ဒါက ကျွန်တော့်ကောင်လေး ရုန်ယီပါ…
ချန်းခယ့်ယောင် သက်ပြင်းအရှည်ကြီးချကာ ဧည့်ခန်းမှမီးကို ဖွင့်လိုက်၏။
ထို့နောက် ရယ်ရမှန်းမသိငိုရမှန်းမသိတော့ အသံလေးဖြင့် “အစ်မကြီးလန် ဘယ်တုန်းက ပြန်ရောက်တာလဲ…”
သူခေါ်လိုက်သော အစ်မကြီးလန်ဆိုသူမှာ သေးသေးလေးဖြစ်ပြီး မျက်နှာပေါ်တွင် အိပ်ချင်မူးတူးအမူအရာဖြင့် ပါးစပ်မှာဟနေလျက် ရုန်ယီနှင့် ချန်းခယ့်ယောင်တို့၏ တွဲထားသောလက်ကို ကြည့်နေသောအကြည့်မှာတော့ စိတ်လှုပ်ရှားနေပုံရ၏။
လန့်သွားသောရုန်ယီက ချက်ချင်းဆိုသလို သူ့လက်ကိုပြန်ရုတ်လိုက်၏။ လက်ကိုပင်နှစ်ကြိမ်လောက် ခါလိုက်သေးသည်။
မမျှော်လင့်ထားဘဲ ချန်းခယ့်ယောင်မှာ သူ့ကိုအမြန်ကြည့်ပြီး သူ့လက်ကိုလှမ်းဆွဲကာ မြန်မြန်ဆန်ဆန် လက်ချောင်းများကိုဆုပ်ကိုင်ထားလိုက်ကြ၏။
ရုန်ယီ ငြင်းဆန်ရန်ပင် အချိန်မရှိလိုက်ချေ။ ထိုအယ်လ်ဖာ၏ နားလည်ရခက်သော အပြုအမူများကိုကြည့်ကာ သူထပ်ပြောလိုက်သော စကားကြောင့် ပိုရူးချင်သွား၏။
“ဒါက ကျွန်တော်ပြောပြောနေတဲ့ ကျွန်တော့်ကောင်လေး ရုန်ယီလေ…”
ချန်းခယ့်ယောင်ပြောလိုက်၏။ “ကြည့်ပါလား… ကျွန်တော်လိမ်နေတာ မဟုတ်ဘူးနော်…”
တစ်ဆိတ်လောက်။ မင်းရဲ့ဘာဖြစ်တယ်။ ကောင်လေးဆိုပါလား။
ရုန်ယီ ထိုနေရာမှပင် ကြောင်ပြီးရပ်နေစဉ် အစ်မကြီးလန်ဆိုသူက သူ့ဆီကို လျှောက်လာ၏။
“ဟဲလို ရှောင်းရုန်…” ရုန်ယီကို ကြည့်ရင်း မိတ်ဆက်လိုက်၏။ “ငါက…”
“အသဲလေး” ချန်းခယ့်ယောင်က ရုန်ယီ့ကိုကြည့်ရင်း ပြောလိုက်၏။
ရုန်ယီ ပို၍ပင် အံ့ဩသွား၏။
သူ့ပုံစံကိုသာကြည့်ပါက သူ့အသက်နှင့် သူ့ခန္ဓာကိုယ်အရွယ်အစားဖြင့် ထိုမျှလောက်ကြီးသောသားတစ်ယောက်ရှိနေမည်ဟု မထင်ရ။
သို့သော် ယခုအချိန်တွင် ပိုအရေးကြီးသည်က ထိုအယ်လ်ဖာမှာ ကြောက်အားလန့်အားဖြင့် အသည်းအသန်မျက်စိမှိတ်ပြနေခြင်းမှာဘာသဘောနည်း။
ဘာလုပ်ရမှန်းမသိ ဖြစ်နေသော်လည်း ခဏအကြာတွေဝေနေပြီးနောက် ရုန်ယီ ပြုံးပြလျက်ပြန်ပြောလိုက်၏။
“တွေ့ရတာ ဝမ်းသာပါတယ် အန်တီ…”
“အန်တီ့ပုံက ကပိုကရို ဖြစ်နေတာ အားနာလိုက်တာ…” အစ်မကြီးလန်ဆိုသူမှာ ရှူပ်ပွနေသောဆံပင်နှင့်အတူ ညအိပ်ဝတ်စုံကို ဝတ်ထားသောကြောင့် အားနာနေဟန်ဖြင့် “အာ ငါ ဧည့်သည်ခန်းမှာအိပ်လိုက်မိတာ.. မင်းအခန်းလား…”
“ကိစ္စမရှိပါဘူး ကျွန်တော်…” ရုန်ယီ အမှုမဲ့အမှတ်မဲ့ ပြန်ပြောနေရင်းမှ ရုတ်တရက်ရပ်တန့်သွား၏။
ကိစ္စရှိလိုက်သည့်ဖြစ်ခြင်း။ သူမသာ သူ့ခန်းထဲမှာအိပ်လျှင် ညဘက်သူဘယ်နား အိပ်ရမည်နည်း။
“ဟုတ်သားပဲ ယောင်ယောင်နဲ့ တစ်ခန်းတည်း အတူတူအိပ်ကြတာမလား..” အစ်မကြီးလန်ဆိုသူက သူ့စကားကို အဆုံးသတ်လိုက်၏။
ပြန်ပြင်ဆင်မရသည့်စကားတစ်ခုခု ပြောလိုက်မည်ကိုစိုးရိမ်နေသော ချန်းခယ့်ယောင်က ပါးစပ်ပိတ်နေသော်လည်း သူ့လက်ဖဝါးကို ကလိထိုးနေသောကြောင့် ရုန်ယီ ကြက်သီးပင်ထမိ၏။
“အစ်မကြီးနဲ့ အိပ်ခန်းထဲပြန်ပါတော့… ညအိပ်ဝတ်စုံကြီးနဲ့…” ချန်းခယ့်ယောင် သူ့အမေကိုပြောရင်း ရုန်ယီ့ကို အခန်းထဲဆွဲခေါ်လာ၏။
“နောက်ကျနေပြီလေ အနားယူကြတာပေါ့… ပြောစရာရှိရင် မနက်ဖြန်မှပြောကြမယ်လေ…”
ချန်းခယ့်ယောင် တံခါးကိုပိတ်လိုက်ချိန်တွင် ရုန်ယီ မအောင့်အည်းနိုင်တော့ချေ။
သူ့လက်ကို ပြန်ဆွဲကာ ချန်းခယ့်ယောင်ကိုလက်ညှိုးထိုးပြီး အော်မေးလိုက်တော့၏။
“ဒါက ဘယ်လိုတွေဖြစ်ကုန်တာလဲ…”
“တိုးတိုးနေပါဦး…” ချန်းခယ့်ယောင်သူ့လက်ဖြင့်ကာလျက် ပြန်ပြောလိုက်၏။
“ငါ့ကို ကူညီပါကွာ အများဆုံးနှစ်ရက်သုံးရက်ပဲနေမှာပါ…”
“အခန်းက ငါငှါးထားတာလေ ပိုက်ဆံပေးပြီးတော့…” ရုန်ယီပြန်ပြောလိုက်၏။
“…အလကားနေလိုက်တော့ အဲ့ဒါဆိုအဆင်ပြေတယ်မလား…” နှုတ်ခမ်းပေါ်တွင် လက်ညှိုးဖြင့်ပါးစပ်ကိုပိတ်ထားလျက်မေးလိုက်၏။
“ရှူး… တိုးတိုးနေ ကြားသွားလိမ့်မယ်…”
ရုန်ယီ စကားပြန်မပြောသေးသောကြောင့် ချန်းခယ့်ယောင် အလွန်သက်တောင့်သက်သာရှိပုံရသော ဆိုဖာကိုလှမ်းဆွဲကာ ပြောလိုက်၏။
ရုန်ယီခဏလေးပင် တွေဝေလိုက်ပြီးနောက် မျှော်လင့်ထားသည်ထက်ပိုမို နူးညံ့နေသောဆိုဖာတွင် ဝင်ထိုင်လိုက်၏။
“ဘာတွေဖြစ်နေတာလဲ…” ဆိုဖာတွင် ကောင်းကောင်းနေရာယူပြီးနောက် ရုန်ယီထပ်မေးလိုက်၏။
“သူက ငါအမြဲတမ်း တစ်ယောက်တည်းဖြစ်နေတာကို စိတ်ပူနေတာလေ…အမြဲတမ်းကြင်ဖက်တွေ့ဖို့တွေလည်း စီစဉ်ပေးတယ်…အရမ်းစိတ်ညစ်လာလို့ ရည်စားရှိပြီး စေ့စပ်ထားတယ်လို့ ပြောထားတာ…”ချန်းခယ့်ယောင် သူထိုင်ရန်ခုံကို လှမ်းဆွဲလိုက်ရင်းပြောလိုက်၏။
“အရမ်းဝေးတော့ မရောက်လာလောက်ဘူးပဲ ထင်တာ…”
“မင်းအဖေနဲ့ သူစကားပြောတာနဲ့ လိမ်ထားတာ သိသွားမှာပေါ့…”
“အဲ့ဒါကတော့ မဖြစ်နိုင်ဘူး…” ချန်းခယ့်ယောင် လက်ကိုဝှေ့ယမ်းရင်း ပြောလိုက်၏။ “သူတို့က စကားပြောခဲတယ်…”
ချန်းခယ့်ယောင်မှာ ပြောပြချင်ပုံမရသော်လည်း စိတ်ရှုပ်နေပုံရ၏။
“ငါ အယ်လ်ဖာကြိုက်တယ်ဆိုတာ သိပေမယ့် အယ်လ်ဖာမလေးတွေချည်း စီစဉ်နေရတော့…ငါမှ သဘောမကျတာ…”
ရုန်ယီ ချက်ချင်း သဘောပေါက်သွား၏။
လုံးဝကို လိင်တူစိတ်ဝင်စားသူ စစ်စစ်ပင်ဖြစ်၏။
ဆန့်ကျင်ဘက်လိင်အချင်းချင်းဆွဲဆောင်နိုင်သည့် နိယာမမှာ သူ့အတွက်တော့ အကျုံးမဝင်ချေ။
သို့သော် အစ်မကြီးလန်က သူ့ကိုအယ်လ်ဖာဟု ထင်နေပုံရ၏။ ထို့အပြင် ချန်းခယ့်ယောင်၏ လိင်တူချစ်သူရည်းစားဆက်ဆံရေးများကို အပြင်းအထန်ဆန့်ကျင်နေသော ဖခင်ဖြစ်သူနှင့်မတူဘဲ လက်ခံပေးရန် အဆင်သင့်ဖြစ်နေပုံရ၏။
“နိုင်ငံခြားသားနဲ့ပြန်လက်ထပ်ပြီးတော့ ပြန်မလာတာတောင် ကြာပြီ။ အကြာကြီးမနေလောက်ပါဘူး…အခန်းလေး အတူတူသုံးပေးပါနော်…” ချန်းခယ့်ယောင် သနားကမားလေး တောင်းဆိုနေ၏။
“ဒီလ အိမ်လခမပေးနဲ့တော့လေ အဲ့ဒါဆိုအဆင်ပြေတယ်မလား…”
“တစ်ခန်းတည်း ဘယ်လိုသုံးရမှာလဲ…” ရုန်ယီ ဆိုဖာတွင်ထိုင်လျက် စိတ်ရှုပ်နေသည့်အသံဖြင့်ပြောလိုက်သော်လည်း ဆိုဖာမှာသက်တောင့်သက်သာ ရှိလွန်းသောကြောင့် မထချင်ပေ။
“အခန်းထဲမှာ ခုတင်တစ်လုံးပဲ ရှိတာလေ…”
“အဲ့ဒါက ပြဿနာ မဟုတ်ပါဘူး….” ချန်းခယ့်ယောင် ပြန်ပြောလိုက်၏။
“တစ်လှည့်စီပေါ့ ငါက နေ့နဲ့ည မှားနေတာပဲကို…”
“မရဘူး…” ရုန်ယီနောက်ဆုံးတွင် ဆိုဖာပေါ်မှ ထလိုက်တော့သည်။
ဘယ်လောက်ပင် အယ်လ်ဖာနှင့်တူတူ သူက လက်မထပ်ဖူးသေးသော လူလွတ် အိုမီဂါဖြစ်၏။
သူအယ်လ်ဖာတစ်ယောက်နှင့် အလွန်ဆုံးလုပ်ခဲ့ဖူးခြင်းမှာ အနမ်းပေးခြင်းသာဖြစ်၏။
ထို့အပြင်…ထိုအနမ်းပိုင်ရှင် အယ်လ်ဖာမှာ သူ့ရှေ့တွင် ရှိနေသူဖြစ်၏။
ချန်းခယ့်ယောင်နှင့် တစ်ခန်းတည်း အတူနေရန်မှာ သူ့အတွက် စိတ်ရောကိုယ်ပါ ပင်ပန်းစရာဖြစ်၏။
“ငါ တကယ်ဘာမှမလုပ်ဘူးလို့ ကတိပေးပါတယ်…"
ချန်းခယ့်ယောင်မှာ လက်နှစ်ဖက်လုံးမြှောက်လျက် ကျိန်နေ၏။
ရုန်ယီ သူ့ကို ဆူပုတ်လျက် ကြည့်နေသည်။
“တကယ်ဆိုရင် လိမ်စရာတောင်မလိုပါဘူး… ကောင်လေးနဲ့ လမ်းခွဲလိုက်တယ်လို့ပြောပြီးတော့ ငါက ဒီတိုင်းအိမ်ငှါးပဲလို့ ပြောလိုက်ပေါ့… အဲ့လောက်ဆို အဆင်ပြေတယ် ထင်တာပဲ…”
“…ဟုတ်သားပဲ” ဟု ချန်းခယ့်ယောင်ပြောလိုက်ပြီးမှ “ဒါပေမယ့် အခုမှတော့ မရတော့ဘူး…” ဆက်ပြောလိုက်၏။
ရုန်ယီ ပြန်ပြောစရာ စကားပင် မရှိဖြစ်သွား၏။
သူ့ကို အသုံးချနေသည်လားဟုပင် ပြောလိုက်ချင်နေသည်။
ချန်းခယ့်ယောင်၏အခန်းမှာ ရုန်ယီ့အခန်းထက် များစွာကျယ်ဝန်း၏။
အိမ်တွင်နေနေသည်မှာ ကြာပြီဖြစ်သော်လည်း ဒီအခန်းကို သေချာကြည့်ခွင့်မရခဲ့။
စာကြည့်စားပွဲ၊စာအုပ်စင်နှင့် အိပ်ရာအကြီးကြီးတစ်ခု အပြင် ဘက်စုံသုံးနိုင်သော လမ်းလျှောက်စက်နှင့် ကွန်ပျူတာစားပွဲပေါ်တွင် desktop တစ်လုံးရှိနေ၏။
ဘေးဘက်တွင် စတိုခန်းတစ်ခန်းရှိနေသည်။
နံရံတွင် ထူးဆန်းသောအရာများကို ချိတ်ဆွဲထားသည့်ထဲမှ ချန်းခယ့်ယောင်သူ့ကိုပြဖူးသော ပန်းချီကားလိပ်ကိုတော့ မြင်ဖူးနေ၏။
စာအုပ်စင်မှာလည်း စာအုပ်အများအပြားဖြင့် ပြည့်နေသည်။
ရုန်ယီ ဆိုဖာတွင်ထိုင်ကာ အခန်းတစ်ခုလုံးကိုကြည့်ရန်လှည့်လိုက်ချိန်တွင် သူ့မျက်လုံးများက ရေချိုးခန်းတံခါးပေါ်သို့ ရောက်သွား၏။
သစ်သားတံခါးကြားမှ ရေစီးသံက သူ့အတွေးထဲကို ရောက်လာပြန်၏။
ရုန်ယီ အလွန်ဆိုးရွားသည်ဟုခံစားမိကာ ခေါင်းခါပြီးအတွေးများကို ရှင်းထုတ်လိုက်သည်။
ချန်းခယ့်ယောင် အသံကြားမည် စိုးသောကြောင်ဧည့်ခန်းထဲက ရေချိုးခန်းထဲတွင်သာရေချိုးရန်ဆုံးဖြတ်လိုက်သည်။
ရေချိုးခန်းတံခါးဖွင့်လိုက်ချိန် ချန်းခယ့်ယောင်အန်ထွက်မည်ကိုမြင်ရလျှင် သေချာပေါက်စိတ်ဆိုးမိမည်ဖြစ်၏။
သူစဉ်းစားနေတုန်း ရေသံမှာရပ်သွားပြီး ဆိုဖာကိုလှုပ်လျက်ရွေ့ကာ အခြားတစ်နေရာကိုကြည့်နေလိုက်သည်။
“ငါပြီးပြီ…” တံခါးဖွင့်လာသည်နှင့်အတူ ချန်းခယ့်ယောင် အသံထွက်လာ၏။
“မင်း အဝတ်တွေ အခန်းထဲမှာကျန်ခဲ့မှာပေါ့…”
“ငါ့ဟာဝတ်ကြည့်လေ အသစ်တွေချည်းပဲ…” ချန်းခယ့်ယောင် ဗီရိုဆီသို့လျှောက်သွားရင်း ပြောလိုက်၏။
“ငါတို့ ခန္ဓာကိုယ်က ရွယ်တူပဲဆိုတော့ ဆိုဒ်လည်းတူမယ်ထင်တယ်…”
‘ဒီကောင်က ရေချိုးပြီးတော့ အကုန်လုံးတောင်ဝတ်ပြီးသွားပြီ…ငါ မြင်ချင်တာတောင် မမြင်ရဘူးဆိုရင် တစ်ညလုံးစိတ်အနှောင့်အယှက်ဖြစ်ခံပြီး နေရတာ မတန်ဘူးလေ…’
သူ့စိတ်ထဲမှစကားများကို မသိသော ချန်းခယ့်ယောင်က အဝတ်တစ်စုံယူကာထုတ်ပေးလိုက်၏။ “အခုသွားလေး…နွေးနေတုန်းပဲ…”
ရုန်ယီ မထခင် သူ့ကိုတစ်ချက်ကြည့်လိုက်၏။ “ငါအပြင်မှာပဲ ချိုးလိုက်မယ်…”
ရုန်ယီ ရေချိုးနေရင်း သူ့ဘဝကြီးကို ပြန်စဉ်းစားနေမိ၏။
အတော်လေးထူးဆန်း၏။ မနေ့ကတင် သတ်နေကြပြီး အခြေအနေတွေက ယခုလိုဖြစ်လာရသည်။
သို့သော် ချန်းခယ့်ယောင် မှာကေလးဆန်စွာပြန်ပြောနေသော်လည်း စိတ်ဆိုးနေသည်က သူတစ်ယောက်တည်းဖြစ်ပုံရ၏။
ထိုအယ်လ်ဖာမှာ ဂရုစိုက်သည့်ပုံပင် မပေါ်ချေ။
ထိုသို့ကြည့်ပါက ထိုကိစ္စလေးကို အရေးတယူလုပ်နေသောသူကပင် ကလေးဆန်ပုံပေါက်နေ၏။
အရေးယူသည်ဖြစ်စေမယူသည်ဖြစ်စေ ချန်းခယ့်ယောင်နှင့်သူ တစ်ခန်းတည်း တစ်ခုတင်တည်း မအိပ်နိုင်ချေ။
ရုန်ယီ ရေကိုပိတ်ရင်းတွေးလိုက်၏။ “မနက်ဖြန်ညတော့ ဟိုတယ်မှာ သွားအိပ်ရင်ကောင်းမယ်ထင်တယ်…”
“ချန်းခယ့်ယောင် ပြောသလို ဒီလ အိမ်ငှါးခပေးစရာမလိုရင် ဟိုတယ်နှစ်ညစာလောက်တော့ ရပါတယ်…”
ချန်းခယ့်ယောင် အခန်းသို့ပြန်မလာခင် ရုန်ယီ အမှိုက်အိတ်များသွားယူလိုက်၏။
ရောက်ရောက်ချင်း စာရိုက်နေသော ချန်းခယ့်ယောင်ထံသို့ ထိုအိတ်များကိုပစ်ပေးလိုက်သည်။
“အန်ချင်ရင်အန်ဖို့ …” ပြောရင်း ရုန်ယီ သူ့ကိုမျက်စောင်းထိုးလိုက်သည်။
ချန်းခယ့်ယောင် ခဏအကြာငြိမ်သွားကာ မထင်မှတ်ထားဘဲ ပထမဆုံးအကြိမ်မျက်နှာရဲသွား၏။
ရုန်ယီ နောက်နေ့အလုပ်သွားရဦးမည်ဖြစ်သောကြောင့် ကြိုက်ကြိုက်မကြိုက်ကြိုက် အိပ်ရဦးမည်။
သို့သော် ချန်းခယ့်ယောင်အိပ်ရာပေါ်တွင်လှဲပြီးနောက် သူတို့နှစ်ယောက်လုံး အတွက်မှားသွားသည်ကို သဘောပေါက်လိုက်သည်။
တာရှည်တားဆီးပစ္စည်းများဖြင့်တောင် နေ့စဉ်ကြုံတွေ့ခဲ့ရသော လက်ကျန်ဖယ်ရိုမုန်းများကို ဖယ်ရှားပစ်ရန် မဖြစ်နိုင်ချေ။
ရုန်ယီ ခေါင်းအုံးပေါ်လှဲနေပြီး ကွန်ပျူတာစားပွဲတွင်ထိုင်နေသော ချန်းခယ့်ယောင်ကိုကျောပေးကာ မျက်လုံးများမှိတ်လိုက်၏။သူ့နှာခေါင်းထဲသို့ မှိန်ပျပျ ဆွဲဆောင်မှုရှိသော အနံ့တစ်ခုဝင်လာသည်။
သူ့စိတ်ကိုလှုပ်ရှားနိုင်လောက်သည်အထိ ပြင်းထန်သော အနံ့မဟုတ်သော်လည်း လျစ်လျူရှုထားနိုင်လောက်အောင်လည်း မဟုတ်ချေ။
ရုန်ယီ ခေါင်းအုံးကို ပြောင်းပြန်လှန်လိုက်သော်လည်း ဘာမှမထူးချေ။
အခန်းထဲသို့ ဆိုဖာကူရှင်လေးကိုင်ပြီးပြန်လာသောအခါ ချန်းခယ့်ယောင် သိချင်သွား၏။ “ခေါင်းအုံးတစ်ခုတည်းနဲ့ မလောက်ဘူးလား….”
“မင်းကို ကြည့်မရလို့…” ဟု ရုန်ယီပြန်ပြောလိုက်၏။
ချန်းခယ့်ယောင် ဘာမှမပြောဘဲ ရုန်ယီ အိပ်ရာဘေးကခုံပေါ်သို့ ခေါင်းအုံးကိုပစ်တင်လိုက်သည်ကိုကြည့်နေ၏။ ထို့နောက် ကူရှင်ကိုခေါင်းအုံးကာ မျက်လုံးများကို မှိတ်လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် အိပ်မပျော်သောရုန်ယီ မျက်လုံးများပွင့်လာပြန်၏။ : “မင်းကတော်တော်ဆူတာပဲ…”
“ဟင်…” ချန်းခယ့်ယောင် ကြောင်တောင်တောင်လေးပြန်ကြည့်လိုက်၏။
“အို:…” ချန်းခယ့်ယောင် ခဏအကြာတွေးကာ notebookကိုပိတ်လိုက်ပြီး ဘေးက desktop ဆီသို့ပြောင်းသွား၏။ “အဲ့ဒါဆိုငါစာမရိုက်တော့ဘူး...အိပ်တော့….”
ဟိုဘက်ဒီဘက်လှိမ့်ပြီးနောက် အိပ်ရာနားမှရွေ့လျားသည့်အသံတစ်ခုကို ကြားလိုက်ရပြန်၏။ ချန်းခယ့်ယောင် မတ်တပ်ရပ်ကာတံခါးဆီသို့သွားနေပုံရသည်။
ထိုင်ခုံတွင်ပြန်ထိုင်သည့်အသံပြီးနောက် ရုန်ယီ ဒိန်ချဉ်ဘူးဖွင့်သံကို ကြားရပြန်သည်။
“…မင်း တော်တော်ဆူတာပဲ” ရုန်ယီ မျက်လုံးမှိတ်လျက် ပွစိပွစိထပ်ပြောလိုက်၏။