အခန်း ၁၈၄
Viewers 25k

အခန်း(၁၈၄) - ဒီလူက ဘာလို့ စကားကို တစ်ဝက်တစ်ပျက်ပြောရတာကို ကြိုက်နေရတာလဲ။ (၃)


ဖန့်ကျွင်းရုံက ထိုအကြောင်းအားကြားသိလိုက်ရတာကို လုံးဝမအံ့သြသွားခဲ့ဘူး။


“မင်းဆီမှာ အဆိပ်အတောက်ဖယ်ရှားဆေးလုံးနဲ့ ကျောက်စိမ်းဖြူဆေးခရင်မ် နှစ်ခုစလုံး ပိုင်ဆိုင်ထားကို သူတို့သိတာကြောင့် မင်းကို သူတို့အပြစ်ရှာဖို့လုပ်တာ ဖြစ်နိုင်တယ်။ အဲ့တာတွေက ကျန်းပိရဲ့မိသားစုကို တကယ်ခြိမ်းခြောက်နိုင်တဲ့အရာတွေပဲ။”


အထူးသဖြင့် ကျောက်စိမ်းဖြူဆေးခရင်မ်ကိုသာ ထုတ်လုပ်ဖြန့်ချိလိုက်မယ်ဆိုရင် ကျန်းအိမ်တော်ရဲ့ တစ်ဗူးလျှင် ယွမ်သောင်းချီပေးဝယ်ရတဲ့ဆေးတွေကို ဝယ်ယူသုံးစွဲမယ့်သူရှိမှာ မဟုတ်ပေ။


ဖန့်ကျွင်းရုံ၏မျက်နှာအမူအရာက ထူးဆန်းသွားပြီး “အဲ့ဒီဆေးညွှန်းနှစ်ခုကို ကျွန်မ လှူဒါန်းလိုက်တယ်ဆိုတာကို သူတို့ မသိဘူးလား။”


ပြောရမည်ဆိုလျှင် သူမရဲ့နယ်မြေရှိ ဆေးဖက်ဝင်အပင်များနှင့် ထုတ်လုပ်ဖော်စပ်ထားသောဆေးများသည် သူမလက်ဝယ်တွင်ရှိသည်။ ၎င်းတို့သည် လက်တွေ့ကမ္ဘာတွင် ပြုလုပ်သည်များထက် ပိုမိုထိရောက်မှုရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့နယ်မြေမှာက ဝိညာဥ်စွမ်းအင်များပေါများပြီး ထိုနေရာမှာပေါက်ရောက်တဲ့အပင်တွေက ဆေးစွမ်းပိုထက်လေသည်။


“အဲ့တာကို သူတို့မသိဘူး။ သူတို့က မင်းကို နေရာတစ်ခုပေးဖို့ လုပ်ပေးတဲ့သူက ကျွန်တော်လို့ပဲ ထင်နေကြတာ။”


ဖန့်ကျွင်းရုံသည် ကျန်းကျစ်ယန်မှာ အခွင့်အလမ်းလုံးဝမရှိတော့ကြောင်း ရုတ်တရတ် နားလည်သဘောပေါက်သွားသည်။ ကျောက်စိမ်းဖြူဆေးခရင်မ်၏တစ်စိတ်တစ်ပိုင်းကို ဖြန့်ဝေထားပြီး အသုံးပြုနေပြီဖြစ်သော်လည်း ကျန်းကျစ်ယန်က ထိုအကြောင်းကို လုံးဝမသိရှိခဲ့ပါဘူး။ ကျန်းကျစ်ဆုအလိုရှိသည့်အတိုင်း ကျန်းကျစ်ယန်ကို မျက်မမြင် နားမကြားဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကို သေချာစေသည်။


ဖန့်ကျွင်းရုံက အဓိကအချက်ကို မေးမြန်းလိုက်သည်။ “ရှင် ကျွန်မကို ဘာလုပ်စေချင်လဲ။”


“မင်း အဆင်ပြေသလိုလုပ်ပါ။ ကျွန်တော် မင်းကိုယုံကြည်တယ်။” လို့ ကျန်းကျစ်ဆုက ပြောလိုက်သည်။


ဖန့်ကျွင်းရုံသည် သူမ၏ခင်ပွန်းဟောင်းအား လူအများရှေ့တွင် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်စွမ်း မရှိအောင် လုပ်နိုင်ခဲ့ကာ သူမ၏နာမည်ဂုဏ်သတင်းကို ကြာပန်းဖြူလေးလို သန့်ရှင်းစင်ကြယ်အောင် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၎င်းသည် သူမ၏လုပ်ရည်ကိုင်ရည်နှင့် ဥာဏ်ရည်ထက်မြက်ကြောင်းအတွက် သက်သေတစ်ခုဖြစ်သည်။ ဥာဏ်ရည်ထက်မြက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရသည်မှာ အလွန်လွယ်ကူခဲ့သည်။

 

“အခုရက်ပိုင်းမှာ ကျွန်တော် စားသောက်ပွဲအချို့ ပြင်ဆင်ကျင်းပမယ်။ ပြီးတော့ ကျွန်တော် အဲ့ဒီပွဲတွေကို မင်းကို မဖိတ်ကြားဘူး။”


ဖန့်ကျွင်းရုံသည် ချက်ချင်း နားလည်သဘောပေါက်လိုက်သည်။ သူတို့နှစ်ဦး၏ဆက်ဆံရေး မကောင်းဘူးဟူသော ထင်ယောင်ထင်မှားဖြစ်စေမှုကို ပုံဖော်ရန်ပင်ဖြစ်သည်။ သူတို့ရဲ့ပင်ကိုယ်စရိုက်တွေအရ သူတို့နှစ်ယောက်အကြားက အဆင်မပြေမှုတွေ ရှိနေခဲ့ရင်တောင် သူတို့ရဲ့ပြဿနာများကို လူသိရှင်ကြားထုတ်ပြမှာမဟုတ်ဘူး။ အဲ့တာက လွယ်ပါတယ်။ သူမ ဒါကို လုပ်နိုင်တယ်။


ကျန်းကျစ်ဆုက သူမကို နောက်ထပ်တစ်ချက် ထပ်ပြောခဲ့သည်။ လာမည့်နှစ် မတ်လပိုင်းတွင် ဆေးနှစ်မျိုးကို တရားဝင်စျေးကွက်တွင် ထုတ်လုပ်ဖြန့်ချိရောင်းချမည်ဖြစ်သည်။


ဖန့်ကျွင်းရုံသည် ကျန်းအိမ်တော်၏ အိမ်တွင်းရေးတိုက်ပွဲများထက် ထိုအကြောင်းကို ပိုဂရုစိုက်သည်။


“ရှင် စျေးနှုန်းသတ်မှတ်ချက်ကို ဆုံးဖြတ်ပြီးပြီလား။” ‌‌စျေးနှုန်းသတ်မှတ်ချက် အလွန်မြင့်မားလျှင် သူမ၏ဆေးညွှန်းလှူဒါန်းရခြင်း၏ရည်ရွယ်ချက်ကို ဆုံးရှုံးသွားစေလိမ့်မည်။


“အဆိပ်အတောက်ဖယ်ရှားဆေးလုံးတစ်ဗူးကို ယွမ်၅၀၀ဝန်းကျင် သတ်မှတ်ထားပြီးတော့ ကျောက်စိမ်းဖြူဆေးခရင်မ်ကို ယွမ်၈၀၀ ပတ်ဝန်းကျင်လောက် သတ်မှတ်ထားပြီးတော့ နည်းနည်းတော့ ပိုစျေးကြီးလိမ့်မယ်။”


ဖန့်ကျွင်းရုံသည် သူမမျက်နှာအမူအရာကို ဖြေလျော့လိုက်သည်။ ထိုစျေးနှုန်းများက သူမလက်ခံနိုင်သည့် အတိုင်းအတာမှာရှိသည်။


ဖန့်ကျွင်းရုံသည် ကျန်းကျစ်ဆုနှင့် စကားစမြည်ပြောဆိုပြီးဖြစ်၍ သူမ ပြန်ရန်ပြင်ဆင်နေချိန်တွင် သူက ရုတ်တရတ် ထပ်ပြောလိုက်သည်။ “အိုး ဟုတ်သားပဲ။ ‌နောက်ထပ် ပြောစရာတစ်ခု ရှိသေးတယ်။”

 

ဖန့်ကျွင်းရုံ: ဒီလူက ဘာလို့ စကားကို တစ်ဝက်တစ်ပျက်ပြောရတာကို ကြိုက်နေရတာလဲ။


“ဆက်ပြော”


ကျန်းကျစ်ဆုက ပေါ့ပေါ့ပါးပါးဟန်ဖြင့် “မကြာသေးမီက ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အထက်ကတွန်းအားပေးတယ်လေ။ အဲ့အချိန်မှာ ဝမ်ရှောင်းက ပြဿနာအကြီးကြီးရှာလိုက်မိပြီး သူ့ကို ကူညီပေးတဲ့သူအားလုံး သူ့ကို စွန့်ပယ်လိုက်ကြတယ်။ ဖြစ်နိုင်တာက သူ နောက်ထပ်နှစ်အနည်းငယ်လောက် ထောင်ထဲမှာ နေရလိမ့်မယ်။”


ဖန့်ကျွင်းရုံက ဝမ်ရှောင်း၏တည်ရှိနေမှုကို မေ့လုနီးပါးဖြစ်နေခဲ့သည်။ သူမ အရင်ဘဝတုန်းက ဖြစ်ပျက်ခဲ့သည့်အရာတွေ သူမ ပြန်လည်အမှတ်မိသွားခဲ့ပြီး သူမမျက်လုံးတွေ အနည်းငယ် ပူလာခဲ့သည်။


“ဘယ်နှနှစ်လောက် ကျတယ်လို့ ကြားလဲ။” သူမသည် အလွန်ဆုံးကျမှ ခုနစ်နှစ်လောက်‌ပဲလို့ တွေးမိသည်။


“သူ အရင်တုန်းကလုပ်ခဲ့တဲ့ပြစ်မှုတွေကိုပါ ထည့်တွက်ရင် အနည်းဆုံး နှစ်နှစ်ဆယ်ပဲ။”


အနှစ်နှစ်ဆယ်... သူထောင်မှလွတ်လာသည့်အချိန်၌ သူ့လက်ပါးစေအားလုံးသည် သူ့ကို စွန့်ပစ်လိမ့်မည်။ သူက ခြေသည်းမရှိသော ကျားတစ်ကောင် ဖြစ်သွားလိမ့်မည်။ သူမ၏ အရင်ဘဝတုန်း၌ ဝမ်ရှောင်းသည် ကျန်းယာ့ကောကြောင့် အလွန်ကျယ်ပြန့်သောကွန်ယက်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ထိုနယ်မြေ၌ အလွန်အစွမ်းထက်သောလူတစ်ယောက်ဖြစ်လာခဲ့သည်။ သို့သော် ယခုဘဝ၌ ကျန်းယာ့ကောအား လက်စားချေဖို့ ကြိုးစားသောအခါ သူ့ကိုယ်သူ ထောင်ထဲသို့အရောက်ပို့ဆောင်ခဲ့သည်။ 


မည်သို့ပင်ဖြစ်စေ သူမမက်ခဲ့သောအိမ်မက်ကို မက်ချိန်မှစ၍ သူမ၏ အရင်ဘဝတုန်းကပင် သူက ကောင်းမွန်သောအဆုံးသတ်ကို ရရှိပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်ကြောင်း သူမ သံသယဝင်မိသည်။


“ကောင်းတယ်။”


ပြီးတော့ သူမ ဒါကို တကယ်ယုံကြည်တယ်။ ဝမ်ရှောင်းကဲ့သို့သော သူတစ်ပါးအား အမြဲမနာလို နှိပ်စက်တတ်သော ရာဇဝတ်ကောင်မျိုးသည် အကျဥ်းထောင်သည်သာ သူ အမှန်တကယ်ရှိသင့်သောနေရာဖြစ်သည်။ သူသည် နောက်ဘဝမှာတော့ ပိုမိုကောင်းမွန်သောလူတစ်ယောက်ဖြစ်နိုင်မည်ဟု မျှော်လင့်မိပါသည်။