အခန်း ၂၉၉
Viewers 25k

အခန်း(၁၉၉) – ဒါက ဘယ်လိုဖြစ်သွားရတာလဲ (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)


စျေးနှုန်းကို အခြားသူများ မမြင်နိုင်သောကြောင့် လျှို့ဝှက်လေလံပွဲတွင် လေလံဆွဲခြင်းသည် ရန်လိုမှုအနည်းငယ်သာ ရှိပေလိမ့်မည်။


နောက်နေ့မွန်းလွဲပိုင်းအချိန်တွင် လေလံအောင်ပွဲရလဒ်များ ထွက်လာသည်။ ဖန့်ကျွင်းရုံသည် သူမရွေးချယ်ထားသည့် ကျောက်အရိုင်းတုံး ဆယ်တုံးအနက် ခုနစ်တုံးကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပြီး ၁၆မီလီယံ ကုန်ကျခဲ့သည်။ သူမ အရမ်းစိတ်ကျေနပ်သွားသည်။


Duchess Capetပေးတဲ့ စျေးနှုန်းမြင့်မားမှုကြောင့် လျှို့ဝှက်လေလံပွဲမှ ကျောက်အရိုင်းတုံး ၂၆တုံးကို သူမလက်ထဲမှာ သိမ်းပိုက်ထားခဲ့နိုင်သည်။


သုံးရက်မြောက်နေ့မှ အစစ်အမှန်လေလံပွဲကို ကျင်းပမည်ဖြစ်သည်။


ဖန့်ကျွင်းရုံသည် လေလံပွဲစျေးနှုန်းများကို တစ်ချက်စစ်ဆေးကြည့်လိုက်ရာ အနိမ့်ဆုံး ယွမ် ၃မီလီယံမှ စတင်လေလံစွဲဆိုရမည်ကို တွေ့လိုက်ရသည်။


လူအိုကြီးကောကြောင့် ဖန့်ကျွင်းရုံသည် Duchess Capetနှင့် တစ်တန်းတည်း ထိုင်ခွင့်ရခဲ့ပြီး လေလံပွဲကြည့်ရှုရာနေရာ အတော်လေး ကောင်းမွန်သော အနေအထားတွင် ရှိနေသည်။


နံနက်ကိုးနာရီတွင် လေလံပွဲ စတင်ခဲ့သည်။


ဖန့်ကျွင်းရုံသည် ပထမဆုံးလေလံတင်သည့် ကျောက်အရိုင်းတုံးကို သဘောမကျသောကြောင့် တစ်ယောက်ပြီး တစ်ယောက် လေလံဆွဲနေတာကို ထိုင်ကြည့်နေခဲ့သည်။ ဒုတိယအကြိမ် လေလံတင်သည့် ကျောက်အရိုင်းတုံးအတွက် စတင်စျေးခေါ်ဆိုမှုမှာ ၄.၂မီလီယံဖြစ်ပြီး နောက်ဆုံးတွင် ၁၃မီလီယံဖြင့် ရောင်းချနိုင်ခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ ထိုကျောက်အရိုင်းတုံးထဲတွင် ကျောက်စိမ်းအပိုင်းအစများဖြင့်သာ ပြည့်နှက်နေ၍ လေလံနိုင်သူအတွက် ဆိုးရွားသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။


ဆဌမ‌အကြိမ် လေလံတင်သည့် ကျောက်အရိုင်းတုံးသည် ဖန့်ကျွင်းရုံ၏ အာရုံကို ဆွဲ‌ဆောင်နိုင်ခဲ့သည်။ သူမသည် ထိုကျောက်အရိုင်းတုံးကို စိတ်ဝင်စားပြီး ထိုကျောက်အရိုင်းတုံးကို လေလံစခေါ်သည့်စျေးနှုန်းမှာ ၁.၃မီလီယံဖြစ်သည်။


ဖန့်ကျွင်းရုံသည် ၃မီလီယံ စျေးဆိုလိုက်သည်။ သူမသည် အနည်းငယ် ပိုမိုမြင့်မားသောစျေးနှုန်းဖြင့် စတင်ရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းအားဖြင့် သူမ၏ဆုံးဖြတ်ချက်ကို ပြသရာရောက်ပြီး လူအချို့ကို ‌နောက်ဆုတ်စေနိုင်သည်။ အထူးသဖြင့် ဒါက အစပိုင်းလေလံတင်သည့် အရိုင်းတုံးသာ ဖြစ်လေသည်။ အကောင်းဆုံး ကျောက်အရိုင်းတုံးတစ်ခု မဟုတ်သေးပါဘူး။


“၃ မီလီယံ နောက်ထပ် ‌စျေးထပ်ပေးမယ့်သူ ရှိသေးလား။”


“၃ မီလီယံ တစ်ကြိမ် ၃ မီလီယံ နှစ်ကြိမ်... အိုး ၃.၈မီလီယံ ဧည့်သည်နံပါတ် ၄၆က စျေးထပ်ပေးပါတယ်။”


ဧည့်သည်နံပါတ် ၄၆လား။


ဖန့်ကျွင်းရုံက လှည့်ကြည့်လိုက်တော့ သူမရဲ့နောက်နှစ်တန်းအကွာလောက်မှာ ထိုင်နေတဲ့ ပိုင်ရှစ်ယွင်က သူမကို ခပ်ပြုံးပြုံးကြည့်နေတာကို တွေ့လိုက်ရသည်။ သူမ ဒါကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါသည်။


ဖန့်ကျွင်းရုံ မျက်မှောင်ကြုတ်သွားသည်။။ ဒါဆို ငါတို့ ဒီကျောက်အရိုင်းတုံးကို စျေးကစားရတော့မှာလား။ ဒီ‌ကျောက်အရိုင်းတုံးထဲက ကျောက်စိမ်းက အနည်းဆုံး ၂၀မီလီယံခန့် တန်ကြေးရှိသည်။ ထို့အပြင် ပိုင်ရှစ်ယွင်က ဒါကို သူမနှင့်အတူ စျေးလိုက်ပေးနိုင်မယ်လို့ သူမ မယုံကြည်ဘူး။ သူမ၏ပိုက်ဆံများသည် သူမကိုယ်ပိုင်ငွေဖြစ်သောကြောင့် သူမ ကြိုက်နှစ်သက်သော အရာများအတွက် အသုံးပြုနိုင်သည်။ အခြားတစ်ဖက်တွင်မူ ပိုင်ရှစ်ယွင်က အလွန်အကျွံ့သုံးစွဲမိတယ်ဆိုရင် သူမခင်ပွန်းကို ဖြေရှင်းချက်ပေးရပေမည်။


ဖန့်ကျွင်းရုံသည် စျေးနှုန်းထပ်တိုးပေးသည့်အသံတစ်ခုကို ကြားလိုက်ရသည်။ “၇မီလီယံ ဧည့်သည်နံပါတ် ၁၂က ထပ်တိုးပေးပါတယ်။”


ဧည့်သည်နံပါတ် ၁၂သည် Duchess Capetဖြစ်သည်။ သူမသည် ဖန့်ကျွင်းရုံဖက်သို့ လှည့်ကြည့်ပြီး “ကျေးဇူးတင်စရာ မလိုပါဘူး” လို့ သူမကို ပြောသည်။


ဒီလိုပုံစံမျိုးက ကျားမပြောင်းပြန်ဇာတ်လမ်းမျိုးထဲက စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိသော CEOတစ်ဦးသည် အမျိုးသမီးဇာတ်လိုက်အတွက် အမြောက်စာဇာတ်ကောင်အချို့ကို ငွေကြေးဖြင့် ရိုက်ချလိုက်သော ပြီးပြည့်စုံသောမြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။


ဖန့်ကျွင်းရုံသည် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသော်လည်း Duchess Capetရသွားသည်က ကောင်းမွန်တယ်လို့ သူမ ခံစားမိသည်။ ထို့ကြောင့် သူမသည် Duchess Capetနှင့်အတူ ‌လေလံစျေး ဆက်လက်မမြင့်တော့ပေ။


ပိုင်ရှစ်ယွင်သည်လည်း Duchess Capet၏ ကြွယ်ဝချမ်းသာမှုကို သိနားလည်သည်။ သူမသည် Duchess Capetကို ကျော်နိုင်လိမ့်မည်မဟုတ်ပေ။ အမှန်တော့ သူမသည် Duchess Capetနှင့်အတူ စျေးလိုက်ပေးလျှင် သူမကို စော်ကားရာ ကျသွားပေလိမ့်မည်။ ထို့ကြောင့် သူမသည် မကျေနပ်သော မျက်နှာဖြင့် လက်လျှော့လိုက်သည်။ ထို‌ကျောက်အရိုင်းတုံးသည် နောက်ဆုံးတွင် Duchess Capet လေလံအောင်ခဲ့သည်။


နောက်ပိုင်းလေလံတင်သည့်တစ်လျှောက်တွင် ဖန့်ကျွင်းရုံ မျက်စိကျသည့် ကျောက်အရိုင်းတုံးတိုင်းကို ပိုင်ရှစ်ယွင်က လေလံပြိုင်ပေးလေ့ရှိသည်။ ထို့နောက် Duchess Capetသည်လည်း လေလံပြိုင်ပေးခဲ့ပြီး နောက်ဆုံးတွင် Duchess Capetသာ ရရှိသွားခဲ့သည်။


ထိုဖြစ်စဥ်သည် ထူးဆန်းသော အခြေအနေတစ်ရပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဖန့်ကျွင်းရုံ စိတ်ဝင်စားသည့် မည်သည့်ကျောက်အရိုင်းတုံးကိုမဆို လူတိုင်း လက်‌ရှောင်ပေးကြပြီး ဒီရန်ပွဲထဲသို့ သူတို့မပါဝင်လိုသောကြောင့် နောက်ဆုတ်သွားကြသည်။


အကြိမ်အနည်းငယ်ကြာပြီးနောက် ဖန့်ကျွင်းရုံသည် သူမ၏ထိန်းချုပ်နိုင်စွမ်း လျော့ကျသွားခဲ့သည်။


သူမသည် ၁၀မီလီယံ‌လောက် စျေးစခေါ်ပြီး ချီစွမ်းအင်နည်းပါးသော ကျောက်အရိုင်းတုံးအချို့ကို သတိပြုမိလိုက်သည်။ ထိုကျောက်အရိုင်းတုံးများက ပိုင်ရှစ်ယွင်အတွက် အလွန်ပြီးပြည့်စုံလေသည်။ အကယ်၍ သူမသည် ပိုင်ရှစ်ယွင်ကို ယွမ် မီလီယံ ၁၀၀လောက် မဖြုန်းတီးမိစေဘူးဆိုရင် သူမမျိုးရိုးနာမည်ကို ဖန့်လို့ မခေါ်တော့ဘူး။

ဒ့ါကြောင့် သူမက အခြားသူတွေ မျက်စိကျတဲ့ ကျောက်အရိုင်းတုံးတွေကို ကြိုက်နှစ်သက်သလား။ ဒါဆိုရင် ဒါကိုယူလိုက်စမ်းပါ။


ဖန့်ကျွင်းရုံသည် သူမခေါင်းကိုငုံ့ကာ Duchess Capetထံ သူမနှင့်အတူ ပါဝင်ကစားပေးရန် အချက်ပြလိုက်သည်။ အနည်းဆုံး နောက်ထပ်လေလံဆွဲမည့် ကျောက်အရိုင်းတုံးများကို ပါဝင်လေလံမဆွဲစေချင်ဘူး။ သူမသည် ပိုင်ရှစ်ယွင်ကို ပျက်စီးဆုံးရှုံးသွားစေချင်သော်လည်း Duchess Capetကို