အပိုင်း ၂၉
Viewers 14k

Chapter 29
ငါတို့ အချင်းချင်းယုံကြည်ပေးလို့ မရဘူးလား…
ရုန်ယီ အိမ်သာသို့ ထသွားလိုက်၏။
မကြာခင် ကျိူးလီနောက်က လိုက်လာပြီး ရုန်ယီကို လှမ်းဆွဲလိုက်ကာ တစ်ဖက်သို့ကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
“မင်းနဲ့ မင်းအခန်းဖော် ဘာဖြစ်နေကြတာလဲ…”
“ဘာမှမဖြစ်ပါဘူး…” ရုန်ယီ ခေါင်းငုံ့ပြီးဆက်လျှောက်သွား၏။ “ငါတို့ကအမြဲ အဲ့လိုပဲလေ…”
“တကယ် အဆင်ပြေရဲ့လား…” သိသိသာသာပင် ကျိုးလီ သူပြောတာကိုမယုံချေ။ “မီမီကြောင့်များ နှစ်ယောက်က…”
“မဟုတ်ပါဘူး…” ရုန်ယီ မြန်မြန်ဆန်ဆန်ပင် ငြင်းလိုက်၏။
သူတို့နှစ်ယောက် ကတောက်ကဆဖြစ်နေခြင်းမှာ ကျိုးလီနှင့် ဘာမှမပတ်သက်သောကြောင့် ဖြစ်၏။
ချန်းခယ့်ယောင်မှာ အိမ်ကနေထွက်ပြေးချင်လောက်အောင် မီမီကိုကြောက်သော်လည်း သူ့ကိုကြိုမတိုင်ပင်ဘဲ မီမီကို ခေါ်လာခြင်းအတွက် ရုန်ယီကို စိတ်မဆိုးခဲ့ချေ။
တစ်ဖက်တွင် ထိုညကသူ့လန့်သွားသည့် လုပ်ရပ်ကိုပိုစိတ်ရောက်နေကာ ရှင်းပြချင်နေပုံရသည်။
အကြောင်းအရင်းမှာ အိုမီဂါကြောင့်အန်တတ်သော ချန်းခယ့်ယောင်သာ မဟုတ်လျှင် ရုန်ယီ၏ပုံမှန်စိတ်အရဆိုပါက တစ်ဖက်လူမှာ သူ့ကိုသဘောကျနေသည်ဟုထင်ကာ အိမ်ထောင်သည်ဘဝကိုပင် စိတ်ကူးယဉ်နေမည်ဖြစ်၏။
သူ့မျက်နှာ အမူအရာကြောင့် ကျိုးလီမှာ သူ့စိတ်ကူးယဉ်မှုကို စတင်လိုက်ပြန်၏။
ရုန်ယီပခုံးကို လှမ်းပုတ်လိုက်ကာ “သူက လျှိုယွမ်ထက်တော့ ပိုကြည့်ကောင်းတယ်ထင်တယ်…”
“ငါ လျှိုယွမ်ကို လုံးဝသဘောမကျဘူး…” ရုန်ယီ မြန်မြန်ဆန်ဆန်ပင် ရှင်းပြလိုက်၏။ “ပြီးတော့ သူက…”
“မပြောပါနဲ့တော့…” ကျိုးလီ လက်ကာပြလိုက်၏။ “ငါတို့ ပြန်သွားရင် နေရာလဲလို့ရလား…အရမ်းမျက်နှာပူလို့ပါ”
“သူ့ကို သဘောမကျဘူးလား…”
ရုန်ယီ လျှိုယွမ်အတွက် စိတ်မကောင်းဖြစ်သွား၏။
သူ ဘာမှအမှားမလုပ်ခဲ့သော်လည်း သူတို့ကြောင့်အလကားသက်သက် ခံနေရသလို ဖြစ်နေ၏။
“သူ့ကို ဘာလို့သဘောမကျရမှာလဲ…သူ ဘယ်သူလဲဆိုတာတောင် ကောင်းကောင်းသိသေးတာ မဟုတ်ဘူး…” ကျိုးလီ ဆူပုတ်ကာပြောလိုက်၏။
“သူက ငါ့ကို မမြင်ချင်ဘူးထင်တယ်… မင်းကတော့ သိမှာမဟုတ်ဘူး ငါတို့နှစ်ယောက် မျက်နှာချင်းဆိုင်နေတုန်း မျက်လုံးချင်းဆုံတာနဲ့ တစ်ခုခုပူလောင်နေတာမျိုးကို တွေ့ရသလိုမျိုး ချက်ချင်းမျက်နှာလွှဲသွားတာ…ငါသူ့ကို မဖိတ်လိုက်သင့်တာ ထင်တယ်…ငါ့ကို မုန်းနေလောက်ပြီထင်တယ်…”
“အာ…”
ရုန်ယီ ခဏတာ အသံတိတ်သွား၏။
သူစိတ်ထဲတွင်လည်း လျှိုယွမ် ဒီနေ့ထူးဆန်းနေသည်ဟု ထင်သည်။
အကြောင်းမှာလည်း ထို့အကြောင်းကြောင့် သံသယများဆက်တိုက်ဝင်လာခြင်းကြောင့်ဖြစ်၏။
သို့သော် မည်သို့ဖြစ်စေ ထိုလူမှာ ကျိုးလီကို သဘောမကျပုံတော့ မပေါ်ချေ။
သူတို့ နေရာကို ပြန်ရောက်ကြသောအခါ ချန်းခယ့်ယောင်နှင့် လျှိုယွမ်တို့ တစ်ခုခုပြောနေကြသည်ကို တွေ့လိုက်ရ၏။
လျှိုယွမ်မှာ စိတ်ညစ်နေပုံရကာ ချန်းခယ့်ယောင်မှာတော့ လက်ဟန်ခြေဟန်နှင့် အားရပါးရပြောနေရင်းစိတ်လှုပ်ရှားနေပုံရ၏။
သို့သော် ရုန်ယီ ပြန်လာနေသည်ကို မြင်သောအခါ ရုတ်တရက် တိတ်ဆိတ်သွားကြ၏။
ရုန်ယီနှင့် ကျိုးလီလည်း နေရာမပြောင်းဖြစ်ခဲ့ကြချေ။
ပန်းကန်များပါ ရွှေ့နေရမည်ဖြစ်သောကြောင့် ဆူညံကာ ပိုမျက်နှာပူစရာ ဖြစ်လာမည် ဖြစ်သည်။
ခဏအကြာ ထိုင်ပြီးသောအခါ အိမ်သို့အတူပြန်ကြရန်အခြေအနေမပေးသည်ကို သိနေကြသောကြောင့် ထိုနေရာမှာပင် လမ်းခွဲလိုက်ကြ၏။
စားသောက်ဆိုင် အဝင်ဝတွင် ကျိုးလီမှာတစ်ခုခု ပြောချင်နေပုံရ၏။
နောက်ဆုံးတွင် သတ္တိမွေးကာ နှုတ်ဆက်ရင်းလျှိုယွမ်လက်ကို ဆွဲလိုက်၏။
“ကောင်းပါပြီ…” ပြောရင်း စိတ်လှုပ်ရှားနေပုံရ၏။
သူ့အိတ်ကပ်ထဲမှာ အမွေးပွအရာသေးသေးလေးကို ထုတ်ကာ ခေါင်းငုံ့လျက် လျှိုယွမ်ကို ကမ်းပေးလိုက်၏။
“ဒါလေး…”
ရုန်ယီ ခေါင်းလှည့်ပြီးကြည့်လိုက်သောအခါ ကြွက်ဖြူရုပ်သော့ချိတ်လေး ဖြစ်နေ၏။
“တကယ့်အကောင်လေး ဝယ်ပေးမလို့ပေမယ့် နောက်တစ်ကောင်မမွေးချင်တော့ဘူး ဆိုလို့…”
ကျိုးလီ ခေါင်းငုံ့လျက်ပင် “အစားထိုးလို့မရဘူးဆိုတာတော့ သိပါတယ်…ဒါပေမယ့် မကြိုက်ရင်လည်း လွှတ်ပစ်လိုက်ပါ…”
စကားပြောပြီးသွားသောအခါ ဒီတိုင်းရပ်နေသော လျှိုယွမ်ကို ကြည့်ရန်မျက်နှာပူသောကြောင့် သော့ချိတ်ကိုကမ်းထားသည့်လက်ကို အမြန်ရုတ်လိုက်၏။
“… ထားလိုက်ပါတော့ ကျွန်တော့်ဘာသာပဲ ပစ်လိုက်ပါတော့မယ်…”
မြန်မြန်အနောက်လှည့်ကာ ထွက်ပြေးရန်ကြံသော်လည်း လျှိုယွမ်က အမြန်လှမ်းဆွဲလိုက်၏။
“နေပါဦး…” လျှိုယွမ်လည်း စိတ်လှုပ်ရှားနေပုံရ၏။
“မသွားပါနဲ့ဦး… ကျွန်တော့်ကိုပေးဖို့ ယူလာတာမလား…”
ကျိုးလီ ပြန်လှည့်ကာ သူ့ကိုကြည့်လိုက်ပြီး ခေါင်းလေးငုံ့လျက် သော့ချိတ်ကို ကမ်းပေးလိုက်၏။
လျှိုယွမ်လည်း ကြွက်ဖြူမွှေးပွရုပ်လေးကို လှမ်းယူလိုက်ပြီးနောက် ကျိုးလီလက်ကို အမြန်ရုတ်ကာ အနောက်တွင် လက်ကိုပစ်ထားလိုက်၏။
ထို့နောက် မော့ကြည့်ကာ ရှက်ပြုံးလေးပြုံးလိုက်သည်။
“လက်ခံပေးတာ ကျေးဇူးတင်ပါတယ်…”
ပြောလိုက်ရင်း အနောက်သို့ဆုတ်လျက် အခြားနှစ်ယောက်ကိုပါ လက်ဝှေ့ယမ်းပြရင်း “ပြန်လိုက်ပါဦးမယ်…”
အချိန်တစ်ခဏအတွင်း ထွက်ပြေးသွားပြီးနောက် လျှိုယွမ်မှာ သော့ချိတ်လေးကိုင်ရင်း ကြောင်တောင်တောင်ဖြင့်ရပ်နေဆဲဖြစ်၏။
ဖြစ်ရပ်တစ်ခုလုံးကိုကြည့်နေသော ရုန်ယီမှာ ဘာကြောင့်မှန်းမသိ စိတ်လှုပ်ရှားနေ၏။
ကျိုးလီကမောက်ကမဖြစ်နေခြင်းမှာ အပြစ်ရှိသလို ခံစားရခြင်းကြောင့်ဟု သိထားသော်လည်း ခုနကဖြစ်ရပ်ကို သူ့ခေါင်းထဲတွင်ရှိနေသော ရိုမန်တစ်ဆန်ဆန် ဒရမ်မာနောက်ခံတီးလုံးဖြင့် တွဲမမြင်ရန် မတားဆီးနိုင်ခဲ့ချေ။
တစ်စုံတစ်ယောက်က သူ့တံတောင်ကိုလာမထိခင်အထိ သူ့စိတ်ကူးထဲတွင် နစ်မျောနေ၏။
“ဟယ်လို…” ဘေးတွင်ရပ်နေသော ချန်းခယ့်ယောင်က တိုးတိုးလေးပြောကာထပ်ပြောလိုက်၏။
“တော်တော်သဘောကျနေတာလား….”
“ဘာဖြစ်လို့လဲ…” ရုန်ယီ သူ့ကိုပြန်ကြည့်လိုက်၏။
“ဘာလို့ အဲ့လောက်တောင်ပျော်နေတဲ့ပုံပေါက်နေရတာလဲ…” ချန်းခယ့်ယောင် နားမလည်သည့်ပုံဖြင့်မေးလိုက်၏။
“ခုနက ဖြစ်သွားကနည်းနည်း…” ပြောရင်း ရုန်ယီ ရယ်လိုက်မိသည်။
နည်းနည်းဆိုတာထက် ပိုနေသည်မှာ မလွဲမသွေဖြစ်၏။
အလွန်ချစ်စရာကောင်းနေသောကြောင့် ကြည့်နေသောသူများပင် သူတို့မူလရည်ရွယ်ချက်များကို လျစ်လျူရှုကာ သူတို့ပျော်ရွှင်စေရန် ဆုတောင်းပေးချင်စရာပင်ဖြစ်နေ၏။
ကံမကောင်းစွာပင် ဒီအယ်လ်ဖာမှာ သူ့ခံစားချက်များကို နားမလည်ဘဲ ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြစ်နေ၏။
ချန်းခယ့်ယောင် ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်သော လျှိုယွမ်ကိုပြန်ကြည့်ကာ သက်ပြင်းချလိုက်၏။
“ယွမ် ငါတို့ပြန်တော့မယ် ဂရုစိုက်ပြန်နော်…”ဟု လှမ်းပြောလိုက်၏။
လျှိုယွမ် အိပ်မက်မှ နိုးထလာကာ လှည့်ကြည့်ပြီး ပြောလိုက်၏။
“အာ အော် အေးပါ…”
အပြန်လမ်းတွင် ရုန်ယီ ကျိုးလီ၏ သူငယ်ချင်းအသိုင်းအဝိုင်းတွင် ပို့စ်အသစ်တစ်ခုကို မြင်လိုက်ရ၏။
“လူဆိုး မီမီ… ငါ့ကို မျက်နှာပူရအောင် လုပ်တယ်…”
ရုန်ယီ တိတ်တိတ်လေး ကျိုးလီပို့စ်အောက်တွင် မှတ်ချက်ပေးလိုက်၏။
ရုန်ယီ ကျိုးလီနှင့် စကားပြောလျှင်ကောင်းမလား စဉ်းစားနေတုန်းမှာပင် ကားမောင်းနေသော ချန်းခယ့်ယောင်မှာ ရုတ်တရက်အသံထွက်လာ၏။
“မင်းနဲ့ ကျိုးလီက တကယ်ပဲ ဘာဆက်ဆံရေးလဲ… ”
ရုန်ယီ အံ့ဩသွားပြီးမှ ရှက်သွားပြီး ပြန်မေးလိုက်၏။
“ဘာ ဆက်ဆံရေးလဲ…”
“မင်းတို့နှစ်ယောက်ကို ကြည့်ရတာ အတွဲနဲ့မတူဘူး…”
“…”
“မငြင်းဘူးဆိုတော့ ငါပြောတာ မှန်နေတာလား…”
ရုန်ယီ မေးခွန်းကိုပြန်မဖြေဘဲ ဟုသာ ပြန်ပြောလိုက်၏။
“အယ်လ်ဖာဖြစ်ပြီး စကားတော်တော်များတာပဲ…”
“မင်းစကားက လိင်ပိုင်းဆိုင်ရာ ဘက်လိုက်နေသလိုပဲနော်…” ချန်းခယ့်ယောင်ပြောလိုက်၏။
“…”
ရုန်ယီ သူချန်းခယ့်ယောင်နှင့် ရင်ဆိုင်လိုက်ရတိုင်း ပြောစရာစကားများ ပျောက်သွားသည်ဟု သတိထားမိ၏။
သူ ငြိမ်ငြိမ်လေးနေနေသော်လည်း ချန်းခယ့်ယောင် သူ့ဘာသာ ပြန်စပြော၏။ “ခုနက ထမင်းစားနေတုန်းက မင်းနဲ့ငါနဲ့ လျှိုယွမ်ကို လုနေတာတောင် သူက ဘာမှမဖြစ်ဘူး…ပြီးတော့ သူနဲ့လျှိုယွမ် တစ်ယောက်နဲ့တစ်ယောက် ဟိုလိုလိုဒီလိုလိုဖြစ်နေတော့လည်းမင်းကပျော်နေတယ်… တကယ့် အမှန်အကန်အချစ်စစ်နဲ့ဆက်ဆံရေးတွေက ဒီလိုပဲလား…”
“… ငါတို့ အချင်းချင်း ယုံကြည်နေရင် ပြီးတာပဲမလား…”
“မဟုတ်ဘူး…” ချန်းခယ့်ယောင်က ပြောလိုက်သည်။ “တစ်ယောက်ယောက်ကို တကယ်ဂရုစိုက်ရင် မနာလိုမဖြစ်ဘဲ ဘယ်လိုနေမှာလဲ…”
“ကျိုးလီက လျှို့ယွမ်အပေါ် အဲ့လိုခံစားချက်မှမဟုတ်တာ ငါက ဘာလို့မနာလိုဖြစ်ရမှာလဲ…” ရုန်ယီပြန်ပြော၏။
“ဒါပေမယ့်လည်း အဓိပ္ပာယ်မရှိသေးဘူး…” ချန်းခယ့်ယောင် ပြောလိုက်၏။ “ငါသာဆိုရင် လျှိုယွမ်ကို တစ်ချက်လောက်ကန်လိုက်မှာ…အဲ့ဒီလူက ထွက်သွားတာတောင် မင်းက နောက်ကနေ လွမ်းလွမ်းဆွေးဆွေးကြည့်နေတုန်းပဲ…သူ့ကိုမင်း ဘယ်လောက်ကြည့်နေကြည့်နေ သူက မင်းလူဖြစ်လာမှာမဟုတ်ဘူး…ကြည့်မနေနဲ့တော့….”
ရုန်ယီ ရယ်ချင်သွားသည်။ “မင်းပဲသူ့ကို အချစ်လေးဆိုပြီး ခေါ်လိုက်ပြီးတော့…”
ချန်းခယ့်ယောင် ပြုံးလိုက်ပြီး ခေါင်းခါလိုက်သော်လည်း ဘာမှပြန်မပြောချေ။
ကားမှာ အချိန်တော်တော်ကာ ငြိမ်သက်စွာရွှေ့လျားနေ၏။
ရုန်ယီ ကားပြတင်းအပြင်ဘက်သို့ငေးကြည့်နေရင်း ခေါင်းမူးလာသလို ခံစားရသည်။
သူ့ခေါင်းကို ထိုင်ခုံတွင်မှီထားရင်း ချန်းခယ့်ယောင်ရုတ်တရက် အသံထွက်လာပြန်ကာ “အဲ့ဒီကောင် ပြောတာတွေ နားမထောင်နဲ့နော် ငါသူနဲ့ မတွဲဖူးဘူး…”
“အယ်…”
“ငါ အခုလေးတင်မေးလိုက်တာ…” ချန်းခယ့်ယောင်ပြော၏။
“အဲ့တုန်းက ခင်ခင်မင်မင်ပဲဆိုတော့ သူ့ကိုခဏခဏ စတာကို သူက အတည်ထင်သွားတဲ့ပုံပဲ…”
“ဘယ်လိုတောင် စလိုက်လို့ အတည်ထင်သွားရတာလဲ…” ရုန်ယီသံသယသံလေးဖြင့် မေးလိုက်၏။
ချန်းခယ့်ယောင် ဘာမှပြန်မဖြေချေ။
ရုန်ယီမျက်လုံးများ ဝေဝါးကာ အိပ်ပျော်တော့မည့်ဆဲဆဲမှာပင် ကားမောင်းသူနေရမှ အသံထွက်လာပြန်၏။
“ငါတို့နှစ်ယောက်က တကယ်လည်းကိုက်တော့ အတူတူဖြစ်သွားလည်း မဆိုးပါဘူး…”
ရုန်ယီ မျက်လုံးများပြူးသွားကာ မတ်မတ်ထိုင်လိုက်၏။
ထို့နောက် ချန်းခယ့်ယောင် ဆက်ပြောလိုက်၏ “… အဲ့လိုဟာက…”
“…”
“နောက်ကျတော့ ငါအဲ့လိုပြောရင် ငါ့ကိုရိုက်သတ်မယ်ပြောကြရော…သူတို့ချည်းနဲ့ ငါ့တစ်ယောက်တည်းချရင်တောင်ရှုံးသွားရင်အားနာစရာကြီး…”
“မင်းက တကယ့်ကောင်ပဲ…” ရုန်ယီ နောက်တစ်ခေါက်မျက်လုံးများကို မှိတ်လိုက်၏။
“ငါ အိပ်မလို့ လာမနှောင့်ယှက်နဲ့တော့…”
ချန်းခယ့်ယောင် ဘာမှပြန်မပြောဘဲ နောက်ခန်းကားအပူချိန်ကို တိတ်တိတ်လေးတိုးပေးလိုက်၏။
သို့သော် အမှန်တွင် ရုန်ယီအခု အိပ်မရတော့ချေ။
မျက်လုံးမှိတ်ပြီး နေရာပြောင်းကာ အိပ်ရန်ကြိုးစားသော်လည်း အိပ်မရတော့ချေ။
နောက်ဆုံးတွင် ပင်ပန်းလာသလိုတောင် ခံစားရ၏။
အရည်မရ အဖတ်မရ ပြောတတ်သူများမှာ အလွန်စိတ်ရှုပ်စရာ ကောင်း၏။
အလွန့် အလွန်ပင် စိတ်ရှုပ်စရာကောင်း၏;
“ရုန်ယီ…?” ချန်းခယ့်ယောင် ရုတ်တရက် သူ့နာမည်ကိုခေါ်လိုက်၏။
သူ့အသံမှာ အလွန်နူးညံ့နေ၏။
ရုန်ယီ မျက်လုံးပိတ်လိုက်ကာ အိပ်ချင်ယောင်ဆောင်ပြီး မကြားချင်ယောင်ဆောင်ရန် ကြိုးစား၏။
သို့သော် ထိုအသံမှာ ဆက်ထွက်လာကာ “ငါတို့ နှစ်ယောက်က ကိုက်တော့ ငါတို့သာ…”
“ဆင်းတော့ ကားပေါ်က…” ရုန်ယီ ထကာ သူ့ခုံကိုပြင်းပြင်းကန်လိုက်၏။
“မဟုတ်တာတွေပြောနေမယ်ဆိုရင်…တကယ်ရိုက်တော့မယ်…”
ချန်းခယ့်ယောင် အမှန်တကယ် တိတ်သွား၏။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သိပ်မကြာခင်ကပင် ပြေလည်သွားခြင်းဖြစ်၏။
သို့သော် ဘာကြောင့်မှန်းမသိ အခြေအနေ ပြန်ကောင်းစမှာပင် မထင်ထားသောအကြောင်းရင်းများက ဝင်လာတတ်၏။
ရုန်ယီ ချန်းခယ့်ယောင် အရှင်လတ်လတ်အသတ်မခံရသေးခြင်းကိုပင် ထူးဆန်းနေ၏။
ထို့နောက် နောက်တစ်ခေါက် စဉ်းစားလိုက်သောအခါ သူ့လိုပင် သူ့ကိုဒေါသထွက်သောသူများမှာ သူနှင့်ချလျှင် သူ့ကိုမနိုင်နိုင်ချေ။
ငယ်စဉ်ကတည်းက အတိုက်အခံပညာသင်ယူခဲ့ခြင်းက ကံကောင်းနေခြင်းဖြစ်၏။
ရုန်ယီ ထိုသူနှင့် စကားထပ်မပြောချင်တော့သောကြောင့် အခန်းထဲသို့တန်းသွားရန် ရည်ရွယ်ထားသော်လည်း အိမ်ထဲဝင်ဝင်ချင်းပုံမှန်မဟုတ်သည်ကို သတိထားမိသွား၏။
တံခါးမဖွင့်ခင် သော့ခတ်ထားပြီး အိမ်ထဲတွင် မီးမဖွင့်ထားချေ။
သို့သော် ပုံမှန်မဟုတ်ဟု ခံစားနေရ၏။ ရုန်ယီ သူအပြင်ထွက်စဉ်က လေဝင်လေထွက်ကောင်းစေရန် သူ့အခန်းတံခါးကို ဖွင့်ခဲ့၏။
သို့သော် ယခုအခါ တံခါးမှာ ပိတ်နေ၏။
သူပဲ ထင်ယောင်ထင်မှားဖြစ်နေလား ခွဲခြားမရခင် ချန်းခယ့်ယောင်ကို အမှတ်တမဲ့လှမ်းကြည့်လိုက်သောအခါ သူလည်းမျက်မှောင်ကြုတ်နေ၏။
ထို့နောက် ရုန်ယီ့ကို အသံနိမ့်လျက် ဧည့်ခန်းမှ ဆိုဖာကိုလက်ညှိုးထိုးရင်း ပြောလိုက်၏။
“ငါ့ လက်ပ်တော့..ဘယ်ရောက်သွားတာလဲ…”
ရုန်ယီသူညွှန်ပြရာကို ကြည့်လိုက်သောအခါ ဆိုဖာပေါ်တွင် ကူရှင်နှစ်ခုသာ ရှိနေ၏။
သို့သော် သူတို့အပြင်မထွက်ခင်က ချန်းခယ့်ယောင် ထိုနေရာတွင် လှဲကာ စာရိုက်နေခဲ့ခြင်းဖြစ်၏။
နှစ်ယောက်သား အမှောင်ထဲတွင် အချင်းချင်းပြန်ကြည့်ကာ မီးမဖွင့်ထားသော အခန်းကို နှစ်ယောက်အတူတူကြည့်လိုက်မိ၏။
ရုန်ယီအမှတ်တမဲ့ပင် ခြေဖျားထောက်ရင်း အထဲသို့ဝင်သွား၏၊
ခြေလှမ်းလှမ်းနေရင်း လှမ်းဆွဲခံလိုက်ရ၏။
ချန်းခယ့်ယောင် သူ့ကိုအနောက်မှလှမ်းဆွဲကာ နှုတ်ခမ်းပေါ်တွင် လက်ညှိုးလေးတင်လိုက်၏။
“မလှုပ်နဲ့” ပြောရင်း ရုန်ယီဖုန်းကို ထိုးပြကာ
ဆက်ပြောလိုက်၏။
“ဒီမှာစောင့်နေ…တစ်ခုခုဖြစ်ရင် ရဲကိုခေါ်လိုက်…”
ရုန်ယီ တုန့်တုန့်ဆိုင်းဆိုင်းပင် ခေါင်းညိတ်လိုက်၏။
သို့သော် သူချန်းခယ့်ယောင်အသက်အောင့်ရင်း ဝင်သွားသည်ကို ကြည့်နေရင်းပင် မသိလိုက်ဘဲ နောက်ကလိုက်သွားမိ၏။
ထိုအခြေအနေတွင် ရုန်ယီ့ပိတ်ထားသော အခန်းထဲမှ မီးလင်းလာ၏။
အလင်းရောင်မှာ တံခါးကြားထဲမှ ဖောက်ထွက်နေကာ မှောင်နေသောအခန်းထဲသို့ လင်းသွားသောကြောင့် နှစ်ယောက်သား လန့်သွား၏။
မကြာခင် အခန်းထဲမှခြေသံများကြားလိုက်ရ၏။ ရုန်ယီ ကြောက်ကြောက်လန့်လန့်ဖြင့် ချန်းခယ့်ယောင်လက်ကို လှမ်းကိုင်လိုက်၏။
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေစဉ်မှာပင် တံခါးပွင့်လာ၏။
တံခါးနောက်မှ ပိန်ပိန်ပါးပါး ဆံပင်ရှည်ဖြင့် ညအိပ်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦး ထွက်လာ၏။
သူမမှာ မျက်မှောင်ကြုတ်လျက် မျက်လုံးများကိုပွတ်သပ်နေသည်။ သူမအသံမှ နူးညံ့ပြီး ပျော့ပြောင်း၏။
“ယောင်ယောင် ပြန်လာပြီလား…”
X