အခန်း ၁၉၁
Viewers 25k

အခန်း(၁၉၁) - ကျန်းယာ့ကောက လီရှစ်ကျီကို အပြစ်ရှိသောအကြည့်ဖြင့်ကြည့်၍ တိတ်တဆိတ်ထွက်သွားသည် (၁)


“သား မင်း အဲ့တာကို သေချာစဥ်းစားပြီးပြီလား။” ဟု ကျန်းပိ၏အမေ စုချင်းယင်သည် ဓာတ်ခွဲခန်းမှ အိမ်သို့ပြန်ရောက်လာသော ကျန်းပိအား မေးလိုက်သည်။


သို့သော် သူ့အတွက်တော့ သူမရဲ့စိုးရိမ်ပူပန်မှုတွေက မမြင်နိုင်တဲ့ဖိအားတစ်ရပ်လိုပါပဲ။


ကျန်းပိသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျန်းကျစ်ယန်ထံမှ အရိုးများကို ကုသပေးပြီး အသစ်ပြန်လည် ပြုပြင်ပေးနိုင်သော ကျောက်စိမ်းဖြူဆေးခရင်မ်ကို ရရှိခဲ့သည်။ သူက ဒီဆေးရဲ့အာနိသင်ကို သူ့မျက်စိဖြင့် တိုက်ရိုက်မတွေ့ခင် ကြားကြားချင်းမှာ ဒီဆေးအကြောင်းကို အရမ်းသံသယဝင်ခဲ့တယ်။


သူတို့၏ မူလလက်ဟောင်း အရိုးပြုပြင်ဆေးခရင်မ်သည် ထိုဆေးနှင့်နှိုင်းယှဥ်လျှင် အသုံးမဝင်သော အမှိုက်တစ်စဖြစ်သွားသည်။


ဒ့ါကြောင့် သူ့အဖိုးက ဆေးညွှန်းကို အမြန်ဆုံးဖော်ထုတ်ဖို့ သူတို့အားလုံးကို ဖိအားပေးခဲ့သည်။ သို့သော် ပါဝင်ပစ္စည်းများကိုပင်မသိပဲ ဆေးညွှန်းကိုဖော်ထုတ်ရခြင်းသည် သေးငယ်သည့်ကိစ္စတစ်ရပ် မဟုတ်ပါ။ ဒါ့ပေမယ့် သူ့မှာ သူ့အစ်ကိုဝမ်းကွဲတွေထက် အားသာချက်တစ်ခုရှိတယ်။ သူက ဒီနယ်ပယ်မှာ ထူးချွန်ပြီး သူ့ကိုယ်ပိုင် ဓာတ်ခွဲခန်းနဲ့ သုတေသနအဖွဲ့လည်း ရှိပါသည်။


သူသည် သူ့ဓာတ်ခွဲခန်းအတွင်း ရက်ပေါင်းများစွာနေခဲ့ပြီး အဖြေရှာခဲ့သော်လည်း ဘာကိုမှ အဖြေမရှာသေးပါ။


သူက အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့အတွင်း၌ ပူလောင်နေသော စိတ်‌ဒေါသကို နှိမ်နင်းကာ “ကျွန်တော့်တို့ တစ်နေရာတော့ရောက်နေပါပြီ။”


စုချင်းယင်သည် သူ့ကို ယုံကြည်မှုအပြည့်နဲ့ ပြုံးပြလိုက်ပြီး “မင်းက ငါတို့မိသားစုမှာ အနှစ်တစ်ရာမှာ တစ်ကြိမ်ပေါ်လာတတ်တဲ့ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ မင်းမှမလုပ်နိုင်ရင် တခြား ဘယ်သူမှလုပ်နိုင်မှာ မဟုတ်ဘူး။”


ကျန်းပိသည် သူ့နားထင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ “ကျွန်တော့်ကို မစ်စတာကျန်းဆီကနေ နောက်ထပ် ပုလင်းအနည်းငယ်လောက် ဝယ်ခွင့်ပြုပါဦး။”


တစ်ပုလင်းလျှင် ယွမ်နှစ်မီလီယံ ကုန်ကျပြီး ဒါကို တစ်ခါဝယ်ယူတိုင်း သူ့နှလုံးသွေးများ ယိုစီးကျသံကို ကြားရတယ်လို့ ခံစားမိသည်။ သို့သော်လည်း ထိုစျေးနှုန်းမြင့်မားမှုက သူ့ကို သက်ပြင်းချစေနိုင်သည်။ သူသာ ဒီဆေးညွှန်းကိုဖော်ထုတ်နိုင်မယ်ဆိုရင် ရရှိလာမည့် အကျိုးအမြတ်ကလည်း မြင့်မားမှာဖြစ်သည်။ ဖန့်ကျွင်းရုံသည် အနာဂတ်တွင် ဒီဆေးကိုရောင်းချလိုလျှင် ဤမျှမြင့်မားသောစျေးနှုန်းသည် လူအများစုကို အဟန့်အတားဖြစ်စေလိမ့်မယ်။ ထိုအချိန်တွင် သူမဟာ အသိဥာဏ်ကင်းမဲ့တဲ့ အရင်းရှင်စီးပွားရေးလုပ်ငန်းရှင်အဖြစ် ကျော်ကြားသွားပြီး သူမကို ဒုက္ခအကြီးအကျယ် ရောက်စေလိမ့်မည်။ သူက အရိုးပြုပြင်ဆေးခရင်မ်ရဲ့အခြေအနေကို ခြိမ်းခြောက်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။


စုချင်းယင်သည်လည်း ဓာတ်ခွဲခန်းတွင် သုံးစွဲရမည့် ကုန်ကျစရိတ်ဟာ မြင့်မားသည်ကို တွေ့ပေမယ့် ဒါက သုံးသင့်သည်။ “အိုကေ အမေ ခဏနေရင် ငွေလွှဲပေးလိုက်မယ်။”


“ကံကောင်းတာက မင်းက မစ်စတာကျန်းနဲ့ ဆက်ဆံရေးကောင်းနေတာပဲ။” သူမ၏မျက်လုံးများတွင် ဂုဏ်ယူဝံ့ကြွားတဲ့အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူမသားသည် ဆေးဖက်ဆိုင်ရာနယ်ပယ်တွင် ဥာဏ်ကြီးရှင်တစ်ဦးဖြစ်သည်သာမက EQလည်း မြင့်မားသောကြောင့် သူမသည် အထက်တန်းလွှာ သူငယ်ချင်းများစွာကို မိတ်ဖွဲ့နိုင်ခဲ့သည်။ သူရှိနေသရွေ့ ကျန်းအိမ်တော်တွင် သူမပုံရိပ်ကို ဘယ်သူမှ မထိပါးနိုင်ပါ။


ထိုကလေး အသက်ရှင်နေသေးရင်တောင် သူက သူတို့ကို ခြိမ်းခြောက်ဖို့ မတတ်နိုင်လောက်ဘူး။


စုချင်းယင်က သူ့ကိုပိုချီးကျူးလေလေ ကျန်းပိအတွက် ပိုဖိအားများလေလေ ခံစားရသည်။ သူ အိမ်မှာနေရမယ့်အစား အပြင်ထွက်ပြီး လေကောင်းလေသန့်ပဲ ရှုရှိုက်ချင်တယ်။


သူ့လက်ထဲ ပိုက်ဆံရောက်ပြီးနောက် ကျန်းပိသည် ကျောက်စိမ်းဖြူဆေးခရင်မ်ကို ဝယ်ယူရန် ကျန်းကျစ်ယန်နှင့် တွေ့ဆုံရန် ချိန်းဆိုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းကျစ်ယန်သည် ကျောက်စိမ်းဖြူဆေးခရင်မ်နှင့် အဆိပ်အတောက်ဖယ်ရှားဆေးလုံးများကို အသုံးပြု၍ မိတ်ဆွေသူငယ်ချင်းဖွဲ့ရန် အလုပ်များနေသဖြင့် သူနှင့် တွေ့ဖို့ အချိန်မပေးနိုင်သေးပေ။


ကျန်းပိသည် ကျန်းကျစ်ယန်နှင့်တွေ့ဖို့ ရက်အတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။


ယခုရက်ပိုင်းအတွင်း သူသည် ကျန်းကျစ်ယန်အကြောင်း တော်တော်များများ ကြားခဲ့ရသည်။ သူသည် အခုနောက်ပိုင်းတွင် အလွန်နာမည်ကြီးပြီး လူများစွာက သူထံသို့ ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းများနှင့်ပင် စတင်ကမ်းလှမ်းလာကြသည်။ သူ့ကို လက်ရှိတည်ဆောက်နေတဲ့ ရေပန်းအစားဆုံး ဖွံ့ဖြိုးတိုးတက်မှုဇုန်မှာတောင် ဗီလာတစ်လုံး လက်ဆောင်ပေးခဲ့တဲ့လူတောင် ရှိတယ်။


မည်သည့် အတွင်းသတင်းကိုမျှ မသိသေးသောသူများသည် ကျန်းကျစ်ယန်က ဘာ့ကြောင့် ရုတ်တရတ် နာမည်ကြီးလာတာလဲဆိုတာကို အံ့သြနေကြပေမယ့် ကျန်းကျစ်ယန်နှင့် ခင်မင်ရင်းနှီးသောလူများသည် သူ့ကျော်ကြားမှုအားလုံးက ထိုဆေးနှစ်မျိုးမှ လာသည်ကို သိရှိကြသည်။


ထိုအတွေးက သူ့စိတ်ဆန္ဒကို မီးတောက်လာစေသည်။ အကယ်၍ သူသာ ဒီဆေးညွှန်းကို ဖော်ထုတ်နိုင်မယ်ဆိုရင် ဒီဘုန်းတန်ခိုးအာဏာတွေအကုန်လုံးက သူ့အပိုင်ဖြစ်လာလိမ့်မည်။


ကျန်းကျစ်ယန်က ပြောသည်။ “ငါ မင်းကို အများဆုံး ငါးပုလင်းပဲ ပေးနိုင်မယ်။ ငါ့အဖိုးတန်ပစ္စည်းတွေကို အများကြီး မဖြုန်းတီးချင်ဘူး။”


ဖန့်ကျွင်းရုံသည် သူ့ဝမ်းကွဲနှင့် ပဋိပက္ခများဖြစ်နေသောကြောင့် သူက ဒီအခွင့်အရေးကို ရရှိခဲ့တာဖြစ်သည်။ နောက်အချိန်တွင် ဒီအခွင့်အရေးကို ထပ်ရနိုင်ဦးမလားဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။ သူ့မှာ အများကြီး ရှိပုံပေါ်ပေမယ့်လည်း သူက အခြားသူများ မေးမြန်းသည့်အခါမှာ တစ်ဦးလျှင် နှစ်ပုလင်း၊ သုံးပုလင်းလောက်သာ အများဆုံး ခွဲဝေသတ်မှတ်ထားသည်။


ဒါပေမယ့် သူတို့ကျေးဇူးကြောင့် သူ့မိသားစုမှာ သူ့အနေအထားက မြင့်တက်လာခဲ့သည်။ အဲ့ဒီလူတွေရဲ့ ပံ့ပိုးမှုတွေဖြင့် သူ့ဝမ်းကွဲတွေကို ဖယ်ရှားနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုပဲ လိုပါ‌တော့သည်။


ကျန်းပိသည် ဆေးညွှန်းအား အမြန်ဆုံး ဖော်ထုတ်နိုင်လိမ့်မည်လို့ သူ မျှော်လင့်ထားခဲ့သည်။


ကျန်းပိက သူ့ကို ကျေးဇူးတင်တဲ့ မျက်နှာဖြင့် ကြည့်လိုက်ကာ “ကျေးဇူးပါပဲ မစ်စတာကျန်း