အခန်း(၁၆၁) - "ငါ မင်းကိုမတွေ့ချင်တော့ဘူး။ ငါ့အိမ်ထဲကထွက်သွားတော့။" (၃)
ဖန့်ကျွင်းရုံသည် ဝမ်းနည်းနေမိသည်။ လူများသည် တကယ့်ကို လက်တွေ့ဆန်သည်ကို ညည်းတွားရပါမည်။ သူမထံသို့ ရောက်လာသောဖိတ်စာများသည် နှင်းပွင့်များကဲ့သို့ များပြားလှသည်။
ဖန့်ကျွင်းရုံသည် သူမတက်ရောက်ရန် သူတို့ထဲမှပွဲအချို့ကို ရွေးချယ်လိုက်သည်။ စားသောက်ပွဲများတက်ရောက်ရခြင်းသည် စီးပွားလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် သူမကိုယ်တိုင် မတက်ရောက်ပဲ နေ၍ မရပေ။
ဥပမာပြောရရင် သူမဟာ ဒီနေ့အိမ်ခြံမြေပွဲတက်သူဌေးကြီး ကွမ်းယွမ်ရဲ့မွေးနေ့ပွဲတက်ရောက်ဖို့ သွားနေရသည်။ ကွမ်းယွမ်၏ စီးပွားရေးလုပ်ငန်းများသည် ပြည်တွင်း၌ရှိသည့်အပြင် အခြားနိုင်ငံခြားတိုင်းပြည်များတွင်လည်း တွေ့နိုင်သည်။ ဒါဟာ ဖန့်ကျွင်းရုံရဲ့နောက်နှစ်မှာ ပြည်ပကိုလုပ်ငန်းချဲ့ထွင်ဖို့ အစီအစဉ်အတွက် အထောက်အကူဖြစ်သည်။ ထို့အပြင် သူသည် လက်ဝတ်ရတနာဆိုင်များကိုလည်း ပိုင်ဆိုင်သည်။ သူသည် ကျောက်စိမ်းတွင်းအနည်းငယ်၌ အစုရှယ်ယာများပိုင်ဆိုင်ခဲ့သောကြောင့် သူ့တွင် ကျောက်စိမ်းကုန်ကြမ်းများသည်လည်း မရှားပါးပေ။
ဖိတ်ကြားလွှာကိုလက်ခံရရှိပြီးတဲ့နောက် သူမက အဲဒါကို နည်းနည်းစဉ်းစားလိုက်ပြီး တက်ရောက်ဖို့ ဆုံးဖြတ်လိုက်သည်။ ၎င်းသည် ကုန်တိုက်များ သို့မဟုတ် ကျောက်မျက်ရတနာများကြောင့်ပင်ဖြစ်ပါစေ၊ ကွမ်းအိမ်တော်နှင့်အတူ အလုပ်လုပ်ခြင်းသည် သူမအတွက် အလွန်အကျိုးရှိလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ ဤမိသားစုသည် သူမ၏အရင်ဘဝတွင် ကျန်းယာ့ကောနှင့်များစွာ ပတ်သက်မှုမရှိခဲ့ပေ။
ထုံးစံအတိုင်း ဖန့်ကျွင်းရုံက ကျန်းသဲ့ရှန်းကို သူမနှင့်အတူ ခေါ်သွားခဲ့သည်။ သူမနှင့်အတူ သူ့ကိုခေါ်ဆောင်သွားခြင်း၏အကျိုးကျေးဇူးများမှာ သိသာထင်ရှားသည်။ သူနှင့်အတူရှိနေလျှင် သူမနှင့်နီးစပ်ရန် ကြိုးစားသောလူအရေအတွက်ကို အနည်းဆုံး ၉၀%အထိ လျော့ကျသွားလိမ့်မည်။ ကျန်းသဲ့ရှန်းသည် အလွန်ကြည့်ကောင်းပြီး ထိုနေရာတွင် သူနှင့်အတူရှိနေခြင်းသည် အခြားသူများကိုဟန့်တားပြီးသားဖြစ်လိမ့်မည်။
ဖန့်ကျွင်းရုံသည် ကျောက်စိမ်းတစ်တုံးကို ယူလာခဲ့သည်။ သူမကွာရှင်းမပြတ်စဲမီ လုံခြုံစေရန် သူမ၏ကျောက်မျက်ရတနာများနှင့်လက်ဝတ်ရတနာအားလုံးကို သူမ၏နယ်မြေထဲ၌ သိုလှောင်ထားပြီး ၎င်းတို့အား ထပ်မံမထုတ်ယူခဲ့ပေ။
ဖန့်ကျွင်းရုံသည် သူတို့အား လွန်ခဲ့သောရက်အနည်းငယ်က စုစည်းလိုက်သောအခါ သူတို့က နယ်မြေထဲ၌ အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့ပြီဖြစ်၍ သူတို့မှာ အပြောင်းအလဲအချို့ဖြစ်ပေါ်နေသည်ကို သတိပြုမိလိုက်သည်။ ကျောက်စိမ်းများသည် ပိုမိုကြည်လင်လာရုံသာမက သူတို့ကို ၀တ်ဆင်သောအခါ စိတ်ကိုကြည်လင်အေးမြစေသည်။
ဖန့်ကျွင်းရုံသည် စားသောက်ပွဲကျင်းပချိန် အလယ်အလတ်အချိန်တစ်ခုသို့ရောက်ရှိလာခဲ့ပြီး ဧည့်သည်များစွာလည်း ရောက်နှင့်နေပြီဖြစ်သည်။ ကွမ်းယွမ်သည် ယခုနှစ်တွင် ၇၂ နှစ်ရှိပြီဖြစ်သော်လည်း အလွန်သွက်လက်တက်ကြွပုံပေါ်သည်။ သူက ဧည့်သည်တွေကို အပြုံးနဲ့ကြိုဆိုနှုတ်ဆက်ပြီး သူတို့နဲ့စကားစမြည် ပြောနေခဲ့သည်။
ဖန့်ကျွင်းရုံသည် ယခင်က ကွမ်းယွမ်နှင့် ရင်းရင်းနှီးနှီး အဆက်အသွယ်မရှိခဲ့ပါ။ သူမက သူ့ဆီသို့လျှောက်သွားပြီး သူ့ကိုနူးညံ့တဲ့အပြုံးတစ်ခုဖြင့် နှုတ်ဆက်ဂါရဝပြုလိုက်သည်။ "ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ မစ်စတာကွမ်း"
ကွမ်းယွမ်က ပြုံးရယ်လိုက်ပြီး "အာ... မင်းက ဖန့်မိသားစုက ကောင်မလေးပဲ။ မင်းအဖေက မင်းကို အရင်က ဒီနေရာကိုခေါ်လာခဲ့ဖူးတာ ငါမှတ်မိသေးတယ်။ အဲဒီအချိန်ကနေ အခုအချိန်ထိဆို နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီပဲ။"
သူ့အသံက နည်းနည်းတော့ ဝမ်းနည်းဖို့ကောင်းတယ်။ သူ့အသက်အရွယ်အရ သူမကို မိန်းကလေးတစ်ယောက်အဖြစ် ရည်ညွှန်းတာမဆန်းပါဘူး၊ သူ့လေသံက အရမ်းလည်း ခင်မင်ရင်းနှီးဖွယ်ကောင်းသည်။
ဖန့်ကျွင်းရုံသည်လည်း သူမမိဘများနှင့် ပတ်သက်၍ ဝမ်းနည်းသတိရမိသွားခဲ့သည်။ သူမရဲ့မိဘတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားခဲ့ပြီး သူတို့နှစ်ယောက်ဟာ သူမနဲ့အတူ သူတို့အတွက် အမှတ်တရများစွာသာ ကျန်ရစ်ခဲ့ပါသည်။ ဖန့်ကျွင်းရုံသည် သူမ၏လက်ဆောင်ကို သူ့ကိုလွှဲပြောင်းပေးခဲ့သည်။
"ဒါက ကျွန်မဆီက သေးငယ်တဲ့ လက်ဆောင်လေးပါ။"
ကွမ်းယွမ်က ပြုံးပြီး "အင်း... မင်းပေးဖို့ မလိုပါဘူး။"
ကွမ်းယွမ်သည် ယနေ့ သူ၏အောင်မြင်မှုများကို မည်သို့ရရှိနိုင်ခဲ့ကြောင်း အကြောင်းပြချက်တစ်ခု ရှိခဲ့သည်။ သူသည် လူတိုင်းနှင့်အမြဲ ရင်းနှီးစွာ ဆက်ဆံခဲ့သည်။
"မဟုတ်တာ... အဖိုးကွမ်း ဘော့စ်ဖန့်က ဒီနေ့ခေတ်မှာ အလုပ်အရမ်းများနေပြီး သူနဲ့တွေ့ဆုံခွင့်ရဖို့က သိပ်မလွယ်ဘူး။ မင်းကြောင့် ငါတို့ ဒီနေ့ သူမကိုတွေ့နိုင်တာပဲ" ဟူသော အစေးမကပ်လှသည့်အသံတစ်ခု ထွက်လာခဲ့သည်။
ဖန့်ကျွင်းရုံသည် ထိုအသံကြားရာကို လှည့်ကြည့်လိုက်တော့ ထိုအသံပိုင်ရှင်သည် ပိုင်ရှစ်ယွင်ဖြစ်နေသည်ကို အလျင်အမြန်အသိအမှတ်ပြုလိုက်မိသည်။ သူမက ပိုင်ရှစ်ယွင်နဲ့ အရင်တုန်းက အဆက်အသွယ် သိပ်မရှိခဲ့ဘူး။ ပိုင်ရှစ်ယွင်၏မိသားစုသည် ဖန့်ကျွင်းရုံတို့၏မိသားစုထက် လီဝမ့်ကျွင်း၏မိသားစုနှင့်ပိုနီးစပ်သည်။
တစ်လောတုန်းက စုမိန်က သူမကို ပြောပြခဲ့ဖူးသည့်အကြောင်းကို ပြန်အမှတ်ရလိုက်သည်။ ပိုင်ရှစ်ယွင်သည် လီဝမ့်ကျင်းထံမှ ချယ်ရီပန်းပွင့်ဆေးလုံးတစ်သုတ်ကို မှာကြားခဲ့သည်။ သူမသည် ထိုဆေးလုံးများကို သူမသွားလေရာနေရာတိုင်းသို့ယူသွားပြီး လက်ဆောင်အများကြီးပေးရုံသာမက နောက်ပိုင်းတွင် လီဝမ့်ကျင်းထံမှ ဝယ်ယူဖို့ရန်ကိုပင် မဲဆွယ်ပြောခဲ့သည်။
သူမ ထိုစကားများကို ပြောဆိုခဲ့သောအခါက ပျော်စရာကောင်းခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သောအရာများက သူမကို တကယ်ထိမိသွားသည်။ လီဝမ့်ကျင်း၏ ချယ်ရီပန်းပွင့်ဆေးလုံးများသည် ပြဿနာရှိနေကြောင်း သက်သေပြခဲ့ပြီး ဖောက်သည်များအားလုံး ငွေပြန်အမ်းရန် တောင်းဆိုခဲ့သည်။ အေယွန်ကော်ပိုရေးရှင်း၏စတော့ရှယ်ယာဈေးနှုန်းများသည်ပင်လျှင် မရပ်မနား ကျဆင်းခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဖန့်ကျွင်းရုံသည် တဖြည်းဖြည်း မြင့်တက်လို့နေသည်။
ဖန့်ကျွင်းရုံက ပိုင်ရှစ်ယွင်ကို ဘာမှတောင်မလုပ်သေးပဲ ပိုင်ရှစ်ယွင်က သူမရဲ့ဆန္ဒအလျောက် ချဉ်းကပ်လာပြီး ပြဿနာရှာလာသည်။ ဖန့်ကျွင်းရုံက နောက်ပြန်ဆုတ်ဖို့ မလုပ်လိုပါဘူး။
ဖန့်ကျွင်းရုံက အပြုံးတစ်ပွင့်ဖြင့် "အိုး... မင်္ဂလာပါ မစ္စပိုင် ချယ်ရီပန်းပွင့်ဆေးလုံးတွေက ရှင့်အတွက် ဘယ်လိုအကျိုးအာနိသင် ရရှိခဲ့လဲ။ မင်း သူတို့ကို နည်းနည်းလောက် ပို ၀ယ်လိုသလား။ သူတို့ကိုရဖို့ ပိုခက်တယ်လို့ ကျွန်မ မထင်ဘူး။”
ချယ်ရီပန်းပွင့်ဆေးလုံးများသည် ပိုင်ရှစ်ယွင်ကဲ့သို့သော တစ်စုံတစ်ယောက်အတွက် ပြီးပြည့်စုံလှသည်။
ဖန့်ကျွင်းရုံ၏လှောင်ပြောင်မှုကြောင့် ပိုင်ရှစ်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပျက်ကျသွားသည်။