မင်းချက်တဲ့ဟင်းက စားလို့ရရဲ့လား?
ဒီသေတ္တာကိုကြည့်ရတာ တကယ်ရင်းနှီးနေသည်။
ဤအခန်းထဲတွင် အနှီသေတ္တာပေါ်လာသည့်အကြောင်းအရင်းကိုခန့်မှန်းရန်မခက်ခဲလှပေ။ ချန်းခယ့်ယောင်အမေက ၎င်းကို သည်နေရာတွင်အဓိပ္ပါယ်နှင့်ထားခိုင်းခဲ့သည့်မြင်ကွင်းကိုပြန်မြင်ယောင်ကြည့်လိုက်သည့်အခါ ရုန်ယီ့နားရွက်များနီရဲလာသည်။
ထိုအချိန်တည်းကလွှင့်ပစ်ခဲ့လိုက်လျှင် ကောင်းသား။ အားလုံးကချန်းခယ့်ယောင်အမှားပင်။ ယခုတော့ အတောမသတ်နိုင်သည့်ဒုက္ခများရောက်လာပြီ။
သူသေတ္တာကိုဘေးဖယ်လိုက်ပြီး ကောင်းကောင်းမွန်မွန်ထုပ်ပိုးထား
သည့်ပုဆိန်ကိုကောက်ယူလိုက်သည်။ သေချာစစ်ဆေးပြီးသည့်နောက် ၎င်းအောက်ဘက်တွင်တုတ်ချောင်းလေးတစ်ချောင်းရှိနေပြီး လေးထောင့်သေတ္တာအပြား၏အပေါ်ဘက်ကို တိတ်နှင့်ပတ်ထားသည်။ ရုန်ယီခမျာ သူ့တွင်ရှိသမျှအားလေးနှင့်၎င်းကိုဖြဲရန်နေ့တဝက်ခန့်အချိန်ကုန်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ပိုင်းမသက်မသာမှုကြောင့် နှေးကွေးနေခဲ့သည့်ဦးနှောက်က ရုတ်တရက်အလုပ်ဖြစ်သွားသည်။ သူကတ်ကြေးရှာတွေ့သွားသည်လေ။
သူကတ်ကြေးနှင့်ဖြတ်တောက်ရန်တွေးမိခိုက် သူ့လက်များကအပြင်းအထန်အလုပ်လုပ်နေရသေးသည်၊ အဆုံးတွင် သူယာယီအောင်မြင်မှုလေးကိုရရှိသွားသည်။ သေတ္တာကိုဖုံးထားသည့် တုတ်ချောင်းကပျံထွက်သွားသည်၊ ချန်းခယ့်ယောင်၏စာအုပ်စင်ကိုရိုက်မိပြီး 'ဘုန်း' ကနဲအသံထွက်လာသည်။ ထို့နောက် စင်ပေါ်မှစာအုပ်တွေပြုတ်ကျလာသည်။
ရုန်ယီ ကမန်းကတမ်းနှင့်အောက်ကိုငုံ့ကြည့်လိုက်ပြီး ကြည်နူးသွား
ကြမ်းပြင်ပေါ်တွင် ကျနေသည့်စာအုပ်က သူကောလိပ်တက်ချိန်ကဖတ်ခဲ့သည့် ဝတ္ထုစာအုပ်ဖြစ်နေသည်။ အဆိုပါဇာတ်လမ်းတွဲစာအုပ်ကခဏတာခန့် နာမည်ကြီးခဲ့သည်။ စာရေးဆရာမှာ ထိုအချိန်ကလှပသည့်တ က်သစ်စအမျိုးသမီးစာရေးသူတစ်ယောက်ဖြစ်သည်။ မော့ယွီဖေးသည်နောက်လာမည့် ဇာတ်လမ်းတွဲများကိုရုပ်ရှင်ရိုက်ကူးရာတွင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့သည်။ ရုန်ယီကလည်း ၎င်းဇာတ်လမ်းတွဲများကိုနှစ်ခြိုက်ခဲ့သည်။ ကံဆိုးသည်မှာ အနှီသူတို့၏နာမည်ကျော်ကြားမှုကြောင့် သူသည်ရောင်းအားအကောင်းဆုံးစာအုပ်များကိုမစုစည်းထားနိုင်ခဲ့၍ အမြဲနောင်တရခဲ့သည်။ ချန်းခယ့်ယောင်နှင့်သူ့တွင် ယခုလိုစိတ်ဝင်စားမှုတူညီနေခြင်းက ရှားပါးလွန်းသည်။
သူစာအုပ်ကိုကောက်ကိုင်ပြီး ဂရုတစိုက်စစ်ဆေးလိုက်သည်။ ပျက်စီးသွားခြင်းမရှိမှန်းသေချာမှ စာအုပ်ကိုစင်ပေါ်ပြန်တင်လိုက်သည်။ သူ့နောက်မှတံခါးကပွင့်လာသည်။
ချန်းခယ့်ယောင်ကခေါင်းလေးပြူလာပြီးအမေးရှိ၏။
ရုန်ယီခေါင်းယမ်းလိုက်သည်။
ရုတ်တရက်ခေါင်းကိုလှုပ်ခါမှုကြောင့် ပြင်းထန်သည့်မူးဝေမှုကိုခံစားလိုက်ရပြီး သူဘေးဘက်ကိုယိုင်တိယိုင်တိုင်ခြေလှမ်းများနှင့်ရွှေ့လိုက်၏။
"ဘာမှမဖြစ်ဘူး...ဒါဆိုမင်းအခုရှိုးလုပ်နေတာပေါ့?"
ရုန်ယီ မျက်မှောင်ကြုပ်လိုက်သည်။
"မင်းကအရမ်းစိတ်ရှုပ်စရာကောင်းတာပဲ...ထွက်သွား"
"ဆရာ...ဖားနေတာကိုရပ်လိုက်လို့ရမလား"
လူငယ်လေးကချန်းခယ့်ယောင်နောက်မှ အနီးကပ်လိုက်လာသည်။
"ကျွန်တော့်ကိုအချိန်နည်းနည်းပေး"
ရုန်ယီ ကြားဖြတ်ပြောလိုက်သည်။
"သူကငါ့ရဲ့မြေရှင်ကြီးလေ...ငါကသူ့ဆီမှာငှါးနေပြီးအဖိုးအခပေးနေရတာ...ငါအမှားလုပ်လို့မဖြစ်ဘူး"
လူငယ်လေးကသူ့ကိုကြည့်ပြီး သံသယဖြစ်နေသည့်အမူအရာဖြင့်မေးလာသည်။
"ခင်ဗျားက...ခင်ဗျားရဲ့မြေရှင်ကြီးနဲ့အတူတစ်ခန်းထဲအိပ်တာလား?"
လူငယ်လေးကအခန်းထဲထပ်ကြည့်ပြန်သည်။
"ပြီးတော့...အိပ်ရာကလည်းတစ်ခုတည်း"
ရုန်ယီမှာ ခေတ္တမျှဘယ်လိုရှင်းပြရမှန်းမသိဖြစ်သွားသည်။
ပိုပြီးရှက်စရာကောင်းတာက လူငယ်လေးသည်သူ့မျက်လုံးများကိုစ
တော်ဘယ်ရီအရသာကွန်ဒုံးများ ရှိနေသည့်ပွင့်နေသောသေတ္တာအပေါ်တွင်ရပ်လိုက်ခြင်းပင်။
သူပါးစပ်အပြည့်ဖြင့် တံတွေးများကိုမြိုချလိုက်ပြီးရုန်ယီကိုကြည့်လိုက်သည်။
ရုန်ယီ မနေ့ညကကိစ္စကိုအမှတ်ရလိုက်သည်၊ သူ့မြေရှင်ကြီးကဒီလအတွက် အိမ်ငှါးခကိုလျှော့ပေးထားသည်။
သူ လိုရင်းတိုရှင်းနှင့်ရှင်းပြရန်ရုန်းကန်နေသော်ငြား လူငယ်လေးက
ဝံပုလွေအူသံလို ချန်းခယ့်ယောင်ပြောဆိုနေသည်။
"ဆရာ...ဒီလိုသောင်းကျန်းနေတာတော့မဟုတ်ဘူးမဟုတ်လား!"
သူလုံးဝကိုဗြောင်းဆန်နေသည်။
"စာဆက်ရေးတာထက်ဒါကပိုက်ဆံပိုရလို့လား?"
ချန်းခယ့်ယောင်ကသူ့ကိုဂုတ်ကဆွဲပြီး အပြင်ကိုထုတ်သည်။
"မင်းပါးစပ်ပိတ်ထားစမ်းပါ"
ထို့နောက် တံခါးကနောက်တစ်ခါပြန်ပိတ်သွားပြန်သည်။
ရုန်ယီ ခဏတာခန့်သတိလက်လွတ်ဖြစ်နေပြီးမှ တစ်ဖက်လှည့်ကာလက်မောင်းထဲမှစာအုပ်များကို စင်ပေါ်ပြန်တင်သည်။ တံခါးကနောက်တစ်ကြိမ်ပွင့်လာပြန်သည်။
ချန်းခယ့်ယောင်ကအထဲဝင်လာပြီး သူ့ကိုသာမိုမီတာကမ်းပေးသည်။
ရုန်ယီ သာမိုမီတာအဖုံးကိုဖြုတ်ပြီးသူ့ပါးစပ်ထဲအရောက်ပို့လိုက်သည်။
သာမိုမီတာပေါ်တွင် ပိုစတာရှိနေသည်။ ရုန်ယီခွာကြည့်လိုက်ပြီးချက်ချင်းပျော်သွားသည်။
၎င်းမှာအတော်လေးကြာမြင့်ခဲ့ပြီးသည့် မော့ယွီဖေးပရိသတ်များကလပ်အတွင်းသို့ဝင်ခဲ့စဉ်က ရခဲ့သည့်လက်ဆောင်ဖြစ်သည်။ ပိုစတာပေါ်တွင် မော့ယွီဖေးလက်မှတ်ပင်ရှိသေးသည်။ အခြားသေတ္တာကိုဖွင့်ကြည့်လိုက်လျှင် ပြက္ခဒိန်များ၊ ရေခဲသေတ္တာတွင်ကပ်သည့်သံလိုက်များနှင့် ဖုန်းတင်သည့်ပစ္စည်းလေးများ၊ အားလုံးကသူ၏စိတ်ကူးယဉ်ချစ်သူလေးအတွက် လှပသည့်ပုံလေးများနှိပ်ထားသည်။
ပါးစပ်ထဲတွင်သာမိုမီတာကိုက်ထားသည့်ရုန်ယီသည် လက်ထဲတွင်ပိုစတာကိုင်ရင်း အခန်းထဲတွင်ပျော်ရွှင်စွာဖြင့်ပတ်ချာလှည့်နေသည်၊ ထို့နောက် ရုတ်တရက် သူ့နောက်မှတံခါးကပွင့်လာခဲ့သည်။
"မင်းမှာ...ဘာလုပ်နေတာလဲ?"
ရုန်ယီ တစ်ဖက်လှည့်လိုက်သည်၊ အကြောင်းအရင်းအချို့ကြောင့် သူရုတ်တရက်ရှက်ကိုးရှက်ကန်းနှင့် ပိုစတာကိုသူ့အနောက်တွင်ဝှက်လိုက်သည်။
တံခါးအပြင်ဘက်တွင်လူငယ်လေးအရိပ်အခြည်ကိုမတွေ့ရတော့ပေ။ ထွက်သွားလောက်ပြီဖြစ်မည်။
ချန်းခယ့်ယောင် မျက်ခုံးများကိုတွန့်ချိုးထားရင်းသူ့ထံလျှောက်လာ
သည်။ သူ့ပတ်လည်မှအမှိုက်အပုံလိုက်ကြီးကိုငုံကြည့်သည်။ ပြီးနောက် သူ့မျက်နှာကချက်ချင်းမည်းမှောင်သွားသည်။
ရုန်ယီမှာ သူ့ပါးစပ်ထဲမှသာမိုမီတာနှင့်တတွတ်တွတ်ပြောဆိုနေသည်။ သူ့စကားအလယ်လောက်တွင် ချန်းခယ့်ယောင်ကသူ့ပါးစပ်ထဲမှသာမိုမီတာကိုဆွဲထုတ်သွားသည်။
"မင်းသွားကျိုးမှာမကြောက်ဘူးလား"
ချန်းခယ့်ယောင်က အပူချိန်ကိုဒေါသထွက်နေသည့်မျက်နှာဖြင့်စစ်ဆေးပြီးနောက် အနည်းငယ်ပြေလျော့သွားသည်။
"၃၇.၆ ဒီဂရီ...အများကြီးမဆိုးပါဘူး"
သူသာမိုမီတာကိုစားပွဲခုံပေါ် ပြန်ချထားခဲ့ပြီးဧည့်ခန်းထဲလျှောက်သွားသည်။
"မင်းအဖျားပျောက်ဆေးတွေ့မိသေးလား?...ကိုယ်နည်းနည်းဝယ်ခဲ့တာတော့မှတ်မိတယ်...ဆေးသေတ္တာထဲလည်းမရှိဘူး"
ဆေးသေတ္တာတွင်ပါသည့်အကြောင်းအရာက ရုန်ယီသူ့အတွက်နောက်ဆုံးအကြိမ်ကအခြေခံစုဆောင်းပေးခဲ့ရုံလောက်ပင်။ ပုံမှန်လိုအပ်သည့်အရာတစ်ခုမှမပါဝင်ပေ။ အနှီ သကောင့်သားသာမိုမီတာရှာခြင်းမှကာကွယ်နိုင်ရန်အတွက်သာမဟုတ်ပါက ရုန်ယီမှာ စားပွဲပေါ်မှယူပြီးသူ့ထံပို့ပေးလိုက်မည်။
ချန်းခယ့်ယောင် သာမိုမီတာကိုဆေးသေတ္တာထဲထည့်ကာသူ့လက်ထဲမှပိုစတာကိုတစ်ချက်လှမ်းကြည့်သည်။
"အဲဒါကအရမ်းအဖိုးတန်တဲ့ကလေးလေးမလို့လား...မင်းလက်ကြားထဲအခုထိကိုင်ထားသေးတယ်"
ငါလွှတ်ပေးဖို့အခွင့်အရေးရှာမတွေ့သေးလို့ပါကွာ....
ချန်းခယ့်ယောင်ကမော့ယွီဖေးကိုနှသူ့အခန်းကိုချန်းခယ့်ယောင်အမေကယူထားသည်။စ်သက်ခဲ့သည်။ ၎င်းကိုသူ့အခန်းထဲတွင်မြင်သာအောင်ထားခြင်းက မသင့်တော်လှပေ။ သို့သော် သူမအိမ်တွင်မရှိနေသော်ငြား တပါးသူအခန်းကိုခွင့်ပြုချက်မရှိဘဲဝင်ခြင်းမှာလည်းမကောင်းပေ။
"ကိုယ်မင်းကိုသတိပေးစရာရှိတယ်"
ချန်းခယ့်ယောင်က ပိုစတာကိုလက်ညိုးထိုးပြသည်။
"ဒါတွေကိုကိုယ့်အိမ်နံရံတွေမှာကပ်တာခွင့်မပြုဘူး"
ရုန်ယီ ခပ်တိုးတိုးနှာမှုတ်လိုက်သည်။ သူလည်းအဖိုးတန်လက်မှတ်ပါသည့်ပိုစတာကို တွေ့ကရာတွင်လျှောက်ကပ်ရန်မရည်ရွယ်ထားပေ။
"ပြီးတော့...အဲဒါတွေလည်းလျှောက်မပြနဲ့"
ရုန်ယီ မျက်နှာကြတ်ကိုမော့ကြည့်ပြီးသူ့ကိုလျစ်လျုရှုထားလိုက်၏။
ချန်းခယ့်ယောင်ကသူ့အခန်းကိုလက်ညိုးညွန်ပြသည်။
"ကိုယ်မင်းအတွက်ဆေးသွားဝယ်လိုက်ဦးမယ်"
သူကုတ်အင်္ကျီကိုချွတ်ပြီး ချန်းခယ့်ယောင်၏ဂွမ်းကပ်စောင်ထဲထိုးဝင်လိုက်သည်၊ ငိုက်မျဉ်းနေသည့်တိုင် သူအိပ်မပျော်ခဲ့ပေ။
ယခု အနည်းငယ်ထူးဆန်းနေသည်။
ချန်းခယ့်ယောင်က သူ၏မြေအရှင်ဖြစ်ခဲ့လိမ့်မည်၊ သို့သော် အခုသူတို့က စောင်တစ်ထည်ကိုအတူခြုံအိပ်ကြပြီး အိမ်ငှါးခပေးရန်မလိုခဲ့ပေ။ အိမ်ငှါးခပေးရန်မလိုသည့်အပြင် အစားအသောက်ကုန်ကျစရိတ်ကိုချန်းခယ့်ယောင်ကသာပေးနေရသည်။
သူနေမကောင်းဖြစ်လာတော့လည်း ငွေကြေးအရှုံးပေးနေသည့်သူ၏မြေအရှင်က သူ့အတွက်ဆေးဝယ်ပေးသေးသည်။
ဘယ်သူကပဲကြည့်ပါစေ၊ ပုံမှန်မဟုတ်ပေ။
သူ၏လောဂျစ်အရ ထုံးစံအတိုင်းရုန်ယီသည် သူ၏အိုင်ဒေါဒရမ်မာများထဲကိုပျော်ဝင်သွားပြီးနေပြီ။
သူ၏ရုပ်ပိုင်းဆိုင်ရာကမောက်ကမဖြစ်မှုကြောင့် ထိန်းချုပ်ဆေးအရှိန်လျော့ရဲသွားပြီး မထင်မှတ်ဘဲ heat ဝင်လာသည်၊ သူ့ဘေးမှ တစ်ဦးတည်းသော အယ်လ်ဖာ အပေါ်ကိုပါသက်ရောက်သွားသည်။ အတိတ်တွင်ချစ်ခဲ့ဖူးသူနှစ်ယောက်သည် ပရိုမုန်းကြောင့်စိတ်ကြွလာပြီး သစ်ကိုင်းခြောက်ကိုမီးစွဲသွားသည့်နှယ် အပူဓာတ်များကူးလူးခြင်းဖြင့်အဆုံးသတ်သွားသည်၊ သူတို့၏ပြင်းပြလှသည့်အချစ်များကိုသူတို့ခန္ဓာကိ်ုယ်ဖြင့်ဖော်ပြခဲ့ကြသည်။
ထို့နောက် သူသည် အိုမီဂါ အမှတ်အသားကိုရှာတွေ့ပြီးစိတ်ရှုပ်ထွေးသွားသည်။ ဘာလုပ်ရမှန်းမသိဖြစ်နေရာမှ သူ့ကိုအမှတ်အသားပေး
ခဲ့သည့် အယ်လ်ဖာနှင့်စကားများခဲ့သည်၊ မုန်တိုင်းထန်၍ အသည်းနှလုံးကွဲကြေခဲ့သည်။
ပြီးနောက် သူကိုယ်ဝန်ရှိနေမှန်းသိခဲ့ရသည်။
စိတ်ပိုင်းဆိုင်ရာဒရမ်မာအတွဲလိုက် ခံစားခဲ့ရပြီး အထီးကျန်နေသည့်အိုမီဂါသည် ရဲဝံ့စွာဖြင့်ကလေးကိုမွေးခဲ့ပြီး တစ်ယောက်တည်းပြုစုစောင့်ရှောက်ခဲ့သည်။
နှစ်များစွာကြာခဲ့ပြီး အိုမီဂါသည်ကလေးနှင့်အတူလမ်းကြားထဲတွင်
လျှောက်နေရင်း ရင်းနှီးနေသည့်မျက်နှာတစ်ခုကိုတွေ့သွားခဲ့သည်။
ရုတ်တရက် အိပ်ခန်းတံခါးပွင့်လာပြီးချန်းခယ့်ယောင်ကအိပ်ရာဘေး
ရုန်ယီ သူ၏နေ့အိပ်မက်များအတွင်းမှနိုးထလိုက်သည်။
သူထပြီး ချန်းခယ့်ယောင်သူ့အတွက်ပြင်ပေးသည့်ဆေးကိုမျက်မှောင်ကြုပ်ကာမြိုချလိုက်သည်။ သူအိပ်ရာထဲပြန်လှဲသည့်အခါ ချန်းခယ့်ယောင်ကရေနွေးတစ်ခွက်ကမ်းပေးလာသည်။
"ဆေးအရသာကဆိုးတယ်...ပလုတ်ကျင်းလိုက်"
ရုန်ယီ သူ့ကိုတစ်ချက်သာကြည့်ပြီးရေခွက်ကိုယူကာတစ်ကျိုက်တည်းမော့သောက်လိုက်သည်။
ချန်းခယ့်ယောင်က ခွက်အလွတ်နှစ်ခွက်နှင့်အပြင်ထွက်သွားသည်။
"လိုအပ်ရင်ကိုယ့်ကိုခေါ်လိုက်နော်...ဧည့်ခန်းထဲမှာရှိနေမယ်"
ရုန်ယီ စကားပြန်မပြောသော်ငြားခေါင်းညိတ်ပြလိုက်သည်။
သူနံရံကိုမှီပြီး ချန်းခယ့်ယောင်အခန်းအပြင်ထွက်၊ တံခါးကိုဂရုတစိုက်ပိတ်သွားသည်ကိုကြည့်နေမိသည်။
ငါစိတ်ကူးခဲ့သမျှက ဒီကောင်နဲ့မဖြစ်ခဲ့ဘူး။ အစတည်းကဖြစ်မလာခဲ့တာ။ ဘာလို့လဲဆိုတော့ ငါ့အကြောင်းသိသွားတော့ဒီကောင်ကသေမလိုအန်ခဲ့တာလေ။
ဘယ်လိုအနှောင့်အယှက်ကောင်လဲကွာ....
ရုန်ယီ စောင်ထဲမှာသာသက်ပြင်းချလိုက်ပြီး တိတ်တဆိတ်လှဲချလိုက်သည်၊ မနေ့ညက ခွေးခြေခုံပေါ်ပစ်တင်ထားခဲ့သည့်ခေါင်းအုံးကိုစောင်ထဲဆွဲယူပြီးဖက်ထားလိုက်သည်။
သူနိုးလာသည့်အခါ အနည်းငယ်နေထိုင်ကောင်းသွားသည်။
သူအိပ်ရာမှထပြီးအကြောဆန့်လိုက်သည်၊ အိပ်ရာဘေးတွင်ရေခွက်နှင့်အိတ်ဆောင်သာမိုမီတာလေးတင်ထားသည်ကိုတွေ့ရ၏။
အဓိကမှာ သူ့ကိုရေနွေးများများသောက်စေချင်တာပင်။
ရုန်ယီ ခွက်ထဲကိုရေနွေးတဝက်ဖြည့်သည်။ တစ်ငုံခန့်သောက်ပြီးအိပ်ရာမှထွက်ကာ သန့်စင်ခန်းသွားသည်။ အခန်းထဲပြန်ရောက်သည့်အခါရုန်ယီသည် မူမမှန်သည့်တစ်ပိုင်းတစ်စကိုသတိထားမိသွားသည်။
စားပွဲရှေ့တွင် မော့ယွီဖေး၏ပုံတူထုတ်ကုန်များကိုအဝတ်စကြီးတစ်ခုနှင့်ဖုံးထားသည်။ ရုန်ယီ ထိုအဝတ်စကိုယခင်ကတစ်ခါမြင်ခဲ့ဖူးသည်။ ၎င်းမှာ ဧည့်ခန်းထဲမှတီဗွီကိုအုပ်ထားတတ်ပြီး သူပြောင်းလာသည့်နေ့တည်းကထိုတီဗွီကိုတစ်ခါမှဖွင့်တာမမြင်ဖူးပေ။
ရုန်ယီ မျက်ခုံးများကိုစုကုပ်လိုက်ပြီးအဝတ်စကို မ လိုက်သည်။ ပစ္စည်းများကအကောင်းအတိုင်းဖြစ်နေပြီး နေရာရွှေ့ထားခြင်းလည်းမရှိ။
ချန်းခယ့်ယောင်က ၎င်းတို့ကိုအုပ်ထားခြင်းမှာကောင်းမွန်စွာထိန်းသိမ်းခြင်းမျိုးမဟုတ်တာသေချာသည်၊ ရိုးရှင်းစွာနှင့် 'မျက်စိရှေ့နှင့်စိတ်ထဲမှဖျောက်ထားခြင်း' သာ။
အံ့ဩဖွယ်ကောင်းလောက်သည့် ကလေးဆန်မှုကြောင့် အကြီးအကျယ်ရှော့ခ်ရသွားပြီး ရုန်ယီစိတ်မထိန်းနိုင်တော့ဘဲရယ်မိကာ အခန်းထဲမှ
ဧည့်ခန်းထဲတွင်ဘယ်သူမှမရှိပေ။ သူနေသည့်အခန်းကလည်းပိတ်ထားဆဲရှိသေးသည်။ သို့ရာတွင် မီးဖိုခန်းထဲမှထူးဆန်းသည့်အသံများထွက်နေသည်။
သူအခန်းနားကပ်သွားလိုက်သည့်အခါ ဟင်းချက်နေသည့်အသံဖြစ်
"ဆိုတော့မင်းလည်းဟင်းချက်တတ်တယ်ပေါ့?"
အခန်းထဲဝင်သွားပြီးသူစနောက်နေသည်။
"မင်းချက်တဲ့ဟင်းကစားလို့ရောရရဲ့လား?"
ညင်သာသည့်အမျိုးသမီးအသံတစ်သံကသူ့ကိုပြန်ဖြေသည်။
"ဟင်းချက်တာတော့မကောင်းပေမဲ့...အရသာကတော့အဆင်ပြေမှာပါ"
ရုန်ယီ ဒယ်ပြားကိုင်ထားပြီးသူ့ကိုပြုံးပြနေသည့်အစ်မလန်ကိုတောင်းပန်လိုက်သည်။
အစ်မလန်ကစိတ်ထဲမထားသလိုပြောသည်။
"ခဏနေရင်ပြန်လာမယ်ထင်တယ်...အောက်ထပ်ကကုန်စုံဆိုင်ကိုသွားတာ...သူပြောတာကတော့သူ့ Yogurt ကုန်သွားလို့တဲ့"
ရုန်ယီ သူမအနောက်တွင်ရပ်နေရင်းသူမ၏မကျွမ်းမကျင် လှုပ်ရှားမှုကိုကြည့်နေရင်းစိုးရိမ်လာသည်။
"ကျွန်တော်လုပ်တာကပိုကောင်းမယ်ထင်တယ်"
"မရဘူး...ဒါကငါ့ရဲ့အထူးပြုပဲ"
အစ်မလန်ကလက်ကိုဝှေ့ယမ်းပြသည်။
"ယောင်ယောင်ကမင်းနေမကောင်းဘူးလို့ပြောတယ်...လူမမာတွေကအနားယူသင့်တယ်"
ဒီနေ့ အနည်းငယ်တောက်ပသည့်ပတ်ဝန်းကျင်ကသာ အစ်မလန်၏
အမှန်တကယ်အသက်အရွယ်ကိုထောက်လှမ်းပေးနိုင်သည်။
သို့သော် ရုန်ယီမှာသူမ၏ဆွဲဆောင်မှုကိုမခုခံနိုင်ပေ။
ကိုယ်လုံးကိုယ်ထည်သေးသည်၊ အားအင်အပြည့်နှင့်နူးညံ့သည့်စိတ်
သဘောထားရှိသည်၊ သည့်အပြင် သိမ်မွေ့သောမျက်နှာလည်းရှိသေးသည်။ သူမအသက်ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်တွင်အိုမီဂါများအကြားမည်မျှ ရေပန်းစားခဲ့ကြောင်းတွေးကြည့်နိုင်သည်။
ထိုမျှငယ်ရွယ်လွန်းသည့်အချိန်တွင် မိခင်တစ်ယောက်ဖြစ်လာသည်မှာ
ကောင်းမွန်သည့်အတွေ့အကြုံမဟုတ်ပေ။
အထူးသဖြင့် အမြင်ကပ်စရာကောင်းသည့်ကောင်စုတ်လေးချန်းခယ့်ယောင်နှင့်။
သူတွေးနေစဉ်မှာပင် အမြင်ကပ်ဖွယ်ကြီးပြင်းလာသည့်လူကြီးချန်းခယ့်ယောင်က လက်ထဲတွင် Yogurt အိတ်ကြီးတစ်အိတ်နှင့်ပြန်ရောက်လာသည်။