အခန်း(၁၇၈) - “ဘယ်လိုအမှိုက်မမျိုးလဲ။ သူမ ဘယ်လိုလုပ်နိုင်ရတာလဲ။” (၃)
ခဏအကြာမှာ သူမမှာ သိမ်မွေ့စွာ မေးလိုက်သည်။ “သူက ကျန်းယာ့ကောနဲ့လမ်းခွဲလိမ့်မယ်လို့ အမေထင်လား။’
ဖန့်ကျွင်းရုံက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် “ မဖြစ်နိုင်ဘူး” လို့ ပြန်ဖြေလိုက်သည်။
“ဟမ်”
လီရှင်းယွင်က အံ့သြသွဦးသည်။ သူတို့နှစ်ယောက်က ဘာတွေဖြစ်ခဲ့ပါစေ လမ်းခွဲမှာမဟုတ်ဘူး။ ကျန်းယာ့ကောကို နေ့တိုင်းတွေ့နေရတာက သူမတို့အဖေရဲ့နောက်ဆုံးအချိန်လေးကို လီရှစ်ကျီက သတိမရဘူးလား။ သူမဟာ လီရှစ်ကျီကို နားမလည်နိုင်တော့ဘူးလို့ ခံစားလိုက်ရသည်။
ဖန့်ကျွင်းရုံက သူမကို အနည်းငယ် ထေ့ငေါ့ပြုံးလိုက်သည်။
“သူက ကျန်းယာ့ကောနဲ့အတူနေနိုင်ဖို့ အများကြီးစွန့်လွှတ်ခဲ့ပြီးပြီ။ သူသာ အခုအချိန်မှာ သူမနဲ့လမ်းခွဲလိုက်မယ်ဆိုရင် သူလုပ်ခဲ့သမျှတွေအားလုံးက ဟာသတစ်ခုလိုပဲ ဖြစ်သွားလိမ့်မယ်။ ဒါ့ကြောင့် သူက သူမနဲ့အတူဆက်ရှိနေပြီးတော့ သူတို့အကြားမှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို လူတိုင်းကို အသိပေးလိမ့်မယ်။ ပြီးတော့ အရာအားလုံးက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာအတွက် ပေးဆပ်ခဲ့ရတာပဲ။”
ကျန်းယာ့ကောနဲ့ပတ်သက်ပြီး သူကမပျော်ရွှင်ရင်တောင်မှ အခြားသူများရှေ့မှာတော့ ဘယ်တော့မှ ထုတ်ဖော်ပြသမှာမဟုတ်ဘူး။ သူက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာကို အကာအကွယ်ယူထားပေလိမ့်မည်။ ထိုအရာက သူ့စိတ်ယာယီလွတ်သွားတာပြီး သူ့အဖေရဲ့သေဆုံးခြင်းကို ယူဆောင်လာပေးမိကြောင်းကို ဝန်ခံတာထက် ပိုကောင်းပေလိမ့်မည်။
သူ့ရဲ့ ထိုသို့သောတစ်ကိုယ်ကောင်းဆန်သောပုံစံသည် လီဝမ့်ကျင်းနဲ့ အလွန်တူသည်။ သူတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ဘဝကို သူတို့ကိုယ်တိုင်ပုံဖော်ပြီး သူတို့ရဲ့အသွင်အပြင်ကို အများကြီးဂရုစိုက်ကြသည်။
လီရှင်းယွင်သည် ပြောစရာစကားကင်းမဲ့သွားသည်။
ဖန့်ကျွင်းရုံက သူမကို အနည်းငယ် နှစ်သိမ့်ပေးလိုက်သည်။ သူမသည် ရှင်းယွင် အခွင့်ကောင်းယူခံရမည်ကို မစိုးရိမ်ပါ။ သူမတွင် သက်တော်စောင့်များနှင့် မည်သည့်အခိုက်အတန့်ကိုမဆို မှတ်တမ်းတင်မည့် ကျန်းသဲ့ရှန်းလည်း ရှိပေသည်။
သူမသည် ဆေးရုံကနေ အိမ်သို့ပြန်လာခဲ့သည်။
***
သူမ အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းပင် အိပ်စက်အနားယူခဲ့သည်။ သူမအိပ်ပျော်ရန် အချိန်အနည်းငယ်ယူရလိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း ခေါင်းကို ခေါင်းအုံးနှင့်ထိလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားသည်။
သူမ အိမ်မက်မက်နေတာမှန်း သိလိုက်ရပေမယ့် သူမ လီဝမ့်ကျင်းကို အိမ်မက်မက်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။
လီဝမ့်ကျင်းသည် ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူသည် စျေးပေါသောအဝတ်အစားများကို ဝတ်ဆင်ထားသည်။ အိမ်သည် အိပ်ခန်းနှစ်ခန်းသာပါဝင်ပြီး အကြမ်းအားဖြင့် စတုရန်းမီတာ ၈၀ခန့်ရှိသည်။ ခရီးဆောင်သေတ္တာများကို နေရာတိုင်းတွင် စုပုံထားပြီး ထိုနေရာသည် အလွန်ရှုပ်ပွနေသည်။
အခန်းတံခါးပွင့်လာပြီးတော့ လီရှစ်ကျီဟာ အထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ သူသည်လည်း လီဝမ့်ကျင်းကဲ့သို့ ပင်ပန်းနွမ်းနယ်နေပုံရသည်။
လီဝမ့်ကျင်းသည် စိုးရိမ်တကြီး မတ်တပ်ထရပ်လိုက်ပြီး “သူတို့က ဘာပြောလဲ။ သူတို့ အဲ့တာကို ကူညီပေးနိုင်မယ်တဲ့လား။”
လီရှစ်ကျီသည် သူ့ခေါင်းကိုခါလိုက်ပြီး သူ့မျက်နှာဟာ ဖျော့တော့သွားသည်။
“ဒီအခြေအနေက အတော်လေး ကိုယ်တွယ်ဖို့ခက်တယ်။ ကျွန်တော်တို့ အခွန်ရှောင်တဲ့ပမာဏက အရမ်းများတော့ သူတို့ကူညီပေးလို့ မရနိုင်ဘူးတဲ့။”
“ကျစ်… သေတာပဲ။ တစ်ချိန်လုံး သူတို့ကို ငါတို့ ပိုက်ဆံအများကြီးဝင်အောင် လုပ်ပေးခဲ့တယ်။ အခု သူတို့က ငါတို့ကို စွန့်ပစ်ဖို့လုပ်နေတာလား။”
လီဝမ့်ကျင်းသည် အလွန်စိုးရိမ်ပူပန်သွားသည်။ “ယာ့ကောကရော ဘယ်လိုလဲ။ သူမမှာ အဆက်အသွယ် အများကြီးရှိတယ်လေ။ သူမ တစ်ယောက်ယောက်ကို အကူအညီမတောင်းနိုင်ဘူးလား။”
“အမေသေဆုံးသွားကတည်းက သူမရဲ့လက်ကောက်က အလုပ်မလုပ်တော့ဘူး။”
လီဝမ့်ကျင်းသည် ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်လဲကျသွားသည်။ သူ့မျက်နှာမှာ နောင်တများပြည့်နှက်နေခဲ့သည်။
“ဒါတွေအားလုံးက သူမအပြစ်ပဲ။ သူမကြောင့်သာမဟုတ်ရင် ကျွင်းရုံသေမှာ မဟုတ်သလို လက်ကောက်ကလည်း အလုပ်မလုပ်တော့မှာ မဟုတ်ဘူး။ ဒီလိုကံဆိုးမှုတွေကို ယူဆောင်လာတဲ့ မိန်းကလေးမျိုးကို မင်း ဘယ်လိုလုပ်ပြီးတော့ လက်ထပ်ခဲ့တာလဲ။”
“ငါ လျှို့ဝှက်ဆန်းကြယ်မြက်ကိုထုတ်ယူပြီးတော့ အပြင်မှာစိုက်ခိုင်းကြည့်သေးတယ်။ ဒါပေမယ့် သူမက ငါ့စကားကို နားမထောင်ခဲ့ဘူးလေ။ ကောင်းရော။ အခုဆိုရင် အလှအပဆေးလုံးနဲ့ ကျောက်စိမ်းဖြူဆေးခရင်မ်ကို ငါတို့ဆက်မထုတ်လုပ်နိုင်တော့ဘူး။”
“ငါတို့အကုန်လုံးပြီးဆုံးသွားပြီ။” သူ့မျက်ဝန်းထောင့်မှာ မျက်ရည်စများ စိုစွတ်နေခဲ့သည်။
လီရှစ်ကျီက တစ်ခုခုပြောဖို့လုပ်ချိန်တွင် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိသည်။
လီဝမ့်ကျင်းက ရုတ်တရတ် မော့ကြည့်လိုက်သည်။ “အဲ့တာ ယာ့ကောလား။”
လီရှစ်ကျီက ခေါင်းညိတ်လိုက်သည်။
“သူမဖုန်းခေါ်တာကို စပီကာပါဖွင့်ထားပေး။ သူမ ဘာပြောလဲဆိုတာကို ငါပါကြားချင်တယ်။”
လီရှစ်ကျီသည် ဖုန်းကိုင်လိုက်ပြီး ကျန်းယာ့ကောဖုန်းခေါ်တာကို စပီကာပါ ဖွင့်ထားခဲ့သည်။ ကျန်းယာ့ကော၏ဝမ်းနည်းပူဆွေးနေတဲ့အသံကို ကြားလိုက်ရသည်။
“ကျွန်မ တကယ်ပဲတောင်းပန်ပါတယ် ရှစ်ကျီရယ်။ ဒါတွေအားလုံးက ကျွန်မအမှားတွေပါပဲ။ ကျွန်မ ရှင့်ကို ဘယ်တော့မှ မျက်နှာချင်းဆိုင်နိုင်မယ်မထင်ဘူး။”
“ကျွန်မတွေ့ဆုံမှုက အစကတည်းက မှားယွင်းနေတာ ဖြစ်ရမယ်။ ရှင် ကျွန်မကို မေ့လိုက်ပါတော့။”
လီရှစ်ကျီ၏မျက်နှာသည် ချက်ချင်း အရောင်ပြောင်းသွားသည်။ သူမပြောလိုသောစကားအဓိပ္ပာယ်သည် သိသာထင်ရှားလှသည်။ သူ့လက်မောင်းမှာ အပြာရောင်သွေးကြောများပင် ထောင်ထလာသည်။
“မင်း အခုဘယ်မှာလဲ။”
“မင်း ဝမ်ရှောင်းနဲ့အတူ ရှိနေတာလား။ ဒါမှမဟုတ် ကျန်းပိနဲ့လား။ ဒါမှမဟုတ် ဖန့်ကြွယ်မင်နဲ့လား။”
အမျိုးသားအသံတစ်ခုက ကြားဝင်စွက်ဖက်လာသည်။ “ယာ့ကော သူနဲ့စကားတော်လောက်ပြီ။ သူက အရှုံးသမားတစ်ယောက်ဖြစ်နေပြီးတော့ မင်းက သူ့အတွက် အရမ်းကောင်းလွန်းတယ်။ ငိုနေတာ ရပ်လိုက်တော့။ မနက်ဖြန်ကျရင် ကိုယ် မင်းကို နိုင်ငံခြားကို အနားယူ ရှုခင်းကြည့်ဖို့ ခေါ်သွားပေးမယ်။ မင်း သူတို့အတွက် စဥ်းစားပေးတာ လုံလောက်နေပြီ။’
ဒါက ဝမ်ရှောင်းရဲ့အသံပဲ။
နောက်တစ်စက္ကန့်တွင် ဖုန်းခေါ်ဆိုမှုဟာ ပြီးဆုံးသွားခဲ့ပြီ။
လီရှစ်ကျီသည် ဖုန်းချလိုက်ပြီး သူ့မျက်နှာဟာ မည်းမှောင်သွားသည်။
လီဝမ့်ကျင်း၏လက်ဟာတုန်ခါနေသည်။
“ဘယ်လိုအမှိုက်မမျိုးလဲ။ သူမ ဘယ်လိုလုပ်နိုင်ရတာလဲ။”
သူ့ရင်ဘတ်သည် အပေါ်မှအောက် ပြင်းထန်စွာ အသက်ရှုရင်း