အခန်း ၁၈၅
Viewers 26k

အခန်း(၁၈၅) – “မင်းဆီမှာရှိသမျှအကုန် ကိုယ်ယူမယ်” (၁)

 

ကျန်းကျစ်ဆုသည် သူပြောထားခဲ့သလိုပင် စားသောက်ပွဲများကို မကြာခဏ ကျင်းပခဲ့သည်။ 


ဖန့်ကျွင်းရုံသည် ယခင်ကလို သူ့စားသောက်ပွဲများတွင် မကြာခဏ ဧည့်သည်အဖြစ် တက်ရောက်ခြင်းမရှိသဖြင့် သူတို့နှစ်ဦးကြား ဆက်ဆံရေး တော်တော်မကောင်းတော့ဘူးလို့ လူအများက ထင်မြင်ယူဆလာကြသည်။ တစ်စုံတစ်ယောက်က ဖန့်ကျွင်းရုံနှင့် ကျန်းကျစ်ဆုတို့ တစ်ခေါက်တွေ့ဆုံခဲ့သည်ကို မြင်တွေ့ခဲ့ဖူးပြီး ကျန်းကျစ်ဆုသည် မျက်နှာအပျက်ပျက် အယွင်းယွင်းဖြင့် ပြန်သွားခဲ့သည်ကို တွေ့ခဲ့သည်ဟုဆိုသည်။

 

ဖန့်ကျွင်းရုံသည် ထိုသတင်းစကားလွှင့်သူမှာ ကျန်းကျစ်ဆုရဲ့လူလို့ အလေးအနက် သံသယဝင်မိသည်။


ဖန့်ကျွင်းရုံအား လူအများအပြား ဖုန်းခေါ်ဆို၍ ထိုအကြောင်းအား မေးမြန်းခဲ့သော်လည်း သူမသည် ထိုနာမည်ကို မကြားလိုကြောင်း အခိုင်အမာ ထုတ်ဖော်ပြောခဲ့သည်။ သူမရဲ့အပြုအမူတွေကြောင့် လက်ရှိကြားနေရတဲ့ ကောလဟာလက အမှန်တရားလို့ ယုံကြည်သူတွေ များပြားလာခဲ့သည်။


လူတော်တော်များများက သူတို့ဆက်ဆံရေး ပျက်ယွင်းရသည့် အကြောင်းအရင်းကို မှန်းဆကာ သီးသန့်အတင်းပြောကြသည်။ လွန်ခဲ့သောတစ်လလောက် သူတို့နှစ်ယောက်ဟာ အတူတွဲကခဲ့ကြပြီး အခုအချိန်မှာတော့ သူတို့နှစ်ယောက် တစ်ချိန်တည်း တစ်နေရာတည်းမှာပင် အတူရှိမနေချင်ကြတော့ပေ။


သူတို့နှစ်ဦးဆက်ဆံရေး ပျက်ယွင်းရခြင်း၏ အကြောင်းအရင်းများနှင့် ပတ်သတ်၍ အမျိုးမျိုးသော ထင်မြင်ယူဆချက်များသည် အဆုံးမရှိသော ရေစီးကြောင်းလို ပေါ်ပေါက်လာခဲ့ကြသည်။


ဖန့်ကျွင်းရုံသည် ဤအချိန်ကို အခွင့်ကောင်းယူပြီး ဆံပင်ကြီးထွားသန်မာစေသောခရင်မ် ထုတ်လုပ်ရေးအပိုင်းကို တည်ဆောက်နေခဲ့သည်။ ထိုထုတ်လုပ်‌ရေးပိုင်း အခြေကျပြီး အနည်းငယ် အချိန်အားလပ်လာသောအခါဝယ် သူမသည် ထိုထင်မြင်ယူဆချက်အမျိုးမျိုးကို ကြားသိခဲ့ရသည်။


ဖန့်ကျွင်းရုံသည် သူမနားထင်ကို ပွတ်သပ်ရင်း ရှုဝေဝေကို မေးလိုက်သည်။ “နင်က ကျန်းကျစ်ဆုနဲ့ ငါ အချစ်ရေးကိစ္စကြောင့် အဆင်မပြေဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေအကြောင်း ငါ့ကိုမေးဖို့ ရည်ရွယ်ထားတာလား။”


ရှုဝေဝေသည် ကော်ဖီတစ်ခွက်ကို လက်မှာကိုင်ထားရင်း ခေါင်းညိမ့်ပြပြီး စကားဆိုလိုက်သည်။ “ငါတောင် သူတို့ပြောတာကို ယုံမိလုနီးပါးပဲ။”

 

ဆက်ဆံရေး အဆင်မပြေဘူးဆိုတာနဲ့ လူတွေက အချစ်ရေးနဲ့ဆိုင်တယ်လို့ ဘာကြောင့် ထင်မြင်ယူဆကြတာလဲ။ စီးပွားရေးကိစ္စ အမြတ်ဝေစုခွဲဝေမှုနှင့် ပတ်သက်၍ရော သဘောထား မတူညီမှုတွေ မဖြစ်နိုင်ဘူးလား။ အိုး... ခဏနေပါဦး။ အပြင်လူတစ်ဦး၏ရှုထောင့်မှကြည့်လျှင် သူမတို့နှစ်ဦးကြားမှာ အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်ချေ မရှိပေ။ သူမသည် ဆေးညွှန်းနှစ်ခုကို ကျန်းကျစ်ဆုအားပေးခဲ့သော်လည်း ထိုအကြောင်းအား မည်သူမျှ မသိခဲ့ပေ။


သူတို့ရဲ့စိတ်ထဲတွင် ကျန်းကျစ်ဆုက သူမကို သူတို့ရဲ့ဆက်ဆံရေးကြောင့် ရှယ်ယာတစ်ဦးအဖြစ် သတ်မှတ်ပေးခဲ့ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကြောင့် လမ်းခွဲပြတ်ဆဲခဲ့ကြသည်။ အဲ့တာကို စဥ်းစားမိတော့ အဓိပ္ပာယ်ရှိလုနီးပါးလို့ ယူဆခဲ့မိသည်။


ရှုဝေဝေသည်လည်း မူလက ထိုသို့သံသယဝင်နေရာမှ သူမသူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ရုတ်တရတ် ငြိမ်သက်သွားခဲ့သည်။


“နင် ဒါကို စိတ်အနှောင့်အယှက်ဖြစ်စရာလို့ မထင်ဘူးလား။”


ကွာရှင်းပြတ်စဲပြီးနောက်တွင် သူမ၏ သူငယ်ချင်းကောင်းနှင့် ပတ်သတ်သော ကောလဟာလများစွာ ထွက်ပေါ်လာခဲ့သည်။


ဖန့်ကျွင်းရုံသည် အလွန်အေးဆေးတည်ငြိမ်နေခဲ့သည်။ “မဟုတ်ဘူး။ လီဝမ့်ကျင်းလိုလူမျိုးနဲ့ သတင်းတွဲထွက်ရင် ငါ သင့်လျော်တဲ့သတင်းတစ်ခုကို ထုတ်ပြန်ရလိမ့်မယ်။ ဒါပေမယ့် ကျန်းကျစ်ဆုလိုလူမျိုးနဲ့ သတင်းတွဲထွက်ရင် ဒါက ငါ့အတွက် အကျိုးအမြတ်ရတယ်လို့ ခံစားမိတယ်။”


ကျန်းကျစ်ဆုသည် ကြည့်ကောင်းပြီး အဆင့်အတန်းမြင့်သည်။ ယောကျ်ားတစ်ဦး၏ ဆွဲ‌ဆောင်မှုအရှိဆုံးအချိန် အသက်သုံးဆယ်ကျော်အရွယ်၌ရှိနေပြီး သူသည် ပတ်ဝန်းကျင်၌ ပရောပရည်လုပ်တတ်သောသူတစ်ယောက် မဟုတ်ပေ။ ယနေ့ခေတ်လူငယ်များ၏ အသုံးအနှုန်းကို အသုံးပြု၍ဆိုရမည်ဆိုလျှင် သူက စိန်အဆင့်လို့သတ်မှတ်နိုင်သည့် အမျိုးအစား ဖြစ်သည်။


ရှုဝေဝေက ဒါကိုစဥ်းစားကြည့်မိတော့ အဲ့တာကို သဘောတူမိသည်။ ဒါ့ကြောင့် သူမလည်း စိတ်တည်ငြိမ်သွားပြီး သူမ အချိန်ပိုဆင်းရင်း ထိုဖရဲသီးကို ဆက်လက်စောင့်ကြည်မယ်လို့ တွေးလိုက်သည်။


ဖန့်ကျွင်းရုံသည်လည်း ဆံပင်ကြီးထွားသန်မာစေသောခရင်မ်ကို စင်ပေါ်သို့ မြန်မြန်တင်သွင်းနိုင်ရန် ဝန်ထမ်းတစ်ဦးငှားရမ်းရန် အခွင့်ကောင်းယူခဲ့သည်။

 

ဖန့်ကျွင်းရုံသည် ဆံပင်ကြီးထွားသန်မာစေသောခရင်မ်ကို စမ်းသပ်သုံးစွဲပြီးချိန်တွင် ပိုးသားကဲ့သို့ချောမွေ့ကာ မည်းနက်တောင်ပြောင်နေသော သူမ၏ဆံပင်များကို ကိုင်ကြည့်ပြီး တီဗီတွင် ခေါင်းလျှော်ရည်ကြော်ငြာမင်းသမီးများကဲ့သို့ လှပနေသည်ဟု ထင်မိသည်။


သူမသည် အချိန်နောက်ကျသည့်အထိ နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ပေမယ့် ဆံပင်ကျွတ်သည့် လက္ခဏာမရှိခဲ့ဘူး။


သူမနယ်မြေအတွင်းမှ ဆေးညွှန်းများသည် အမြဲအံ့အားသင့်ဖွယ်ကောင်းသည်။


အခြားတစ်ဖက်တွင်မူ သူမသည် သူမ၏သစ်သီးပင်များ စိုက်ပျိုးရန် မြေဧကအနည်းငယ်ကို သီးသန့်သိမ်းဆည်းထားသည်။


ထို့အပြင် သူမသည် အချိန်အနည်းငယ်ယူ၍ နိုင်ငံခြားခရီးစဥ်တစ်ခု သွားရန်လည်း လိုအပ်ပေလိမ့်မည်။ သူမသည် လူအိုကြီးကော၏ကုန်တိုက်များသို့ လူကိုယ်တိုင်သွားရောက်ရန် စီစဥ်ထားခဲ့ပြီး သူမ၏အလှကုန်ကောင်တာများအတွက် နေရာအချို့ကိုလည်း ရွေးချယ်ခဲ့သည်။ သူမရဲ့အဓိက အာရုံစူးစိုက်ရာကတော့ အလှအပဆေးလုံးများပင် ဖြစ်လိမ့်မည်။ 


ဖန့်ကျွင်းရုံသည် လူအိုကြီးကောကို မျက်နှာသာပေးသည့်အနေဖြင့် သူ့ထံသို့ နောက်ထပ်ကျောက်စိမ်းတစ်တုံးကို ထပ်မံပေးပို့ခဲ့သည်။


ခြုံပြောရရင် သူမ အခုရက်ပိုင်းမှာ တော်တော်အလုပ်များနေတယ်။