အခန်း ၁၉၆
Viewers 25k

အခန်း(၁၉၆) - နောက်တစ်ခါကျရင် သတိထားပါ (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)


မန်နေဂျာလမ့်၏ မိတ်ဆက်ပေးမှုကြောင့် ဖန့်ကျွင်းရုံသည် Duchessနှင့် ဆုံတွေ့လိုက်ရသည်။ Duchessသည် အသက် ၅၁ရှိပြီဖြစ်သော်လည်း သူမကိုယ်သူမ ကောင်းမွန်စွာ ထိန်းသိမ်းထားသောကြောင့် အသက်သုံးဆယ်အရွယ်လောက်သာ ထင်ရသည်။ သူမ၏အသားအ‌ရေသည် ကျန်းမာသည့်အသားအရေအသွင် နီရဲစိုပြေသည်။ သူမ၏ပျော့ပျောင်းပြီး လှိုင်းတွန့်ခပ်ကြီးကြီး ဆံပင်ရှည်များက အများအမြင်ကိုဖမ်းစားထားပြီး စွဲမက်ဖွယ်ကောင်းသည်။ သူမတစ်ကိုယ်လုံးသည် မက်မွန်သီးအမှည့်တစ်လုံးအသွင်တူသည်။ သူမရဲ့ခန္ဓာကိုယ်က ကျယ်ဝန်းသောပုခုံး၊ သေးကျဥ်းသောခါးနှင့် ရှည်လျားသော‌ခြေထောက်များလည်းရှိသည်။  သူမက ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ဘာကိုမှ အလျှော့မပေးတတ်သူတစ်ယောက်ဆိုတာ သိသာပါသည်။


အထူးသဖြင့် သူမနှင့်ပေါင်းသင်းဆက်ဆံကြည့်မိလျှင် သူမကို လူတွေမြင်ကြသည့်အမြင်နှင့် ကွဲပြားကြောင်းကို သိနိုင်သည်။ လူအများက သူမသည် လှည့်စားတတ်သူတစ်ဦးဖြစ်ပြီး သစ္စာမရှိကြောင်း ပြောဆိုကြသည်။ အမှန်အတိုင်းပြောရရင် မင်း ငါ့ကိုသစ္စာရှိသရွေ့ တခြားအပြစ်မဲ့တဲ့သူတွေကို မထိခိုက်စေရဘူး သူတို့အားလုံးဟာ ပုဂ္ဂိုလ်ရေးဆန်ပြီး အပြင်လူတွေက အဲ့တာကို မေးခွန်းထုတ်ပိုင်ခွင့်မရှိဘူး။


Duchess Capetသည်လည်း ဖန့်ကျွင်းရုံကို သတိပြုမိသည်။ ထို့နောက် ကျန်းသဲ့ရှန်းကို အဝေးမှတွေ့လိုက်ရ၍ သူမ ဖန့်ကျွင်းရုံကို အဓိပ္ပါယ်တစ်ခုပါဝင်သောအပြုံးဖြင့် ကြည့်နေခဲ့သည်။ သူမသည် ဖန့်ကျွင်းရုံကို သူမနှင့် စိတ်သဘောထားချင်းတူသောလူတစ်ဦးအဖြစ် သတ်မှတ်ထားသည်မှာ သိသာထင်ရှားသည်။


ဖန့်ကျွင်းရုံ၏မျက်ခွံများကို လှုပ်သွားပြီး သူမသည် Duchess Capetက သူမဆီသို့ ကြော့မော့စွာ လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။


“မင်္ဂလာပါ ဖန့်...”


ဖန့်ကျွင်းရုံသည်လည်း သူမကို နိုင်ငံခြားဘာသာစကားဖြင့် ကျွမ်းကျင်ပြေပြစ်စွာ စကားစမြည်ဆိုသည်။ သူမက ရန်ဖြစ်တိုက်ခိုက်ရတာကို သဘောမတွေ့ပဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံရတာကို သဘောကျတယ်။ ထုံးစံအတိုင်း ဖန့်ကျွင်းရုံသည်လည်း တူညီတဲ့သဘောထားနဲ့ တုံ့ပြန်ခဲ့သည်။


“မင်္ဂလာပါ Duchess Capet ရှင်က ကျွန်မထင်ထားထက် ပိုငယ်ပုံပေါ်ပြီး ပိုလှပချောမောတာပဲ။”


လှပသောအမျိုးသမီးတစ်ဦး၏ ချီးကျူးမှုကြောင့် Duchess Capetသည် အလွန်ပျော်ရွှင်သွားပုံရသည်။ သူမပြုံးလိုက်သောအခါ သူမမျက်လုံးများသည် တလက်လက်တောက်ပနေသည်။


“ကျွန်မကို Mattiaလို့ပဲခေါ်ပါ။”


“Mattia” ဖန့်ကျွင်းရုံက ခေါ်ကြည့်သည်။


သူမတို့နှစ်ဦးသားသည် အဆင်မချောတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးလည်း မရှိသလို သူမတို့နှစ်ယောက် စကားစမြည်ပြောဆိုတာက အရမ်းဗဟုသုတရရှိခဲ့သည်။ ထို့ကြောင့် သူမတို့နှစ်ဦး စကားစမြည်ပြောဆိုရာတွင် စကားစပြတ်သွားတာမျိုးမရှိပေ။ Duchess Capetက သူမတို့စကားပြောဆိုနေကြတဲ့အခါမှာ သူမဆံပင်ကို အခါအားလျော်စွာကြည့်နေတာကို ဖန့်ကျွင်းရုံ သတိပြုမိသည်။


သူမဆံပင်က ဘာဖြစ်နေလို့လဲ။


သူမသည် မနေနိုင်၍ Duchess Capetကို မေးမြန်းလိုက်သည်။


Duchess Capetပြုံးရင်း ပြန်ဖြေသည်။ “ဘာမှမဖြစ်ပါဘူး။ ရှင့်ဆံပင်က အရမ်းကောင်းတာပဲ။ ရှင့်ဆံပင်က ပိုးသားလိုချောမွေ့နေတာပဲ။”

သူမက အသံနှိမ့်လိုက်ပြီး သူမမျက်လုံးထဲတွင် မိန်းမငယ်လေးတစ်ဦး၏ မသိနားမလည်သည့် စူးစမ်းချင်စိတ်ရှိနေပုံရသည်။ “တရုတ်လူမျိုးတွေမှာ သူတို့ဆံပင်ကို ထိန်းသိမ်းဖို့ သုံးတဲ့ရိုးရာနည်းလမ်းတွေ ရှိသလား။”


ဒါက သူမထုတ်ကုန်ကို ကြော်ငြာရန် ပြီးပြည့်စုံသော အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်သည်။


ဖန့်ကျွင်းရုံက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ဟုတ်တယ်။ ဒါက ရှေးဟောင်းနည်းလမ်းပဲ။ ငါကိုယ်တိုင် စမ်းသုံးကြည့်ပြီး ရလဒ်က တော်တော်လေးကောင်းတယ်။ လာမည့်လအနည်းငယ်အတွင်းမှာ အဲ့တာကို စျေးကွက်မှာဖြန့်ချိဖို့ အဆင်သင့်ဖြစ်နေပြီ။”


Duchess Capetက အလွန်စိတ်ဝင်စားသွားပုံရသည်။


“ဒါပေမယ့် ရှင်က ဒီဟာကိုလိုအပ်မယ်လို့ မထင်ဘူး။ ရှင့်ဆံပင်က နေရောင်ခြည်လိုတောက်ပပြီး အရမ်းလှပတယ်။”


Duchess Capetသည် သူမ၏စိတ်ခံစားချက်များကို ဖုံးကွယ်ထားနိုင်သော လူတစ်ဦးမဟုတ်သဖြင့် သူမမျက်နှာပေါ်တွင် ရှက်ရွံ့သည့်အရိပ်အယောင်တစ်ခုပေါ်လာသည်။


သူမဆံပင်က ဘာဖြစ်နေလို့ပါလိမ့်။ ဖန့်ကျွင်းရုံသည် တစ်ခုခုမှားနေတာကို သိလိုက်ပေမယ့် ဘာမှားတာလဲဆိုတာကိုတော့ မပြောနိုင်ဘူး။


သို့သော် သူမသည် Duchess Capetက ဒီအကြောင်းကို မပြောဆိုမှန်းသိ၍ အသားအရေထိန်းသိမ်းသည့်အကြောင်းသို့ စကားလမ်းကြောင်းပြောင်းလိုက်သည်။ Duchess Capetသည် ထိုအရာနှင့်ပတ်သတ်၍ ပြောစရာအလွန်များပြားသည်။ သူမက နာမည်ကြီးအလှကုန်တံဆိပ်များအားလုံးလိုလိုကို ဝေဖန်ပြောဆိုခဲ့သည်။


ဖန့်ကျွင်းရုံသည် အခုနောက်ပိုင်းတွင် အခြားအသားအရေထိန်းသိမ်းသည့်ထုတ်ကုန်များကို မသုံးစွဲခဲ့ပေ။ စျေးကွက်ထဲရှိ အသားအရေထိန်းသိမ်းသည့်ထုတ်ကုန်များသည် သူမနယ်မြေအတွင်း စမ်းရေမပါဝင်၍ အာနိသင်ထိရောက်မှုသိပ်မရှိပေ။


Duchess Capet တရုတ်သို့ရောက်ရှိနေချိန်အတွင်း သူမနှင့် စိတ်အားထက်သန်စွာ စကားစမြည်ပြောဆိုနိုင်သည့်သူ မရှိသလောက် ရှားပါးခဲ့သည်။ သူမက အလွန်သွက်လက်တက်ကြွပြီး ထိုအကျိုးဆက်အနေဖြင့် စင်မြင့်ပေါ်တွင် လမ်းလျှောက်နေစဥ် သူမ၏ဂါဝန်ကို မတော်တဆတက်နင်းမိသည်။


ဖန့်ကျွင်းရုံသည် အလျင်အမြန် တုံ့ပြန်လိုက်နိုင်ပြီး သူမကို လှမ်းဆွဲနိုင်လိုက်သည်။ အခြားတစ်ဖက်တွင်မူ Duchess Capetသည် သူမလက်များကို လေထဲတွင် ဝှေ့ယမ်းလိုက်ရင်း နောက်ဆုံးတွင် သူမဆံပင်ကို ဆွဲယူမိသွားသည်။


သူမလက်ကဆွဲလိုက်မိတာနဲ့ သူမဆံပင်ဟာ ကျွတ်ကျသွားသည်။


အတိအကျပြောရလျှင် သူမဆံပင်တုကို ဆွဲချွတ်လိုက်မိခြင်းဖြစ်သည်။ ဆံပင်တုအောက်မှ သူမဆံသားများသည် ခြောက်သွေ့ကွဲအက်ကာ ဝါကျင်နေပြီး အာဟာရချို့တဲ့နေသည့်အသွင်ရှိသည်။ သူမဦးခေါင်းပေါ်တွင်ဆံသားအနည်းငယ်လောက်သာရှိပြီး ဦးရေပြားကိုပင် မြင်နေရသည်။


ထိုကဲ့သို့သော အသွင်အပြင်ကြောင့် ချောမောလှပသော အမျိုးသမီး၏ရုပ်သွင်သည် အသက်၄၀အရွယ်သို့ ရုတ်တရတ် ကျဆင်းသွားသည်။


အဲ့တာက... အတော်လေး ကိုးရိုးကားရားနိုင်တာပဲ။


Duchess Capetသည်လည်း မလှုပ်မယှက် အံ့သြမှင်သက်နေသည်။ သူမသည် သူမလက်ထဲက ဆံပင်တုကိုကြည့်ရင်း အေးခဲသွားသည်။


ဖန့်ကျွင်းရုံက သူမလက်ထဲကဆံပင်တုကို ဆွဲယူကာ အလင်း၏အရှိန်ဖြင့် ပြန်ဝတ်ဆင်ပေးလိုက်သည်။


ထို့နောက် သူမက ပေါ့ပါးသည့်အသံဖြင့် ဆိုလိုက်သည်။ “ရှင်လမ်းလျှောက်တဲ့အခါကျရင် သေသေချာချာ သတိထားရမယ်။