အခန်း ၁၉၅
Viewers 25k

အခန်း(၁၉၅) - နောက်တစ်ခါကျရင် သတိထားပါ (၂)


ဖန့်ကျွင်းရုံသည် သူမ၏ဖိတ်ကြားလွှာကို ပြသပြီးနောက် ကျန်းသဲ့ရှန်းနှင့်အတူ လေလံလွဲကျင်းပရာခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။ သူမနှင့် ကျန်းသဲ့ရှန်းတို့၏ ချောမောလှပသော အလှလေးနှင့် ခန့်ညားသော အမျိုးသားအတွဲလေး ဖြစ်နေသည်။ သူတို့နှစ်ယောက်စလုံး ပွဲအတွင်းသို့ဝင်လာသောအခါတွင် အလွန်လိုက်ဖက်သော ရှုခင်းတစ်ခုအသွင် လိုက်ဖက်ညီနေခဲ့သည်။ ဖန့်ကျွင်းရုံသည် ပွဲအတွင်းတွင် နိုင်ငံခြားသားဧည့်သည်အချို့ကိုပင် တွေ့မြင်ခဲ့ရသည်။


အလုပ်သမားတစ်ဦးက သူတို့ကို လေလံပစ္စည်းတွေရှိရာဆီ ခေါ်ဆောင်သွာပေးသည်။ ဒီလေလံပွဲမှာ နှစ်မျိုးနှစ်စား ခင်းကျင်းပြသထားသည်။ တစ်မျိုးက ဖုံးကွယ်ထားတဲ့ကျောက်စိမ်းရိုင်းနှင့် နောက်တစ်မျိုးက ကျောက်စိမ်းအရိပ်ပေါ်နေသည့်အရိုင်းဖြစ်သည်။ ဖုံးကွယ်ထားတဲ့ ကျောက်စိမ်းအရိုင်းတုံးဟာ သူတို့ထဲမှ ကျောက်စိမ်းကို ရှင်းရှင်းလင်းလင်း မမြင်ရပါ။ ဒါဟာ လူတစ်ဦးရဲ့ ကျွမ်းကျင်မှုနှင့် ကံတရားပေါ် မူတည်သည်။ ကျောက်စိမ်းအနည်းငယ်မြင်ရသည့်‌ ကျောက်စိမ်းတုံးသည် အတွင်းမှ ကျောက်စိမ်းကို ခန့်မှန်းကြည့်နိုင်သည်။


သူဌေးအများစုသည် ကျွမ်းကျင်သူများကို ခေါ်ဆောင်လာကြပြီး သူတို့အားလုံးဟာ ကုန်ကြမ်းများကို တစ်ခုပြီးတစ်ခု ညွှန်ပြကာ ခွဲခြမ်းစိတ်ဖြာကြသည်။



လက်ထောက်တစ်ဦးနှင့်သာ အတူလာသူမှာ ဖန့်ကျွင်းရုံ တစ်ဦးတည်းသာရှိသည်။ ကျန်းသဲ့ရှန်း၏အသွင်အပြင်ကြောင့် သူက ဒီနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးလို့ မည်သူမျှ ထင်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတော့ ဒီနယ်ပယ်ဟာ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံနှစ်မျိုးစလုံးအတွက် စမ်းသပ်မှုတစ်ရပ်ဖြစ်ခဲ့သည်။


ဖန့်ကျွင်းရုံသည် သူမနှင့်အတူ ကျွမ်းကျင်သူတစ်ဦး မခေါ်လာရသည့် အကြောင်းအရင်းရှိသည်။ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများတွင် ထူးခြားဆန်းကြယ်သော သဘောသဘာဝရှိသည်။ သူတို့က သန့်ရှင်းစင်ကြယ်လေ ဝိညာဥ်အားပိုကောင်းလေဖြစ်သည်။ သူမသည် သူမကိုယ်ပိုင်နယ်မြေ၏ လွှမ်းမိုးမှုအောက်၌ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ခံစားနိုင်သည်။


ထို့ကြောင့် သူမလုပ်ရန် လိုအပ်သည့် တစ်ခုတည်းသောအရာမှာ ထူးခြားဆန်းကြယ်သော ချီအငွေ့အသက်ကို ခံစားမိသည့် ကျောက်စိမ်းတုံးများကို လေလံဆွဲရန်ပင်ဖြစ်သည်။ သူမမှာ ငွေရှားပါးမှုမရှိတာကြောင့် ဒီလေလံပွဲကို မလာခင်မှာ ငွေအလုံအလောက် ပြင်ဆင်ထားခဲ့သည်။

 

သူမသည် ဒီနေရာတစ်ဝိုက်ကို လျှောက်သွားပြီး ကုန်ကြမ်းအချို့ကို မှတ်သားထားခဲ့သည်။ ကောင်းတဲ့အရာတွေအားလုံးကို ဝယ်ယူဖို့ သူမ ရည်ရွယ်ချက်မရှိပါဘူး။ ဆိုရိုးအတိုင်း အသားစားလျှင် အခြားတစ်ဦးအတွက် ဟင်းချိုအချို့တော့ ချွေတာထားသင့်သည်။ ထို့အပြင် ၎င်းတို့အနက် စျေးအသက်သာဆုံးမှာ ယွမ်ငါးသိန်း ကျသင့်သည်။ သူမသည် အရာအားလုံးကို ဝယ်ယူဖို့ ငွေအလုံအလောက်ပြင်ဆင်လာခဲ့သော်လည်း တော်တော်လေး ကုန်ကျမည်ဖြစ်သည်။


ဖန့်ကျွင်းရုံသည် ကျောက်စိမ်းတုံးများကို မှတ်သားထားပြီးနောက် ကျန်းသဲ့ရှန်းအား လှည့်မေးလိုက်သည်။ “မင်းရော ကြိုက်တာတွေ့လား။”


ကျန်းသဲ့ရှန်းသည် ကျောက်စိမ်းတုံးအနည်းငယ်ခန့်ကို ညွှန်ပြလိုက်သည်။ “ဒီကျောက်စိမ်းတုံး အနည်းငယ်တော့ တော်တော်သဘောကျတယ်။ ကျွန်တော့်ကံတရားကို စမ်းသပ်ဖို့ သူတို့ထဲက စျေးအသက်သာဆုံးတစ်တုံးကိုတော့ ဝယ်ဖြစ်လိမ့်မယ်။”


ဖန့်ကျွင်းရုံက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူညွှန်ပြခဲ့သော ကျောက်စိမ်းတုံးများသည် သူမမှတ်သားထားသော ကျောက်စိမ်းတုံးတော်တော်များများနှင့် ထပ်တူညီနေသည်။ သူမမှာ ကိုယ်ပိုင်နယ်မြေကြောင့်ဖြစ်သော်လည်း ကျန်းသဲ့ရှန်းကတော့ သူ့ကံတရားကို လုံးလုံးလျားလျား မှီခိုခဲ့တာဖြစ်သည်။


အဲ့တာက သူ့မှာ ကံကောင်းခြင်းအချို့ ပိုင်ဆိုင်ထားတာပဲ။


ဖန့်ကျွင်းရုံက ခေါင်းညိတ်သည်။ “မင်း တစ်ခုလောက် စမ်းဝယ်သင့်တယ်။” ကျန်းသဲ့ရှန်းသည် ကျန်းကျစ်ယန်ထံမှ ယွမ်၅၀မီလီယံ ရရှိထားသောကြောင့် သူ့မှာ ငွေကြေးပြတ်လပ်ခြင်းမရှိပေ။


သူတို့နှစ်ဦးသည် လေလံပွဲမှ ပစ္စည်းများအားလုံးကို ကြည့်နေရင်း စကားစမြည် ပြောနေခဲ့ကြသည်။


ဖန့်ကျွင်းရုံသည် ကောလက်ဝတ်ရတနာရဲ့ အထွေထွေမန်နေဂျာနဲ့လည်း တွေ့ဆုံခဲ့ရသည်။ သို့သော် သူ့အစီအစဥ်မှာ အခြားသူများ လေလံပွဲတွင် ပထမဆုံး ဝယ်ယူပြီးနောက် ကျောက်စိမ်းအရိုင်းတုံးများကို ခွဲပြီးသည့်အချိန် ကျောက်စိမ်းများရရှိလာသည့်အချိန်မှ ဝယ်ယူရန်ဖြစ်လေသည်။ တကယ်တော့ အဲ့တာက ဒီနေ့ လက်ဝတ်ရတနာလုပ်ငန်းရှင်တိုင်းလိုလိုရဲ့ စိတ်ကူးပါပဲ။


မန်နေဂျာလမ့်က သူမအား “ဒီနေ့ မင်းရဲ့အကြီးမားဆုံးပြိုင်ဖက်က Country Xက Duchess Capet ဖြစ်ကောင်းဖြစ်နိုင်တယ်။”


ဖန့်ကျွင်းရုံ၏မျက်နှာအရောင် အနည်းငယ်ပြောင်းသွားသည်။ Duchess Capetသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူတစ်ယောက်ဖြစ်သည်။ သူမရဲ့ အသားတင်ပိုင်ဆိုင်မှုတင် ဘီလီယံရာချီရှိတယ်လို့ ဆိုပါသည်။ သူမသည် Country Xရဲ့ သက်တမ်းအကြာဆုံးနှင့် အထင်ရှားဆုံးမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်။


ဖန့်ကျွင်းရုံသည် သူမ၏အသားတင်ပိုင်ဆိုင်မှု တိုးပွားလာခဲ့သော်လည်း Duchess Capetနှင့်တော့ နှိုင်းယှဥ်၍ မရသေးပေ။ ယခုအချိန်မှာ နှိုင်းယှဥ်၍မရသေးသော်လည်း နောင်ဆယ်နှစ်ကြာပြီးနောက်တွင် သေချာပေါက် နှိုင်းယှဥ်လာနိုင်လိမ့်မည်။


မန်နေဂျာလမ့်က ပြောသည်။ “ဒီDuchessက အခုနောက်ပိုင်းမှာ ကျောက်စိမ်းကို အမှုန့်ပြုပြီး သူ့မျက်နှာနဲ့ ဆံပင်ကို လိမ်းတဲ့ အလှအပနည်းလမ်းသစ်ကို စွဲလန်းနေပုံရတယ်။ ဒါ့ကြောင့် သူမက ကမ္ဘာပတ်ပြီး ကျောက်စိမ်းတွေ အများကြီးဝယ်နေပုံပဲ။”

 

ဒီအပြောကြောင့် ဖန့်ကျွင်းရုံရဲ့နှုတ်ခမ်းတွေဟာ တွန့်ကွေးသွားသည်။ ဒါကတော့ ဖြုန်းတီးခြင်း၏ စံနမူနာဖြစ်နိုင်သည်။