အခန်း ၁၉၀
Viewers 25k

အခန်း(၁၉၀) - ဖန့်ကျွင်းရုံက ဒီပစ္စည်းများကြောင့် ရရှိမည့်အကျိုးအမြတ်များကို သူမကိုယ်တိုင်အတွက် ဘာ့ကြောင့် သိမ်းမထားတာလဲ (၃)


ဖန့်ကျွင်းရုံက နောက်ထပ်မောင်ငယ်တစ်ယောက်မလိုချင်တော့တာကြောင့် သူမက ချက်ချင်းငြင်းဆိုလိုက်သည်။ “မလိုပါဘူး။ ငါ့သမီးက သူ့ထက် အသက်အနည်းငယ်ပဲကြီးတဲ့ ဦးလေးတစ်ယောက်လိုချင်မယ်လို့မထင်ဘူး။”


ကျန်းကျစ်ယန်က ဒီအကြောင်းကိုပဲ ဆက်တိုက်ပြောဆိုနေခဲ့တာဖြစ်သည်။ ယခုတော့ သူ့နှလုံးသားတစ်ခုလုံးတွင် ဒီဆေးဝါးများအကြောင်းသာရှိတော့ပြီး သူ့အိမ်သို့ မြှားတစ်စင်းလို အမြန်ပြန်ချင်နေသည်။


ဖန့်ကျွင်းရုံသည် ပိုက်ဆံလက်ခံရရှိပြီးနောက်တွင် ကျန်တာကိုစိတ်မဝင်စားတော့ပဲ အိမ်ပြန်လာခဲ့သည်။


ကျန်းကျစ်ယန်သည် ဤအရာအားလုံးကို သူ့အမည်ပေါက် အိမ်တစ်အိမ်သို့ပို့ကာ အဆိပ်အတောက်ဖယ်ရှားဆေးလုံးနှင့် ကျောက်စိမ်းဖြူဆေးခရင်မ်တို့ကို စမ်းသပ်ရန် တိရစ္ဆာန်ငယ်အချို့ကို ဝယ်ယူခဲ့သည်။


သူက ဒီအကြောင်းကိုသိရှိပြီးဖြစ်ပေမယ့် ဆေးစွမ်းကို သူ့မျက်စိဖြင့် တပ်အပ်မြင်လိုက်ရတဲ့အခါ ဆေးနှစ်မျိုးရဲ့ထိရောက်မှုကို သူ အံ့သြနေတုန်းပါပဲ။ ကျန်းကျစ်ဆုသည် ဤမျှလျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်ခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်ပေ။


ဆေးညွှန်းများကိုမြင်လိုက်ရသောအခါ တစ်ကမ္ဘာလုံးက သူ့အပိုင်ဖြစ်လာပြီး သူချမ်းသာလာတော့မယ်လို့ ခံစားလိုက်ရသည်။


သူသည် ထိုဆေးညွှန်းများကို စမ်းသပ်ပြီးနောက် ကျန်းကျစ်ယန်သည် ချက်ချင်းပင် လူအိုကြီးမစ်စတာဝမ်အား အစုံလိုက်ပေးလိုက်သည်။


လူအိုကြီးမစ္စတာဝမ်သည် သူတို့မိသားစု၏ မိတ်ဆွေဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီ။ သူသည် လွန်ခဲ့သော ၁၀နှစ်က မတော်တဆဖြစ်ခဲ့ပြီး ထိုအချိန်ကတည်းက မသန်မစွမ်းဖြစ်ကာ ချိနဲ့ခဲ့သည်။ လူအိုကြီးမစ္စတာဝမ်နှင့် သူသည် အမြဲတစေရင်းနှီးကျွမ်းဝင်ခဲ့ပြီး သူ့အား နှစ်ပေါင်းများစွာ ထောက်ခံခဲ့သည်။ မကြာသေးမီက ကျန်းကျစ်ဆုသည် သူ့အား ဝိုင်းပယ်ရန်ပြုလုပ်ခဲ့ပြီး မိသားစုအတွင်း သူ့အနေအထားသည် ဆက်လက်ကျဆင်းလာခဲ့ပြီး လူအိုကြီးဝမ်၏ သူ့အပေါ်ထားရှိသော သဘောထားသည်လည်း ပိုမိုအေးစက်လာခဲ့သည်။ မကြာသေးမီက သူက မြေကွက်တစ်ခုကို ရယူချင်ပြီး မစ္စတာဝမ်အား စီမံခန့်ခွဲပေးရန် အကူအညီတောင်းခံခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။


ရက်အနည်းခန့်အကြာအတွင် ကျန်းကျစ်ယန်သည် လူအိုကြီးဝမ်ထံမှာ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။


လူအိုကြီးမစ္စတာဝမ်က ကျန်းကျစ်ယန်ကို တွေ့လိုက်ရသည့်အခါ အရမ်းစိတ်လှုပ်ရှားသွားခဲ့သည်။ “မင်းမှာ အဲ့ဒီဆေးတွေ ကျန်သေးလား။ ငါ့ခြေထောက်က တဖြည်းဖြည်း ပြန်ကောင်းလာတယ်လို့ ခံစားရတယ်။”


ဤနှစ်များအတွင်း သူ့မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ ကျန်းကျစ်ယန်ထံမှ ဆေးကို လက်ခံရရှိပြီးသောအခါ သူသည် ဒီထက်တော့ ပိုမဆိုးနိုင်တော့ဘူးဆိုတဲ့စိတ်ဖြင့် စမ်းသပ်သုံးစွဲခဲ့သည်။ ရလဒ်ကတော့ သူ့ကို အရမ်းအံ့အားသင့်သွားစေခဲ့သည်။


ကျန်းကျစ်ယန်က သူ့ကို အတော်လေး ပြောရခက်ခဲသည့်ဟန်ဖြင့် ကြည့်လိုက်သည်။ “ဒီဆေးကို ဖော်စပ်ရတာ အရမ်းခက်ခဲတယ်။ အဖိုးတန်ဆေးဖက်ဝင်အပင်တွေ အများကြီးလိုအပ်တယ်။ ကုန်ကျစရိတ်ကလည်း အတော်လေးမြင့်တယ်လို့ပြောရမယ်။ ပုလင်းအနည်းငယ်လောက်ရဖို့ကို အများကြီးကြိုးစားခဲ့ရတယ်။” ဒီဆေးတွေကို သောက်သုံးဖို့အတွက် ဆရာဝန်ညွှန်ကြားချက် မရသေးပေမယ့် ကျန်းကျစ်ယန်က သူ့ပုံရိပ်ကို မြှင့်တင်ရန်အတွက် ဒါကို အသုံးပြုခဲ့သည်။ သူက ထိုဆေးပုလင်း တစ်ပုလင်းအတွက် ယွမ် ၁မီလီယံ တောင်းဆိုခဲ့သည်။ ဟုတ်တာပေါ့။ ဆေး၏အကျိုးအာနိသင်ထိရောက်မှုသည် ထိုစျေးနှုန်းနှင့် ထိုက်တန်ပေသည်။

 

သူ့စိတ်ထဲတွင် သံသယ အနည်းငယ် ပေါ်ပေါက်လာခဲ့သည်။ ဖန့်ကျွင်းရုံက အင်အားကြီးပုဂ္ဂိုလ်များနှင့် မိတ်ဖွဲ့ရန် ဘာ့ကြောင့် ဒီအံ့အားသင့်ဖွယ်ဆေးကို မသိမ်းဆည်းထားတာလဲ။ ဤသို့သော ဆေးညွှန်းများကို လက်ဝယ်ပိုင်ဆိုင်ထားလျှင် သူမနှင့် မိတ်ဆွေဖွဲ့လိုသော လူများစွာကို သေချာပေါက် ရရှိနိုင်လိမ့်မည်။


သူမသည် ထိုဆေးညွှန်းများကို မထိန်းသိမ်းမစောင့်ရှောက်နိုင်မှန်းသိသောကြောင့် သူ့ထံလက်လွှဲခဲ့တာ ဖြစ်နိုင်သည်။ ဤအရာများကို ပိုင်ဆိုင်ခြင်းကြောင့် သူမ ဒုက္ခရောက်စေနိုင်သည်။ ထို့ကြောင့် သူမသည် သူတို့အား လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့တာ ဖြစ်မည်။ သူက အဲ့ဒီအပြင် အခြားဘာအကြောင်းကိုမှ စဥ်းစားလို့မရဘူး။ ဖန့်ကျွင်းရုံက သူ့ကိုနေရာပေးလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ တစ်ယောက်ယောက်က အခြားတစ်ယောက်မြှင့်တင်နိုင်ရန်အတွက် ဒီလောက်အံ့အားသင့်ဖွယ်ကောင်းတဲ့အရာတွေကို ဘာ့ကြောင့် စွန့်လွှတ်နိုင်ရတာလဲ။


လူအိုကြီးမစ်စတာယွမ်က မဆိုင်းမတွပြောလိုက်သည်။ “ငါ့မျက်စိအောက်မှာတင် မင်း တော်တော်လေးကြီးပြင်းလာခဲ့ပြီပဲ။” သူက ချစ်မြတ်နိုးသောအပြုံးလေးတစ်ခုကို ကျန်းကျစ်ယန်အား ပေးခဲ့သည်။ “ငါ မင်းကြီးပြင်းလာတာကိုကြည့်ပြီးတော့ မင်းကို ငါ့ရဲ့မြေးလေးအဖြစ် အမြဲတွေးခဲ့တယ်။”


ကျန်းကျစ်ယန်သည် စိတ်လှုပ်ရှားနေပြီး သူ့ကိုလည်း အလွန်စိတ်အားထက်သန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ “ကျွန်တော် လူကြီးမင်းကို ကျွန်တော့်အဖိုးအဖြစ် အမြဲတမ်းတွေးထားခဲ့တာ။ အဖိုးရဲ့ပြဿနာက ကျွန်တော့်ပြဿနာပါပဲ။ တစ်ပုလင်းလောက်က စိတ်မပူပါနဲ့။ ကျွန်တော် အဖိုးကို နှစ်ပုလင်းတောင်ပေးနိုင်တယ်။”


သူတို့ ဒီလောက်မြန်မြန်ပြန်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ဒါက သူတို့အတွက် သူပေးခဲ့ရတဲ့ပမာဏနဲ့ လုံးဝထိုက်တန်ပါသည်။