အခန်း၁၇၇
Viewers 25k

အခန်း(၁၇၇) - “ဘယ်လိုအမှိုက်မမျိုးလဲ။ သူမ ဘယ်လိုလုပ်နိုင်ရတာလဲ။” (၂)

 

ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းက နောက်ထပ်နှစ်အနည်းငယ်လောက် ဆက်လက်အသက်ရှင်ခဲ့ပါက သူ့ဆန္ဒကို နောက်တစ်ကြိမ် ပြုပြင်ပြောင်းလဲနိုင်လိမ့်မည်လို့ သူမ ခံစားမိသည်။ ဒါပေမယ့် မနေ့က အထူးအခြေအနေတစ်ရပ် ဖြစ်ပွားခဲ့သည်။ သူက လီရှင်းယွင်ကို သူ့ဖက်ပါအောင်လုပ်ချင်ခဲ့ပြီး သူမစိတ်နှလုံးကို ပျော့ပြောင်းသွားအောင်လုပ်ဖို့အတွက် ရှေ့နေနဲ့အသိသက်သေများကိုခေါ်၍ သူ့ဆန္ဒကို သတ်မှတ်ခဲ့သည်။ သူက ဒီဆန္ဒကို နောက်တစ်ကြိမ်ထပ်ပြီးမပြင်ဆင်ခင်မှာ လီရှစ်ကျီကြောင့် သူက ဒေါသအထွက်လွန်ပြီးတော့ ဘဝတစ်ပါးကူးပြောင်းသွားခဲ့ရသည်။

 

အချို့ရှုထောင့်တစ်ခုမှကြည့်လျှင် လီရှစ်ကျီသည် သူ့ကိုယ်သူ စိတ်တိုပြီး ဆဲရေးလိုက်မိသည်။

 

ထိုစကားကိုကြားလိုက်ရသောအခါ ရှေ့နေသည် အနည်းငယ် ဒေါသထွက်သွားသည်။

 

“မစ်စတာလီရှစ်ကျီ မင်းက ငါ့ရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့ အကျင့်စာရိတ္တကို စော်ကားနေတာပဲ။”

 

“အကယ်၍ မင်း ငါ့ကိုမယုံဘူးဆိုရင် အခုချက်ချင်းပဲ အသိသက်သေနှစ်ယောက်ကို ခေါ်လိုက်လို့ရတယ်။”

 

လီရှစ်ကျီမှာ ဝမ်းနည်းပူဆွေးဖို့အချိန်မရှိတော့ပါဘူး။ အခုသူတွေးနိုင်တာတစ်ခုက သူက သူ့အဖေထံမှ ‌အမွေတစ်ပြားမှမရခဲ့ဘူးဆိုတဲ့အချက်ကိုပါပဲ။ သူသည် ရှေ့နေက သူ့ကို လိမ်လည်ရန် အကြောင်းပြချက်မရှိကြောင်း နားလည်သော်လည်း သူ့စိတ်ထဲမှာတော့ လက်ခံနိုင်ရန် ခက်ခဲနေခဲ့သည်။

 

ဖန့်ကျွင်းရုံက သူမရဲ့ဝက်လိုတုံးအတဲ့သားကိုကြည့်ရင်း တခစ်ခစ်ရယ်မောကာ ထေ့ငေါ့ပြောလိုက်သည်။

 

“ကိုယ့်အဖေကိုသေအောင်ပြုလုပ်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ တရားဝင်အမွေဆက်ခံရမယ့်ကိစ္စကို မေးခွန်းထုတ်ဖို့ မင်းမှာဘယ်လိုမျက်နှာရှိတာလဲ။”

 

“အကယ်၍ သူက မင်းကိုအမွေဆက်ခံခွင့်ပေးခဲ့တယ်ဆိုရင် မင်းမှာ ဒါကိုလက်ခံဖို့ လိပ်ပြာသန့်ရဲ့လား။”

 

သူမ၏မေးခွန်းနှစ်ခုသည် လီရှစ်ကျီ၏မျက်နှာကို သွေးဆုတ်သွားစေသည်။ လီရှစ်ကျီ၏နှုတ်ခမ်းများသည် ပါးပြင်များထက်ပင် ဖျော့တော့နေပြီး သူ့ရဲ့ခန့်ညားချောမောသောမျက်နှာဟာ အမူအရာကင်းမဲ့ကာ သူ့မျက်လုံးများထဲတွင်တော့ တောင်းပန်တိုးလျှိုးမှုများပြည့်နှက်နေသည်။

 

“ဒီလောက်ဆို လုံလောက်နေပါပြီ။ ကျေးဇူးပြုပြီးတော့…” သူ့အသံဟာ တိုးသဲ့ပြီးအားလျော့နေခဲ့သည်။

 

ဖန့်ကျွင်းရုံက သူမနှုတ်ခမ်းကိုဝိုင်းလိုက်ကာ “ဘာလို့လဲ။ မင်းက ဒီလိုအရှက်မရှိတဲ့ကိစ္စမျိုးကို ပြုလုပ်ခဲ့ပေမယ့် မင်းကို အခြားသူတွေပြောတာကိုတော့ ရှက်တယ်လား။”

 

ကျန်းယာ့ကောသည် သူမချစ်သူအတွက် စကားမပြောပဲမနေနိုင်ခဲ့ပါ။ 

 

“ရှစ်ကျီက ဒီလိုဖြစ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဘယ်သူကမှ ဒီလိုအဖြစ်ဆိုးမျိုးကို မဖြစ်စေချင်ပါဘူး။ ကျွန်မတို့က ဦးလေးကို အခြားသူတွေထက်ပိုပြီးတော့ အသက်ရှင်စေချင်တာပါ။”

 

“ဒီလောက်ဆိုတော်လောက်ပြီ။ နင်တို့နှစ်ယောက်က ငါ့ကို စက်ဆုပ်ရွံ့ရှာစေတယ်။” ရုတ်တရတ် မော့ကြည့်ပြီးပြောလိုက်သည့် လီရှင်းယွင်၏မျက်လုံးများသည် နီရဲပြီးရောင်ရမ်းနေခဲ့သည်။

 

“အကယ်၍ အဖေက မင်းကိုအမွေဆက်ခံခွင့်ပေးခဲ့တယ်ဆိုရင်တောင် သူ့ကိုသေစေခဲ့တဲ့လူတစ်ယောက်အနေနဲ့ မင်းအရှက်မရှိပဲ ဒီအမွေတွေကို တကယ်လက်ခံနိုင်မှာလား။”

 

လီရှစ်ကျီ၏နှုတ်ခမ်းများဟာ တုန်ယင်လာခဲ့သည်။ သူက တစ်ခုခုပြောချင်သော်လည်း လဲမကျသွားခင်က သူ့အဖေရဲ့မျက်နှာကို မြင်ယောင်မိသည်။ ထိုအချိန်က သူ့ကိုရက်စက်ကြမ်းကြုတ်စွာကြည့်နေခဲ့ပြီးတော့ ထိုအကြည့်များထဲတွင် နာကျင်ယူကျုံးမရမှုများပါ ပြည့်နှက်နေခဲ့သည်။

 

သူ့ကိုစိုက်ကြည့်နေတဲ့ လီရှင်းယွင်ရဲ့အကြည့်အောက်မှာ သူက အဝေးသို့အကြည့်လွှဲလိုက်သည်။

 

လီရှင်းယွင်က အေးစက်စွာပြောလိုက်သည်။ “အနည်းဆုံးတော့ နင် ‌နောင်တနည်းနည်းလောက်ရလိမ့်မယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် ငါက နင့်အသိစိတ်ကို မတန်တဆတွက်မိသွားတာပဲ။ ဒီအချိန်မှာ နင်စဥ်းစားနေတာက ငွေကြေးဥစ္စာပဲ။ နင့်ကြောင့် သေသွားခဲ့တဲ့အသက်ကို မဟုတ်ဘူး။ နင်တို့နှစ်ယောက်စလုံး သွေးအေးပြီးတော့ တစ်ကိုယ်ကောင်းဆန်ကြတယ်။ နင်တို့နှစ်ယောက်စလုံးက အရမ်းလိုက်ဖက်တဲ့အတွဲပဲ။ ငါ့ကို မျက်စိပွင့်နားပွင့်စေတာပဲ။”

 

သူမက လီရှစ်ကျီကိုကြည့်ကာ “နင် ဘယ်တော့မှမမေ့နိုင်တဲ့လူမျိုးက ဒီလိုမိန်းမမျိုးတဲ့လား။ နူးညံ့ပြီးကြင်နာတတ်တဲ့အမျိုးသမီးတစ်ယောက်တဲ့လား။ ဟမ့်…”

 

“ဟမ့်” ဆိုသည့်စကားထက် ပို၍မထေ့ငေါ့ချင်‌တော့ပေ။

 

သူမရဲ့ မညှာတာသော အပြစ်တင်ဆုံးမမှုက ကျန်းယာ့ကောကို ဖျော့တော့သွားစေခဲ့သည်။ ကျန်းယာ့ကောက “မဟုတ်ဘူး။ ကျွန်မက အဲ့လိုမိန်းမစားမျိုးမဟုတ်ပါဘူး။” ဟု မသိစိတ်မှ ရေရွတ်ပြောဆိုလိုက်သည်။

 

ဦးလေးသေဆုံးသွားခဲ့သည့်ကိစ္စသည် ဖြစ်ပျက်ပြီးခဲ့ပြီးသောကိစ္စဖြစ်ပြီးတော့ မပြောင်းလဲနိုင်ဘူးလို့ သူမ ခံစားမိသည်။ အသက်ရှင်သန်နေဆဲသူများသည် မျှော်လင့်စောင့်စားရင်း ဆက်လက်ရှင်သန်ရပေမည်။ သူမသည် လီရှစ်ကျီ၏လက်မောင်းကို ဆုပ်ကိုင်ထားကာ သူ့ချစ်သူထံမှ အထောက်အပံ့ရှာရန်သာလိုသည်။

 

ကျန်းယာ့ကော၏အပြုအမူနှင့် သူမကွယ်လွန်ခင်က ပြောခဲ့သည့် သူ့အဖေရဲ့ပြောစကားများကို သတိရမိသောအခါ လီရှစ်ကျီက သူ့မသိစိတ်ကနေ သူမ ဆုပ်ကိုင်ထားသည့်လက်ကို ရှောင်တိမ်းလိုက်သည်။

 

ကျန်းယာ့ကောသည် အံ့အားသင့်သွားပြီးတော့ သူမမျက်ဝန်းများမှာ မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။

 

ထိုအခြင်းအရာကိုမြင်လိုက်ရသောအခါ ဖန့်ကျွင်းရုံသည် ဒီအရာက အလွန်ရယ်စရာကောင်းတယ်လို့သာ ခံစားခဲ့ရသည်။ သူမရဲ့ ဝက်လိုသားက ကျန်းယာ့ကောထက် ဘယ်မှာပိုသာလို့လဲ။ သူ့အဖေရဲ့အမွေဥစ္စာအကြောင်းကိုပဲ အရင်ဆုံး တွေးခဲ့တာ မဟုတ်ဘူးလား။ ဒါက တကယ့်ကိုပဲ သူခိုးကိုလူဟစ်တာပဲ မဟုတ်လား။

 

သူမသည် ဒီကိစ္စကို စိတ်မဝင်စားသလို ဒီနှစ်ယောက်အနားမှာလည်း မနေချင်တော့ပေ။

 

လီရှစ်ကျီနှင့် ကျန်းယာ့ကောတို့ကို ဆူပူကြိမ်းမောင်းပြီးသော လီရှင်းယွင်သည် သူမဖက်သို့လှည့်ကာ “မေမေ ဘာလို့ အိမ်ကိုပြန်ပြီး အနားမယူရတာလဲ။ သမီး ဒီနေရာကကိစ္စတွေကို တာဝန်ယူနိုင်ပါတယ်။” လို့ ပြောလိုက်သည်။

 

သူမသည် အသက်ငယ်ရွယ်သေးပြီး တစ်ခါတစ်ရံ နောက်ကျမှအိပ်စက်ခြင်းဟာ ပြဿနာတစ်ခုမဟုတ်ပါဘူး။

 

ဖန့်ကျွင်းရုံက သူမသမီးလေးရဲ့ကြင်နာတတ်မှုကို နားလည်တယ်။ သူမ တစ်စုံတစ်ခုကိုစဥ်းစားမိပြီးတော့ သူမ၏ကိုယ်ပိုင်ရှေ့နေနှင့် ကျန်းသဲ့ရှန်းကို သူမသမီးလေးနှင့်အတူနေရန် ခေါ်လိုက်သည်။ သူတို့သည် သူမလေးအား အကူအညီအချို့ ပေးနိုင်လိမ့်မည်။

 

လီရှင်းယွင်သည် သူမကို ဆေးရုံဝင်ပေါက်ရှေ့အထိ လိုက်ပို့ပေးခဲ့သည်။

 

ဖန့်ကျွင်းရုံက သူမလေးကို “သမီးလုပ်နိုင်သလောက်ကိုပဲ လုပ်ပါ။ သမီးမှာ အကူအညီတစ်ခုခုလိုအပ်ရင် မေမေ့ကို အသိပေးပါ။ ဟုတ်ပြီလား။” 

 

လီရှင်းယွင်သည် သူမပါးစပ်လေးကို တင်းတင်းစေ့ပြီး “သမီး သိပါတယ်” လို့