အခန်း ၁၈၆
Viewers 25k

အခန်း(၁၈၆) – “မင်းဆီမှာရှိသမျှအကုန် ကိုယ်ယူမယ်” (၂)


ဖန့်ကျွင်းရုံသည် နေ့တိုင်း အချိန်ပို အလုပ်လုပ်သည်။ တစ်ဖက်တွင် ကျန်းကျစ်ဆုသည်လည်း ရက်အနည်းငယ်တိုင်း စားသောက်ပွဲများ ဆက်လက်ကျင်းပသည်။ သူတို့နှစ်ယောက်စလုံး အဆင်မပြေကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် ဆက်လက်တည်ရှိနေပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြခြင်းမရှိကြပေ။


သူတို့၏ဖရဲသီးများကို အချိန်အတိုင်းအတာတစ်ခုအထိ စားပြီး‌နောက် လူများသည် ဆက်လက်ပြီး ဖရဲသီးစားရန် စိတ်ပါဝင်စားခြင်းမရှိတော့ပေ။


ဖန့်ကျွင်းရုံသည် သူမကိုယ်ပိုင်စီးပွားရေးကို စိတ်အေးအေးထား လုပ်ကိုင်နေစဥ်တွင် ကျန်းကျစ်ယန်သည် အေးအေးဆေးဆေး ဆက်လက်မနေနိုင်တော့ပေ။


လီရှင်းယွင်က ဖန့်ကျွင်းရုံအား အကြောင်းအရာတစ်ခုကို အလျင်အမြန် ဝေမျှလိုက်သည်။


“မေမေ သမီး ရှန့်ရှင်းကို ဝယ်ချင်တယ်လို့ မေမေကို အရင်ကပြောခဲ့ဖူးတယ် မဟုတ်လား။”


ဖန့်ကျွင်းရုံက ဒါကို အမှတ်ရမိပေမယ့် သူမက အဲ့တာကို ဘယ်တော့မှ ဝင်မစွက်ဖက်ခဲ့ဘူး။ ငွေကြေးနှင့်ပတ်သက်၍ သူမ စိတ်ပူခြင်းမရှိပါ။ လီရှင်းယွင်သည် လီဝမ့်ကျင်းထံမှ အမွေများလက်ခံရရှိထားသောကြောင့် သူမလက်ထဲတွင် အနည်းဆုံး မီလီယံရာချီရှိသည်။ သူမကိုယ်ပိုင်ငွေကြေးကတင် တော်တော်ပိုင်ဆိုင်နေခဲ့ပြီ။


ဖန့်ကျွင်းရုံသည် ရှန့်ရှင်းအကြောင်းကို ခဏလောက် ကြည့်ရှုလိုက်သည်။ မီလီယံဆယ်ဂဏန်းလောက်ဖြင့် ဝယ်ယူခြင်းသည် ပြဿနာတစ်ခု မဖြစ်သင့်ပါ။


“သမီး သူတို့သူဌေးနဲ့ စျေးညှိုနှိုင်းပြီးသွားပြီ။ သမီး ကုမ္ပဏီကိုဝယ်ဖို့ ယွမ် ၂၄မီလီယံချေဖို့ ပြင်ဆင်ပြီးပေမယ့် စာချုပ်ချုပ်ဆိုဖို့ အချိန်ကျလာတဲ့အခါမှာ ဘော့စ်လုက သဘောတူညီမှုကို နောက်ဆုတ်လိုက်တယ်။”


အမှန်အတိုင်းပြောရရင် လီရှင်းယွင်ဟာ အတော်လေး ဒေါသထွက်နေသည်။ သူမ ဘော့စ်လုနှင့် သဘောတူညီချက်ရှရှိပြီးနောက် သူမဟာ စျေးကွက်ရှာဖွေရေးအစီအစဥ်အတွက် ရက်အနည်းငယ်ကြာအောင် ကြိုးစားခဲ့ပေမယ့် သူမရဲ့ကြိုးစားမှုတွေအားလုံးနီးပါးဟာ အသုံးမဝင်ဘူး ဖြစ်သွားခဲ့ရသည်။


“ပြီးတော့ ဘာဆက်ဖြစ်လဲ။”


လီရှင်းယွင်က ဆက်ပြောသည်။ “သမီးလည်း ဒါကို လက်လျှော့ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် တနေ့တုန်းက ဘော့စ်လုက ကျန်းကျစ်ယန်နဲ့အတူရောက်လာခဲ့ပြီး ကျန်းကျစ်ယန်က သမီးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိတယ် သူက ဒီကုမ္ပဏီဝယ်ယူတာကို သူနာမည်ခံပေးမယ်လို့ ပြောခဲ့တယ်။”


“ဘော့စ်လုရဲ့ပြောစကားအရ သူက သမီးကို ရောင်းဖို့လုပ်ထားတယ် ဆိုပေမယ့် သမီးတို့စာချုပ်ချုပ်လို့မရနိုင်အောင် တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကိစ္စတစ်ချို့လုပ်ခဲ့တယ်တဲ့။ အခု ကျန်းကျစ်ယန်နဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ကျန်းကျစ်ယန်က ကြားလူအဖြစ် လုပ်ပေးလိုက်တာကြောင့် သမီးတို့ ရှေ့ဆက်လုပ်ဆောင်သွားနိုင်မယ်။ သူက တောင်းပန်တဲ့အနေနဲ့ ကုမ္ပဏီတန်ဖိုးငွေကို ယွမ် တစ်မီလီယံလျှော့ပေးမယ်လို့ ပြောခဲ့တယ်။”


လီရှင်းယွင်သည် သူမမိခင်ဖြစ်သူထံမှ ကျန်းကျစ်ယန်အကြောင်း တစ်စွန်းတစ်စ ကြားသိခဲ့ပြီး ထိုလူအား လူဆိုးစာရင်းတွင် ထည့်သွင်းထားခဲ့သည်။ ကျန်းကျစ်ယန်က သူမမိခင်ဖြစ်သူကို လူပျိုလှည့်ချင်နေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်၍ သူမကို အမြန်ပြောပြခဲ့တာဖြစ်သည်။ 


ဖန့်ကျွင်းရုံက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “သူက သမီး သူ့အပေါ် ကျေးဇူးကြွေးတစ်ခုတင်ချင်တာ ဖြစ်နိုင်တယ်။”


“ဒါက အဆင်ပြေပါတယ်။ ရှေ့နေအနည်းငယ်ခန့်ကို စာချုပ်သေချာစစ်ကြည့်ခိုင်းပြီး ပြဿနာမရှိဘူးဆိုရင် လက်မှတ်ထိုးလိုက်ပါ။”


“ဒါက ထောင်ချောက်တစ်ခုလို့ အမေ မထင်ဘူးလား။” အကယ်၍ သူမကိုယ်ပိုင်ကုမ္ပဏီ စတင်ထည်ထောင်မယ်လို့ ဆုံးဖြတ်ပြီးချိန်ကစ၍ ဒီလုပ်ငန်းအတွက် အချိန်အများကြီး အသုံးပြုခဲ့တာကြောင့်မဟုတ်လျှင် လီရှင်းယွင်သည် ဒီကုမ္ပဏီကို ဝယ်ဖို့ စဥ်းစားမည် မဟုတ်ပေ။


“အရေးကြီးတာက သမီးက ဝန်ထမ်းအားလုံးကို လဲသင့်တယ် ဒါမှမဟူတ် သူ့လူယုံကို ဘေးဖယ်လိုက်ရုံပဲ။” သူမ‌ခေါင်းထဲမှာ ထိုအကြောင်းကို တွေးတောထားပြီးပြီဖြစ်သည်။ လာမည့်နှစ်အနည်းငယ်ခန့်အကြာတွင် ထိုကုမ္ပဏီအနီးအနားတွင် မြေအောက်ဘူတာရုံတစ်ခု တည်ဆောက်မည်ဖြစ်ပြီး ထိုအချိန်တွင် အိမ်စျေးများ တက်လာမည်ဖြစ်လေသည်။ အတိုချုပ်ပြောရရင် အခု ဒီကုမ္ပဏီကို ဝယ်လိုက်တာက အရှုံးမရှိပါဘူး။


“သမီး ကုမ္ပဏီဝယ်ယူဖို့ စာချုပ်ချုပ်မယ့်နေကျရင် မေမေ သမီးနဲ့အတူ လိုက်ခဲ့မယ်။” ဖန့်ကျွင်းရုံက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်သည်။


“ဟုတ်ကဲ့ မေမေ”


လီရှင်းယွင်သည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမမိခင်အနားမှာ ရှိနေရင် သူမအတွက် ပိုကောင်းပေလိမ့်မည်။

 

***


ဖန့်ကျွင်းရုံသည် စာချုပ်ကို ရှေ့နေဖြင့် သေချာကြည့်ရှုစစ်ဆေးခဲ့ပြီး အရေးသိပ်မကြီးသော အသေးစိတ်အချက်အလက်တစ်ချို့ကိုသာ တွေ့ရှိခဲ့ရသည်။ စာချုပ်ကိုသေချာစစ်ဆေးအပြီးမှာ ဇန်နဝါရီလ ၁၀ရက်နေ့မှာ စာချုပ်ချုပ်ဖို့ ချိန်းဆိုလိုက်သည်။


စာချုပ်ချုပ်ဆိုဖို့ သွားရာလမ်းတွင် လီရှင်းယွင်သည် သူမအမေအား သူမအစီအစဥ်များကို ပြောပြခဲ့သည်။


“ကျိုးယီနဲ့ သမီး ဒီအကြောင်းကို ဆွေးနွေးထားပြီးပြီ။ လူအများရဲ့အာရုံကို ဆွဲ‌ဆောင်နိုင်ဖို့ ပြိုင်ပွဲတစ်ခု ကျင်းပမယ်။ သမီးတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ပြိုင်ပွဲက အနိုင်ရသူကို ရွေးချယ်မယ်။ ပြိုင်ပွဲမှာ အနိုင်ရသူကို တစ်နှစ်လျှင် ယွမ် ၂မီလီယံဖြင့် စာချုပ်ချုပ်ဆိုမယ်။”


ထိုအစီအစဥ်သည် သာမာန်လူထုအတွက် ဆွဲ‌ဆောင်မှုရှိသော ကမ်းလှမ်းချက်တစ်ရပ်ဖြစ်ပြီး လူများစွာကို ဆွဲဆောင်နိုင်လိမ့်မည်။ လူများလေ ပိုတက်ကြွလေဖြစ်ပြီး အောင်မြင်ပါလိမ့်မည်။


“ထိပ်တန်းဆုရှင် ၁၀ယောက်ကိုလည်း အခြားအလုပ်အကိုင် အခွင့်အလမ်းအချို့ကိုလည်း သမီးတို့ အကြံပြုမိတ်ဆက်ပေးမယ်။”


ဖန့်ကျွင်းရုံရဲ့သမီးဖြစ်သောကြောင့် လီရှင်းယွင်သည် အသိုင်းအဝိုင်းကြားမှာ အဆက်အသွယ်များစွာရှိသည့်အပြင် သူမမှာ ငွေကြေးပြတ်လပ်မှုလည်း မရှိပါဘူး။ သူမသည် ဖုန်းကောလ်လေးတစ်ခုခေါ်ဆိုရုံဖြင့် အစီအစဥ်တစ်ခုကို စီစဥ်နိုင်မည်ဖြစ်ပြီး ဒါက အတော်လေးကို ရိုးရှင်းပါသည်။


“အစ်မကျိုးယီက သူမကိုယ်ပိုင်ကုမ္ပဏီအတွက် အလားအလာရှိတဲ့သူတွေနဲ့ စာချုပ်ချုပ်ဆိုဖို့ စိတ်ဝင်စားပုံရတယ်။”


ဖန့်ကျွင်းရုံသည် အနည်းငယ် အံ့သြသွားသည်။ ဤကလေးနှစ်ယောက်စလုံးသည် သူမမျှော်မှန်းထားသည်ထက် ပိုမိုရင့်ကျက်သည်။ ရှန့်ရှင်းကုမ္ပဏီကဲ့သို့သော ကုမ္ပဏီငယ်လေးတစ်ခုအတွက် လူသိများစေဖို့ အလွယ်ကူဆုံးနည်းလမ်းမှာ မြင့်မားသောစျေးနှုန်းဖြင့် နာမည်ကြီးငွေကြယ်ပွင့်တစ်ယောက်နှင့် စာချုပ်ချုပ်ဆိုရန်ပင်ဖြစ်သည်။


အခြားတစ်ဖက်တွင်မူ လီရှင်းယွင်နှင့် ကျိုးယီတို့သည် ဆန့်ကျင်ဖက်ဆီသို့ ဦးတည်လျှောက်လှမ်းဖို့ စီစဥ်ထားကြသည်။ သူတို့က ပြိုင်ပွဲတစ်ခုကျင်းပခြင်းဖြင့် ကုမ္ပဏီအတွက် ကျော်ကြားမှုကို ရယူလိုသည်။


စိတ်ကူးကကောင်းမွန်ပေမယ့် လက်တွေ့မှာတော့ ပြဿနာများစွာ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး သူတို့ ဒါတွေကို တစ်ဆင့်ပြီးတစ်ဆင့် ရင်ဆိုင်ကျော်ဖြတ်ဖို့ လိုအပ်လိမ့်မည်။


ဖန့်ကျွင်းရုံက အနည်းငယ် စဥ်းစားလိုက်ပြီး ပြောသည်။ “ကောင်းပြီ။ မင်းရဲ့ဆုတွေကို ထပ်တိုးမြှင့်နိုင်တယ်။ ထိပ်တန်းဆယ်ယောက်ကို အလှအပဆေးလုံး ဗူး၂၀နဲ့ ဆံပင်ကြီးထွားသန်မာစေသောခရင်မ် ၅ပုလင်းပါ ရရှိနိုင်လိမ့်မယ်။”


လီရှင်းယွင်သည် ချက်ချင်း အာရုံပြောင်းသွားသည်။ “မေမေ့ရဲ့ ဆံပင်ကြီးထွားသန်မာစေသောခရင်မ်ကို စျေးကွက်ဖြန့်ချိဖို့ အဆင့်သင့်ဖြစ်နေပြီလား။”


“လာမယ့်နှစ်စမှာ ဖြန့်ချိနိုင်လောက်မယ်။” ဖန့်ကျွင်းရုံက ပြောသည်။