အခန်း ၁၇၄
Viewers 26k

အခန်း(၁၇၄) - မင်းတို့နှစ်ယောက်က ဒီကိစ္စရဲ့တရားခံတွေပဲ (၂)

 

သူ့မျက်လုံးများ ပြူးကျယ်လာပြီးတော့ သူ့မျက်လုံးအိမ်ထဲမှာ ထွက်ကျတော့မလိုပင်။ သူ အသက်ရှူရပင် ခက်လာသည်။

 

“မင်း ဘာလို့ ကျန်းယာ့ကောကို ခေါ်လာရတာလဲ။ မင်း ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား။”

 

ကျန်းယာ့ကောက သူ့အမေ ငယ်ငယ်တုန်းကရုပ်သွင်နဲ့ တော်တော်တူတယ်။ ဝမ်စစ်အာ လီဝမ့်ကျင်းကို လှည့်စားချိန်တုန်းက သူမအသက်နဲ့အတူတူနီးပါးပဲ။ ကျန်းယာ့ကောကို မြင်ရတာ အဲ့ဒီနေ့တွေဆီ ခေါ်ဆောင်သွားခံရသလိုပဲ မုန်းတီးနာကြည်းမှု အသစ်နဲ့အဟောင်းတွေအားလုံး သူ့ဆီကို အပြေးအလွှား ရောက်လာခဲ့သည်။

 

လီရှစ်ကျီက လီဝမ့်ကျင်း၏ကုတင်ဘေးတွင် ထိုင်နေသော လူမမာပြုစုစောင့်ရှောက်သူကိုကြည့်ပြီးတော့ ပြောလိုက်သည်။

 

“ဒါက အိမ်တွင်းရေးကိစ္စပဲ။ မင်း အခု ဘာလို့ အပြင်ကို မသွားတာလဲ။”

 

လူမမာပြုစုစောင့်ရှောက်သူသည် လီဝမ့်ကျင်းကို ကြည့်လိုက်ပြီး သူ အသိအမှတ်ပြုကြောင်း ခေါင်းညိမ့်ပြမှ အခန်းအပြင်သို့ ထွက်သွားခဲ့သည်။

 

ထိုလူထွက်သွားသည်ကို ကြည့်ပြီးသည်နှင့် လီရှစ်ကျီသည် သူ့ဖခင်ဆီသို့ မျက်နှာမူလာခဲ့သည်။

 

“အဖေ ဝမ်စစ်အာက ဝမ်စစ်အာဖြစ်ပြီးတော့ ယာ့ကောက ယာ့ကောပါပဲ။ သူတို့က မတူညီတဲ့ လူနှစ်ယောက်ပဲ။” ဟု လီရှစ်ကျီက မျက်မှောင်ကြုတ်ကာပြောသည်။

 

“ယာ့ကော သူ့အမေနဲ့မတူဘူးဆိုတာကို အဖေ မသိဘူးလား။”

 

ကျန်းယာ့ကောကို သဘောကျနှစ်ခြိုက်သော လီဝမ့်ကျင်း၏စိတ်များအားလုံး ကုန်ခမ်းသွားခဲ့ပြီး အခု သူမကိုမြင်လိုက်တိုင်း သူမအမေဟုသာ သူတွေးမိခဲ့သည်။

 

သူ့ရင်ဘတ်ကို သူဆုပ်ကိုင်ကာ ဒေါသတကြီးပြောဆိုလိုက်သည်။

 

“သူမက အတိအကျကို သူ့အမေနဲ့လိုပဲ လိမ်လည်တာ ကျေးဇူးကန်းတာ မရိုးသားတာတွေ အကုန်လုံး သူမနဲ့တူတယ်။”

 

ကျန်းယာ့ကောသည် ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်သည်။

 

လီရှစ်ကျီက သူ့လက်မောင်းကို သူမခါးတွင် ရစ်ပတ်ထားပြီး သူ့သဘောထားက တည်ကြည်နေခဲ့သည်။

 

“ယာ့ကောက ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တယ်။ သူမက အဖေပြောတဲ့သူမျိုး မဟုတ်ဘူး။”

 

သူ့သားဟာ အရူးအမူးဖြစ်နေတာကို မြင်လိုက်ရတော့ လီဝမ့်ကျင်းဟာ‌ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မလို ဖြစ်သွားရသည်။ သူသည် ဆရာဝန်၏ ဒေါသမထွက်နဲ့ဟူသော ညွှန်ကြားချက်အတိုင်းကို လိုက်နာချင်ပေမယ့် လူတစ်ယောက်ရဲ့အလိုကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်ပါ့မလဲ။

 

လီဝမ့်ကျင်းက လှောင်ရယ်လိုက်သည်။ 

 

“အိုး တကယ်လား။ အစီအစဥ်တစ်ခုမှာ မင်းရဲ့အမေကို ချောက်ချဖို့လုပ်ပြီးတော့ သူမက သနားစရာကောင်းတဲ့သူလို့ တစ်တိုင်းပြည်လုံးထင်‌အောင် လုပ်ခဲ့တဲ့သူက တကယ်ကြင်နာတတ်တဲ့လူမျိုးလား။ ပြီးတော့ သမ့်လန်ကိုလည်း သူမအတွက် ပိုက်ဆံတွေသုံးစွဲအောင် လုပ်ခဲ့တာတာကရော တကယ့်ကြင်နာတတ်တဲ့လူမျိုးတဲ့လား။”

 

“မင်းအမေက သူမကို အရင်ကတည်းက တွေ့ခဲ့ဖူးတယ်။ အဲ့တာကြောင့် သူမက ကျန်းယာ့ကောရဲ့အကျင့်စရိုက်ကိုသိခဲ့ပြီး သူမကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။”

 

သူက အရူးတစ်ယောက်ပဲ။ ဝမ်စစ်အာကြောင့် သူက ကျန်းယာ့ကောကို ပိုမိုကောင်းမွန်သောအကြည့်ဖြင့် အမြဲကြည့်ရှုခဲ့ပြီး သူ့သမီးဖြစ်သူအား နာကျင်စေခဲ့သည်။

 

လီရှစ်ကျီ၏မျက်နှာဟာ ပျက်ယွင်းသွားခဲ့သည်။

 

“ဒီလောက်ဆို တော်လောက်ပါပြီ အဖေ။ သား ဘေးမှာရပ်ပြီးတော့ ယာ့ကောကို စော်ကားနေတာကို မကြည့်နိုင်ဘူး။”

 

ကျန်းယာ့ကော၏မျက်လုံးများမှာ မျက်ရည်များပြည့်နှက်နေသည်။

 

“ဦးလေးနဲ့ကျွန်မကြားမှာ နားလည်မှုလွဲတာတွေ အမျာကြီးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မအမေက ဦးလေးထင်သလို မဟုတ်ရပါဘူး။”

 

“သူမကောလိပ်တက်တုန်းက သူမကိုယ်တိုင် ကျောင်းလခနဲ့အိမ်စရိတ်အတွက် အလုပ်အရမ်းကြိုးစားခဲ့တယ်။ သူမက အဲ့ပိုက်ဆံတွေကို ကျွန်မဒေါ်လေးအတွက် ယူခဲ့မိတာပါ။ သူမက ကျောင်းလခမတက်နိုင်တာကြောင့် ကျွန်မဒေါ်လေး ကျောင်းထွက်ရမှာကို မမြင်ချင်ခဲ့ဘူး။”

 

“သူမ ဒီနှစ်တစ်လျှောက်လုံးမှာ နောင်တရခဲ့ပါတယ်။ အဲ့တာကြောင့် သူမက ဦးလေးကို ကျွန်မအဖေရင်းလို ပြုစုစောင့်ရှောက်ပေးဖို့ ပြောခဲ့တယ်။ သူမက ကျွန်မကို ဦးလေးနဲ့ မိသားစုလို နွေးထွေးရင်းနှီးစွာနေဖို့ မှာခဲ့တယ်။”

 

“ဦးလေး ကျွန်မကို အော်နိုင်တယ် ဒါမှမဟုတ် ရိုက်နှက်နိုင်တယ်။ ဦးလေး စိတ်သက်သာရာရစေတဲ့အထိ အဲ့တာတွေအားလုံးကို ကျွန်မ ကျေကျေနပ်နပ် လက်ခံပါ့မယ်။”

 

လီရှစ်ကျီ စိတ်ထိခိုက်သွားမိသည်။

 

လီဝမ့်ကျင်းကတော့ ထိုစကားတွေကြောင့် စိတ်ထဲဘာမှပင်မနေခဲ့ပါ။ အမှန်တော့ သူက အရင်ကထက်နောင် ဒေါသပိုထွက်လာခဲ့သည်။ “မင်းက မင်းအမေ ငါ့ဆီကနေ ပိုက်ဆံခိုးယူခဲ့တယ်ဆိုတာကို မင်းသိတယ်လို့ ငါ့ကိုပြောတာလား။”

 

အမေနဲ့ သမီးက သူ့နောက်ကွယ်မှာ သူ့ကို အရူးတစ်ယောက်လို့ တစ်ချိန်လုံး ဘယ်လောက်တောင် ဟားတိုက်ရယ်မောနေခဲ့ဖူးလဲ။

 

“ငါ့ကို ဆုံးဖြတ်ပေးပါလား။ အိုး… ပြီးတော့ မင်း ဒါတွေကို ဘယ်လိုလုပ်မလဲ။ ငါ မင်းကိုခေါ်လာကတည်းက မင်း ငါ့ပိုက်ဆံတွေကို ဘယ်လောက်တောင် သုံးစွဲခဲ့ပြီးပြီလဲဆိုတာကို မင်းပြောကြည့်။ မင်းက ငါနဲ့ကျွင်းရုံတို့ကွာရှင်းပြတ်စဲအောင် လုပ်ခဲ့ပြီးတော့ ရှင်းယွင်နဲ့ငါ့ကြားမှာလည်း အဆင်မပြေအောင် လုပ်ခဲ့တယ်။ မင်း အခု ဒီနေရာမှာ ရောက်နေတာက ငါ့ကို ဒုက္ခပေးဖို့ရောက်နေတာ မဟုတ်ဘူးဆိုတာ သေချာလို့လား။”

 

သူက ပြောလေလေ ဒေါသထွက်လာလေလေ ဖြစ်လာသည်။ သူသည် ဆရာဝန်၏ညွှန်ကြားချက်များကိုပင် မေ့လျော့နေခဲ့ပြီ။

 

“မင်း အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း။ ငါ့ဘဝတစ်ခုလုံး ဒီလိုအမှိုက်မျိုးကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူး။”

 

ကျန်းယာ့ကောရဲ့မျက်နှာလေးသည် ဖျော့တော့သွားပြီး သူမမျက်ဝန်းမှာ