အခန်း၁၇၉
Viewers 25k

အခန်း(၁၇၉) - သူပေးမယ့် ငွေပမာဏထဲ နောက်သုညတစ်လုံး‌လောက်ပေါင်းထည့်ပြီးတောင်းလိုက် (၁)

 

ဖန့်ကျွင်းရုံသည် နောက်ဆုံးတော့ သူမရဲ့အိမ်မက်ထဲကနေ သူမသေဆုံးပြီးနောက်ဖြစ်ခဲ့သည့် အဖြစ်မှန်ကိုသိရှိခဲ့ပြီး လီဝမ့်ကျင်းရဲ့လေဖြတ်ခြင်းဆိုတဲ့ ကံကြမ္မာက ကျန်းယာ့ကောကြောင့် ဖြစ်နေဆဲပင်ဖြစ်သည်။


လီရှစ်ကျီက လီဝမ့်ကျင်းကို ဆေးရုံသို့ပို့ဆောင်ပြီးနောက် မကျေနပ်ချက်များစွာနဲ့ ကျန်းယာ့ကောကို လိုက်ရှာနေခဲ့တာကို သူမ မြင်တွေ့ခဲ့ရသည်။


ဖန့်ကျွင်းရုံသည် သူမအိပ်ရာနိုးလာတော့ သူမအိပ်ချိန် ၉နာရီအပြည့် အိပ်စက်ခဲ့မိတာကို သတိပြုမိသည်။ သူမ အရမ်းလန်းဆန်းတက်ကြွနေတယ်လို့ ခံစားရတာကို သူမ မအံ့သြမိပါဘူး။


ပုံမှန်အားဖြင့် သူမအိပ်ရာနိုးလာပြီးနောက် သူမမက်ခဲ့သော အိမ်မက်များကို မေ့လိမ့်မည်။ ယနေ့အိပ်ရာနိုးတော့ သူမမြင်မက်ခဲ့သည့် အိမ်မက်အကြောင်းအရာများကို ရုပ်ရှင်ကားသဖွယ် ပြတ်ပြတ်သားသား သူမခေါင်းထဲမှာ မှတ်မိနေခဲ့သည်။


ထိုအရာသည် အလွန်အံ့သြဖွယ်ကောင်းသော အိမ်မက်တစ်ခုပင်ဖြစ်သည်။ သူမရဲ့ တစ်ခုတည်းသောမကျေနပ်ချက်က သူမအိမ်မက်ထဲမှာ အဆုံးထိမမြင်နိုင်ခဲ့တာကိုပါပဲ။ အဲ့တာက အရင်တုန်းကလောက်တော့ ကျေနပ်စရာမကောင်းခဲ့ဘူး။ထိုအရာက အမှန်တကယ်ဖြစ်ခဲ့သည်ဖြစ်စေ မဖြစ်ခဲ့သည်ဖြစ်စေ သူမ၏ယခင်ဘဝမှ သူမနှင့်အတူ ယူဆောင်လာခဲ့သောနာကျင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမသည် ထိုလူများကို မုန်းတီးနေဆဲဖြစ်သော်လည်း သူမအတွက် အရေးအကြီးဆုံးသောအရာမှာ ယခု သူမရှေ့တွင်ရှိနေသော ကောင်းမွန်သောဘဝတွင် ရှင်သန်ရန်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိနားလည်သည်။


အခုတစ်ပတ်လုံး ရှင်းယွင်သည် စျာပနကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့သည်။ ဖန့်ကျွင်းရုံက လီဝမ့်ကျွင်းကွယ်လွန်သွားပြီး သူ့စျာပနပွဲတွင် သူမရှိနေသင့်တာကို မှန်ကန်သည့်ကိစ္စဖြစ်ကြောင်းကို သိသော်လည်း သူမသည် ထိုစျာပနပွဲသို့ တက်ရောက်ရန် ရည်ရွယ်ချက်မရှိပေ။ 


လူတစ်ယောက်ကွယ်လွန်သွားပြီးနောက်မှာ သူတို့နှင့်ပတ်သက်တဲ့ကောင်းတဲ့အရာတွေကို မှတ်မိကြလိမ့်မယ်လို့‌ပြောကြတယ်။ မည်သို့ပင်ဆိုစေကာမူ သူမ လီဝမ့်ကျင်းအကြောင်းကိုတွေးမိတိုင်း သူနှင့်လီရှစ်ကျီတို့ သူမကို စိတ္တဇဆေးရုံမှာ ပိတ်လှောင်ထားခဲ့သည့်အချိန်ကို သူမ မတွေးမိပဲ မနေနိုင်ပေ။ သူမသည် သူ့အတွက် သနားကြင်နာမှု နည်းနည်းလေးမှမရှိပါ။


သူမ အစိုးရိမ်ဆုံးက ရှင်းယွင်ပင်ဖြစ်သည်။ သူမ အံ့အားအသင့်ဆုံးက ရှင်းယွင်သည် ထိုစျာပနကိစ္စအားလုံးကို သူမဖာသာသူမ ကိုယ်တွယ်နိုင်ခဲ့သည်။ သူမသည် ကျုံးရီနှင့် လက်ထောက်အနည်းငယ်တို့၏အကူအညီဖြင့် စျာပနနှင့်ပတ်သက်သောကိစ္စအားလုံးကို စီစဥ်နိုင်ခဲ့သည်။


ရက်လည်တစ်ပတ်ပြည့်ပြီးနောက် သူမသည် နောက်ဆုံးတော့ အိမ်သို့ပြန်လာနိုင်ခဲ့ပြီးတော့ သူမမျက်ဝန်းအောက်တွင် အမည်းကွင်းများပင် ပေါ်လာခဲ့သည်။


ဖန့်ကျွင်းရုံက သူမလေးကို ပွေ့ဖက်ပေးလိုက်ပြီး သစ်သီးအချို့ ယူလာပေးခဲ့သည်။


“အသီးလေးဘာလေး စားလိုက်ပါဦး”


သူမ ရှင်းယွင်အတွက် ပြင်ဆင်ပေးသောသစ်သီးများသည် သူမ၏ကိုယ်ပိုင်နယ်မြေအတွင်းမှဖြစ်သည်။ သူမသည် သူတို့ကို ဆေးကြောပြီးနောက် သူတို့ကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်လိုက်သည်။ ဒီအသီးများသည် ပုံမှန်အသီးများနှင့် ကွဲပြားခြားနားသည်။ filterတစ်ခုအား အသုံးပြုထားသကဲ့သို့ ဒီအသီးများကို အမှတ်တမဲ့ဓာတ်ပုံရိုက်ယူလိုက်ရင်တောင် မဂ္ဂဇင်းမျက်နှာဖုံးအဖြစ်ပင် အသုံးပြုနိုင်ပုံရသည်။ သူမသည် သစ်သီးများထံမှ အစေ့များကို သိမ်းဆည်းထားသည်။ သူမဟာ သူတို့ကို ဒီအပြင်ဖက်ကမ္ဘာမှာ ကြီးပြင်းလာအောင် စိုက်ပျိုးနိုင်ပြီးတော့ သူတို့ ဘယ်လိုအရသာဖြစ်နိုင်မလဲဆိုတာကို စမ်းသပ်ကြည့်ဖို့က သူမရဲ့ရည်ရွယ်ချက်ပါပဲ။


“အမ်... သမီး အခုတစ်လော စားချင်စိတ်မရှိဘူး...”


လီရှင်းယွင်သည် သူမပါးစပ်ထဲ ပန်းသီးတစ်စိတ်ကို မထည့်ခင် ပြောလိုက်သည်။ သူမ ပန်းသီးတစ်စိတ်ကိုစားပြီးနောက် မျက်လုံးပြူးသွားခဲ့ပြီး သစ်သီးပန်းကန်ပြားကိုယူကာ သစ်သီးစိတ်များကို စတင်စားသောက်ခဲ့သည်။ တစ်ခုပြီးတစ်ခု သူမ မရပ်မနားစားသောက်ခဲ့သည်။


“ဒါက အရသာရှိတယ်။ ဒါတွေကို မေမေ ဘယ်ကရတာလဲ။ ဒီလိုအရသာရှိတဲ့သစ်သီးတွေကို သမီးမြည်းစမ်းဖူးတာ ဒါပထမဆုံးပဲ။ သူတို့က ချိုမြိန်ပြီးကြွတ်ဆတ်နေတာပဲ။” သူမသည် သစ်သီးပန်းကန်ပြားတစ်ဝက်ကို စားသောက်ပြီးနောက် အလွန်စိတ်ကျေနပ်သွားသည်။


ပြီးတော့ သူမစိတ်ထင်တာဟုတ်မဟုတ် မသေချာသော်လည်း သူမသည် သစ်သီးများစားပြီးနောက် ပင်ပန်းနွမ်းနယ်လာသလို ခံစားလိုက်ရသည်။


ဖန့်ကျွင်းရုံက “ဒီဟာက မျိုးစိတ်သစ်တစ်ခုဖြစ်တာကြောင့် သူတို့ကို စျေးကွက်ထဲမှာ အခုထိမရောက်သေးဘူး။” လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။


လီရှင်းယွင်က သူမအမေဆိုလိုရင်းကို တကယ်နားမလည်တာမို့ သူမ အခုစားနေဖို့ပဲ တွေးလိုက်ပါသည်။


သူမသစ်သီးများစားနေစဥ်တွင် သူမလေး၏ပါးများသည် ဖောင်းကားနေသည်။ သူမသည် စျာပနကိစ္စအကြောင်းကို ဘာမှမပြောပေမယ့် နောက်ပိုင်းမှာ သူမရဲ့လက်ထောက်တွေက ဖန့်ကျွင်းရုံကို အသေးစိတ် ပြန်တင်ပြပေးလိမ့်မယ်။ ထို့ကြောင့် ဖန့်ကျွင်းရုံသည် လီရှစ်ကျီက သူ့အဖေစျာပနတွင် အခြားဧည့်သည်များ၏ ကဲ့ရဲ့ရှုံချသည့်အကြည့်ကို ခံနိုင်ရည်မရှိတာကြောင့် အမွှေးနံ့သာထွန်းညှိရုံလောက်သာ နေခဲ့သည်။ စျာပနအတွက် ကူညီလုပ်ကိုင်ပေးဖို့ စိတ်မဝင်စားခဲ့ပေ။


လီဝမ့်ကျင်း၏သားဖြစ်သူသည် သူ့မျှော်လင့်ချက်အားလုံးကို ပျက်သုန်းစေခဲ့ပြီး သူ့စျာပနတွင်ပင် အလွန်ဝတ်ကျေတန်းကျေဆန်လွန်းခဲ့သည်။ လီဝမ့်ကျင်းသာ ဒီအကြောင်းကိုသိသွားခဲ့ရင် သူ့အခေါင်းထဲကပင် ခုန်ထွက်လာနိုင်သည်။