အခန်း၁၈၀
Viewers 25k


အခန်း(၁၈၀) - သူပေးမယ့် ငွေပမာဏထဲ နောက်သုညတစ်လုံး‌လောက်ပေါင်းထည့်ပြီးတောင်းလိုက် (၂)


လီရှစ်ကျီအကြောင်းဇာတ်လမ်းများသည် သူတို့အသိုင်းအဝိုင်းအတွင်း ပျံ့နှံ့သွားသည်။ သူက လုံးဝကို နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပြီး သူ့နာမည်က အောက်ခြေထိအောင်ရောက်ခဲ့သည်။ လူများစွာတို့သည် ကျန်းယာ့ကောလို အဆိပ်အတောက်ကဲ့သို့မိန်းမမျိုးကြောင့် လီရှစ်ကျီလို တောက်ပသောအနာဂတ်ရှိသည့်လူတစ်ယောက်က ဒီနေ့လိုမျိုးဖြစ်လာခဲ့ပုံကို အတင်းပြောဆိုခဲ့ကြသည်။ ဖန့်ကျွင်းရုံသည်လည်း ယခင်က သူတို့နှစ်ယောက်လိုမျိုး ပြောဆိုခံခဲ့ရဖူးသည်။ ကောင်းကင်ဘုံက စီစဥ်ထားသလိုပါပဲ။ သူတို့ထဲကတစ်ယောက်က အခြားတစ်ယောက်အတွက် အရမ်းလိုက်ဖက်ညီတယ်ဆိုတာပြောဖို့မလိုပါဘူး။


လီရှစ်ကျီက နာမည်ပျက်သွားခဲ့ပေမယ့် သူ့လက်ထဲမှာ ငွေအနည်းငယ်ကျန်သေးသည်။ သူကခေါင်းငုံ့ပြီးတော့ သူ့အသက်ကိုရှင်သန်စေခဲ့ရင် သူ့နေ့တွေဟာ သာမာန်လူတစ်ယောက်ထက် ပိုကောင်းမွန်နေပေလိမ့်မည်။ ဒါပေမယ့် စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာသောဘဝကနေ သာမာန်ဘဝမျိုးကို သူတို့က အခြေချနေထိုင်ဖို့ဆန္ဒရှိရဲ့လားဆိုတာ ကွဲပြားခြားနားတဲ့မေးခွန်းတစ်ခုလိုပါပဲ။


ခြုံပြောရရင် လီရှစ်ကျီရဲ့အနာဂတ်က သူမကို စိတ်မပူပန်စေတော့ဘူး။


ထိုအခိုက်အတန့်တွင် သူမသည် သူမထမ်းပိုးထားသော ဝန်ထုပ်ဝန်ပိုးတစ်ခုပြုတ်ကျသွားသလို ခံစားရပြီး စိတ်သက်သာရာရကာ သူမမျက်လုံးများနှင့် မျက်ခုံးများကို ဖြေလျော့အနားယူလိုက်ကာ သက်တောင့်သက်သာရှိသလိုခံစားလိုက်ရသည်။


***


အခြားတစ်ဖက်တွင် ဒီဇင်ဘာလကုန်မှာ ကျန်းသဲ့ရှန်း၏ယန်စီမီဒီယာနှင့် စာချုပ်သက်တမ်းသည် သက်တမ်းကုန်ဆုံးသွားခဲ့သည်။ သူက ကုမ္ပဏီမှမထွက်ခွာခင် သူ့ကိုယ်စားလှယ်နှင့်နောက်ဆုံးအကြိမ် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ သူက ကုမ္ပဏီကို အရမ်းမုန်းတီးနာကြဥ်းတာမျိုးမရှိဘူး။ သူတို့က သူ့ကို လိင်ပိုင်းဆိုင်ရာအပေးအယူများကို လက်ခံတဲ့အတွက်ကြောင့် သူ့ကိုဖယ်ကြဥ်ထားခဲ့ပေမယ့် သူတို့က သူ့ကို လျစ်လျူရှုတာကလွဲလို့ အခြားဖိအားပေးတာမျိုးမလုပ်ခဲ့ဘူး။ ကုမ္ပဏီအပြင်ဖက်မှာ အလုပ်ရှာတာမျိုးကိုလည်း သူတို့ ဂရုမစိုက်ကြဘူး။


သူတို့အသိုင်းအဝိုင်းထဲရှိ အခြားကုမ္ပဏီများနှင့် နှိုင်းယှဥ်ပါက ၎င်းတို့တွင် အောက်ဆုံးစည်းနှင့် အသိစိတ် အနည်းငယ်ရှိသည်။ 


သူ့ကိုယ်စားလှယ်က ကျန်းသဲ့ရှန်းကိုကြည့်ကာ “ဒါက မင်းရဲ့ရွေးချယ်မှုပဲ။ မင်းရဲ့ရွေးချယ်မှုကို ငါလေးစားတယ်။” လို့ ပြောလိုက်သည်။


ကျန်းသဲ့ရှန်းက သူ့မူတွေကို အမြဲလိုက်နာမယ်လို့ ထင်ခဲ့သော်လည်း နောက်ဆုံးတွင် အမျိုးသမီးတစ်ဦးထံမှာ ပေးအပ်ခဲ့လေသည်။


ကျန်းသဲ့ရှန်းက သူ့မျက်ခုံးများကိုပင့်လိုက်သော်လည်း ငြင်းဆိုခြင်းမရှိပဲ ပြုံးရုံသာပြုံးနေခဲ့သည်။ များစွာသောသူတို့သည် သူက ဆယ်နှစ်ကြာ ပြင်းထန်စွာအလုပ်လုပ်ခြင်းမှကယ်တင်ရန် ဖန့်ကျွင်းရုံနောက်သို့လိုက်ခဲ့တယ်လို့ ထင်မြင်ကြသည်။


“ကောင်းပြီ။ မင်းအသက်လည်း မငယ်တော့ဘူး။ မင်း တတ်နိုင်သလောက် စုဆောင်းထားတာ ပိုကောင်းလိမ့်မယ်။”


“မင်းမှာ အစီအစဥ်တစ်ခုတော့ရှိဖို့လိုတယ်။ ဥပမာအားဖြင့် အနည်းဆုံး အိမ်တစ်လုံးတော့ ပိုင်ရမယ်။” ဟု ကိုယ်စားလှယ် ဂရုတစိုက်ပြောလိုက်သည်။ “မင်းပြန်လာချင်ရင် ငါ့ကိုအသိပေးပါ။ ငါ အများကြီးမလုပ်ပေးနိုင်ပေမယ့် အနည်းဆုံး စာကြောင်းနှစ်ကြောင်းလောက်ပါဝင်တဲ့ ဇာတ်ဝင်ခန်း‌လောက်ကိုတော့ ငါ မင်းအတွက် ရှာပေးနိုင်ပါတယ်။”


ကျန်းသဲ့ရှန်းက သူ့နားထင်ကိုပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။ “တကယ်တော့ ကျွန်တော်မှာ အိမ်တစ်လုံးပိုင်ပြီးသားပါ။”


ကိုယ်စားလှယ်သည် လုံးဝအံ့အားသင့်သွားသည်။ “တကယ်လား။ မင်းမှာ အိမ်တစ်လုံးရှိနေပြီးသားလား။” ကြည့်ရတာ သူက ဖန့်ကျွင်းရုံနဲ့ အထူးဆက်ဆံရေးမျိုးရှိနေပုံရသည်။ သူတို့နှစ်ဦးက လွန်ခဲ့သောနှစ်လခန့်ကမှ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူးလား။


ကျန်းသဲ့ရှန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ကျွန်တော်ဝင်ငွေနဲ့ ကျွန်တော်ဝယ်ခဲ့တာ။ ကျွန်တော် စတော့ရှယ်ယာစျေးကွက်ကနေ ငွေအနည်းငယ်ရခဲ့တယ်လေ။”


ကိုယ်စားလှယ်က သူ့ကို သံသယအကြည့်ဖြင့်ကြည့်လိုက်ပြီး သူက ဖန့်ကျွင်းရုံက ကျန်းသဲ့ရှန်းအား ထိုသို့ပြောခိုင်းတယ်လို့ သံသယဝင်မိသည်။ သူက သူ့လက်ကိုဝှေ့ယမ်းပြရင်း ပြောလိုက်သည်။ “ကောင်းပြီ။ ငါတို့နောက်မှ စကားအေးဆေးပြောကြရအောင်။”


ကျန်းသဲ့ရှန်း တံခါးမှထွက်သွားသည်နှင့် ကိုယ်စားလှယ်ထံသို့ ဖုန်းဝင်လာခဲ့သည်။ သူက ကျန်းသဲ့ရှန်းကိုတားဖို့ တံခါးကိုဖွင့်ပြီး အလျင်အမြန်ပြေးတားခဲ့သည်။


“ဘာကိစ္စရှိလို့လဲ။” လို့ ကျန်းသဲ့ရှန်းကမေးလိုက်သည်။


ကိုယ်စားလှယ်ဟာ ဟောဟဲဟောဟဲ အမောလိုက်နေရင်း အလွန်စိတ်လှုပ်ရှားသောအကြည့်ဖြင့် အမြန်ပြောလိုက်သည်။ “မင်းကို အဓိကအမျိုးသားဇာတ်လိုက်အဖြစ် ကမ်းလှမ်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတဲ့ ရုပ်ရှင်းကားတစ်ကားရှိတယ်။ မင်း auditionသွားချင်လား။”


ဒါက ကျန်းသဲ့ရှန်းအတွက် ခံနိုင်ရည်မရှိသော သွေးဆောင်မှုတစ်ခုဖြစ်လိမ့်မယ်ဟု သူထင်ခဲ့သည်။ အထူးသဖြင့် ထိုအမျိုးသမီးသည် ချမ်းသာပြီးဆွဲဆောင်မှုရှိနေသည့်အခါ ဤကဲ့သို့သောဘဝမျိုးဟာ မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည်။ သူသည် မည်သည့်နေ့တွင်မဆို စွန့်ပစ်ခံရနိုင်သည်။ ကြီးကျယ်ခမ်းနားသည့် ကြယ်တစ်ပွင့်ဖြစ်လာပြီးတော့ ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာများကို ကိုယ်တိုင်ရှာဖွေနိုင်တာက ပိုကောင်းမွန်ပေလိမ့်မည်။


တစ်ဖက်က ကျန်းသဲ့ရှန်းကမူ မျက်မှောင်ကြုတ်ပြီး “ဘယ်ထုတ်လုပ်ရေးလဲ” လို့ မေးလိုက်သည်။


“ထာဝရညရုပ်ရှင်ဇာတ်ကားလေ။ အဲ့တာက ဘတ်ဂျက် ယွမ် ၅၀မီလီယံကျော် ရင်းနှီးမြှုပ်နှံထားတဲ့ စိတ်ကူးယဥ်သိပ္ပံရုပ်ရှင်ဇာတ်ကားလေ။ အရင်က အဲ့ဇာတ်ကားရဲ့ အဓိကဇာတ်လိုက်နေရာကို ရုပ်ရှင်ဧကရာဇ်ဖန့်ကြွယ်မင်အတွက် ပေးထားတာ။ ကံမကောင်းစွာနဲ့ ရုပ်ရှင်ဧကရာဇ်က လက်ဒဏ်ရာရသွားတယ်။