အခန်း၁၈၁
Viewers 25k

အခန်း(၁၈၁) - သူပေးမယ့် ငွေပမာဏထဲ နောက်သုညတစ်လုံး‌လောက်ပေါင်းထည့်ပြီးတောင်းလိုက် (၃)


“ငါ အဲ့တာကိုပယ်ဖို့လိုလိမ့်မယ်။ ငါက အဆင့်၁၈တန်းဝင်ပဲရှိတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ။ ငါ ဒီလောက်အဆင့်မြင့်မြင့်မှာ သရုပ်‌ဆောင်ဖို့မလုံလောက်ဘူး။” ဟု ကျန်းသဲ့ရှန်းက အေးစက်စွာပြောလိုက်သည်။


ကိုယ်စားလှယ်က ပြောမပြတတ်အောင် အံ့သြတုန်လှုပ်သွားသည်။ “ခဏစောင့်ပါဦး...”


ကံမကောင်းစွာပဲ သူ မည်မျှပင်ကြိုးစားကြိုးစား ကျန်းသဲ့ရှန်း၏စိတ်ကို မပြောင်းလဲနိုင်ခဲ့ချေ။ သူ့စိတ်ကိုပြောင်းဖို့ ရည်ရွယ်ချက်မရှိဘူး။ ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုထားသည့်သက်တမ်းကုန်သွားပြီး ကုမ္ပဏီက သူတို့လုပ်စေချင်ရင်တောင် အတင်းလုပ်ခိုင်းလို့မရဘူး။


သူထွက်သွားတာကိုစောင့်ကြည့်ရုံကလွဲပြီး သူတို့ ဘာမှမလုပ်နိုင်ဘူး။


***


ဖန့်ကျွင်းရုံသည်လည်း သဘာဝကျစွာပင် ဒီအဖြစ်အပျက်ကိုဖမ်းမိခဲ့သည်။ သူမသည် ကျန်းသဲ့ရှန်းက သူမနောက်သို့လိုက်ခဲ့သဖြင့် များစွာသောသူတို့က သူမတို့၏ဆက်ဆံရေးကို အထင်လွဲမှားခဲ့ပြီး သူ့ရဲ့နောက်ဆုံးရအခြေအနေတွေကို ပြန်ပြောပြကြသည်။


ထာဝရည ဟုတ်လား။ သူမ ယခင်ဘဝ၌ ဤရုပ်ရှင်နာမည်ကိုမကြားဖူးသည်မှာ သေချာသည်။


သီအိုရီအရ ဒီလောက်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းအကြောင်း သူမ အာရုံမစိုက်ခဲ့ရင်တောင် အဲ့တာကို သူမ အရင်ကကြားဖူးသင့်သည်။ ဆိုလိုတာက ဒီထုတ်လုပ်မှုဟာ သူမ အရင်ဘဝမှာ မရှိခဲ့ဘူးလား။ ဤအရာသည် သူမပြန်လည်မွေးဖွားလာခြင်း၏ လိပ်ပြာအကျိုးသက်ရောက်မှု၏တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သလား။


ကျန်းသဲ့ရှန်းအလုပ်လုပ်ရန် ရောက်လာသောအခါ သူမက ကျီစယ်လိုက်သည်။ “ထာဝရည ဟုတ်တယ်မဟုတ်လား။ နာမည်ကျော်ဒါရိုက်တာတစ်ဦးရဲ့လက်ရာဖြစ်ပြီးတော့ အလွန်နာမည်ကြီးနေတဲ့ဇာတ်လမ်းပဲ။ မင်း အဲ့တာကို ငြင်းပယ်လိုက်တာ နောင်တမရတာ သေချာလား။”


လူများစွာ၏အမြင်မှကြည့်လျှင် အမျိုးသားဇာတ်ဆောင်ဖြစ်ရန် စိတ်မဝင်စားပဲ ကူညီထောက်ပံ့ပေးသူတစ်ဦးရှိခြင်းက အလွန်ကံကောင်းတယ်ဟု မှတ်ယူကြလိမ့်မည်။ ၁၈တန်းဝင် သရုပ်ဆောင်တစ်ယောက်ဖြစ်သည့် ကျန်းသဲ့ရှန်းက ဒီဇာတ်လမ်းကိုရိုက်ကူးရန် မဆိုင်းမတွပဲ ငြင်းဆန်ခဲ့သည်။ ၎င်းသည် လူအများကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်။


သူမ၏လက်ထောက်အနေဖြင့်အပြင် သူမရဲ့ပွဲတက်ဖော်အဖြစ် အပိုဝင်ငွေပါရရှိသောကြောင့် သူ့တစ်လစာဝင်ငွေသည် အနည်းဆုံး ယွမ်တစ်သိန်းလောက်ရရှိသည်။ အဲ့တာက နာမည်ကြီးကြယ်ပွင့်တစ်လက်ဖြစ်ရတာထက် မနိမ့်ကျပေ။


ကျန်းသဲ့ရှန်း၏အသံသည် အလွန်ပြတ်သားခိုင်မာသည်။ “ဒါရိုက်တာကျီရဲ့နောက်မှာ ကျန်းကျစ်ယန်ရှိတယ်။ သူက ဒါရိုက်တာကျီရဲ့တရားမဝင်သမီးတစ်ယောက်ကိုတောင်မှ သူ့မွေးစားသမီးအဖြစ် အသိအမှတ်ပြုထားသေးတယ်။”


ကျန်းကျစ်ယန်လား။


ဖန့်ကျွင်းရုံက မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။ ဒါက ကျန်းကျစ်ယန်ရဲ့ သူမအနားနီးကပ်ဖို့လုပ်ထားတဲ့ အစီအစဥ်လား။ ကျန်းကျစ်ယန်နဲ့ ဒါရိုက်တာကျီတို့ရဲ့ဆက်ဆံ‌ရေးကို သူမ မသိခဲ့ဘူး။


သူမသည် ကျန်းသဲ့ရှန်းကို တစ်ချက်ကြည့်လိုက်မိပြီး သူက ထိုသတင်းကို သိနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ အသိုင်းအဝိုင်းထဲမှာတောင် ဒီသတင်းက လျှို့ဝှက်ထားနိုင်ပါတယ်။


သူမအရင်ဘဝတုန်းက ကျန်းကျစ်ယန်သည် ကျန်းယာ့ကောနှင့်တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်း ဒီအတိုင်းပါပဲ။ သူက သူမကိုကူညီပေးခဲ့ပြီး‌ နောက်ဆုံးတွင် ကျန်းယာ့ကောအား မွေးစားညီမအဖြစ် အသိအမှတ်ပြုခဲ့သည်။ အခုလောလောဆယ်မှာတော့ သူက ကျန်းယာ့ကောနဲ့ အဆက်အသွယ်ရသေးသည့်ပုံမရှိသေးပေ။ အဲ့ဒီအစား သူက ဖန့်ကျွင်းရုံကို လိုက်လံပိုးပမ်းနေခဲ့သည်။


ဒါပေမယ့် ဖန့်ကျွင်းရုံက သူ့ကို ဘယ်အခွင့်အရေးကိုမှ မပေးခဲ့ဘူး။ သူမအရင်ဘဝတုန်းက ကျန်းကျစ်ယန်သည် ဒီအချိန်လောက်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။ သူ့မိန်းမဖြစ်သူရဲ့အဆင့်အတန်းဟာ မနိမ့်ပါးပေ။ သူမသည် အထက်တန်းလွှာထဲက ဒုတိယမျိုးဆက်သခင်မလေးဖြစ်သည်။ သို့သော် ဒီဘဝမှာတော့ သူက တစ်ကိုယ်တည်းဖြစ်နေဆဲဖြစ်သည်။ ဤအပြောင်းအလဲများကို သူမယူဆောင်လာမိတာလားဆိုတာကိုတော့ မသိပေ။


သို့သော် သူက နေရာတိုင်းတွင် သူ့မွေးစားညီမကို ရှေ့ထုတ်အသိအမှတ်ပြုရခြင်းကို နှစ်သက်လေသည်။


သူမသည် ကျန်းသဲ့ရှန်းကိုကြည့်ကာ ပြောလိုက်သည်။ “အကယ်၍ ဒီအစီအစဥ်ပျက်သွားခဲ့ရင် သူက တခြားတစ်ခုခုလုပ်ဖို့ကြိုးစားမှာ သေချာတယ်။ အဲ့တာကိုသာ သတိထားပါ။”


ကျန်းသဲ့ရှန်း၏ အခြေအနေနှင့် အချိန်အခါအလိုက် လိုက်လျောညီထွေနေတတ်မှုစွမ်းရည်အတွက် သူမသည် အလွန်ယုံကြည်မှုရှိနေဆဲဖြစ်သည်။


သို့သော် ကျန်းကျစ်ယန်၏နောက်ထပ်လှုပ်ရှားမှုသည် ရိုးရှင်းပြီး ငွေကိုအသုံးပြုလိမ့်မယ်လို့ ဖန့်ကျွင်းရုံက မထင်ထားခဲ့ပေ။


ဖန့်ကျွင်းရုံသည် တစ်ညမှာ ကျန်းသဲ့ရှန်းထံမှ မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။


[ကျန်းကျစ်ယန်က မင်းကိုထားရစ်ခဲ့ဖို့ ကျွန်တော့်ကို ယွမ်ငါးမီလီယံ ကမ်းလှမ်းခဲ့တယ်။]


ဒီအချိန်တွင် ဖန့်ကျွင်းရုံသည် သူမရဲ့ ဆံပင်ကြီးထွားစေသောခရင်မ်၏အာနိသင်ကို စမ်းသပ်နေတာဖြစ်သည်။ သူမဟာ ရေမချိုးခင်မှာ ဆံပင်ကြီးထွားစေသောခရင်မ်ကို ဆံပင်အနှံ့သုတ်လိမ်းကာ နွေးထွေးတဲ့မျက်နှာသုတ်ပဝါနှင့် ပေါင်းထားခဲ့သည်။


မက်ဆေ့ချ်ပါအကြောင်းအရာကိုမြင်လိုက်ရသောအခါ သူမ အသာအယာပြုံးမိသွားသည်။


သူက သူမကိုလိုက်လံပိုးပမ်းဖို့တစ်ခုတည်းအတွက် ဒါတွေအကုန်လုံးကိုပြုလုပ်နေတာကို သူမကို မပြောပါနဲ့။ သူမက အလွန်ကြည့်ကောင်းနေသော်လည်း မိန်းမလှလေးတွေ ဝန်းရံနေတဲ့ ကျန်းကျစ်ယန်လိုလူမျိုးက သူမကို မြင်မြင်ချင်းချစ်သွားတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။


သူမရဲ့အလှတရားအစား သူမရဲ့ပိုင်ဆိုင်မှုတွေကို ပိုမက်မောတာပဲ ဖြစ်လိမ့်မည်။


သူမက သူ့ကိုမြန်မြန်ပြန်ပြောလိုက်သည်။ “သူ့ကို နောက်ထပ်သုညတစ်လုံးပိုတောင်းလိုက်”


သူက ယွမ် ၅၀မီလီယံလောက်နဲ့ လူတစ်ယောက်ကို ပထုတ်နိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား။