"ကိုယ်အသံကျယ်အောင်လုပ်မိသွားလား"
ချန်းခယ့်ယောင်ကအံ့အားသင့်စွာနှင့်မေးလာသည်။
သူအသံနားထောင်ကြည့်ရုံဖြင့် ချန်းခယ့်ယောင်၏စိုးရိမ်မှုများကိုပြောနိုင်သည်။ သူနောက်ဆုံးမိနစ်လေးမှ yogurt ဘူးအဖုံးကိုခွာလိုက်နိုင်၍အသံကျယ်သွားစေရန်မလုပ်လိုက်မိပေ။
ရုန်ယီအတွက်လည်းမလွယ်ကူလှပေ။
သူချန်းခယ့်ယောင်အိပ်ရာပေါ်လှဲလိုက်ပြီး ချန်းခယ့်ယောင်အိပ်ရာခင်းအပေါ်မှာပင်အိပ်သည်။ ချန်းခယ့်ယောင်ကသူနှင့်နှစ်မီတာအကွာအဝေးအတွင်း၌ ရှိနေသည်။ ထို့ကြောင့် သေးငယ်သောအသံလေးကပင်သူ၏လွန်ကဲနေသည့်အသိစိတ်ကို ထပ်ဆောင်းအသိပေးနေလိမ့်မည်။
ရုန်ယီ သာမန်အတိုင်းထ ထိုင်လိုက်သည်။
မည်းမှောင်နေသည့်အခန်းအတွင်း သူချန်းခယ့်ယောင်ဘက်လှည့်လိုက်သည့်အခါ သူနောက်ပြန်ဆုတ်သွားသည်။
အမြဲမျက်မှန်တပ်နေကျ ချန်းခယ့်ယောင်မှာအနည်းငယ်ရှက်နေဟန်ဖြင့်ဆိုသည်။
"ကွန်ပျုတာသုံးတာအရမ်းကြာတော့ကိုယ့်မျက်လုံးတွေကဝါးလာတယ်"
ရုန်ယီ သူ့ကိုအကြာကြီးကြည့်နေပြီးမှတစ်ဖက်လှည့်သွားသည်။
သူလှဲချလိုက်ပြီးသည်နှင့် ချန်းခယ့်ယောင်က ခေါင်းပေါ်မှမီးကိုပိတ်လိုက်သည်၊ ယခုတွင်မူ အခန်းထဲတွင်ကျန်ရစ်ခဲ့သည့်ကွန်ပျုတာမီးနှင့်စားပွဲတင်မီးအိမ်လေးက သူ့အနားတွင်အနိမ့်ဆုံးတောက်ပမှုကိုချိန်ညှိပေးနေသည်။
မသဲမကွဲအလင်းရောင်အတွင်း မျက်ကပ်မှန်တပ်ထားသည့်ချန်းခယ့်ယောင်ကထူးဆန်းနေသည်။
ရုန်ယီ သူ့လက်ထဲက Yogurt ဘူးကိုပြန်ကြည့်လိုက်သည်။
"မင်းစားနေတဲ့အသံကိုကြားရတာ၊ ငါလည်းဗိုက်ဆာလာတယ်"
ချန်းခယ့်ယောင်က သူပြောတာကြားသည်နှင့်မတ်တပ်ရပ်လိုက်သည်။
"အိုး...! ခဏလေးစောင့်..."
သူရုန်ယီအတွက် နောက်ထပ် Yogurt တစ်ဘူးယူလာပေးသည်။
Yogurt အပြင် သူသည် ရုန်ယီ၏သွားတိုက်တံနှင့်ခွက်ကိုပါယူလာ
ပေးပြီး သူ့အခန်းထဲရှိရေချိုးခန်းတွင်ထားပေးထားသည်၊ ထိုသို့ဆိုလျှင်ရုန်ယီက Yogurt စားပြီးသည်နှင့်သွားတိုက်နိုင်သည်။
ဒီလူက ထူးဆန်းသည့်နေရာတွင်ပင် အပိုဆောင်းတွေးပေးတတ်မှုကအမြဲရှိသည်။
ရုန်ယီ အိပ်ရာထဲတွင်ထိုင်သည်၊ ရေခဲသေတ္တာထဲမှထုတ်လာသည့်လတ်ဆတ်သော Yogurt ကို တစ်ဇွန်းခပ်စားသည်၊ အနည်းငယ်အေးနေသေးသည်ဟုခံစားရသည်။ သို့ဖြစ်၍ ၎င်းကိုနွေးသွားစေရန်ခဏထားလိုက်သည်။
"ကိုယ့်အခန်းထဲမှာအိပ်ရတာခက်လို့လား"
ချန်းခယ့်ယောင်ကရုတ်တရက်မေးလာသည်။
ရုန်ယီ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
"မင်းအခုအလုပ်လုပ်နေတာလား?"
"မဟုတ်ဘူး...ကိုယ်ရုပ်ရှင်ကြည့်နေတာ"
ချန်းခယ့်ယောင် ခဏရပ်သည့်ခလုတ်ကိုနှိပ်ရင်းပြောလိုက်သည်။
"မင်းအိပ်မပျော်ရင်...ကိုယ်တို့အတူကြည့်ကြမလား?"
ရုန်ယီခေါင်းယမ်းလိုက်သည်။
သူမနက်ဖြန်အလုပ်သွားရမည်။ သူ Yogurt ကိုကုန်အောင်စားပြီးသည်နှင့် ပြန်အိပ်ရမည်။
ရုန်ယီမေးမလာခင်အထိ နှစ်ယောက်လုံးတိတ်ဆိတ်နေကြသည်။
"မင်းအမြဲတမ်းညမိုးချုပ်တဲ့အထိနေပြီးရုပ်ရှင်ကြည့်တာလား?"
"သေချာပေါက်မဟုတ်ဘူးပေါ့...ကိုယ်ဂိမ်းကစားရင်မင်းအနှောင့်အယှက်ဖြစ်မှာစိုးလို့"
"တကယ်တော့...မင်းကသာငွေဇွန်းကိုက်မွေးလာတာပါ....မင်းမိသားစုကမိုင်းတွင်းပိုင်တာပဲ...အဲဒါကြောင့်မင်းအလုပ်လုပ်စရာမလိုဘူး"
"မင်းကကိုယ့်ကိုအထင်သေးတာပဲ...မင်းနေနေတဲ့အိမ်ကကိုယ့်ပိုက်ဆံနဲ့ဝယ်ထားတာပါ"
ချန်းခယ့်ယောင်ကသူနှင့်အသက်အရွယ်တူသည်၊ သို့သော် သူ့မှာတော့လမ်းပေါ်ရောက်လုနီးပါး ချွတ်ခြုံကျနေသည်။ ဝမ်းနည်းဖွယ်ရာနှိုင်းယှဉ်ချက်ကြီးပင်။
ပြောနေရင်းမှ သူ့စိတ်ထဲတွင်အတွေးနောက်တစ်မျိုးဝင်ရောက်လာသည်။
"အစ်မလန်ကအရမ်းငယ်တဲ့ပုံပေါ်တယ်နော်...သူ့ကိုမင်းအစ်မထင်
နေတာ...အရမ်းထိန်းသိမ်းတတ်တာပဲ"
"မင်းကိုယ့်ကိုယ်ကိုယ်ဘယ်နှနှစ်လဲပြန်ကြည့်ဦး"
"အမှန်ပဲ...ကိုယ့်ကိုမွေးတော့သူကဆယ့်ခုနစ်နှစ်ပဲရှိသေးတာလေ"
ရုန်ယီ အံ့ဩသွားသည်။ ဆယ့်ခုနစ်နှစ်ကလက်ထပ်ရန်တရားဝင်အသက်မဟုတ်သေး။ အတိအကျကို၎င်းက လက်မထပ်ခင်ကလေးယူခြင်းပင်။
"သူနဲ့အဖေကကိုယ့်ကြောင့်လက်ထပ်ခဲ့ရတာလေ"
ရုန်ယီရုတ်ချည့်ပင် ချန်းခယ့်ယောင်ကသူ့အမေ၏နောက်အိမ်ထောင်အကြောင်းကိုပြောဖူးမှန်း သတိရလိုက်သည်။ ၎င်းကပြောဆို၍ကောင်းသည့်အကြောင်းအရာမဟုတ်၊ ရုန်ယီ အလွန်သိချင်နေသော်ငြားသူထပ်မမေးသင့်တော့ဟုတွေးလိုက်သည်။
သို့ထိတိုင် ယခင်ကထိုအကြောင်းပြောသည်နှင့်တမင်တကာရှောင်ထွက်သွားဖူးသည့် ချန်းခယ့်ယောင်က အစပြုပြီးဆက်ပြောလာသည်။
"ကိုယ့်အဖေနဲ့အမေကအထက်တန်းကျောင်းမှာအတန်းဖော်တွေ...အတန်းတွေလည်းကွာကြပြီးကိုယ့်အဖေကကိုယ့်အမေရဲ့ ဂျုနီယာလေ...ကိုယ့်အမေကိုယ့်ကိုကိုယ်ဝန်မရခင်အထိသူတို့သိရုံပဲသိကြတာ"
"ဘာလို့လဲဆိုတော့ထိန်းချုပ်ဆေးကရုတ်တရက်အလုပ်မဖြစ်တော့လို့လေ"
ထိုအရာက အကုန်လုံးကိုရှင်းပြသွားခဲ့သည်။
တည်ငြိမ်ပြီး သက်ရောက်မှုကိုကြာမြင့်စွာထိန်းသိမ်းထားနိုင်သည့် ထိန်းချုပ်ဆေးများမှာ ဆယ်စုနှစ်တစ်စုစာ သို့မဟုတ် ၎င်းထက်ပို၍လူကြိုက်များပြီး ထိုမတိုင်ခင်က လူအများသည်မကြာခဏ မေထုန်မှီဝဲခြင်းနှင့် လုံးပန်းနေခဲ့ကြသည်။ ရုန်ယီ၏လိင်အမျိုးအစားကိုမခွဲခြားခင်ကာလက သူထိုအကြောင်းကိုကြားဖူးခဲ့သည်။
၎င်းနှစ်များက စုံတွဲများလက်ထပ်ခဲ့ကြခြင်းကို ပုံမှန်အတိုင်းမြင်တွေ့ရခြင်းမဟုတ်၊ အကြောင်းမှာ ရုတ်တရက်ဖြစ်လာသည့်အပူလှိုင်းလုံးကြောင့်ဖြစ်သည်။
အခုထိ အချို့သောအိုင်ဒေါဒရမ်မာများမှာပင်အဆိုပါဇာတ်ဝင်ခန်းမျိုးကစိတ်ဝင်စားဖွယ်ကောင်းနေသေးသည်။
သူစိမ်းနှစ်ယောက်သည် မထင်မှတ်ထားသောအပူလှိုင်းကြောင့်အစွန်းအထင်းဖြစ်ခဲ့ကြသည်၊ မနှစ်သက်ခဲ့ကြသည့်ကာလအပိုင်းအခြားမှတစ်ဦးနှင့်တစ်ဦးချစ်မြတ်နိုးလာကြချိန်အပါအဝင် ကံကြမ္မာအလှည့်အပြောင်းများစွာကြုံတွေ့ခဲ့ကြရသည်၊ နောက်ဆုံးတွင် ပျော်ရွှင်ဖွယ်အဆုံးသတ်လေးဖြစ်ရန် အခန်းသစ်တစ်ရပ်ဖြစ်လာသည်။
ချန်းခယ့်ယောင်၏မိဘများသည် ဖြစ်ပေါ်လာသည့်အခြေအနေအရ
အရပ်ရှည်ပြီးချောမောသည့် Alpha ၊ နူးညံ့လှပသည့် Omega ၊ ကောင်းကင်ဘုံမှ ဖန်တီးပေးလိုက်သည့်စုံတွဲပင်။ သို့သော်ငြား ထင်သလောက်ပျော်စရာကောင်းပုံမရပေ။
Omega များ၏အမှတ်အသားများတရားဝင်ဖြစ်မှုကို ဖယ်ရှားခဲ့သည်မှာ ဆယ်စုနှစ်တစ်စုစာပင်မရှိသေး၊ အကျိုးဆက်များကိုကာကွယ်ရန်မှာမဖြစ်နိုင်သေးပေ။ အဆုံးသတ်၌တစ်စုံတစ်ယောက်က ကြီးမားသောပေါင်းစပ်မှုကို ကြီးမားသည့်တန်ဖိုးဖြင့်ပေးဆပ်ခဲ့ရသည်။
ရုန်ယီ နေရခက်စွာပြောလိုက်သည်။
ချန်းခယ့်ယောင်က ခပ်ပြုံးပြုံးသာပြောသည်။
"သူတို့အခုအဆင်ပြေနေပါပြီ...ကိုယ်လည်းအဆင်ပြေနေတာပဲ...ပြောလို့ရပါတယ်"
ရုန်ယီ ခေါင်းမော့ပြီး Yogurt ကိုမသောက်ခင်ခေါင်းညိတ်ပြလိုက်၏ ၊ပြီးသည့်နောက် အအေးဓာတ်ကြောင့်သူတုန်သွားသည်။
ချန်းခယ့်ယောင်က မှီလိုက်ပြီးသူ့လက်ကိုကိုင်လိုက်သည်။
ရုန်ယီမှာ အူကြောင်ကြောင်နှင့်မေးလိုက်၏။
"ကိုယ့်ကိုဘူးပေး...မင်းအဲဒါကိုကိုယ့်အိပ်ရာထဲမှာလွှင့်ပစ်မလို့လား?"
ရုန်ယီတစ်ယောက် သူဘယ်အချိန်အိပ်ပျော်သွားခဲ့သလဲမမှတ်မိတော့ပေ။
သူနောက်တစ်ခါလှဲချလိုက်ပြီး အကြာကြီးလှိမ့်နေခဲ့သည်။
ထို့နောက် ချန်းခယ့်ယောင်ကသူ့ကိုအသံတိမ်တိမ်နှင့်ခေါ်လာသည်။
အသိစိတ်ကိုခက်ခဲစွာထိန်းချုပ်ထားပြီး သူမတုံ့ပြန်လိုက်ပေ။ ၎င်းနောက် ဘယ်အရာမှမဖြစ်လာခဲ့ချေ။
နောက်တစ်နေ့ သူ့ဖုန်းမြည်လာသည့်အခါ ရုန်ယီ့ခေါင်းကနှစ်ခြမ်းကွဲမတတ်ကိုက်ခဲနေသည်။
သူစိတ်ရှုပ်ထွေးမှုများနှင့်စမ်းတဝါးဝါးသွားလျက် နှိုးစက်ကိုပိတ်လိုက်ပြီး ရီဝေနေသည့်မျက်လုံးများကိုဖွင့်လိုက်သည်။
သူဘေးပတ်လည်ကို ခေါင်းထဲဗလာကျင်းလျက်ကြည့်လိုက်ပြီး ချန်းခယ့်ယောင်က စာရေးစားပွဲပေါ်တွင်ခေါင်းတင်နေသည်ကိုတွေ့လိုက်ရသည့်အခါ အံ့ဩသွားသည်။
သူတို့အလှည့်ကျအိပ်ရန်သဘောတူခဲ့ကြလင့်ကစား ထိုလူကအာရုဏ်တက်အထိပင်မနေခဲ့ချေ။ သစ်လုံးတစ်လုံးနှယ်အိပ်နေပြီး နှိုးစက်ကပင်သူ့ကိုမနှိုးနိုင်ဘဲရှိသည်။
ရုန်ယီမှာ ချန်းခယ့်ယောင်ကိုနှိုးရမလား၊ အိပ်ရာထဲတွင်အိပ်ခိုင်းရမလားဆိုသည့်ကိစ္စကို မျက်နှာသစ်နေစဉ်တလျှောက် အကြိမ်ကြိမ်တွန့်ဆုတ်နေခဲ့သည်။
ကံကောင်းစွာဖြင့် သူရေချိုးခန်းထဲမှထွက်လာခိုက် စာရေးစားပွဲတွင်ခပ်အေးအေးအိပ်နေခဲ့သူသည် အိပ်ရာထဲရောက်နေပြီးအေးချမ်းစွာအိပ်ပျော်နေပုံရသည်။
ရုန်ယီ အလုပ်မသွားခင်သူ့ကိုစောင်ထဲထိုးထည့်ထားခဲ့သည်။
အိပ်ရေးမဝခြင်းက လူသားများ၏ဘဝအပြေးပြိုင်ပွဲတွင်ယုံမှားဖွယ်မရှိသည့် ရန်သူပင်။
အမြဲ အမှတ်ကောင်းရသည့်ရုန်ယီမှာ တနင်္လာနေ့၏ပုံမှန်အစည်းအဝေးရှိ လူကြားထဲတွင် သူစကားပြောနေစဉ်မရည်ရွယ်ဘဲတမှေးအိပ်ပျော်သွားခဲ့သေးသည်။
ထို့နောက် ရှောင်ကျန်းကသူ့ကိုပါးစပ်ထောင့်တွင်သွားရည်များကျနေသည့်အကြောင်း အပိုလုပ်ပြောသွားသေး၏။
ရုန်ယီကမူးဝေနေဆဲဖြစ်ပြီး သူမနှင့်ပြိုင်မငြင်းခဲ့ပေ။
သူနှင့်ပတ်သတ်ပြီး တစ်စုံတစ်ခုမှားနေသလိုခံစားရသည်။ အကယ်၍အမှန်တကယ်အိပ်ရေးပျက်ခြင်းမျိုးဆိုပါက အားနည်းမနေသင့်ပေ။ သူနေ့လည်အထိ အလုပ်လုပ်နေခဲ့ပြီး ခဏတဖြုတ်အနားယူပြီးတာတောင် အစားစားချင်စိတ်မရှိမှန်းသိလိုက်မှသူနေမကောင်းဖြစ်နေမှန်းနားလည်သွားသည်။
လုပ်ရမည့်အလုပ်မှာ အများအပြားမရှိလှ၍ သူ့ကိုယ်သူနေ့တစ်ဝက်အနားပေးလိုက်ပြီး အိပ်ပြန်တရေးအိပ်ရန်စီစဉ်လိုက်သည်။
ရုန်ယီရုတ်တရက် စားစရာဝယ်ရန်မေ့လာသည်ကိုသတိရချိန်တွင်သူအိမ်တံခါးဝရောက်နေပြီ။
မနေ့က သူအလုပ်ပြီးလျှင်ကုန်တိုက်ထဲဝင်ပြီးလတ်ဆတ်သည့်အသီးအရွက်လေးများဝယ်ရန်စီစဉ်ထားခဲ့သည်။
ချန်းခယ့်ယောင်ဆိုသည့်လူကအစားအသောက်ဂျီးများသည်၊ တာရှ
ည်ခံအောင်ထိန်းသိမ်းထားရန် အသီးအရွက်အနည်းငယ်သာစားခြင်းကမသင့်တော်လှ၊ သို့ဖြစ်၍ သူတို့ပုံမှန်ပြန်ဖြည့်ရန်လိုအပ်သည်။
ဒုတိယမြောက်အတွေးမှာ သူ့ကိုယ်သူအလုပ်ပင်ဖျက်ပြီးချက်ပြုတ်ရာတွင်စိတ်နှစ်မြုပ်ထားသည့်သူတစ်ယောက်ပမာ သူသည်ချန်းခယ့်ယောင်အတွက်အစားအသောက်ပြင်ဆင်ပေးရန်စိတ်ပူပေးနေမိသလိုခံစားရသည်။ ဘာအတွက်လဲ?
တခါတလေ အစားအသောက်ပျက်ရုံနှင့်ထိုလူကိုသေအောင်မသတ်နိုင်ပေ။ သူပိုက်ဆံရှင်းပေး၍ရသည်။
ထိုအတိုင်းတွေးလိုက်ပြီး သူတံခါးကိုတွန်းဖွင့်လိုက်သည့်အခါ ထူးဆန်းသည့်စကားသံကိုကြားရသည်။
"ဆရာ....နောက်ဆုံးတစ်ခေါက်ကပြောတော့အဲဒီလိုမဟုတ်ပါဘူး"
ရုန်ယီ ခဏတာမျှတွေဝေသွားပြီး ဆင်ဝင်အောက်ကိုငုံ့ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်း ထူးဆန်းသည့်ဖိနပ်တစ်စုံရှိနေသည်။
ချန်းခယ့်ယောင်အသံကနောက်မှပါလာသည်။
သူ့အသံကပျင်းရိပျင်းတွဲနှင့်အိပ်ရေးဝသေးပုံပင်မပေါ် ။
"ငါ့ကိုယ်ငါမသေချာပေမဲ့...မရည်ရွယ်ပါဘူး"
ထူးဆန်းသည့်အသံကအဆောတလျင်နိုင်နေသည်။
"သုံးနှစ်စာစာရင်းသွင်းထားပြီးတည်းကတစ်နှစ်နဲ့တစ်ဝက်ရှိပြီ"
"တစ်နှစ်နဲ့တစ်ဝက်ပြီးရက်နည်းနည်းပါပဲကွာ"
ချန်းခယ့်ယောင်ကခပ်တိုးတိုးသာဆိုသည်။
ရုန်ယီ စကားပြောနေကြသည့်လူနှစ်ယောက်ရှိရာအခန်းထဲဝင်သွား
ချန်းခယ့်ယောင်နှင့်စကားပြောနေသူက ငယ်ရွယ်ပြီးနူးညံ့သည့်အသွင်ရှိသည်၊ ရုန်ယီဝင်လာသည်ကိုမြင်သည်နှင့် သူ့အမူအရာကအံ့ဩသွားသည်။
"မင်းဘာလို့အစောကြီးပြန်လာတာလဲ?"
ချန်းခယ့်ယောင်က အံ့ဩတကြီးမေးလာသည်။
ရုန်ယီ စကားဆုံးအောင်ပင်ပြောခွင့်မရသေးခင်လူငယ်လေးကရုတ်တရက်အော်လိုက်သည်။
"ကျွန်တော်အခုတော့သိသွားပြီ..ဆရာအရမ်းအလုပ်များနေတာမအံ့ဩတော့ပါဘူး...ကျွန်တော်ကဆရာ့လိုအိမ်ကပ်တဲ့လူကအလုပ်များတယ်ဆိုလို့သိချင်နေခဲ့တာ"
ရုန်ယီ စိတ်ရှုပ်ထွေးသွားသည်။
"အရှင်မင်းကြီးကမနက်ပိုင်းအစည်းအဝေးတွေကိုတောင်မျက်နှာလွှဲထားတယ်လေ!"
"ဆရာအရင်လကကျွန်တော့်ကိုပြောခဲ့ဖူးတာမှတ်မိသေးလား?...အချစ်ကမင်းရဲ့စိတ်ကူးတွေကိုစမ်းချောင်းလိုပန်းထွက်လာအောင်လုပ်ပေးနိုင်တယ်လို့ပြောခဲ့တယ်လေ"
အရှက်သည်းနေသည့်ချန်းခယ့်ယောင်ကရုတ်တရက်မတ်တပ်ရပ်ကာလူငယ်လေးလက်မောင်းကိုလှမ်းဆွဲသည်။
"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့စမ်း!"
"တစ်လထက်မနည်းဆရာဘယ်လိုအကြံတွေအတွက်အလုပ်လုပ်နေလဲဘုရားပဲသိလိမ့်မယ်!"
ရုန်ယီကထိုနေရာမှာပင်စိတ်ရှုပ်ထွေးစွာဖြင့်မတ်တပ်ရပ်နေခဲ့သည်။
"ဘာတွေပြောနေတာလဲ...? ငါနဲ့ဘာဆိုင်လို့လဲ?"
ချန်းခယ့်ယောင်ကသူ့ကိုမျက်စိတစ်ဖက်မှိတ်ပြသည်။
"မင်းဆီအမြန်ချောပို့အကြီးကြီးရောက်လာတယ်...ကိုယ်အခန်းထဲမှာထည့်ထားပေးတယ်...သွားကြည့်လိုက်ဦး"
ရုန်ယီကခေါင်းညိတ်ပြီးသွားအကြည့် ချန်းခယ့်ယောင်အသံကနောက်မှထွက်လာသည်။
"အဲဒီမှာမဟုတ်ဘူး...ကိုယ့်အခန်းထဲမှာ"
ဟုတ်သားပဲ..။ ချန်းခယ့်ယောင်အမေကမနေ့ကရုတ်တရက်ရောက်
လာခဲ့၍ သူ့အခန်းကအလိုမတူဘဲသိမ်းပိုက်ခံလိုက်ရသည်။
ရုန်ယီ ချန်းခယ့်ယောင်အခန်းထဲသို့မိန်းမောမှုထဲနစ်မြုပ်လျက်ဝင်လာခဲ့သည်။ သူတံခါးမပိတ်ခင် လူငယ်လေး၏ငိုကြီးချက်မ စကားသံကဧည့်ခန်းထဲတွင်ပဲ့တင်ရိုက်ခတ်လျက်ကျန်နေခဲ့၏။
"ဆရာ ဒီလိုလုပ်လို့မရဘူးလေ...ကျွန်တော်တို့လုပ်ငန်းပါတနာတွေကိုနောက်လမှာသူတို့ platform မှာလွှင့်ခွင့်ပေးမယ်လို့ပြောခဲ့ပြီးသားလေ...အခုတော့ဆရာကအစပိုင်းပဲရေးရသေးတယ်!...ကျွန်တော့်မှာတော့တစ်နှစ်နဲ့လဝက်လောက်ရေးခဲ့ရတာဗျ!"
သိချင်လွန်း၍ အရူးတပိုင်းဖြင့်၊ ရုန်ယီတံခါးတွင်နားကိုကပ်ထားရင်းခိုးနားထောင်နေသည်။ သို့သော်ငြား ချန်းခယ့်ယောင်ကပုံမှန်ထက်အသံကိုလျှော့ပြောနေ၍ သူသေချာမကြားရပေ။ ထို့ကြောင့် လူငယ်ထွက်သွားပြီး ချန်းခယ့်ယောင်တစ်ယောက်တည်းရှိနေချိန်မှသူစစ်မေးရန်ဆုံးဖြတ်လိုက်သည်။ သူခေါင်းကိုလှည့်ပြီး အခန်းကိုတစ်ချက်ကြည့်လိုက်သည်၊ မဟားတရားကြီးမားလွန်းသည့်ပုဆိန်ကိုထုပ်ပိုးထားသလို အထုပ်ကြီးတစ်ထုပ်မြင်လိုက်သည့်အခါ သူထိတ်လန့်သွားသည်။
ရုန်ယီ အချိန်အတန်ကြာအောင်တွေဝေနေခဲ့သည်၊ သူမကြာခင်ကဝယ်ထားခဲ့သည့် သားရေလက်နက်ကိုသတိရလိုက်ချိန်တွင် သူပကတိကျရှုံးသွားသည်။
ပုဆိန်တူသည့်ပစ္စည်းအနားတွင် ရင်းနှီးနေသည့်သေတ္တာတစ်လုံးရှိသည်၊ အဖုံးကပွင့်နေပြီး အထဲတွင်စတော်ဘယ်ရီကွန်ဒုံးများရှိနေသည်။