အခန်း ၁၈၈
Viewers 26k

အခန်း(၁၈၈) - ဖန့်ကျွင်းရုံက ဒီပစ္စည်းများကြောင့် ရရှိမည့်အကျိုးအမြတ်များကို သူမကိုယ်တိုင်အတွက် ဘာ့ကြောင့် သိမ်းမထားတာလဲ (၁)

 

ဖန့်ကျွင်းရုံသည် ကျန်းကျစ်ယန်ကို သဘောမကျသော်လည်း ငွေမျက်နှာကြောင့် သူ့အား မျက်နှာသာပေးရန် မိတ်ဆွေအဖြစ် ဟန်ဆောင်ခဲ့လေသည်။


ကျန်းကျစ်ယန်ဟာ သူမျှော်မှန်းထားထက် ပိုနိမ့်သောစျေးနှုန်းဖြင့် ရရှိခဲ့လို့ အလွန်ပျော်ရွှင်ခဲ့သည်။


နှစ်ယောက်သား ပျော်ရွှင်စွာ မတ်တပ်ရပ်နှုတ်ဆက်လိုက်ကြပြီး ဘေးပတ်ဝန်းကျင်က လေထုဟာ လိုက်လျောညီထွေဖြစ်လာခဲ့သည်။


လီရှင်းယွင်သည် စာချုပ်ချုပ်ဆိုပြီးနောက် စိတ်ကောင်းဝင်နေသော ကျန်းကျစ်ယန်သည် နေ့လည်စာ အတူစားဖို့ ဖိတ်ခေါ်ခဲ့သည်။ သူက လီရှင်းယွင်အား ကြည့်ပြီး ဖန့်ကျွင်းရုံ၏သမီးဟာ စစ်မှန်သောအလှလေးဖြစ်ကြောင်း သတိပြုမိခဲ့သည်။ သူမအသွင်အပြင်က ကလေးဆန်နေသေးပေမယ့် သူမမျက်နှာသွင်ပြင်က ဖန့်ကျွင်းရုံနဲ့ အတော်လေးဆင်တူပြီး နူးညံ့သိမ်မွေ့လှသည်။


ဖန့်ကျွင်းရုံက သူ့အကြည့်တွေကို သတိပြုမိလိုက်ပြီး ဒီလူက အသက်နှစ်ဆယ်ဝန်းကျင် မိန်းကလေးများနှင့် ချိန်းတွေ့တာကို သဘောကျနှစ်သက်မှန်း သတိရမိလိုက်သည်။ ဖန့်ကျွင်းရုံဟာ ရုတ်တရတ် ထိတ်လန့်သွားမိပြီး သူမသမီးဖြစ်သူရှေ့ မသိမသာ ကွယ်ရပ်လိုက်သည်။ “ဒီနေ့တော့ အဆင်မပြေဘူး။ ရှင်းယွင်က စာမေးပွဲအဆင့်ကြီးအတွက် ပြင်ဆင်ဖို့ စောစောအိမ်ပြန်ရမယ်။ ဟုတ်တယ်မလား။” 


လီရှင်းယွင်သည် စာမေးပွဲအဆင့်ကြီးအတွက် ပြန်လည်လေ့ကျင့်ပြီးပြီဟု ဆိုချင်သော်လည်း သူမအမေ၏ မျက်လုံးထဲက အရိပ်အယောင်ပြနေသည့်ဟန်ကို တွေ့လိုက်ရသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။


ကျန်းကျစ်ယန်၏နှုတ်ခမ်းများဟာ တွန့်ကွေးသွားသည်။ သူ့ကို ဗိုင်းရပ်စ်တစ်မျိုးကဲ့သို့ ကာကွယ်နေရန် လိုအပ်သလား။ သူ့မှာလည်း ကိုယ်ကျင့်တရားရှိပါတယ်။ မကြာသေးမီကပင် သူက ဖန့်ကျွင်းရုံကို လိုက်လံပိုးပမ်းပြီး အခုအချိန်မှာ ဖန့်ကျွင်းရုံ၏သမီးကို လိုက်လံပိုးပမ်းနေသူလို့ အပြောမခံနိုင်ပါ။


ဖန့်ကျွင်းရုံက သူ့ကို အယုံအကြည်လုံးဝမရှိပေ။ ဖန့်ကျွင်းရုံသည် စာချုပ်လက်မှတ်ထိုးပြီးနောက် သူမသမီးအား ပထမဦးဆုံး အိမ်သို့ပြန်ပို့ပေးခဲ့ပြီးနောက် သူမနယ်မြေထဲမှ သစ်သီးများကိုယူကာ ဓာတ်ခွဲခန်းသို့ ဦးတည်သွားခဲ့သည်။ သူမသည် သူတို့ထုတ်လုပ်ခဲ့သောဆေးများအား စာရင်းပြုစုချင်ခဲ့သည်။

 

ဟမ်... သူမမှာ အဆိပ်အတောက်ဖယ်ရှားဆေးလုံး ဗူးရေ ၅၆၉ဗူးနှင့် ကျောက်စိမ်းဖြူဆေးခရင်မ် ၇၁၇ဗူးတို့ရှိနေတာပဲ။


ဖန့်ကျွင်းရုံသည် အချိန်ပိုအလုပ်လုပ်ရန် စိတ်အားထက်သန်သော သူမ၏ အလုပ်သမားကောင်းလေး ကျန်းဝမ်ယုနှင့်လည်း တွေ့ဆုံချင်သည်။


သူမ သူ့ကို နောက်ဆုံးတွေ့ခဲ့သည့်အချိန်နှင့် နှိုင်းယှဥ်လျှင် ကျန်းဝမ်ယုသည် ပိုကြည့်ကောင်းလာပြီး သူ့ပါးပြင်များသည် ပြည့်တင်းစပြုလာသည်။


ကျန်းဝမ်ယုပြည့်ဖြိုးနေတာကို မြင်လိုက်ရသောအခါ ဖန့်ကျွင်းရုံသည် အာဟာရပညာရှင်များအား လစာတိုးပေးရန် တိတ်တဆိတ် ဆုံးဖြတ်ချလိုက်သည်။


ဖန့်ကျွင်းရုံသည် သစ်သီးများကို ကျန်းဝမ်ယုအား လက်လွှဲပေးလိုက်ပြီး “ဒါတွေကို စားကြည့်ပါ။” လို့ ‌ပြောလိုက်သည်။


ကျန်းဝမ်ယုသည် ထိုသစ်သီးများကို မြင်ရုံနှင့်ပင် သာမာန်သစ်သီးများ မဟုတ်ကြောင်း ပြောနိုင်သည်။ သစ်သီးများ၏ အရောင်အဆင်းမှာ စိမ်းစိုလတ်ဆတ်ပြီး တောက်ပနေခဲ့သည်။ သူက သစ်သီးတစ်လုံးကို ရေဆေးကာ တစ်ကိုက်ကိုက်စားလိုက်ပြီး သူ့မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။


ကျန်းဝမ်ယုသည် သစ်သီးတစ်မျိုးစီ စားကြည့်ပြီးနောက် ဖန့်ကျွင်းရုံသည် သူက ဓာတ်ခွဲခန်းအင်္ကျီကို ဝတ်ဆင်ထားပြီး ထိုသစ်သီးများအား သူ့ဓာတ်ခွဲခန်းထဲသို့ လေးနက်သောအသွင်ဖြင့် သယ်ဆောင်သွားတာကို မြင်လိုက်ရသည်။ 


“ခဏနေဦး။ ရှင် ဘာလုပ်မလို့လဲ။”


ကျန်းဝမ်ယုက ပြန်ဖြေသည်။ “ဒီသစ်သီးတွေက ကျွန်တော် အရင်က စားဖူးတာတွေထက် အရသာပိုကောင်းတယ်။ ပြီးတော့ သူတို့ကို စားသုံးပြီးတဲ့နောက်မှာ လူတစ်ယောက်၏ စိတ်ဝိညာဥ်ကို အားဖြည့်ပေးတဲ့ အကျိုးသက်ရောက်မှုတွေရှိတယ်။ ဒီသစ်သီးတွေမှာ အခြားသစ်သီးတွေမှာမပါတဲ့ ထူးခြားတဲ့ဒြပ်စင်အချို့ပါဝင်တယ်လို့ ကျွန်တော် သံသယရှိတယ်။”


“ဒါမှမဟုတ် ကျွန်တော် သတိမထားမိတဲ့ မျိုးရိုးဗီဇပြောင်းလဲသွားတာမျိုးလည်း ဖြစ်နိုင်တယ်။”


သူ့မျက်နှာမှာ ဤကဲ့သို့အဓိပ္ပါယ်ရတဲ့ စကားလုံးများနဲ့ ပြည့်နှက်နေတယ် - “ကျွန်တော့်ကို သုတေသနလုပ်ခွင့်ပြုပါ” နှင့် “ကျွန်တော် နောက်ထပ် အနှစ်၅၀၀လောက် စမ်းသပ်မှုတွေ ပြုလုပ်နိုင်ပါတယ်”


ဖန့်ကျွင်းရုံ “……”


ဟုတ်တယ်။ ကျန်းဝမ်ယုဟာ အရူးသိပ္ပံပညာရှင်ပဲ။ ထိုကဲ့သို့ အရသာရှိသော သစ်သီးများကိုပင် သူကိုယ်တိုင်အတွက် စားသုံးရန် မလုပ်ပဲ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် စိတ်အားထက်သန်နေခဲ့သည်။ 


ဖန့်ကျွင်းရုံသည် သူမနားထင်များကို ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။ “အဲ့တာတွေ အရင်စားလိုက်ပါ။ ကျွန်မဆီမှာ ကျန်သေးတယ်။ ကျွန်မ ရှင့်ကို ထပ်ပေးပါ့မယ်။”


“အစေ့တွေယူပြီး ရှင် သုတေသနပြုလုပ်နိုင်တယ်။”


သူမသမီးဖြစ်သူ သစ်သီးဖျော်ရည်ကုမ္ပဏီ ဖွင့်လှစ်ဖို့ ပြင်ဆင်နေသည်။ အကယ်၍ ဒီလက်တွေ့ဘဝတွင် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့သစ်သီးများကို စိုက်ပျိုးနိုင်ပါက ၎င်းတို့ကို ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်လိမ့်မည်။


အရူးအမူးသိပ္ပံပညာရှင် ကျန်းဝမ်ယုသည် အနည်းငယ် ငြိမ်သက်သွားပြီး ပြန်ထိုင်ကာ ကျန်ရှိနေသော သစ်သီးများအား ဖြည်းဖြည်းချင်း ဆက်လက်စားသုံးလိုက်သည်။


သူသည် အရေးကြီးသောအလုပ်ကိစ္စများကို ဆောင်ရွက်နေရသကဲ့သို့ အလွန်လေးနက်စွာ စားသောက်နေခဲ့သည်။


ဖန့်ကျွင်းရုံဟာ ရယ်ချင်သွားမိသည်။ သူမရှေ့က ဒီအရူးအမူးသိပ္ပံပညာရှင်က စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဗီလိန်ဘော့စ်ရဲ့အသွင်အပြင်နဲ့ လုံးဝမတူဘူးဟု ထင်ရသည်။ သူက သူ့အသက်မွေးဝမ်းကြောင်းအလုပ်ကို အလွန်နှစ်သက်ပြီး သူ့အလုပ်ထဲ၌ အာရုံဝင်စားကာ အစားစားသောက်ရန်နှင့် အိပ်စက်အနားယူရန်ကိုပင် မေ့လျော့သွားတတ်သည်။ သူ့ရဲ့ပင်ကိုယ်စရိုက်ဟာ အရမ်းရိုးရှင်းပြီး ဖြောင့်မတ်မှန်ကန်သည်။


သူက သစ်သီးများစားသောက်ပြီးတာနဲ့ တစ်ခုခုကို စဥ်းစားမိသွားပုံရသည်။ “ကျွန်တော် စာတမ်းနှစ်ခုစလုံး ‌ရေးပြီးသွားပြီ။ ကျွန်တော် သူတို့ကို သဘာဝနဲ့ သိပ္ပံကို စာတမ်းတင်ပို့လိုက်တယ်။