အခန်း(၁၇၅) - မင်းတို့နှစ်ယောက်က ဒီကိစ္စရဲ့တရားခံတွေပဲ (၃)
“အဖေ မင်း ဘယ်လိုလုပ်ပြီးတော့ အကျိုးအကြောင်း မသင့်ရတာလဲ။”
လီရှစ်ကျီသည်လည်း စိတ်ဆိုးသွားသည်။
“ယာ့ကောကိုမွေးစားလုပ်ခဲ့တာလည်း အဖေပဲ။ ပြီးတော့ သူမကို နာကျင်အောင်လုပ်တာလည်း အဖေပဲ။ မင်းက ငါ့ရဲ့ယုံကြည်အားကိုးစရာအဖေ မဟုတ်တော့ဘူး။”
သူက ကျန်းယာ့ကော၏လက်ဖဝါးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီးတော့ သူ့ရဲ့နုနယ်သောကောင်မလေးကို ကာကွယ်ပေးရမည်လို့ ခံစားခဲ့ရသည်။
“အဖေ ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် သား ယာ့ကောနဲ့အတူ အဖေ မျက်စိရှေ့ကနေ တစ်သက်လုံး ပျောက်ကွယ်သွားရလိမ့်မယ်။”
ရှင်းယွင်က သူတို့ဖခင်ကို ပြုစုစောင့်ရှောက်ပေးလိမ့်မယ်ဆိုတာကို သူ သံသယဖြစ်မိသည်။ အခု လီဝမ့်ကျင်းမှာရှိတော့က သူတစ်ယောက်တည်းသာဖြစ်သည်။ လီရှစ်ကျီသည် သူ့အဖေက သူ့ကိုစွန့်ပယ်ဖို့မလုပ်နိုင်တာကြောင့် ယာ့ကောအား ဆက်လက်ပြဿနာရှာလိမ့်မယ် မဟုတ်လောက်ဘူးလို့ ထင်မြင်ခဲ့သည်။
ဒီစကားတွေကိုနားထောင်လိုက်ရပြီးချိန်မှာ သူ့သားက သူ့စကားကို နားမထောင်ပဲ ဒီလောက်ဆိုးရွားတဲ့အမျိုးသမီးကြောင့် သူ့ကို ဘယ်လိုခြိမ်းခြောက်နိုင်ရတာလဲ။
ဒါက ကံစီမံရာပဲ ဖြစ်လိမ့်မယ်။ ဒီနှစ်တွေအတွင်း သူက ဖန့်ကျွင်းရုံအား ချစ်မြတ်နိုးကြောင်း အမြဲဟန်ဆောင်နေခဲ့သည်။ ယခုမူ သူ့အချစ်ဆုံးသားသည်ပင်လျှင် ရန်သူ့သမီးအတွက် သူ့ကို ထားရစ်ဖို့ ကြံစည်နေခဲ့ပြီ။
လီဝမ့်ကျင်းသည် သူ့ဦးခေါင်းခွံကို မမြင်နိုင်သော တူတစ်လက်ဖြင့် ရိုက်နှက်နေသလို ခံစားလိုက်မိသည်။ တစ်ချက်လှုပ်လိုက်တိုင်း သူ့ခေါင်းကို ပြင်းထန်စွာ နာကျင်စေပြီး သူ့အမြင်အာရုံကို မှုန်ဝါးသွားစေသည်။ ခေါင်းထဲမှာဆူညံသံများကြားလာရပြီးတော့ သူ့အမြင်တွေဟာ နှစ်ထပ်တွေဖြစ်လာခဲ့သည်။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ နောက်ပြန်လဲကျသွားပြီး သတိလစ်သွားခဲ့သည်။
လီရှစ်ကျီသည် ဖြူဖျော့သွားပြီး အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သော်လည်း ၎င်းက နောက်ကျသွားပြီဖြစ်သည်။
“အဖေ” သူ့အသံမှာ ကြောက်ရွံ့ထိတ်လန့်နေသည့်ဟန်ရှိသည်။
***
“အိုး… အမေရေ”
ဖန့်ကျွင်းရုံသည် ဆံပင်ကြီးထွားသန်မာစေသည့်ခရင်မ်၏ အနာဂတ်စီအစဥ်အတွက် လုပ်ဆောင်နေတာဖြစ်သည်။ ပထမဦးစွာ သူမသည် ထုတ်လုပ်မှုစက်ရုံတစ်ခု တည်ထောင်ရန် လိုအပ်ပေလိမ့်မည်။ သူမ အဲ့ဒီကိစ္စကြောင့် ခဏလောက် အလုပ်ရှုပ်နေရလိမ့်မယ်။
သူမသမီးလေးရဲ့အသံကို ကြားလိုက်ရတဲ့အခါ သူမကို မော့ကြည့်လိုက်သည်။ “ရှင်းယွင် ဘာကိစ္စရှိလို့လဲ။ သမီး မအိပ်သေးဘူးလား။”
ညအိပ်ဝတ်စုံလဲပြီးသွားသော သူမသမီးလေးသည် အပြင်သွားသည့်အဝတ်အစားကို ပြောင်းလဲဝတ်ဆင်ထားသည်ကို တွေ့လိုက်ရတော့ သူမ အံ့အားသင့်သွားမိသည်။
“သမီး တစ်နေရာကို သွားစရာရှိလို့လား။” အခုအချိန်က ည ၁၁နာရီခန့်ရှိနေပြီ။ သူမသမီးလေးသည် ပျော်ပျော်နေတတ်တယ်ဆိုပေမယ့် ညဥ့်နက်မှ အိမ်ကနေ သိပ်မထွက်ဖြစ်ဘူး။
လီရှင်းယွင်က နှာခေါင်းတစ်ချက်ရှုံပြီး ပြန်ဖြေလိုက်သည်။ “အဖေ့ကို ICUခေါ်သွားရတယ်။ အခြေအနေ မကောင်းတဲ့ပုံပဲ။”
ဖန့်ကျွင်းရုံသည် သူမနားကြားမှားလိုက်တယ်လို့ ထင်မိလိုက်သည်။ “ဒီနေ့ သမီး သူ့ကို အစောလေးကပဲ တွေ့ခဲ့သေးတယ်မလား။ သူ သက်သာတယ် မဟုတ်ဘူးလား။”
“သမီး လီရှစ်ကျီကို အဖေ့ဆီကို ကျန်းယာ့ကောကိုခေါ်မသွားဖို့ ပြောခဲ့သေးတယ်။ သူတို့က အဖေ့ကို တစ်ခုခုပြောလိုက်တာဖြစ်မယ်။ ဆေးရုံကတော့ ပြောတယ်။ စောင့်ကြည့်မှတ်တမ်းတွေအရတော့ သူတို့က ပြဿနာအချို့ ဖြစ်နေပုံပဲတဲ့။ ပြီးတော့ အဖေလည်း လဲကျသွားတာပဲ။”
“ဆရာဝန်တွေက အခု သူ့ကိုကယ်ဖို့ ကြိုးစားနေကြတယ်။”
သူမသည် အရမ်းစိုးရိမ်ပူပန်နေမိသည်။ သူမမှာ သူမအဖေအတွက် ခံစားချက်အများကြီးမရှိပေမယ့် သူ့အတွက် မကောင်းတဲ့စိတ်ဆန္ဒလည်း သူမမှာ မရှိခဲ့ပါဘူး။ ဝမ်းနည်းမှုကြောင့် သူမပါးပြင်လေးမှာ မျက်ရည်များရွှဲနစ်နေပြီးတော့ နှာတရှုံရှုံဖြစ်နေခဲ့သည်။ သူမသည် လှည့်ထွက်လိုက်ပြီး သူမမျက်လုံးထောင့်မှ မျက်ရည်များကို ညင်သာစွာသုတ်လိုက်သည်။
ဖန့်ကျွင်းရုံက သူမကို စိတ်ရှုပ်ထွေးနေသည့်မျက်နှာဖြင့် ကြည့်လိုက်သည်။ သူမ အဲ့ဒီအကြောင်းကို မမျှော်လင့်ထားခဲ့ဘူး။ သူတို့သုံးယောက်ဟာ သူမရဲ့အရင်ဘဝမှာတုန်းက အရမ်းချစ်ခင်ခဲ့ကြပေမယ့် သူတို့က ဒီဘဝမှာတော့ ရန်သူတွေဖြစ်ခဲ့တယ်။ လီဝမ့်ကျင်းကို လီရှစ်ကျီက ICUသို့ရောက်အောင်ပင် ပို့ဆောင်ခဲ့သည်။
သူမရဲ့အလုပ်စာတမ်းတွေကို တွန်းဖယ်လိုက်ရင်း သူမ “ဒီမှာ အမေ သမီးနဲ့အတူလိုက်ခဲ့မယ်” လို့ ပြောလိုက်သည်။
သူမသည် လီဝမ့်ကျင်းကို ဒီတစ်ခါတွေ့တာက နောက်ဆုံးအကြိမ်တွေ့ခြင်း ဖြစ်နိုင်တယ်ဆိုတာကို သူမ နားလည်ခဲ့သည်။ ကောင်းမွန်စွာနှုတ်ဆက်လိုက်တာပဲ ကောင်းလိမ့်မည်။
ဒီလိုတွေဖြစ်ပျက်သွားပေမယ့်လည်း ဖန့်ကျွင်းရုံက ဒါကဖြစ်သင့်တယ်လို့ မပြောနိုင်ဘူး။
သူမတို့နှစ်ဦး ဆေးရုံသို့ရောက်လာသောအခါ လီဝမ့်ကျင်းရဲ့ခွဲစိတ်ကုသမှုက ပြီးဆုံးသွားခဲ့ပြီ။ တောင်းပန်တိုးလျှိုးသောအကြည့်ဖြင့် ဆရာဝန်က လီဝမ့်ကျင်းကို ကယ်တင်ရန် ခွဲစိတ်ကုသမှု ကျရှုံးကြောင်း မိသားစုအား သတိပေးပြောကြားခဲ့သည်။
လီရှစ်ကျီသည် သတင်းကြားကြားချင်း ထပြေးကာ ဆရာဝန်၏ကော်လာကို ဆွဲကိုင်ကာ မျက်ဝန်းများ နီရဲသွားခဲ့သည်။
“သူ့ကိုကယ်ဖို့က မင်းအလုပ်ပဲ။ မအောင်မြင်ဘူးဆိုတာ မင်း ဘာကို ဆိုလိုတာလဲ။”
“မင်း လုံလုံလောက်လောက် မကြိုးစားခဲ့ဘူး။”
“ငါ့အဖေကို ပြန်ပေး”
သူ့ရဲ့ရည်မွန်မှုအားလုံးဟာ အတိတ်မှာ ကျန်ခဲ့ပြီ။ သူ့အသွင်က ကြောက်စရာကောင်းနေတယ်။ သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ ကျန်းယာ့ကောသည် မတ်တပ်ရပ်နိုင်ရုံမျှသာ ရပ်နိုင်နေခဲ့သည်။ သူမ ကြမ်းပြင်ပေါ်သို့ လဲမကျလာအောင် နံရံကို အမှီပြုထားရသည်။ သူမအကြည့်တွေဟာ ဗလာဖြစ်နေခဲ့ပြီး သူမရဲ့နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်ကိုတောင် မထိန်းသိမ်းထားနိုင်တော့ဘူး။
ဖန့်ကျွင်းရုံသည် လီရှစ်ကျီအား လုံးဝစက်ဆုပ်ရွံ့ရှာသွားခဲ့သည်။ သူမ သူ့ဆီသို့ လမ်းလျှောက်သွားပြီး သူ့ကို ပါးရိုက်ချလိုက်သည်။ ဖန့်ကျွင်းရုံက သူ့ကို အလွန်ပြင်းထန်စွာ ရိုက်လိုက်သောအခါ သူ့မျက်နှာတစ်ခြမ်းသည် ချက်ချင်းပင် ရဲတက်လာခဲ့သည်။
“အခုချက်ချင်း ရပ်လိုက်။ မင်းနဲ့ ကျန်းယာ့ကောက မင်းအဖေ သေဆုံးမှုကိုဖြစ်စေတဲ့ တရားခံတွေပဲ။ ဒီနေရာမှာ ဘယ်သူက တကယ့်လူသတ်သမားလည်း ဆိုတာကို မင်းတို့သိပါတယ်။ မင်းရဲ့အပြစ်ကင်းစင်မှုကို ထိန်းသိမ်းဖို့ ကြိုးစားနေတာကို ရပ်လိုက်ပါ။