီဝမ့်ကျင်းကိုကြည့်ရတာ အရမ်းစိတ်ပျော်နေပုံမပေါ်ဘူး၊ သူက အရက်နည်းနည်းအသောက်လွန်ပြီး သူ့ကို ကူညီဖို့လိုအပ်နေတယ်လို့ ထင်ခဲ့သညမ။

 

လီဝမ့်ကျင်းက သူမလက်ကို ပုတ်ထုတ်လိုက်သည်။ အရမ်းနာကျင်လွန်းလို့ ဝမ်စစ်ရှန်းက သူမလက်တွေကို ချက်ချင်းပြန်ဆွဲထုတ်လိုက်ပြီး သူမလက်တွေကို ပွတ်သပ်လိုက်သည်။  သူမအံ့သြသွားပြီး သူမ အဆင်သင့်ပြင်ဆင်ထားခဲ့တဲ့ အခြားနူးညံ့တဲ့စကားအားလုံးကို ထုတ်မပြောနိုင်ခဲ့ဘူး။

 

အခြားမည်သည့်အချိန်မဆို ဝမ်စစ်ရှန်းသည် သူ့ကို စကြဝဋာတစ်ခုလုံး၏ဗဟိုအဖြစ် သူ့ကိုဆက်ဆံပုံသည် သူ့ကို များစွာ စိတ်ကျေနပ်စေလိမ့်မည်။ သို့သော် ယနေ့တွင်မူ သူ၏စောစောအချိန်က ထိတ်လန့်မှုမှ ပြန်ကောင်းမလာသေးပေ။

 

သူ့စိတ်ထဲတွင် ဝမ်စစ်ရှန်းသည် သူ့အိပ်မက်များပျက်စီးစေခြင်း၏ တရားခံဖြစ်သည်။  သူမကို ယခုအချိန်မှာ မြင်တွေ့နေရခြင်းသည် သူ၏လက်ရှိနှင့်အတိတ်အမုန်းတရားအားလုံးကို ပေါ်လွင်စေခဲ့သည်။

 

သူမကြောင့်သာမဟုတ်ရင် ဖန့်ကျွင်းရုံနဲ့သူက အားလုံးမနာလိုဝန်တိုတာခံရမယ့်စံပြစုံတွဲတစ်တွဲပင် ဖြစ်နေပေလိမ့်မည်။ ဒါတွေအားလုံးက သူမအမှားကြောင့်ပဲ။

 

သူက ဝမ်စစ်ရှန်းကို ရက်စက်ကြမ်းကြုတ်စွာကြည့်ပြီး "မင်း ငါနဲ့ဝေးဝေးနေပါ" လို့ပြောခဲ့သည်။

 

ဝမ်စစ်ရှန်းသည် အံ့သြတုန်လှုပ်သွားပြီး သူမသည် လီဝမ့်ကျင်းအား မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ လီဝမ့်ကျင်းသည် သူမအား ယခင်ကကဲ့သို့ မဆက်ဆံခဲ့ပေမယ့်လည်း ဒါက သူမကို ပထမဆုံးအကြိမ်အော်ဟစ်လိုက်ခြင်းဖြစ်သည်။

 

မျက်ရည်တို့သည် သူမပါးပြင်ပေါ်သို့ စီးကျလာသည်။ "ရှင် ကျွန်မကို ဒီလိုအော်ဟစ်ရအောင် ကျွန်မ ဘာအမှားလုပ်မိလို့လဲ" သူအပြင်မှာ အဆင်မပြေဖြစ်ခဲ့ရင်တောင်မှ သူမကို ဒီလိုမျိုးမဆက်ဆံသင့်ဘူး။

 

သူမ ဒီအကြောင်းကိုတွေးလေ ပိုမတရားဘူးလို့ဆိုတာကို သူမ ပိုခံစားရလေပင်။ ဘယ်သူမှ သူမကို လေးစားမှု မရှိခဲ့ပါဘူး။ အိမ်စေတွေတောင် သူမပြောစကားကို နည်းနည်းလေးမှ နားထောင်တာမဟုတ်ဘူး။ သူမမှာတစ်ယောက်တည်းကျန်ခဲ့တာက လီဝမ့်ကျင်းပါပဲ။ လီဝမ့်ကျင်းက သူမအား လူအများရှေ့၌ ဒီလိုဆက်ဆံလိုက်တာက သူမမျက်နှာကို မြေပြင်ပေါ်သို့ရိုက်ချလိုက်ခြင်းနှင့်တူသည်။

 

သူမ စတင်ငိုကြွေးလိုက်သည်နှင့်သူမ၏မျက်ရည်များသည် သူမလိမ်းခဲ့သော မိတ်ကပ်များကို တိုက်ရိုက်သုတ်ပစ်လိုက်သလို ဖြစ်သွားခဲ့သည်။ သူမမျက်နှာသည် ရှုပ်ပွနေပြီး သူမ၏အမာရွတ်များတစ်စိတ်တစ်ပိုင်းကိုပြသနေသဖြင့် သူမကိုကြည့်ရသည်မှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။

 

လီဝမ့်ကျင်းသည် သူမအား နောက်ထပ်တစ်စက္ကန့်မျှပင် ကြည့်မနေနိုင်ခဲ့ပါ။ သူမကို အစကတည်းက အိမ်ကို ပြန်မခေါ်သင့်ဘူး။

 

အကယ်၍ ထိုအရာက အမှားတစ်ခုဖြစ်ခဲ့တယ်ဆိုလျှင် ယခုအမှားကို ပြင်ဆင်ရန် အချိန်တန်ပြီ။

 

“မင်းရှိနေတာကိုက အမှားတစ်ခုပဲ။ မင်းကြောင့်သာမဟုတ်ရင် ကျွင်းရုံက ငါ့ကိုကွာရှင်းမှာမဟုတ်ဘူး။"

 

“ငါ မင်းနဲ့ဒီဆက်ဆံရေးကို ဘယ်လိုစခဲ့တာလဲဆိုတာကို ငါ မမှတ်မိဘူး။ ဒါက မင်းအစီအစဉ်ရဲ့အကြံဥာဏ် တစိတ်တပိုင်းပဲလို့ ငါ ယူဆမိတယ်။"

 

"ငါ့အနားမှာ မင်းကို ထပ်မတွေ့ချင်တော့ဘူး။ ငါ့အိမ်ထဲက ထွက်သွားတော့။"

 

ဝမ်စစ်ရှန်းဟာ ကျက်သေသေသွားသည်။ လီဝမ့်ကျင်း စိတ်ဆိုးသွားပြီလို့ သူမထင်ခဲ့မိပေမယ့် ဒီအချိန်မှာ သူ သူမကို တကယ်မောင်းထုတ်လိမ့်မယ်လို့ သူမ မမျှော်လင့်မိခဲ့ဘူး။  သူမမှာ အိမ်မရှိ၊ ငွေမရှိ၊ အလုပ်အတွေ့အကြုံမရှိပါ။ သူမ ဒီနေရာကထွက်သွားရရင် သူမ ဘယ်လိုနေထိုင်ရမလဲ။

 

အခု သူမမှာ တစ်ခုတည်းရှိသည့် သူမရုပ်ရည်ကလည်း ပျက်စီးသွားခဲ့ပြီးပြီ။

 

ဝမ်စစ်ရှန်းသည် ယခုအချိန်၌ တကယ်ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ပြီး သူမမျက်ရည်များ စီးကျလာတာကို မတားဆီးနိုင်‌ပဲ သူ့ကို အသနားခံလိုက်သည်။ “ရှင် ကျွန်မကို ဒီလိုမလုပ်သင့်ဘူး။ ရှင်ပဲ ကျွန်မကို ဒီတိုင်းပြည်ကို ပြန်ခေါ်လာခဲ့တာ။"

 

"အခု ကျွန်မမှာ ရှင်တစ်ယောက်တည်းပဲ ရှိတော့တာလေ။"

 

လီဝမ့်ကျင်းက သူမကို ထပ်မတွေ့ချင်တော့ဘူး၊ သူမအသံကိုလည်း မကြားချင်တော့ဘူး။ ဝမ်စစ်ရှန်းသည် အိမ်မှာထွက်ခွာရန်ကို ငြင်းဆန်နေသည်ကို မြင်ရသောအခါ အေးစက်စွာ အမိန့်ပေးလိုက်သည်။ “သူမကို ဆွဲထုတ်ပစ်လိုက်။”

 

လီဝမ့်ကျင်းက နှာခေါင်းတစ်ချက်ရှုံ့ရင်း “မင်းဆန္ဒအလျောက် ဒီအိမ်ကနေ ထွက်သွားမယ်ဆိုရင် မင်းအတွက် ငါအရင်တုန်းက ငါ ဝယ်ပေးခဲ့တဲ့အရာအားလုံးကို မင်းနဲ့အတူ ယူသွားနိုင်တယ်။ မင်းကို ဆွဲထုတ်ပစ်ဖို့စောင့်နေရင်တော့ မင်းဆီမှာ ဘာမှကျန်ခဲ့မှာမဟုတ်ဘူး။”

 

ဝမ်စစ်ရှန်းသည် မလှုပ်မယှက်ရပ်နေမိသည်။မင်းအပေါ်မှာ ခံစားချက်မရှိတော့သည့် ယောက်ျားတစ်ယောက်က ဘယ်လောက်ရက်စက်နိုင်တယ်ဆိုတာကို သူမ နောက်ဆုံးတော့ အတိအကျ နားလည်သဘောပေါက်သွားခဲ့သည်။