အခန်း(၁၆၀) - "ငါ မင်းကိုမတွေ့ချင်တော့ဘူး။ ငါ့အိမ်ထဲကထွက်သွားတော့။" (၂)
ဝမ်စစ်ရှန်းသည် သူမမျက်ရည်များကိုသုတ်လိုက်ကာ “ရှင် ကျွန်မကိုမတွေ့ချင်ရင် ကျွန်မ ရှင့်မျက်စိရှေ့ကနေ ပျောက်ကွယ်သွားပေးပါ့မယ်။"
"ရှင့်ကိုပျော်ရွှင်စေသရွေ့ကျွန်မ ဘာမဆိုလုပ်ပေးမှာပါ။"
လီဝမ့်ကျင်းသည် သူ့စကားများအတိုင်း လုပ်မည်ကို စိုးရိမ်မိသောကြောင့် သူမအနေနှင့် သူ့ဖာသာသူ ထွက်ခွာရန် မှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။ သူမ မထွက်ခင်မှာ သူမရဲ့ဇာတ်ကောင်အပြင်အဆင်တိုင်းကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ အဲဒါက ပရော်ဖက်ရှင်နယ်ဆန်တယ်။
ကံမကောင်းစွာဖြင့် ယခု အရာအားလုံးသည် လီဝမ့်ကျင်းအတွက် အဓိပ္ပါယ်မဲ့နေခဲ့သည်။ သူသည် သူဌေးဖြစ်သည့်အခါ သူတို့ကို ဂရုစိုက်ခဲ့သည်။ ယခု သူ့မှာ ငွေရေးကြေးရေးအခက်အခဲရှိနေသောကြောင့် သူ့တွင် ဤကဲ့သို့သောအရာများကို ဂရုစိုက်ရန် အချိန်မရှိသလို ခံစားချက်လည်းမရှိပေ။
ဝမ်စစ်ရှန်းသည် သူမအခန်းသို့ပြန်လာပြီး သူမ ငိုကြွေးနေသေးသည့်တိုင် သူမသည် အထုပ်အပိုးများကို အမြန်ပြင်လိုက်သည်။
ဝမ်စစ်ရှန်းဟာ လီဝမ့်ကျင်းနဲ့ လအတော်ကြာ အတူရှိနေပြီးနောက်မှာ ပစ္စည်းတွေအများကြီးရှိလိမ့်မယ်လို့ သူမ ထင်ခဲ့တယ်။ သူမ ပစ္စည်းများ ထုပ်ပိုးမှုစတင်ချိန်မှသာ သူမ ၀ယ်ခဲ့သောအရာအများစုမှာ သူမ ၀တ်ထားသော အ၀တ်များနှင့်အလှကုန်များဖြစ်သည်။ ပြီးတော့ အဲဒီလောက် စျေးကြီးတာတောင် မဟုတ်ဘူး။ စျေးအကြီးဆုံး ၀တ်စုံသည်ပင် ယွမ်ထောင်ဂဏန်းသာ ကုန်ကျသည်။ ဒီဇိုင်နာတံဆိပ် အိတ်အနည်းငယ်သည် သူမ၏တူမဖြစ်သူ ကျန်းယာ့ကောထံမှဖြစ်သည်။
သူမမှာ လက်ဝတ်လက်စားတွေ လုံးဝမရှိခဲ့ပါဘူး။
ဝမ်စစ်ရှန်းသည် သူမ အရာအားလုံး ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ လီဝမ့်ကျင်းက သူမကို အရမ်းချစ်တယ်လို့ သူမ အမြဲထင်ခဲ့သည်။ နောက်ဆုံးတော့ သူသည် ဖန့်ကျွင်းရုံကဲ့သို့ ထူးချွန်သူတစ်ဦးကို ကွာရှင်းခဲ့ပြီး သူမမျက်နှာပျက်စီးသွားပြီးနောက်တွင် သူနှင့်အတူရှိနေခဲ့သည်။
ယခု ဝမ်စစ်ရှန်းသည် သူမ၏ဖိနပ်များ၊ အဝတ်အစားများ၊ အခြားအရာ၀တ္ထုများနှင့်အတူ သူမ၏ပိုင်ဆိုင်မှုများကို ကြည့်နေစဉ်တွင် ယွမ် ၁၀၀၀၀ ထက်နည်းသည်။ သူမ၏ဘဏ်ကဒ်ထဲ၌ လက်ကျန်ငွေ ယွမ် ၂၀၀၀၀ ထက်မပိုပါ။
ဒါက သူမအပျိုဖြစ်ချိန်စပြီး ဒီလိုချူစားတာက ပထမဆုံးအကြိမ်ဖြစ်ခဲ့တာမဟုတ်သလို အခြားသူများအားလုံးသည် လီဝမ့်ကျင်း၏ပိုင်ဆိုင်မှု ဆယ်ပုံတစ်ပုံ လောက်တောင် မချမ်းသာခဲ့ပေမယ့် သူတို့အားလုံးသည် လီဝမ့်ကျင်းထက် ပိုရက်ရောကြသည်။
ဝမ်စစ်ရှန်းသည် အလွန်မတရားဘူးဟု ခံစားခဲ့ရသည်။ ပြီးခဲ့သည့်လအနည်းငယ်အတွင်း သူမ၏ခေါင်းထဲမှာ ဘာတွေဖြစ်ပျက်ခဲ့သနည်း။ သူမသည် သူ့ကို ဒီအတွက် ငွေပိုတောင်းသင့်သည်။
သူမ စိတ်ဆိုးနာကျင်နေချိန်တွင် အထုပ်များထုတ်ပိုးရန်လုပ်နေခဲ့ပြီး သူမမှာ ပစ္စည်းအများကြီးမရှိတာမို့ ထုပ်ပိုးဖို့ သူမ အကြာကြီး မယူလိုက်ရပါဘူး။ ဤအိမ်သည်အသစ် ဖြစ်၍ သူမ လိုချင်လျှင်ပင် သူမနှင့်အတူ မယူနိုင်သော အဖိုးတန်ပစ္စည်းများ များစွာ မရှိပါ။
လီဝမ့်ကျင်းသည် သူမ၏အခန်းအတွင်းသို့နာရီဝက်ခန့်အကြာမှာ လမ်းလျှောက်ဝင်လာခဲ့ပြီး သူမကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့အကြည့်ရဲ့ အဓိပ္ပာယ်ကတော့ရှင်းပါတယ်။
ဝမ်စစ်ရှန်းသည် မတရားသလို ခံစားရပေမယ့် သူမသည် ခရီးဆောင်သေတ္တာကိုဆွဲ၍ ထွက်ရန် ပြင်ဆင်ခဲ့ရုံမှတပါး အခြားရွေးချယ်စရာမရှိပါ။
သူမသည် ဒီအိမ်မှ လက်တွေ့ကျကျ နှင်ထုတ်ခြင်းခံခဲ့ရသည်။
တစ်စက္ကန့်ပင်မကြာ မြန်မြန်ပိတ်လို့သွားတဲ့ အိမ်ရှေ့တံခါးကိုမြင်ပြီးတာနဲ့ သူမကိုယ်သူမအတွက် အရမ်းဝမ်းနည်းနေခဲ့မိသည်။
လေအေးတစ်ချက်တိုက်ခတ်သွားပြီး သူမခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ ခပ်ဖျော့ဖျော့ အဝါရောင်အလင်းတန်းအောက်တွင် သူမ၏အရိပ်သည် အလွန်အထီးကျန်ဆန်လှသည်။
***
ဖန့်ကျွင်းရုံသည် ထိုစားသောက်ပွဲမှပြန်လာပြီးနောက် ကျန်းသဲ့ရှန်းကို အပိုငွေကြေး ပေးအပ်ခဲ့သည်။ အရင်က သူ့ကို ယွမ်နှစ်သောင်းပေးမယ်လို့ ကတိပေးခဲ့ပေမယ့် သူမကို စိတ်ကျေနပ်စေသောကြောင့် အခု သူ့ကိုစုစုပေါင်း ယွမ်ငါးသောင်း ပေးခဲ့သည်။
ဖန့်ကျွင်းရုံဟာ ကျန်းသဲ့ရှန်း စာချုပ်ချုပ်ဆိုထတဲ့အေဂျင်စီဖြစ်တဲ့ ယန်ဆယ်မီဒီယာကို လေ့လာကြည့်ခဲ့တယ်။ ၎င်းကို ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် ထိပ်တန်းကုမ္ပဏီအဖြစ် သတ်မှတ်လို့ရခဲ့ပြီး ရုပ်ရှင်ဧကရာဇ်များနှင့် ရုပ်ရှင်မင်းသားအနည်းငယ်ရှိသည်။ သူမသည် ဤကုမ္ပဏီနှင့်မည်သည့်အလုပ်မှ အဆက်အသွယ် မရှိခဲ့သော်လည်း သူမ၏အခြေအနေကြောင့် ဖုန်းခေါ်ဆိုပြီး သူ့စာချုပ်ကို ဖျက်သိမ်းပေးရန် ကူညီပေးခြင်းသည် ကြီးမားသောကိစ္စမဟုတ်ပေ။
သူမက ဒါကို ကျန်းသဲ့ရှန်းကို ပြောခဲ့ပေမယ့်သူမကမ်းလှမ်းချက်ကို သူက ငြင်းဆန်ခဲ့သည်။
“အဲဒါ မလိုအပ်ပါဘူး။ ကျွန်တော့်ရဲ့စာချုပ်က နောက်လမှာ ကုန်ဆုံးသွားတော့မယ်။ ကျွန်တော့်အတွက် မင်းရဲ့အကျိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးစရာမလိုပါဘူး။"
အခြေအနေကိုကြည့်ပြီး ဖန့်ကျွင်းရုံသည် ဒီအကြောင်းကို ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
စကားလုံးအတင်းအဖျင်းများသည် သူတို့၏ အသိုင်းအဝိုင်း၌ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ဖန့်ကျွင်းရုံသည် ကောယွမ်ကော်ပိုရေးရှင်း၏ ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်သည်ဆိုသောအချက်ကို လူအားလုံးသိရှိသွားပြီးဖြစ်သည်။ လူတိုင်းက သူမကိုအရမ်းစိတ်အားထက်သန်စွာ ရင်းနှီးဆက်ဆံခဲ့တာကို ရုတ်တရက် သူမ ကြုံတွေ့လိုက်ရသည်။ အရင်တုန်းက အလှအပဆေးလုံးကို ပထမဆုံးစဖြန့်တုန်းက တခြားသူတွေက သူမကို စိတ်အားထက်သန်စွာ ဆက်ဆံပြောဆိုနေပြီဆိုပေမယ့် သူတို့ရဲ့သဘောထားကိုတော့ နည်းနည်းလေး ထိန်းထားတုန်းဘဲ။ အခုတော့ သူတို့က သူမနဲ့အဆက်အသွယ်လုပ်ဖို့ မစောင့်နိုင်တော့ဘူး။
ချီးမွမ်းပြောဆိုသူ အရေအတွက်က ပိုများလာပြီး အခြားသူတွေက သူမကို မြှောက်ပင့်အားပေးဖို့အတွက် လီဝမ့်ကျင်းရဲ့လက်ရှိအခြေအနေကို သူမအား ရည်ရွယ်ချက်ရှိရှိ ပြောဆိုပေးကြသည်။ သူမသည် ထိုအခြေအနေကို တမင်တကာ မမေးမြန်းခဲ့သော်လည်း ရှစ် နှင့် ကိုးသည် တစ်ဆယ်နှင့်ခွဲ၍ မရကြောင်းကို သူမ သိသည်။ လီဝမ့်ကျင်းသည် သူ့အကြွေးရှင်များ၏ ဖိအားပေးမှုကို ခံနေခဲ့ရသည်။ သူ့ချေးငွေနှင့်အတိုးတို့သည် အနည်းဆုံး ယွမ် ၃.၅ ဘီလီယံခန့် အကြွေးတင်ခဲ့သည်။ ဘာ့ကြောင့်လဲဆိုတော့ သူက အဲဒီတုန်းက အလွန်ယုံကြည်ချက် မြင့်မားလွန်းပြီး သူ့လက်ထဲမှာ ငွေမြန်မြန်ရနိုင်ဖို့ မြင့်မားတဲ့ အတိုးချေးငွေပမာဏကို ထုတ်ယူခဲ့သည်။
အမှန်အတိုင်းပြောရရင် သူ ရင်းနှီးမြှုပ်နှံဖို့ ငွေပမာဏလိုအပ်တာက သူပိုင်ဆိုင်သည့် အေယွန်ကော်ပိုရေးရှင်းရှယ်ယာအချို့ကို ပိုရောင်းလိုက်ရုံနဲ့ သူ့ပြဿနာတွေကို ချက်ချင်း ဖြေရှင်းနိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူသည် ထိုသို့လုပ်ရန် တွန့်ဆုတ်ခဲ့သည်။ သူ့ရှယ်ယာများကို ကိုင်ဆောင်ထားခဲ့ပြီး ထိုရှယ်ယာများနှင့်အတူ သူသည် အနည်းဆုံး တော့ အေယွန်ကော်ပိုရေးရှင်း၏ ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်နေသေးပြီး သူ၏စကားများက အနည်းငယ် အရေးပါနေဆဲဖြစ်သည်။ သူ့ရှယ်ယာများမရှိတော့လျှင် သူသည် အခြား ပုံမှန်ရှယ်ယာရှင်တစ်ဦးသာ ဖြစ်သွားပေလိမ့်မည်၊ ထို့နောက် လူတိုင်းက သူ့အား