အခန်း ၁၈၉
Viewers 25k

အခန်း(၁၈၉) - ဖန့်ကျွင်းရုံက ဒီပစ္စည်းများကြောင့် ရရှိမည့်အကျိုးအမြတ်များကို သူမကိုယ်တိုင်အတွက် ဘာ့ကြောင့် သိမ်းမထားတာလဲ (၂)


ဖန့်ကျွင်းရုံသည် ထိုနယ်ပယ်နှင့် အကျွမ်းတဝင်မရှိရင်တောင်မှ သူမသည် ဒီနှစ်ခုက အလွန်လူသိများသော နိုင်ငံတကာထုတ်ဝေမှုဂျာနယ်ဆိုတာ သတိပြုမိသေးသည်။ “ကျွန်မ ရှင့်ကို လစာတိုးပေးဖို့ အဆင်သင့်ဖြစ်မယ်ထင်တယ်။”


ကျန်းဝမ်ယု၏စွမ်းဆောင်ရည်အပေါ် ဖန့်ကျွင်းရုံ၏ယုံကြည်မှုသည် အလွန်သိသာထင်ရှားလှသည်။


လူအများစုက ထိုကဲ့သို့သော ချီးမွမ်းစကားကို ရရှိသောအခါ နှိမ့်ချပြောဆိုတတ်သော်လည်း ကျန်းဝမ်ယုက ထိုချီးမွမ်းစကားများအား ခပ်ပြုံးပြုံးနှင့် ရိုးရိုးသားသား လက်ခံခဲ့သည်။


ဖန့်ကျွင်းရုံ၏ မှတ်ဥာဏ်များအရ စာအုပ်ထဲနှင့်မတူညီတာက ကျန်းဝမ်ယုသည် ကျန်းအိမ်တော်သို့ ပထမဆုံးပြန်ရောက်လာသောအခါ သူသည် အခြားသူများနှင့် အဆင်ပြေညီညွတ်ပြီး ကျနန်းအိမ်တော်က သူ့အပေါ် ကောင်းမွန်စွာဆက်ဆံခဲ့သည်။


သို့သော် တစ်ချိန်မှာစပြီးတော့ ကျန်းဝမ်ယုသည် ကျန်းပိအပေါ် မနာလိုဖြစ်ပြီး ရန်ပြုလာခဲ့သည်။ နောက်ဆုံးတော့ သူက ကျန်းပိအား အဆိပ်ခတ်ရန်ပင် ကြိုးစားခဲ့သည်။


သူမ အမြင်အရ ကျန်းဝမ်ယု၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်သည် ကျန်းပိထက် ပိုသာလွန်သည်။ သူက ဘာလို့ ကျန်းပိကို မနာလိုဖြစ်ရမှာလဲ။


သူမဖတ်ရှုခဲ့ရသောဝတ္ထုဇာတ်လမ်းသည် ကျန်းယာ့ကော၏ ရှုထောင့်မှ ‌ရေးသားထားတာဖြစ်သည်။ မလွဲဧကန်ပင် သူမဖတ်ရှုခဲ့ရသောအရာများဟာ ကျန်းယာ့ကော၏အမြင်သာ ဖြစ်နိုင်သည်။ ကျန်းဝမ်ယုသည် သူတို့ရဲ့ရန်သူဖြစ်သောကြောင့် စာအုပ်ထဲတွင် ဗီလိန်အဖြစ် ရေးသားထားခြင်းဖြစ်မည်။


သူမ ရုတ်တရတ် တစ်စုံတစ်ရာကို အမှတ်ရသွားသည်။ သူမသည် ကျန်းဝမ်ယုအား အဆိပ်ခတ်ခံခဲ့ရတယ် ဟူသောအချက်ကို ပြောရန် မေ့နေပုံရသည်။ ကျန်းဝမ်ယုသည် သူ့စမ်းသပ်ချက်များကို အလွန်တရာစိတ်ပါဝင်စားသွားပုံရပြီး ထိုအရာအားလုံးကို မေ့သွားပုံရသည်။ ဖန့်ကျွင်းရုံသည် ကျန်းဝမ်ယုထံသို့သွားတိုင်း သူမပြောလိုသည့် အကြောင်းအရာများကို မေ့လျော့သွားပြီး သူ့လွှမ်းမိုးမှုကြောင့် သူမသည်လည်း အလုပ်အကြောင်းပဲ စဥ်းစားမိပေသည်။


သူမက သူ့ကိုပြောသည်။ “ကျွန်မ ရှင့်ကိုတွေ့တဲ့အခါက ရှင်မိနေခဲ့တဲ့အဆိပ်က ကျန်းအိမ်တော်ရဲ့ နန်ဟူအဆိပ်ဖြစ်နိုင်ချေများတယ်။”


ဆေးပညာနယ်ပယ်က တစ်ယောက်အနေဖြင့် ကျန်းဝမ်ယုသည် သူမရည်ညွှန်းပြောဆိုသည့် ကျန်းအိမ်တော်က နာမည်ကျော်ကြားသော ဆေးဝါးအိမ်တော်ကိုပြောမှန်း သဘောပေါက်သည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ 


“ကျွန်တော် သူတို့ကိုမသိဘူး။”


အမှန်တော့ သူသည် ထိုမိသားစုမှ မည်သူနှင့်မျှ အဆက်အသွယ်မရှိခဲ့ပေ။


“ရှင့်ရုပ်ရည်အသွင်အပြင်က ကျန်းပိနဲ့ဆင်တယ်။ အဲ့တာကြောင့် ကျွန်မ သူတို့ကို စုံစမ်းကြည့်မိတယ်။”


သူမသည် အကြောင်းပြချက်ကောင်းတစ်ခုကို အကြောင်းပြလိုက်သည်။


ကျန်းဝမ်ယုသည် တိတ်ဆိတ်သွားသည်။ သူက သူ့နှာခေါင်းကိုပွတ်ပြီး ပြောသည်။ “ဒီမိသားစုထဲက တစ်ယောက်ယောက်က ကျွန်တော့်ကို အသက်ရှင်လျက်မမြင်ချင်ဘူးဖြစ်နိုင်တယ်။”


“ကျွန်မက ရှင့်ဖက်ကဆိုတာ ရှင့်ကိုသိစေချင်တယ်။ ရှင် ဘာဆက်လုပ်ချင်လဲဆိုတာကို ရှင်စဥ်းစားကြည့်နိုင်တယ်။” သူမ ထပ်ပြောသည်။ “ရှင်တစ်ခုခု လိုအပ်ရင် ကျွန်မကိုပြောပါ။”


ကျန်းဝမ်ယုသည် သူ့လည်ပင်းက မေတ္တယျဗုဒ္ဓလည်ဆွဲကို ထိကိုင်ရင်း “ကောင်းပြီ။ ကျွန်တော် ပြောပါ့မယ်။”


သူ ဒီကိစ္စကို တစ်နေ့နေ့မှာတော့ အောက်ခြေထိ စုံစမ်းစစ်ဆေးကြည့်မှာ သေချာပေါက်ပင်။ အခုအချိန်မှာတော့ သူ့ဘော့စ်ရဲ့သစ်သီးတွေ လေ့လာရခြင်းကသာလျှင် အရေးကြီးဆုံးဖြစ်သည်။


ထို့ကြောင့် ကျန်းဝမ်ယုသည် ဖန့်ကျွင်းရုံရှေ့မှာပင် သူ့ဓာတ်ခွဲခန်းထဲသို့ ပြန်ဝင်သွားသည်။


သူမနှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး သူမရုံးခန်းသို့ပြန်သွားကာ အခြားအလုပ်များပိုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။


ကျန်းဝမ်ယုက သူ့အလုပ်ထဲသို့ အာရုံစိုက်ထားသည်ကိုကြည့်ပြီး သူမအား အချိန်ဖြုန်းခြင်းက အပြစ်တစ်ခုဟု ခံစားမိစေသည်။


***


တစ်ပုလင်းကို ယွမ် ၁မီလီယံဖြင့် ဝယ်ယူအားပေးသော မိုက်မဲသောဖောက်သည် ကျန်းကျစ်ယန်အား အထူးဝန်ဆောင်မှုပေးသင့်တယ်လို့ ဖန့်ကျွင်းရုံ ထင်မြင်မိသည်။ ထို့ကြောင့် သူမသည် ပုလင်းတိုင်းကို ကောင်းမွန်စွာ ထုပ်ပိုးပေးထားပြီး ၎င်းတို့အားလုံးကို မြင်လိုက်တာနဲ့ အလွန်အဆင့်အတန်းမြင့်ပြီး အဖိုးတန်မှန်း သိသာပေသည်။


ဟုတ်တာပေါ့။ သူမသည် ကျန်းကျစ်ယန်ကို ဆေးဗူးအရေအတွက်ကို ကြိုတင်ပြောပြထားသောကြောင့် သူက ငွေကို ကြိုတင်ပြင်ဆင်ထားနိုင်သည်။ ပုလင်းများစွာ အားပေးသောကြောင့် သူမသည် ၂၀ရာခိုင်နှုန်း လျော့စျေးပေးလျှင်တောင် ယွမ်တစ်ဘီလီယံဝန်းကျင်လောက်တော့ ကုန်ကျနေဆဲပင်။


အာ... သူမသည် ကြင်နာတတ်ပြီး ရက်ရောတဲ့လူတစ်ဦးဖြစ်သောကြောင့် ယွမ်တစ်ဘီလီယံသာ ယူခဲ့သည်။ 


ကျန်းကျစ်ယန်သည် သူ့ပိုင်ဆိုင်မှုအချို့ကို အလကားနီးပါးစျေးဖြင့် ရောင်းလိုက်သည်ကိုပင် ကြားလိုက်ရသည်။


ဇန်နဝါရီလ ၁၂ရက်နေ့ လေထန်ပြီးမှောင်မိုက်သောညတွင် သူမသည် ဆေးဝါးများတင်ဆောင်ထားသော ကုန်တင်ကားနှင့်အတူ ကျန်းကျစ်ယန်နှင့်တွေ့ဆုံရန် သွားခဲ့သည်။


တောင်ငယ်လေးတစ်လုံးလို များပြားတဲ့ဗူးများကိုကြည့်နေသည့် ကျန်းကျစ်ယန်အသွင်က ပြိုင်ဖက်ကင်း အလှလေးကို ကြည်နေ့သည့်ဟန်တူသည်။ သူ့မျက်လုံးများကတောက်ပနေပြီး သူ့အသံက တုန်ယင်နေကာ “ဒါတွေ အကုန်လုံးလား” လို့ မေးလိုက်သည်။


ဖန့်ကျွင်းရုံက ခေါင်းညိတ်လိုက်ပြီး “ဒါက ကျွန်မဂိုဒေါင်ထဲမှာရှိနေသမျှအကုန် ရှင်းထုတ်လိုက်တာကြောင့်လေ။”


ကျန်းကျစ်ယန်သည် ဖန့်ကျွင်းရုံလိုလူမျိုးက လိမ်လည်ပြောဆိုတတ်တဲ့သူမျိုးလို့ မထင်သောကြောင့် သူက သူမအား ငွေအမြန်လွှဲပေးလိုက်သည်။


ကျန်းကျစ်ယန်သည် ဖန့်ကျွင်းရုံကို စိတ်ရင်းမှန်ဖြင့် ပြောဆိုသည်။ “အနာဂတ်မှာ မင်း အကူအညီတစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို မဆိုင်းမတွ ပြောနိုင်ပါတယ်။” သူက ခဏရပ်ပြီးနောက် ဆက်ပြောသည်။ “ကျွန်တော် မင်းနဲ့စတွေ့ချိန်ကတည်းက အရမ်းရင်းနှီးတယ်လို့ခံစားရတယ်။ ကျွန်တော်က မင်းလိုအစ်မမျိုးကို အမြဲတမ်း လိုချင်နေခဲ့တာ။”


အိုး...‌ကောင်လေး။ ထပ်လုပ်ပြန်ပြီ။ ကျန်းကျစ်ယန်ရဲ့ ပုံစံလိုမျိုးဖြစ်နေတဲ့ ကျွန်တော် မင်းရဲ့မိသားစုဝင်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ အကွက်ပဲလား။