အခန်း ၁၈၃
Viewers 25k

အခန်း(၁၈၃) - ဒီလူက ဘာလို့ စကားကို တစ်ဝက်တစ်ပျက်ပြောရတာကို ကြိုက်နေရတာလဲ။ (၂)


ဖန့်ကျွင်းရုံက သူ့ကိုနောက်ထပ်သုညတစ်လုံးလောက် ပိုတောင်းဖို့ ပြောသောအခါက သူက ဟာသလို့ပဲ ထင်မြင်ခဲ့သည်။ ကျန်းကျစ်ယန်က ထိုပမာဏကို တကယ်ပဲသဘောတူလိမ့်မည်လို့ သူမ ခန့်မှန်းတာမှန်ကြောင်း သိလိုက်ရတော့ သူ တော်တော်လေး အံ့အားသင့်သွားမိသည်။ သူ့ပိုက်ဆံတွေကို ဖြုန်းတီးနေတာလား။


ဖန့်ကျွင်းရုံက သူမရှေ့မှာရပ်နေတဲ့ ကျန်းသဲ့ရှန်းကိုကြည့်ပြီး သူမ အနည်းငယ် စဥ်းစားလိုက်ပြီး “ကောင်းပြီ။ ဒါဆို မင်း အဲ့တာကို အပိုဆုကြေးအဖြစ် လက်ခံနိုင်တယ်။” လို့ ပြောလိုက်သည်။


သူမ၏လက်ရှိပိုင်ဆိုင်မှုအရ ယွမ် ၅၀မီလီယံက ပမာဏသေးငယ်သည် မဟုတ်သော်လည်း သူမသည် ထိုငွေကြေးကို ကျန်းသဲ့ရှန်းနှင့်ခွဲ‌ဝေယူရန် စိတ်ကူးမရှိပေ။ ကျန်းသဲ့ရှန်းကိုယ်တိုင်က ဂရုမစိုက်ပေမယ့်လည်း သူ့ဂုဏ်သတင်းက သိပ်မကောင်းမှန်း သိသာထင်ရှားလှတယ်။ သူ့ကို ချမ်းသာကြွယ်ဝတဲ့အမျိုးသမီးတစ်ယောက်ရဲ့ အပျော်ကောင်လေးအဖြစ် လူအများက ထင်မြင်နေကြသည်။ ဒါ့ကြောင့် ဒါက သူ့အတွက် အပိုဆုကြေးအဖြစ် ပေးသင့်ပေသည်။


“သူ ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်ကြရအောင်။” လို့ သူမက ပြောလိုက်သည်။


အကယ်၍ ကျန်းကျစ်ယန်က ဤမျှပိုက်ဆံအများကြီး သုံးစွဲခဲ့လျှင် သူ့မှာ အခြားအစီအစဥ်များရှိမှာ သေချာသည်။


ဖန့်ကျွင်းရုံသည် ကျန်းကျစ်ယန်၏ရည်ရွယ်ချက်ကို မကြာခင်အချိန်မှာပဲ သိလိုက်ရသည်။ ဖန့်ကျွင်းရုံသည် ကျန်းကျစ်ယန်က ကျန်းသဲ့ရှန်းကိုပဲ ဦးတည်ဆန့်ကျင်တိုက်ခိုက်လိမ့်မယ်လို့ သူမထင်ခဲ့ပေမယ့် သူက အခြားတစ်ခုကို ဦးတည်ပြုလုပ်ခဲ့သည်။


ဦးလေးကျန်းက သူမကို တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ကျန်းကျစ်ယန်နှင့် အတူအလုပ်တွဲလုပ်ရန် စိတ်ဝင်စားလားလို့ မေးမြန်းခဲ့သည်။


ဖန့်ကျွင်းရုံက ခဏတုန့်ဆိုင်းပြီးတော့ “ဦးလေး ကျွန်မအကြောင်း ဘာကြားထားလို့လဲ။” လို့ မေးလိုက်သည်။


“မင်းနဲ့ ကျန်းကျစ်ယန် စပြီးလက်တွဲပြီးပြီ။ အဲ့တာကို ကျန်းသဲ့ရှန်းက ကြားဝင်ဖျက်တယ်လို့ ငါကြားတယ်။”


ဖန့်ကျွင်းရုံက တခစ်ခစ်ရယ်မောလိုက်မိသည်။ ကျန်းကျစ်ယန်က ဒါကို ကြိုတင်ပြင်ဆင်ထားတာပဲ။ အမှန်တော့ ကျန်းသဲ့ရှန်းက ယွမ် ၅၀မီလီယံ လက်ခံရရှိခဲ့သည်။ ကျန်းကျစ်ယန်က အချစ်ပြိုင်ဖက်ကို ဖယ်ရှားရန် ဤမျှငွေကြေးပမာဏကို သုံးစွဲခဲ့သည်ဟုဆိုလျှင် မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ပြီးတော့ လူအများ၏အမြင်တွင် ကျန်းသဲ့ရှန်းက ဤမျှများပြားသော ငွေကြေးပမာဏကို တိုက်ရိုက်လက်ခံရန် သတ္တိမရှိသည်မှာ သေချာပြီး သူသာ လက်ခံလိုက်မယ်ဆိုရင် သူ့နောက်ကွယ်မှ ဖန့်ကျွင်းရုံကြောင့်လို့ သတ်မှတ်ကြပေသည်။


ထက်မြက်သောလူများသည် ဗလာများကို ဖြည့်စွက်ရခြင်းကို နှစ်သက်ကြသည်။ ဖြည့်စွက်ရမည်ဆိုလျှင် ကျန်းကျစ်ယန်သည် မူလကပင် ကျန်းသဲ့ရှန်းထက် ဖန့်ကျွင်းရုံကိုပဲ တိုက်ရိုက်ရည်ရွယ်ထားတာဖြစ်သည်။ ထို့ကြောင့် သူမနှင့် ကျန်းကျစ်ဆုတို့၏အိမ်တော်ခွဲအကြား ဆက်ဆံရေးကို ကင်းကွာစေမည့်ရလဒ်ကို ရရှိစေလိမ့်မည်။ 


သူမဟာ ဖုန်းနဲ့ ဒီအကြောင်းကို ရှင်းပြပြောဆိုလိုစိတ်မရှိသောကြောင့် သူမ ဦးလေးကျန်းနဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်သည်။ သူမ သတိထားမိတာက ကျန်းအိမ်တော်မှာ ဦးလေးကျန်းက ကျန်းကျစ်ဆုနဲ့ တစ်ဖွဲ့တည်း ဖြစ်လေသည်။


ဖန့်ကျွင်းရုံက ကျန်းကျစ်ဆုပါ အတူလိုက်ပါလာတာကို သူမ လုံးဝအံ့အားမသင့်ပေ။ ဖန့်ကျွင်းရုံက “မင်းရဲ့ မိသားစုကိစ္စတွေမှာ ကျွန်မက အကြောင်းပြချက်မရှိ ပါဝင်ပတ်သက်နေရသလို ခံစားရတယ်။ ကျွန်မလည်း အကျိုးကျေးဇူးတစ်ခုလောက်တော့ ရသင့်တယ်နော်။” ဟု ရွှတ်နောက်နောက်ဆိုလိုက်သည်။


ကျန်းကျစ်ဆုက သူမကိုတစ်ချက်ကြည့်လိုက်ပြီး “အချိန်တန်ရင် ကျန်းကျစ်ယန်ရဲ့ပိုင်ဆိုင်မှု ၂၀ရာခိုင်နှုန်းကို မင်းကို လျော်ကြေးအနေနဲ့ ပေးမယ်လေ။” လို့ ပြောလိုက်သည်။


ဖန့်ကျွင်းရုံက စသလို နောက်သလို စကားဆိုလိုက်ခြင်းသာ ဖြစ်သည်။ ကျန်းကျစ်ဆုက သူမကို လျော်ကြေးပြန်ပေးဖို့ မမျှော်လင့်ထားခဲ့ဘူး။ ကျန်းကျစ်ယန်ရဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေကြောင့် သူက စိတ်ကုန်သွားပုံပါပဲ။ မဟုတ်ဘူး။ အဲ့တာ မဖြစ်နိုင်ဘူး။ သေးငယ်တဲ့ ကိစ္စရပ်များကြောင့်ပဲဆို ဒီလောက်ပြင်းထန်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ သူတို့က မိသားစုတစ်ခုတည်းကပဲလေ။


ရုတ်တရတ် သူမ တစ်စုံတစ်ခုကို တွေးမိသွားသည်။ “ရှင် အရင်ကရခဲ့တဲ့ ဒဏ်ရာတွေက သူ့ကြောင့်လား။”


ကျန်းကျစ်ဆုက သူ့ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်သည်။ သူက အရက်သောက်ရတာ မကြိုက်ပေမယ့် ရေနွေးကြမ်းကိုတော့ အရမ်းကြိုက်တယ်။ ညစာစားပွဲတက်ရင်တောင် သူက ရေနွေးကြမ်းကိုပဲ သောက်လေ့ရှိသည်။


ရေနွေးကြမ်း၏မွှေးရနံ့က အခန်းထဲမှာ ပျံ့လွင့်နေသဖြင့် လူတွေရဲ့စိတ်ကို အေးချမ်းသက်သာရာရစေသည်။


ကျန်းကျစ်ဆုက “ကျွန်တော် သူ ဒီလိုလုပ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။”


ကျန်းကျစ်ဆုသည် မူလက သူ့ပတ်ဝန်းကျင်ရှိ သူလျှိုများအားလုံးကို ဖယ်ရှားနိုင်ခဲ့ပြီဟု ထင်ခဲ့သော်လည်း ကျန်းကျစ်ယန်က အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သက်သေများကို ချပြရန်အသင့်ဖြစ်နေပြီဟု ဆိုရမည်ဖြစ်ပြီး ကျန်းကျစ်ယန်က ထိုပြဿနာရပ်များ၏တရားခံကို အိမ်တော်ဆွေမျိုးနီးစပ်တော်စပ်သူတစ်ဦးထံ တိုက်ရိုက်ပုံချလိုက်သည်။ ပြင်ပလူများ၏အမြင်တွင် ထိုလူက အိမ်တော်၏ခေါင်းဆောင်အသစ်အား မကျေမနပ်ဖြစ်ပြီး ရည်မှန်းချက်ကြီးကာ ထိပ်ဆုံးသို့ တက်လိုသည့်အတွက် မတန်မရာမှန်းကာ အန္တရာယ်ပြုသည်ဟု ထင်မြင်စေခဲ့သည်။


ကျန်းကျစ်ယန်၏လုပ်ရပ်များအားလုံးသည် ကျန်းကျစ်ဆုအား သည်းခံစိတ် လုံးဝကုန်ဆုံးသွားစေသည်။


“ကျန်းပိရဲ့မိသားစုနဲ့ သူက မဟာမိတ်ဖွဲ့ထားပြီးဆိုတာကို ကျွန်တော် မကြာသေးခင်ကမှ တွေ့ရှိခဲ့တယ်။ ကျန်းပိက ကျွန်တော့်ရဲ့ခြေထောက်ဒဏ်ရာကို ကုသနေစဥ်အတောအတွင်းမှာ သူက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့်ဆေးဝါးတွေကို လျှို့ဝှက်စွာ သုံးစွဲခဲ့တယ်။”


ထိုအချိန်က သူ အနည်းငယ် စိတ်တိုဒေါသထွက်လေ့ရှိသော်လည်း သူ့ခြေထောက်များ မကောင်းမွန်သောကြောင့်ဟုသာ တွေးထင်ခဲ့မိသည်။ ကံကောင်းထောက်မစွာ ဖန့်ကျွင်းရုံက ကျောက်စိမ်းဖြူဆေးခရင်မ်အပြင် အဆိပ်အတောက်ဖယ်ရှားဆေးလုံးများကို အတူပေးပို့ခဲ့လေသည်။