အခန်း ၁၆၂
Viewers 25k

အခန်း(၁၆၂) - သူမမှာ အတွေးတစ်ခုသာရှိသည်။ လီဝမ့်ကျင်းက ဒီလူတွေကိုဘယ်လောက်ပေးခဲ့တာလဲ။ (၁)


ပိုင်ရှစ်ယွင်က ဖန့်ကျွင်းရုံကို ဒီလောက်အများကြီး မကြိုက်ဘူး။ သူမရဲ့ဘ၀ဟာ အနှောက်အယှက်ကင်းမဲ့ပြီး သာယာလွန်းခဲ့သည်။


လွန်ခဲ့သောအနှစ် ၂၀အတွင်း လီဝမ့်ကျင်းသည် ယောက်ျားကောင်းတစ်ယောက်၏ပုံရိပ်ကို တည်ဆောက်ခဲ့ပြီး သူသည် မည်သည့်အခါကမှ ရန်မဖြစ်ခဲ့ပါ။ သူသည် ဖန့်ကျွင်းရုံအား အလွန်လေးစားပြီး အလေးပေးသည်။ဟိုကိစ္စ ဒီကိစ္စများတွင် ပါ၀င်နေသော သူမ၏ခင်ပွန်းနှင့်နှိုင်းယှဉ်ပါက ပိုင်ရှစ်ယွင်သည် ဖန့်ကျွင်းရုံ၏အမာခံပရိသတ်တစ်ယောက် မဟုတ်ကြောင်း သိသာထင်ရှားသည်။


လီဝမ့်ကျင်းရဲ့ကိစ္စတွေက ပျက်စီးသွားတဲ့အခါ ပိုင်ရှစ်ယွင်က သူတို့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို မခွဲဝေခင် ဖန့်ကျွင်းရုံကို လှောင်ပြောင်ဖို့ အခွင့်တောင် မရရှိခဲ့ပါဘူး။ ဖန့်ကျွင်းရုံသည်သူမ၏နေ့ရက်များကို ယခင်ကလို ချုပ်တည်းစရာမလိုတော့ပဲ ငယ်ရွယ်ပြီးချောမောတဲ့ လတ်ဆတ်တဲ့အသားလေး‌တွေကို သူမစိတ်ကြိုက် မြည်းစမ်းနိုင်သည်။ သူမရဲ့ကုမ္ပဏီက မြင့်တက်သွားခဲ့ပြီး သူမဖာသာသူမ နာမည်ကောင်းရသွားခဲ့သည်။


သူမနှင့်နှိုင်းယှဉ်လျှင် အခြားသူများ၏ဘဝများအားလုံးသည် ခါးသီးပုံရသည်။ အရင်တုန်းက သူမနဲ့ ဖန့်ကျွင်းရုံအကြောင်းကို အတင်းတုပ်ဖို့ မာကျောက်ကစားဝိုင်းတွင် သူငယ်ချင်းအနည်းငယ် ရှိခဲ့သည်။ရလဒ်အနေနှင့် သူမတို့သည် အလှအပဆေးလုံးများကို သောက်သုံးပြီးနောက်ပိုင်းတွင် သူမကို ပုန်ကန်လာခဲ့ကြသည်။ အထူးသဖြင့် စုမိန်က သူတို့အားလုံးထဲမှာ ပိုအဆိုးဆုံးဖြစ်သည်။ အရင်တုန်းက စုမိန်က ဖန့်ကျွင်းရုံကို အမြဲတမ်း ပြဿနာရှာဖို့ ကြိုးစားခဲ့ပေမယ့် အခု သူမက  ဖန့်ကျွင်းရုံရဲ့ပေါင်ကို ပွေ့ဖက်ရန် အလုပ်များနေတာက ပိုင်ရှစ်ယွင်အား ပိုစိတ်ဆိုးသွားစေခဲ့သည်။


သူမပြောခဲ့သောစကားများသည် ဖန့်ကျွင်းရုံ၏နားထဲသို့ ရောက်သွားပြီးနောက် သူမ တကယ် နောင်တရခဲ့သည်။ နောက်ဆုံးတွင် အလှအပဆေးလုံးသည် အလွန်ထိရောက်မှုရှိသည်။ ပိုင်ရှစ်ယွင်သည် သူတို့၏မပြေလည်မှုများကို ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ပြီး ဖန့်ကျွင်းရုံကို သူမအတွက် စားသောက်ပွဲတစ်ခုကို ဖိတ်ကြားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ဖန့်ကျွင်းရုံက သူမအား လုံး၀ ဂရုမစိုက်ခဲ့သလို သူမဖိတ်ကြားချက်ကိုလည်း ဘာမှမတုံ့ပြန်ခဲ့ပေ။ ထိုအရာက ပိုင်ရှစ်ယွင်ကို ပိုစိတ်ဆိုးစေခဲ့သည်။ သူမသည် နောက်ဆုံးတော့ ဖန့်ကျွင်းရုံကို တွေ့လိုက်ရသည့်အခါ သူမက ရန်မစရမနေနိုင်ပဲ ခနဲ့စကားအချို့ကို လာရောက်ပြောဆိုတာဖြစ်သည်။


ပုံမှန်အားဖြင့် ပိုင်ရှစ်ယွင်သည် သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိသောကြောင့် ထိုသို့ပြုမူခဲ့တာဖြစ်သည်။ ကွမ်းယွမ်သည် ငယ်ရွယ်စဉ်က ဒဏ်ရာရရှိခဲ့သည့် သားတစ်ယောက်သာရှိသည်။ သူ့သားသည် စောစောစီးစီးဆုံးပါးသွားပြီး သူ့အတွက် အနည်းငယ်နုနယ်သောမြေးတစ်ဦးတည်းကို ချန်ထားရစ်ခဲ့သည်။ ကွမ်းယွမ်သည် ဤမြေးကိုအလွန်နှစ်သက်သည်။ ဒီမြေးက သွေးလည်ပတ်မှုမကောင်းပဲ ဆောင်းရာသီမှာ သူ့လက်တွေခြေတွေ အမြဲအေး‌နေခဲ့သည်။ ​ပိုင်ရှစ်ယွင်က သူ့မြေးကို နွေးထွေးတဲ့ကျောက်စိမ်းကို လက်ဆောင်ပေးဖို့ ယူဆောင်လာခဲ့သည်။ ထိုကျောက်စိမ်းကို ခန္ဓာကိုယ်ပေါ်တွင် ဆောင်ထားသည့်အခါ ၎င်းသည် နွေးထွေးပြီး ကျန်းမာရေးအတွက်လည်းကောင်းသည်။


သူမသည် ထိုကျောက်စိမ်းကို လက်ဆောင်ပေးလိုက်သောအခါ ကွမ်းယွမ်၏မြေးက ၎င်းကိုအလွန်ကြိုက်ပြီး ချက်ချင်း ဝတ်ဆင်လိုက်သည်။ ကွမ်းယွမ်သည် သူမအား ချက်ချင်းပင် အလွန်ဖော်ရွေစွာ ဆက်ဆံခဲ့သည်။ ဒါက သူမကို ယုံကြည်မှုအပြည့်ရရှိ‌စေခဲ့သည်။ ထို့ကြောင့် သူမသည် ဖန့်ကျွင်းရုံကို ရန်စရာတွင် သူမ အလွန်ယုံကြည်မှုရှိနေခဲ့တာဖြစ်သည်။ ဖန့်ကျွင်းရုံက ချယ်ရီပန်းပွင့်ဆေးလုံးအကြောင်းကို ချက်ချင်းထုတ်ပြပြီး လူတိုင်းရှေ့မှာ သူမကို အရှက်ရစေလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။


ပိုင်ရှစ်ယွင်သည် သူတို့ကိုအများကြီးလက်ဆောင်များပေးခဲ့ပြီး ထိုလူများက ထိုထုတ်ကုန်ကိုသုံးပြီး လေလည်ခြင်းနှင့်သက်ဆိုင်‌သော ပြဿနာတက်ပြီးနောက် သူတို့အားလုံးသည် သူတို့၏လက်ဆောင်များအကြောင်း သူမကိုပြစ်တင်ပြောဆိုခဲ့ကြသည်။


ပိုင်ရှစ်ယွင်၏မျက်နှာဟာ မည်းသွားသည်။  မည်သို့ပင်ဆိုစေ သူမသည် ကွမ်းယွမ်၏မြေး ကွမ်းရီကို သူမမြင်လိုက်ရသောအခါ သူမ၏အသွင်က တစ်ခုခုဖြစ်သွားပုံရသည်။ သူမက “ကျွန်မတို့လိုလူမျိုးတွေ ဘယ်သူကမှ ဘော့စ်ဖန့်နဲ့ မနှိုင်းယှဥ်နိုင်ဘူးဆိုတာ သေချာတယ်။"


“ဘော့စ်ဖန့်က သူမရဲ့ အံ့သြဖွယ်လက်ဆောင်အချို့ကို ယူလာလိမ့်မယ်လို့ ငါယုံကြည်တယ်။ မင်းက ကျန်တဲ့သူတွေကို မင်းရဲ့လက်ဆောင်ကို ဘာကြောင့်မမျှဝေတာလဲ။"


ပိုင်ရှစ်ယွင်သည် ဖန့်ကျွင်းရုံက သူမထက် ပိုကောင်းတဲ့လက်ဆောင်တစ်ခုယူလာလိမ့်မယ်လို့သူမ မထင်ခဲ့ဘူး။


ကွမ်းယွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သင့်တင့်လျောက်ပတ်သော ယဉ်ကျေးသည့် အပြုအမူကို အမြဲပြုမူခဲ့ပြီး ပိုင်ရှစ်ယွင်ကဲ့သို့ မာနထောင်လွှားသူတစ်ဦး မဟုတ်ခဲ့ပါ။ အထူးသဖြင့် သူမနောက်၌ သူ ရပ်တည်‌ပေးနေသည်ဟုယုံကြည်သောကြောင့် သိသာထင်ရှားစွာ အနိုင်ကျင့်ရန်ကြိုးစားနေသည့်အခါ တကယ်လို့ သူက သူ့မြေးကိုလက်ဆောင်ပေးခဲ့တဲ့ ကျောက်စိမ်းကြောင့်သာ မဟုတ်ရင် သူမနဲ့သူ ဘာမှမပတ်သက်ချင်ဘူး။


ကွမ်းယွမ်သည် ထိုအခြေအ‌နေကို ထိန်းသိမ်ရန် စကားဝင်ပြောဖို့လုပ်လိုက်ကေမယ့် ဖန့်ကျွင်းရုံပြောသောစကားကို ကြားလိုက်ရသည်။ "အိုး... သိပ်မထူးဆန်းပါဘူး။ သာမာန်ကျောက်စိမ်းတစ်ခုပါပဲ။" 


ကွမ်းယွမ်က သူ့ဖာသာသူ သက်ပြင်းချလိုက်သည်။ ယနေ့ခေတ် လူငယ်များက သူတို့တစ် ဦးချင်းစီသည် တစ်ယောက်ထက် တစ်ယောက် ပိုမောက်မာလာခဲ့ကြသည်။


ပိုင်ရှစ်ယွင်သည်လည်း အံ့သြသွားသည်။ ဒါက သူမထက် ပိုကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ကောင်းကင်သည် သူမနှင့်အတူ ရှိနေတာပဲ။


ဖန့်ကျွင်းရုံသည် ကွမ်းယွမ်ကို ကြည့်လိုက်သည်။ "အဖိုးကွမ်း စိတ်မရှိဘူးဆိုရင် အခု ကျွန်မရဲ့လက်ဆောင်ကို ဖွင့်လို့ရမလား။"


ကွမ်းယွမ်သည် သက်ပြင်းချမိပြန်သည်။ “ရပါတယ်။”


ဖန့်ကျွင်းရုံက ဖဲကြိုးကို ဖြည်းဖြည်းချင်း ဖြည်လိုက်သည်။ လက်ဆောင်သေတ္တာကိုဖွင့်လိုက်သည်နှင့် အားလုံးမြင်သာသည့် ထိုဗူးထဲတွင်ကျောက်စိမ်းတစ်တုံး ရှိနေခဲ့သည်။


အလင်းရောင်အောက်တွင် တောက်ပသောအစိမ်းရောင်သည် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ကျောက်စိမ်းအတွင်း၌ အလင်းရောင်များစီးဆင်းနေပုံရပြီး ထိုနေရာတွင် ရှိနေသောသူများစွာတို့ကို စိတ်၀င်စားစေခဲ့သည်။


လူများစွာသည် တုန်လှုပ်သွားမိကြသည်။ ဒီအရောင်ကျောက်စိမ်းကိုဆိုလျှင် အနည်းဆုံး ယွမ် ဆယ်မီလီယံလောက် ကုန်ကျနိုင်သည်။ ဖန့်ကျွင်းရုံသည် အလွန်ရက်ရောလှသည်။ မည်သူတစ်ဦးတစ်ယောက်မဆို ဒီလို အရည်အသွေးကောင်းသောကျောက်စိမ်းအား လက်ဝတ်ရတနာတစ်စုံပြုလုပ်ရန် ၎င်းအား သိမ်းဆည်းထားပေလိမ့်မည်။ အခြားတစ်ဖက်မှာတော့ ဖန့်ကျွင်းရုံက အဲ့တာကို လက်ဆောင်အဖြစ်ပေးလိုက်သည်။


ပိုင်ရှစ်ယွင်၏ ယုံကြည်မှုပြည့်ဝနေသောအကြည့်သည် တောင့်တင်းလာသည်။ သူမသည် ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။ မည်ကဲ့သို့လှပပြီး စျေးကြီးသည်ဖြစ်ပါစေ ၎င်းသည် သူမ၏နွေးထွေးသောကျောက်စိမ်းကို တိုင်းတာနိုင်ပါသလား။ သူမပေးသော နွေးထွေးသောကျောက်စိမ်းကို ကွမ်းရီ၀တ်ဆင်ထားသောအခါ သူ့ကျန်းမာရေးအတွက် အကျိုးရှိလိမ့်မည်။


ကွမ်းယွမ်သည် ဒီကျောက်စိမ်းတုံးကို အလွန်ကြိုက်နှစ်သက်သည်။ သူသည် နိုင်ငံရပ်ခြားတွင် သူ့ကိုယ်ပိုင်ကျောက်စိမ်းတွင်းများကို ပိုင်ဆိုင်ခဲ့သော်လည်း ဒီလိုအရည်အသွေးမျိုးကို မတော်တဆမှပင် ကြုံတွေ့နိုင်သည်။ သူတို့ဟာ အခုနှောင်းပိုင်းလောာက်မှာ ပိုမိုရှားပါးလာခဲ့သည်။


ကွမ်းယွမ်သည် ထိုကျောက်စိမ်းတုံးအား ခပ်ပြုံးပြုံးနှင့် ကောက်ကိုင်လိုက်သည်။ သူ ထိလိုက်သောအခါ သူ့မျက်လုံးများသည်ထိတ်လန့်မှုဖြင့် ပြူးကျယ်လာသည်။


ခဏနေဦး။ ဒီကျောက်စိမ်းတုံးက