အခန်း၁၇၆
Viewers 26k

အခန်း(၁၇၆) - “ဘယ်လိုအမှိုက်မမျိုးလဲ။ သူမ ဘယ်လိုလုပ်နိုင်ရတာလဲ။” (၁)

 

လီရှစ်ကျီသည် ကြောက်ရွံ့ထိတ်လန့်မှုများ ဖုံးလွှမ်းသွားသည်။ လီဝမ့်ကျင်းကို အရေးပေါ်ကုသဆောင်သို့ ခေါ်ဆောင်သွားစဥ်ကတည်းက သူ့အဖေထံမှာ ဆိုးဝါးတဲ့အရာတစ်ခုခု ဖြစ်လာမှာကို စိုးရိမ်ပြီးတော့ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

 

သူက ဒီလိုဖြစ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး။ သူ့အဖေရဲ့အခြေအနေက အရမ်းကြီး ပြင်းထန်နေမှန်းကို သူ တကယ် သတိမထားမိခဲ့ဘူး။

 

ဆရာဝန်၏ထုတ်ပြန်ချက်ကို ကြားပြီးနောက်တွင် သူ့ရဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေ ပျောက်ဆုံးသွားခဲ့သည်။ ဆရာဝန်က သူ့အဖေကို တစ်နည်းနည်းနဲ့ ပြန်ခေါ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကာ ဆရာဝန်ထံသို့ ပြေးသွားခဲ့သည်။

 

အဲ့တာပဲဖြစ်ရမယ်။ ဒီဆရာဝန်တွေက အစွမ်းကုန် မကြိုးစားခဲ့တာပဲ ဖြစ်ရမယ်။ သူ့အဖေ သေဆုံးသွားတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

 

နောက်ဆုံးတော့ သူပါးရိုက်ခံလိုက်ရပြီး သူ မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့အမေကို တွေ့လိုက်ရသည်။ သူမက သူ့ကို စက်ဆုပ်ရွံ့ရှာဖွယ်ကောင်း‌သော ပိုးကောင်တစ်ကောင်လို ကြည့်နေသလိုအကြည့်ဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။

 

သူမ၏စကားလုံးများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရေအေးတစ်ပုံးနှင့်လောင်းချလိုက်သလို အေးစက်သွားစေသည်။

 

သူ့မျက်နှာဟာ ဖြူဖျော့သွားပြီးတော့ တတွတ်တွတ် ရေရွတ်နေခဲ့သည်။

 

“မဟုတ်ဘူး။ ဒါက အမှန်မဟုတ်ဘူး။ ငါ မယုံဘူး....”

 

သူ့မျက်လုံးများပူနွေးလာပြီး သူ့အမြင်အာရုံဟာ မှုန်ဝါးဝါးဖြစ်လာခဲ့သည်။ သူငယ်ငယ်တုန်းက သူ့အဖေက သူနဲ့အတူကစားပေးနေတာကို မြင်ယောင်လာမိသည်။

 

ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ။

 

လီရှစ်ကျီသည် သူ့ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားကာ သူ့ပါးပြင်ပေါ် မျက်ရည်များစီးကျလာခဲ့သည်။ သူက သူ့အဖေကို နောက်ဆုံးအကြိမ် သွားကြည့်ဖို့တောင် မရဲဝင့်တော့ဘူး။ အကယ်၍ သူသာ သူ့အဖေရဲ့ရုပ်ကြွင်းကို သူ့မျက်လုံးနှင့်မကြည့်လျှင် ဒီအရာက အမှန်မဖြစ်နိုင်လောက်ဘူး။

 

ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းကို နောက်ဆုံးအကြိမ် သွားကြည့်ခဲ့ပြီး သူမဘေးတွင် ရှင်းယွင် တိတ်တဆိတ်ငိုကြွေးနေခဲ့သည်။

 

ဖန့်ကျွင်းရုံသည် ထိုကိစ္စများကို စဥ်းစားပြီးနောက် လီဝမ့်ကျင်း၏အခြားဆွေမျိုးများကို အကြောင်းကြားရန် ဖုန်းခေါ်ဖို့ စီစဥ်ခဲ့သည်။ သူတို့သည် လီဝမ့်ကျင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုးမရှိသော်လည်း သူတို့အား အသိပေးအကြောင်းကြားသင့်သည်။

 

သူမသမီးလေးလီရှင်းယွင်က သူမကို တားမြစ်လိုက်သည်။ သူမလေးရဲ့မျက်ရည်များကို သုတ်ဖယ်လိုက်ရင်း အက်ကွဲနေသောအသံဖြင့် “အမေ အဲံကိစ္စတွေ သမီးပဲလုပ်လိုက်ပါ့မယ်။”

 

သူမအဖေနှင့် အဖေသည် ကွာရှင်းပြတ်စဲထားပြီးပြီဖြစ်သည်။ သူတို့ရဲ့ဆက်ဆံရေးကြောင့် သူမရဲ့အမေက ဒီကိစ္စတွေဆောင်ရွက်ရန် မဖြစ်သင့်ဘူး။ သူမအသက်က ၁၇နှစ်ရှိနေပြီးဖြစ်ပြီး လာမည့်နှစ်တွင် အရွယ်ရောက်တော့မှာဖြစ်သည်။ သူမအရွယ်ရောက်သင့်သလောက်ရောက်နေပြီဖြစ်၍ ဒီကိစ္စတွေကို ကိုယ်တိုင်ဆောင်ရွက်သင့်သည်။

 

ပိုမိုရင့်ကျက်လာတဲ့ သူမသမီးလေးကိုကြည့်ရင်း ဖန့်ကျွင်းရုံက စိတ်နှလုံးပူဆွေးမှုနှင့် စိတ်သက်သာရာရမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

 

လီရှင်းယွင်က တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်အကြောင်းကြားလိုက်သည်။ သူမသည် ကျောင်းခွင့်ရက်အနည်းငယ်ယူခဲ့ပြီး စျာပနနှင့်ပတ်သက်သောကိစ္စများကို ဂရုစိုက်လုပ်ရန် လိုလိမ့်မည်။ သူမရဲ့အစ်ကိုက ဒါကို ဂရုစိုက်နိုင်လိမ့်မယ်လို့ သူမ မျှောလင့်ချက်မရှိဘူး။

 

မနက်မိုးလင်းတော့ ရှေ့နေရောက်လာပြီး လီဝမ့်ကျင်းရဲ့ဆန္ဒကို သူနဲ့အတူ ယူဆော်လာခဲ့သည်။

 

ရှေ့နေက အသက်ငါးဆယ်ကျော်အရွယ်ခန့်ရှိပြီးတော့ သူမရောက်ခင် ဒီအဖြစ်အပျက်ကို ကြားသိပြီးပြီ။

 

“မနေ့တုန်းက မစ်စတာလီဝမ့်ကျင်း သူ့ဆန္ဒကိုပြင်ဆင်ထားခဲ့တယ်။” လို့ သူက တရားဝင်ပြောလိုက်သည်။

 

လီရှင်းယွင်နှင့် လီရှစ်ကျီတို့သည် သူ့သားသမီးများဖြစ်သည့်အတွက် အမွေနှင့်သက်ဆိုင်သည့်ဆန္ဒကို ၎င်းတို့အား ပြောပြရမည်ဖြစ်သည်။

 

ရှေ့နေက အမွေခွဲပေးသည့်ပိုင်ဆိုင်သည့် စာချုပ်စာတမ်းများကို စတင်ဖတ်ခဲ့သည်။ လီဝမ့်ကျင်းသည် သူ့ပိုင်ဆိုင်မှုအားလုံးကို လီရှင်းယွင်ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်းကြားလိုက်ရသောအခါ ကျန်းယာ့ကောသည် ခေါင်းငုံ့ထားရာမှ ရုတ်တရတ် ခေါင်းမော့ကြည့်လိုက်သည်။ သူမ အံ့သြထိတ်လန့်သွားပြီး နှုတ်မှလွှတ်ခနဲထွက်သွားသည်။

 

“အဲ့တာမဖြစ်နိုင်ဘူး။ ဘာလို့  ဦးလေးက ပိုင်ဆိုင်မှုအားလုံးကို လီရှင်းယွင်အတွက် ထားခဲ့ရတာလဲ။ သူက ပိုင်ဆိုင်မှုတွေကို လီရှစ်ကျီအတွက် ထားခဲ့သင့်တာ မဟုတ်ဘူးလား။”

 

လီဝမ့်ကျင်းက လီရှင်းယွင်ကို သဘောကျနှစ်သက်ခြင်း မရှိခဲ့ပါ။ တစ်လျှောက်လုံး လီရှစ်ကျီသည်သာ သူအနှစ်သက်ဆုံးသားဖြစ်ခဲ့ပြီး သူ့ရဲ့အမွေဆက်ခံသူအဖြစ် အမြဲမှတ်ယူခဲ့သည်။ ထိုသို့သော လီဝမ့်ကျင်းက သူ့ပိုင်ဆိုင်မှုအားလုံးကို လီရှင်းယွင်ထံသို့ ထားခဲ့မည်နည်း။ လီဝမ့်ကျင်း၏ပိုင်ဆိုင်မှုပမာဏသည် အလွန်ကျဆင်းသွားသော်လည်း ကျန်းယာ့ကော၏အမြင်တွင် ထိုပိုင်ဆိုင်မှုများသည် သူမတစ်ဘဝလုံးတွင် မရရှိနိုင်သောငွေပမာဏဖြစ်နေပြီဖြစ်သည်။

 

ဖန့်ကျွင်းရုံက သူမကို အေးစက်စွာကြည့်လိုက်သည်။ အချို့သောရှုထောင့်များမှကြည့်ရလျှင် သူမက ကျန်းယာ့ကောကို အထင်ကြီးလေးစားမိသည်။ သာမာန်လူတစ်ဦးသည် နာရီပေါင်းများစွာ ငိုကြွေးသောအခါတွင် သူတို့၏မျက်လုံးများသည် သစ်ကြားသီးအရွယ်ခန့် ရောင်ရမ်းလာကြသည်။ အခြားတစ်ဖက်တွင် ကျန်းယာ့ကောသည် သူမပါးပြင်ပေါ်တွင် မျက်ရည်များစွာကျဆင်းသွားခဲ့သော်လည်း သူမ၏မျက်လုံးများသည် နီရဲနေပြီး ရောင်ရမ်းခြင်းမရှိပေ။

 

လီရှစ်ကျီ၏မျက်နှာအမူအရာသည် သူမနှင့် အနည်းငယ်တူသည်။

 

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

 

“ဒီဆန္ဒက တကယ့်အစစ်အမှန်လား။”

 

သူ့အဖေအကြောင်းကို သူကောင်းကောင်းသိသည်။ သူ့အဖေ အတွင်းစိတ်၌ အမျိုသားများသည် အမျိုးသမီးများထက် သာလွန်တယ်လို့ သူ့အဖေက ယုံကြည်ခဲ့သည်။ အများဆုံး သူက လီရှင်းယွင်အတွက် ခန်းဝင်ပပစ္စည်းအနည်းငယ်လောက်ပဲ ထားခဲ့လိမ့်မယ်။ သူမကို ပိုင်ဆိုင်မှုအားလုံးကို ပေးခဲ့မှာ