အခန်း ၁၉၇
Viewers 25k

အခန်း(၁၉၇) – ဒါက ဘယ်လိုဖြစ်သွားရတာလဲ (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)


Duchess Capetသည် အခုအချိန်တွင် “WTF”လို့ ရေရွတ်မိမတတ်ပင်။ ရှက်စရာကောင်းလိုက်တာ။ ဒါက အရမ်းရှက်စရာကောင်းတာပဲ။ ပိုဆိုးတာက သူမသူငယ်ချင်းအသစ်လေးရဲ့ရှေ့မှာ သူမ အရှက်ကွဲသွားတာပဲ။ သူမနဲ့ ဖန့်က တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက် လိုက်ဖက်ညီနိုင်တယ်လို့ သူမ ခံစားခဲ့ရပေမယ့် လှပချောမောတဲ့ အမျိုးသမီးနှစ်ယောက်အကြား ပြိုင်ဆိုင်လိုသည့် စိတ်ခံစားချက်တချို့လည်း ပိုင်ဆိုင်ထားပါသည်။ ယခုအချိန်မှာ သူမ အရမ်းရှက်ရွံ့နေသောကြောင့် သူမကိုယ်သူမ တွင်းတစ်ခုထဲ ပြေးပုန်းချင်မိသည်။


သူမကို အခုစိတ်ပိုသက်သာရာရစေတဲ့အရာက ဖန့်ကျွင်းရုံရဲ့ တည်ငြိမ်နေမှုပါပဲ။ သူမက သာမာန်ကိစ္စတစ်ခုလိုပဲ သဘောထားကာ ကိစ္စကြီးကြီးကျယ်ကျယ်ဖြစ်အောင် မလုပ်ပေ။ အထူးသဖြင့် သူမက အလျင်အမြန် တုံ့ပြန်ပေးခဲ့ပြီး သူမ အံ့အားသင့်နေဆဲမှာပင် သူမရဲ့ဆံပင်တုကို ပြန်တပ်ဆင်ပေးခဲ့သည်။


သူမသည် ပတ်ပတ်လည်လူတွေကို ဝေ့ကြည့်လိုက်တော့ မည်သူမျှ သတိမပြုခဲ့မိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ သက်ပြင်းအရှည်ကြီးချမိလိုက်သည်။ ဖန့်က တကယ့်ကို အကျင့်စာရိတ္တကောင်းမွန်တဲ့သူပဲ။


Duchess Capetဟာ သူမစိတ်ငြိမ်သွားသည်နှင့် ဖန့်ကျွင်းရုံအား တောက်ပစွာ ပြုံးပြလိုက်သည်။ “ကျေးဇူးတင်ပါတယ်။’


“ကိစ္စမရှိပါဘူး။”


သူမပြုံးလိုက်သောအခါ တောက်ပပြီး ချစ်စရာကောင်းသည်။ ဖန့်ကျွင်းရုံသည် အလွန်စိတ်ငြိမ်သက်နေပုံရ‌သော်လည်း Duchess Capet၏အပြုံးကို မြင်သောအခါ အစောပိုင်းမြင်ကွင်းကို ချက်ချင်းပြန်အမှတ်ရမိသည်။


ထိုအကြောင်းကိုပြောရရင် သူမသည်လည်း Duchess Capetလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင် သူမလိုမျိုးပဲ ဆုံးဖြတ်ချက်ချမိလိမ့်မည်။ သူမသည်လည်း ဆံပင်တုဝတ်ဆင်ရင် ‌ရွေးချယ်မိပေလိမ့်မည်။


ထိုအကြောင်းကိုတွေးရင်း ဖန့်ကျွင်းရုံသည် သူမနှင့် Duchessက ရင်းနှီးဆက်နွယ်နိုင်လိမ့်မည်လို့ ခံစားရသည်။ သူမက Duchessတစ်ယောက်သာ ကြားနိုင်မည့် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ “ဒီလေလံပွဲပြီးသွားရင် နင် စမ်းသုံးကြည့်ဖို့ ငါ့ရဲ့ဆံပင်ကြီးထွားသန်မာစေတဲ့ခရင်မ် ဗူးအနည်းငယ်ပေးမယ်။ အဲ့တာကို ငါ မကြာသေးခင်က အသုံးပြုနေခဲ့တာ။”

 

ထိုသို့ပြောပြပြီးသည်နှင့် ဖန့်ကျွင်းရုံသည် Duchess Capetအား ထိုခရင်မ်အား အသုံးမပြုခင်ပုံနှင့် အသုံးပြုပြီးပုံများကို ပြသသည်။ သူမရဲ့ အခုဆံပင်သည် ဓာတ်ပုံထဲတွင် filterတစ်ခုသုံးထားသည်နှင့်တူသည်။


“ကောင်းပြီ” Duchess Capetသည် ဖန့်ကျွင်းရုံ၏ဆံပင်ကို ထပ်မံကြည့်မိပြန်သည်။ သူမ အလွန်မနာလိုဖြစ်မိသွားသည်။ ထိုကဲ့သို့သော ဆံပင်အရည်အသွေးနှင့် ထူထဲများပြားသောဆံပင်များ ရရှိရန်က သူမအိမ်မက်တစ်ခုပင်ဖြစ်သည်။ သူမသည် သူမဆံပင်အတွက် ရိုးရာကုထုံးနည်းလမ်းများစွာကို ကြိုးစားကြည့်ခဲ့သော်လည်း ရလဒ်အားလုံးသည် ယာယီလောက်သာ ကောင်းမွန်သည်။ သူမသည် ပြီးပြည့်စုံလိုသောရလဒ်ကို လိုချင်သည့်လူမျိုးဖြစ်ပြီး မနှစ်တုန်းကစ၍ ဆံပင်တုကို ဝတ်ဆင်ခြင်းကြောင့် မပြည့်စုံသော်လည်း စိတ်ကျေနပ်မှုတစ်စုံတစ်ရာ ရရှိခဲ့သည်။


သူတို့နှစ်ယောက်ကြား ဒီလျှို့ဝှက်ချက်ကြောင့် သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ အဆင့်တစ်ခုအထိ တက်လှမ်းသွားသည်။ Duchess Capetသည် ဖန့်ကျွင်းရုံအား သူမစိတ်ထဲမှာ မှတ်သားထားသည့်ကျောက်စိမ်းတုံးများကိုမေးပြီး ထိုကျောက်စိမ်းတုံးများအား စျေးမပြိုင်ဘူးလို့ ဆိုသည်။


Duchess Capetဟာ တကယ်တော့ စိတ်ရင်းမှန်သူလူပုဂ္ဂိုလ်ဖြစ်သည်။


ဖန့်ကျွင်းရုံ၏အပြုံးဟာ ပိုစစ်မှန်လာပြီး “ဘာလို့လဲ။ ဒီလိုဆိုရင်လည်း ကျေးဇူးပါ။”


ဖန့်ကျွင်းရုံသည် သူမကို စာနာပြီးကူညီပေးခဲ့သော်လည်း Duchess Capetကို တိုက်ရိုက်ကြော်ငြာအဖြစ် လုပ်ဆောင်ခွင့်ပြုရန် မလွှဲမရှောင်သာ စိတ်ကူးရှိခဲ့သည်။ အခုအချိန်မှာတော့ သူမသည် Duchess Capetကို အမှန်တကယ် အကူအညီပေးချင်နေပြီဖြစ်သည်။


Duchess Capetသည်လည်း သူမ၏ကြင်နာမှုကို လက်ခံခဲ့သည့်အတွက် အလွန်ပျော်ရွှင်နေခဲ့သည်။ အရင်တုန်းက သူမကို အလားတူစကားမျိုးပြောတဲ့အခါမှာ တစ်ဖက်လူရဲ့ အမူအရာဟာ အမြဲတမ်းလိုလို ထူးဆန်းနေခဲ့သည်။ နောက်ပိုင်းတွင် သူမက သူမ၏ချမ်းသာကြွယ်ဝမှုကို တမင်သက်သက် ကြွားဝါနေသည်ဟု ထင်မြင်ပြောဆိုကြပေလိမ့်မည်။


ဖန့်ကတော့ အဲ့လိုမဟုတ်ဘူး။


“ကျွင်းရုံ နင်လည်း ဒီရောက်နေတာပဲ။”


ရင်းနှီးသော အမျိုးသမီးတစ်ဦး၏အသံတစ်ခု ကြားလိုက်ရသည်။


ဖန့်ကျွင်းရုံသည် အသံကြားရာကို လှည့်ကြည့်လိုက်သောအခါ ပိုင်ရှစ်ယွင်ကို မြင်တွေ့လိုက်ရသည်။ သူမအနားတွင် ကျောက်ဖြတ်ကျွမ်းကျင်သူများ ဝန်းရံနေသည်။ သူမ ဒီနေရာကို ကျောက်စိမ်းတုံးဝယ်ယူဖို့လာမှန်း သိသာထင်ရှားပါတယ်။ ဒါ့ကြောင့် သူမ ကျွမ်းကျင်သူအများကြီးကို ဒီလေလံပွဲအား ခေါ်လာတာဖြစ်သည်။


ဖန့်ကျွင်းရုံသည် သူမမိသားစုနှင့် သူမခင်ပွန်းတို့က လက်ဝတ်ရတနာဆိုင်များ ပိုင်ဆိုင်ထားကြောင်း အမှတ်ရမိသည်။ သူမက လူအိုကြီးကောနဲ့ရင်းနှီးဖို့ အရမ်းကြိုးစားခဲ့တာ မဆန်းပါဘူး။ အဆုံးမှာတော့ လူအိုကြီးကောက ကျောက်စိမ်းတွင်းပိုင်ဆိုင်သူတစ်ဦးဖြစ်သည်။ ရလဒ်အနေဖြင့် ပိုင်ရှစ်ယွင် ခက်ခက်ခဲခဲရရှိထားသောကျောက်စိမ်းသည် ဖန့်ကျွင်းရုံလက်ဆောင်ပေးသော ကျောက်စိမ်းရှေ့တွင် ခုခံနိုင်စွမ်းမရှိပေ။ ပိုင်ရှစ်ယွင်က သူမအပေါ် မကျေနပ်မှုရှိကြောင်း သိသာပါတယ်။ ထိုစကားကြောင့် ဖန့်ကျွင်းရုံက သူမအမှားလုပ်မိတယ်လို့ မခံစားရပေ။ ပိုင်ရှစ်ယွင်သည် သူမတို့နှစ်ဦးကြား ရန်ပွဲကို စတင်ခဲ့သူဖြစ်သည်။ ဖန့်ကျွင်းရုံလုပ်သမျှသည် မိမိကိုယ်မိမိ ကာကွယ်ပြီး တန်ပြန်တိုက်ခိုက်ခြင်းသာဖြစ်သည်။


သူမ အသာခေါင်းညိတ်လိုက်သည်။ “နင် ဒီမှာအဆင်ပြေနေသားပဲ။”


ဖန့်ကျွင်းရုံက သူမကို သိပ်ဂရုမစိုက်သည့်တဲ့အကြည့်ဖြင့်