အခန်း ၁၈၂
Viewers 25k

အခန်း(၁၈၂) - ဒီလူက ဘာလို့ စကားကို တစ်ဝက်တစ်ပျက်ပြောရတာကို ကြိုက်နေရတာလဲ။ (၁)

 

“ကောင်းပြီ မင်းရဲ့အဖြေက ဘာလဲ။”


ကျန်းသဲ့ရှန်း၏ရှေ့တွင်ထိုင်နေသော ကျန်းကျစ်ယန်သည် ဖော်ရွေတတ်သူတစ်ယောက်လို ပြုမူနေထိုင်နေသော်လည်း သူ့ကိုယ်သူ ဥပဓိရုပ်ပိုကြည့်ကောင်းသည်ဟု ခံယူထားဆဲဖြစ်သည်။


သူ့မျက်လုံးများတွင် ရွံရှာမှုများနှင့် ရှုံချလိုမှုများကို ဖုံးကွယ်ထားလေသည်။ ကျန်းသဲ့ရှန်းကဲ့သို့သော လူမျိုးက သူ့မျက်နှာကလွဲလို့ တခြားဘာမှအသုံးဝင်တာမျိုးမရှိပေမယ့် ဖန့်ကျွင်းရုံကတော့ သူ့ကို သဘောကျပြီး ဘေးနားမှာ အမြဲထားရှိလေသည်။ သူ့မျိုးနွယ်စုက သူ့နေရာရာထူးကို ဘေးဖယ်ထားသည်ကို ပြန်တွေးလိုက်မိတိုင်း ဒေါသထွက်နေတာက ပိုမိုဆိုးရွားလာသည်။


ဖန့်ကျွင်းရုံက အလွန်အရည်အချင်းရှိမည်ကိုသိခဲ့မိလျှင် သူမနှင့် စောစောစီးစီး ပူပေါင်းခဲ့ပြီး အရာအားလုံးကို ဆုံးရှုံးခဲ့ရမည်မဟုတ်ပေ။


သူခေါင်းကိုမော့ကြည့်လိုက်တော့ ကျန်းသဲ့ရှန်းက သူ့ဖုန်းမှာ စာရိုက်နေတာကို တွေ့လိုက်ရတော့ ကျန်းကျစ်ယန်က ပို၍ပင် ဒေါသထွက်လာသည်။ သူ့မျက်နှာဖြူလေးနဲ့လုပ်စားနေသူက သူ့ကိုလျစ်လျူရှုဝံ့တယ်လား။


ကျန်းသဲ့ရှန်းက ခေါင်းခါလိုက်ပြီး “ယွမ် ၅မီလီယံက နည်းလွန်းတယ်။ နောက်ထပ် သုညတစ်လုံးလောက် ထပ်ပေါင်းပေးပါ။” လို့ ပေါ့ပေါ့ပါးပါးလေး ပြန်ပြောလိုက်သည်။


ကျန်းကျစ်ယန်က ဒေါသထွက်လွန်းလို့ ရယ်လိုက်မိသည်။ သူ့ယုံကြည်မှုလွန်ကဲသည့်စိတ်က ဘယ်နေရာက ရတာလဲ။ သုညတစ်လုံး ထပ်ပေါင်းပေး ဟုတ်လား။ သူက မျက်နှာပြောင်လွန်းတာလား။


သူ့ရဲ့အေးစက်သောအကြည့်နှင့် အသံက အန္တရာယ်များသည့်ဟန်များပါဝင်နေလေသည်။ “မင်း ဒီလောက်ငွေပမာဏကို‌တောင်းဆိုဖို့ မင်းကိုယ်မင်း တန်တယ် လုံ‌လောက်နိုင်တယ်လို့ထင်လား။ မင်းက ယွမ် ၅၀မီလီယံတန်တယ်လို့ တကယ် ခံစားရလား။” ကျန်းကျစ်ယန်မှာ ပိုက်ဆံရှိသည်။ ဒါက ပြဿနာတစ်ခုမဟုတ်ပေ။ သူက အရေးမပါတဲ့ပြဿနာလေးတစ်ခုအတွက်နဲ့ ယွမ် ၅၀မီလီယံသုံးစွဲရမှာကို ဖြုန်းတီးရာရောက်တယ်လို့ ထင်မိသည်။ သူက ဖန့်ကျွင်းရုံနှင့်လက်တွဲခွင့်ရဖို့ ယွမ် ၅၀မီလီယံနှင့်လှဲလှယ်နိုင်လျှင်တော့ ဒါက အရမ်းတွက်ခြေကိုက်မည်ဖြစ်သည်။


ကျန်းသဲ့ရှန်းက ပေါ့ပေါးပါးပါး ပြန်ပြောလိုက်သည်။ “မင်းပြောတဲ့စကားက မှားနေတယ်။ ကျွန်တော်က ယွမ် ၅၀မီလီယံတန်လားလို့ မေးရမှာမဟုတ်ဘူး။ ဖန့်ကျွင်းရုံအတွက် မင်း ယွမ် ၅၀မီလီယံသုံးစွဲလိုက်ရတာတန်လားလို့ ဖြစ်ရမှာ။ မင်း သူ့ကိုလိုက်ချင်တယ်၊ ဒါပေမယ့် မင်း ထိုအခွင့်အရေးရဖို့အတွက် ယွမ် ၅၀မီလီယံ သုံးစွဲဖို့ကို တုန့်ဆိုင်းနေပြီးတော့ မင်းက ငါ့ရဲ့ရိုးသားမှုကို မေးခွန်းပြန်ထုတ်နေသေးတယ်။”


“သခင်လေးကျန်းက သူ့မွေးစားညီမအတွက် ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာ သရုပ်ဆောင်တစ်နေရာရဖို့အတွက် ထုတ်လုပ်ရေးပိုင်းမှာ ယွမ် ၅၀၀မီလီယံ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်။”


ကျန်းကျစ်ယန်၏မျက်နှာအရောင်ဟာ ပြောင်းသွားလေသည်။ သူ့မွေးစားညီမအတွက် သူ ငွေပမာဏအများကြီး ရင်းနှီးမြှုပ်နှံပေးခဲ့သည့်အချိန်တုန်းက သူနဲ့ သူ့မွေးစားညီမကြားက ဆက်ဆံရေးအကြောင်း ကောလဟာလတွေ အများကြီး ထွက်ရှိခဲ့လေသည်။ လူအများမသိသည့်အချက်က သူမသည် ဒါရိုက်တာကျီ၏ တရားမဝင်သမီးဖြစ်သည်။ ဒါရိုက်တာကျီက သူမ၏အသက်မွေးဝမ်းကြောင်းကိုစတင်ရန် အကူအညီပေးလိုသော်လည်း သူ့ဇနီးဖြစ်သူကို မသိစေချင်ပါ။ ထို့ကြောင့် သူက ကျန်းကျစ်ယန်မှတစ်ဆင့် အကူအညီပေးခဲ့တာဖြစ်သည်။


အခုအချိန်မှာ သူ့မွေးစားညီမရဲ့အရင်းအမြစ်တွေက အရမ်းကောင်းမွန်နေခဲ့ပြီ။ လူအများစုက သူ့ငွေများနှင့် ကျောထောက်နောက်ခံပြု‌ပေးခြင်းကြောင့်ဖြစ်တယ်လို့ ထင်ကြသည်။ အဲ့တာက အမှန်တရားနှင့် ဝေးကွာလွန်းသည်။ အရင်းအမြစ်အများစုက ဒါရိုက်တာကျီ၏အဆက်အသွယ်များကြောင့် ရရှိခဲ့တာဖြစ်သည်။


သူသည် ထိုအရာနှင့် မယှဥ်နိုင်ဘူးလို့ မတွေးတောနိုင်ပါ။ ထို့ကြောင့် ကျန်းသဲ့ရှန်းသည် သူ့အတွက် မမျှတဘူးလို့ ခံစားရတာ ဖြစ်နိုင်သည်။


ကျန်းကျစ်ယန်သည် ကလေးမျက်နှာလေးကို ပိုင်ဆိုင်ထားပြီး သူ့လက်ရှိအသက်အရွယ်ထက် ပိုငယ်ရွယ်သည်ဟု ထင်ရစေသည်။ သူက သူ့မျက်နှာအတွက် အမြဲတမ်းဂုဏ်ယူနေခဲ့ရသော်လည်း ကံမကောင်းစွာနဲ့ သူက စိတ်ပြေလက်ပျောက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်နေတဲ့ ကျန်းသဲ့ရှန်းအပေါ်မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။


“လက်ဖက်ရည် သောက်ချင်လား။” လို့ သူက ယဥ်ကျေးသိမ်မွေ့စွာ မေးမြန်းလိုက်သည်။


ချီးကို လက်ဖက်ရည်လား...


ကောင်းပြီ။ သူက ဒီတစ်ခါတော့ ကျန်းသဲ့ရှန်းကို ခွင့်ပြုပေးလိုက်မယ်။ ကျန်းသဲ့ရှန်းက သူ့ကုမ္ပဏီနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည်က အလွန်ကံဆိုးတာပဲ။ မဟုတ်ပါက သူ့တွင် ကျန်းသဲ့ရှန်းကို ကြိုးကိုင်ရန် နည်းလမ်းများစွာရှိသည်။


ဖန့်ကျွင်းရုံက ကျန်းသဲ့ရှန်းကိုစွန့်ပစ်လိုက်ပြီးတဲ့နောက် သူ ကျန်းသဲ့ရှန်းကို ပြုလုပ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့အရာမျိုးစုံကို စိတ်ကူးယဥ်ပြီး နောက်ဆုံးမှာ စိတ်ကိုတည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။ သူက အေးစက်စွာဖြင့် “ယွမ် ၅၀မီလီယံပေးမယ်။ မင်း ကတိတည်နိုင်မယ်လို့ ငါမျှော်လင့်တယ်။”

 

ကျန်းသဲ့ရှန်းအား ဖန့်ကျွင်းရုံအနားမှထွက်ခွာသွားစေရန် ဤမျှကြီးမားသော ငွေပမာဏကို အသုံးပြုခဲ့လေသည်။ ကျန်းသဲ့ရှန်း ဖန့်ကျွင်းရုံအနားမှ ထွက်ခွာသွားသည်ဖြစ်စေ မထွက်သွားသည်ဖြစ်စေ သူ နောက်လာမည့်ခြေလှမ်းများကို အဟန့်အတားဖြစ်စေမည် မဟုတ်ပေ။


ကျန်းသဲ့ရှန်းက သူ့ကို သံသယဝင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီလူက တကယ့်ကို အရူးတစ်ယောက်လား။ တီဗီဇာတ်လမ်းတွဲတွေမှာတောင် သူ့လို မိုက်မဲတဲ့လူမျိုး မရှိဘူး။ ဇာတ်ကွက်အများစုမှာ ချမ်းသာကြွယ်ဝသောမျိုးရိုးမြင့်အမျိုးသမီးက အမျိုးသမီးဇာတ်လိုက်အား သူမသားဖြစ်သူအနားမှ ထွက်သွားရန် ယွမ် ၁မီလီယံတန် ချက်လက်မှတ်ဖြင့် တားဆီးခဲ့သည်။


သူတို့အချစ်ပြိုင်ဖက်ကို တားဆီးရန် ဘယ်သူက ဒီလောက်ပမာဏကို ပေးလိမ့်မလဲ။ ဒီပိုးပန်းသူက မျှော်လင့်ချက်နည်းပုံရသည်။


ကောင်းပြီ။ အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ငွေကို အလဟသ မဖြစ်စေသင့်ဘူး။ သူက ဒါကို ငြင်းပယ်မှာမဟုတ်ဘူး။ စတော့ရှယ်ယာစျေးကွက်တွင် သူ့အတွက်