အခန်း ၁၉၄
Viewers 25k

အခန်း(၁၉၄) - နောက်တစ်ခါကျရင် သတိထားပါ (၁)


ဖန့်ကြွယ်မင်သည် သူ့ဘဝတစ်ခုလိုဖြစ်နေသည့် သူ့လက်ကို ငုံ့ကြည့်လိုက်သည်။


သူ အခုထိ ယုံရခက်နေတုန်းပါပဲ။ သူ့အိမ်ဘေးအနားမှာနေတဲ့ ကျန်းယာ့ကောက သူ့ဆီလာပြီး သူ့ဒဏ်ရာအတွက် ဆေးနည်းနည်းယူလာပေးတယ်။ သူက သူ့လက်အတွက် မျှော်လင့်ချက်တွေအားလုံး ဆုံးရှုံးနေခဲ့ပေမယ့် သူမရဲ့ မျှော်လင့်စောင့်စားနေတဲ့ အကြည့်အောက်မှာ သူ စမ်းသုံးကြည့်လိုက်သည်။


သူတို့အသိုင်းအဝိုင်းထဲက လူတစ်ယောက်အနေဖြင့် သူသည် အချိန်အတော်ကြာ နိမ့်ကျနေသော်လည်း အပျက်သဘောဆောင်သည့် မှတ်ချက်များကြားရသော ကျန်းယာ့ကော၏ အကြောင်းများကိုလည်း ကြားသိခဲ့ရပါသေးသည်။


သို့သော် သူမသည် သူ့အား ဤမျှအဖိုးတန်သောဆေးဝါးကို ပေးချင်တဲ့စိတ်ရှိခြင်းက သူမသည် ဤမျှဆိုးဝါးသည့်သူ မဖြစ်နိုင်ပေ။ သူမသည် အခြားသူများ၏ မလိုလားခြင်းကို ခံရတာ ဖြစ်နိုင်သည်။ သူက ဒီအသိုင်းအဝိုင်းမှာ ဒီလိုအဖြစ်အပျက်တွေ အများကြီးကို မြင်ခဲ့ဖူးပြီး ကောလဟလမထွက်ဖူးသည့် မိသားစုဟူ၍ မရှိပါ။


သူလည်း ဒီလိုပဲ ဖြစ်ခဲ့တာ မဟုတ်လား။ သူက မှန်တဲ့ဖက်မှာ ရပ်တည်လိုက်မိပေမယ့် ချမ်းသာတဲ့အိမ်က ကလေးတချို့ကို စော်ကားမိသောကြောင့် သူ့လက်ဒဏ်ရာရရှိခဲ့ရုံတင်မကဘူး။ တခြားကောလဟလသတင်းများစွာပါ ထွက်ရှိခဲ့ပြီး ဒီနေရာတွင် ပိတ်မိနေခဲ့သည်။


သူက သူ့နာမည်ကိုယ်သူ မရှင်းလင်းနိုင်သဖြင့် တစ်နေ့တာလုံး ဘာမှအလုပ်ပဲ အသုံးမဝင်သော လူတစ်ဦးကဲ့သို့ အိမ်တွင်နေရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။


ကျန်းယာ့ကောသည်လည်း သူနှင့်အတူတူ ဖြစ်နိုင်သည်။ ဒါကတွေးမိပြီး အင်တာနက်ပေါ်က တိုက်ခိုက်ခံနေရသည့် ဒီမိန်းကလေးကို သနားစာနာစိတ်လေး မွေးဖွားလာခဲ့သည်။


အကယ်၍ ဒီဆေးတွေသာ အမှန်တကယ် ထိရောက်မှုရှိလျှင် သူမဟာ သူ့ကျေးဇူးရှင်ဖြစ်ပြီး သူမကို ကာကွယ်ပေးမယ်လို့ ကတိပြုထားခဲ့သည်။


***


ဖန့်ကျွင်းရုံသည် သူမအလုပ်များစွာ ရှုပ်နေပြီးတော့ သူမ၏ ဝက်လိုသားနှင့် ကျန်းယာ့ကောတို့အပေါ် ဂရုမစိုက်နိုင်သော်လည်း သူတို့သတင်းကို ယူလာပေးတဲ့သူတွေ‌တော့ ရှိနေသေးသည်။


ဖန့်ကျွင်းရုံသည် သူမနဖူးကို သူမလက်ဖဝါးဖြင့်ထောက်ထားရင်း လီရှစ်ကျီက ကျန်းယာ့ကောကို ကာကွယ်ဖို့အတွက် သူ့လက်ကို ထိခိုက်စေမိတယ်ဆိုတဲ့အကြောင်းအား နားထောင်နေသည်။ အတိုင်းအတာတစ်ခုအထိ ကျန်းယာ့ကောသည် တကယ့်ကို အရည်အချင်းရှိသူဖြစ်သည်။ သူမပတ်လည်တွင် ရန်ပွဲများ ပြဿနာများဖြစ်သော်လည်း သူမထံတွင် အမြဲတမ်း ဘေးကင်းသည်။ ပွဲအပြီးတွင် သူမဟာ လုံခြုံမြဲ လုံခြုံဆဲဖြစ်ပေမယ့် တခြားသူတွေက‌တော့ ကံမကောင်းခဲ့ပါဘူး။


သူမ အရင်ဘဝတွင် သူမသမီးလေး လီရှင်းယွင်က တွေ့ကြုံခံစားခဲ့ရပြီး ဒီဘဝတွင် ဝမ်စစ်ရှန်းနှင့် လီရှစ်ကျီတို့က ခံစားခဲ့ရသည်။


ရှင်းယွင် အရင်ဘဝတုန်းက ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တုန်းက သူတို့ ဘာပြောခဲ့ကြလဲ။ ပြီးတော့ သူတို့က ဒီပြဿနာဟာ ကျန်းယာ့ကောနဲ့ မသက်ဆိုင်ဘူး။ ရှင်းယွင်က သူမအပြစ်တွေကြောင့်သာ ခံသင့်လို့ ခံရတာလို့ ပြောခဲ့ကြသည်။ 


ယခု သူတို့ကိုယ်တိုင် သားကောင်များဖြစ်လာသောအခါတွင်မူ သူတို့ပြောခဲ့သောစကားများကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါ့မလားလို့ တွေးမိသည်။


ဒါက သူ့လက်ကျိုးသွားရုံပါပဲ။ သူက လအနည်းလောက် ခံနိုင်ရည်ရှိရင်တော့ ကျောက်စိမ်းဖြူဆေးခရင်မ်ကို စျေးကွက်တွင် ဝယ်ယူရရှိနိုင်ပေလိမ့်မည်။ သူမအရင်ဘဝတုန်းက ရှင်းယွင်သည် သူမမျက်နှာပျက်စီးသွားသောကြောင့် စိတ်ဓာတ်ကျကာ အခန်းထဲတွင် ပိတ်လှောင်နေခဲ့ရသည်။


သူမ သတိပြန်ဝင်လာပြီး ဖုန်းတစ်ဖက်က သူမသမီးလေးအား နူးညံ့ညင်သာစွာ ပြောလိုက်သည်။ “အမေ သမီးကိုလာကြိုဖို့ တကယ်မလိုအပ်ဘူးလား။ သမီးနဲ့အတူ ယူလာစရာတွေ အများကြီးရှိတယ် မဟုတ်ဘူးလား။”

 

ရှင်းယွင်သည် နောက်ဆုံးစာမေးပွဲကြီးပြီးသွားပြီဖြစ်၍ တရားဝင် အားလပ်ရက် ရရှိသွားခဲ့ပြီဖြစ်သည်။ ဒီနှစ်ရက်အတွင်း သူမအိမ်ပြန်ရန် ထုပ်ပိုးပြင်ဆင်နေခဲ့တာဖြစ်သည်။


“သမီး အဆင်ပြေပါတယ် မေမေရဲ့။ မေမေလည်း မေမေ့အလုပ်တွေရဲ့ ရှုပ်နေတာပဲလေ။ အစ်မကျုံးရီက သမီးကို လာကြိုပေးမယ်လို့ပြောတယ်။ သူတို့ကျောင်းကလည်း သမီးတို့‌ကျောင်းနဲ့အတူတူပဲ အားလပ်ရက် ရပြီလေ။”


ဖန့်ကျွင်းရုံက သူတို့အချင်းချင်း အဆင်ပြေနေတာကို တွေ့ရတော့ အရမ်းဝမ်းသာသွားသည်။ “ကောင်းပြီ။ မင်းတို့နှစ်ယောက်စလုံး အိမ်ကိုဂရုစိုက်ပြန်ကြ။”


ဖန့်ကျွင်းရုံက ဖုန်းချပြီးနောက် သူမနားနောက်သို့ ဆံစကိုသပ်တင်လိုက်သည်။ ယနေ့တွင် သူမက ကျောက်စိမ်းလေလံဆွဲရန်အတွက် ဒီနေရာကို လာရောက်ခဲ့သည်။ ဒီအကြောင်းကို လူအိုကြီးကောက သူမကို သတင်းပေးခဲ့တာဖြစ်သည်။


ဖန့်ကျွင်းရုံသည် သူမပိုင်ဆိုင်သော လက်ဝတ်ရတနာများနှင့် ‌ကျောက်မျက်ရတနာများကို အသုံးပြု၍ သူမရဲ့ ထူးခြားဆန်းကြယ်သော ဆေးပင်များကို မစိုက်ပျိုးချင်ခဲ့ပါ။


လေလံပွဲသို့ တက်ရောက်နိုင်ရန်အတွက် အလွန်မြင့်မားသော လိုအပ်ချက်များရှိပြီး ချမ်းသာကြွယ်ဝသူများသာ တက်ရောက်နိုင်လိမ့်မည်ဖြစ်သည်။