အပိုင်း ၃၃
Viewers 14k

Chapter 33
အဓိပ္ပါယ်မရှိလိုက်တာ
"မင်းနေကောင်းသွားပြီလား...မသက်မသာဖြစ်နေသေးလား?"
ချန်းခယ်ယောင်က Yogurt ဘူးများနှင့်မီးဖိုချောင်ထဲဝင်လာပြီးသူ့ကိုလည်ပြန်ကြည့်ကာမေးသည်။
"အရမ်းမဆိုးပါဘူး...အခုကောင်းသွားပါပြီ"
ရုန်ယီသူ့လက်ထဲမှအိတ်ကို မျက်မှောင်ကြုပ်ကြည့်သည်။
"မင်း Yogurt ဘူးတွေဒီလောက်အများကြီးဘာလို့ဝယ်လာတာလဲ?"
"သူတို့လျှော့စျေးနဲ့ရောင်းနေတာတွေ့လို့ကိုယ်ပိုဝယ်လာတာ"
ချန်းခယ့်ယောင်ပုံက စိတ်ကြီးဝင်နေသလိုပင်။
ကြားကြားချင်းပင် ရုန်ယီနှလုံးသားကရေအောက်ထဲနစ်မြုပ်သွားသည်။ သူရှေ့ကိုတစ်လှမ်းတိုးပြီး Yogurt အိတ်ကိုလှမ်းယူသည်၊ ဒိတ်မကုန်ခင်အကောင်းဆုံးရက်ကိုကြည့်လိုက်သည်။
ထင်သည့်အတိုင်း မနက်ဖြန်ဆိုလျှင်ဒိတ်ကုန်တော့မည်။
သူဒိတ်ကုန်တော့မည့် Yogurt ဘူးတစ်ပါကင်ကိုချန်းခယ့်ယောင်မျက်စိရှေ့တွင်ဘေးတိုက်တွန်းထုတ်လိုက်သည်။
"မင်းဒါတွေအကုန်လုံးကို ရက်အမီသောက်နိုင်မယ်ထင်လား?"
ချန်းခယ့်ယောင်ရှော့ခ်ရသွားသည်။
"အိုး..."
သူချက်ချင်းပါကင်ဖောက်လိုက်ပြီး Yogurt ဘူးကိုထုတ်၊ ရုန်ယီကိုပေးလေသည်။
"အမြန်သောက်လိုက်!"
"....."
ရုန်ယီကပြောရန်စကားလုံးရှာနေရုံရှိသေးစဉ် ချန်းခယ့်ယောင်က Yogurt နောက်တစ်ဘူးကိုကိုင်ပြီးမီးဖိုချောင်ထဲဝင်သွားကာအော်ခေါ်သည်။
"အစ်မကြီးလန်...အလုပ်ကြိုးစားနေတာပဲ....Yogurt လာသောက်လှည့်ပါဦး"
သားလေးက ရုတ်တရက်ကြီးသိတတ်သွားသည်။ အစ်မလန်မှာကျေနပ်အားရစွာဖြင့် ဒိတ်လွန်နေသော Yogurt ဘူးကိုပျော်ရွှင်စွာလက်ခံလိုက်သည်။
ရုန်ယီမှာ သက်ပြင်းချလိုက်သည်၊ ဘူးအဖုံးကိုဖြဲပြီးတစ်ငုံသာသောက်ရသေးစဉ် မီးဖိုချောင်ထဲမှချန်းခယ့်ယောင်ခေါင်းကပြူထွက်လာပြန်၏။
"တစ်ဘူးဆိုရပြီလား?...ယူဦးမလား?"
အဆိုပါငနဲက သုံးပါကင်ဝယ်လာသည်၊ တစ်ပါကင်တွင်ရှစ်ဘူးပါ၏။ အကုန်လုံးကိုဒိတ်မလွန်ခင်သောက်ရန်မှာ လုံးဝမဖြစ်နိုင်ပါချေ။ ရုန်ယီမှာချန်းခယ့်ယောင်တစ်ယောက်တည်းဘယ်လိုအသက်ရှင်နေခဲ့မှန်းတွေးမရအောင်ဖြစ်နေလေသည်။
၎င်းနှင့်ပတ်သတ်ပြီး သူခါးခါးသီးသီးစောဒကတက်ချင်နေသော်ငြား
ချန်းခယ့်ယောင်၏တောက်ပနေသည့်မျက်လုံးများနှင့် Yogurt ဘူး
ကိုင်ထားသည့်ပုံကိုမြင်ရပြီး ရုန်ယီသူ့ကိုစိတ်မပျက်စေချင်တော့ပေ။
အကျိုးဆက်မှာ ထိုနေ့၏ဘယ်ညစာကိုမှမစားနိုင်တော့ပေ။
အစ်မလန်၏ဟင်းချက်စွမ်းရည်က ထိပ်တန်းအဆင့်မဟုတ်သော်ငြားသာမန်အိမ်ချက်လက်ရာအတိုင်း ဟင်းလျာများကိုစီစဉ်နိုင်ခဲ့သည်။ သို့သော် ရုန်ယီမှာချန်းခယ့်ယောင်၏ Yogurt များကြောင့်ဗိုက်ပြည့်နေပြီ၊ သူပါးစပ်အပြည့်တစ်လုတ်စားလိုက်ပြီးသည်နှင့် Yogurt အနံ့ထွက်နေသည့်လေချဉ်တက်လာသည်။
"ရှောင်းရုန်...မင်းဘာမှလည်းမစားဘူး....နေမကောင်းသေးဘူးလား?"
အစ်မလန်မျက်နှာမှာစိုးရိမ်ပူပင်နေသည်။
"နေမကောင်းဖြစ်နေတဲ့အချိန်အစားများများဖို့လိုတယ်....ဒါမှအာဟာရပြည့်ပြီးနေပြန်ကောင်းလာမှာပေါ့...ယောင်ယောင်အဲဒီမှာဘာထိုင်လုပ်နေတာလဲ?...သူ့ပန်းကန်ထဲထည့်ပေးလိုက်လေ"
ချန်းခယ့်ယောင်က ခဏတာတုံ့ဆိုင်းနေသည်။ ရုန်ယီ၏စူးရှနေသည့်မျက်လုံးများအောက်မှာပင် ဂရုတစိုက်နှင့်ပဲလွမ်းစေ့တစ်စေ့ကိုပန်းကန်ထဲထည့်ပေးလိုက်သည်။
"များများစား....များများစား"
အစ်မလန်ခမျာ စိုးရိမ်သွားသည်။
"အရူးလေး...မင်းဒါလူတွေကိုထမင်းကျွေးတဲ့ပုံလား?"
သူမသညသနားစရာပဲလွမ်းစေ့ကိုဝက်နံရိုး အပေါ်မှတင်၍ရုန်ယီပန်းကန်ထဲထည့်ပေးပြီး ကိုယ်တိုင်ပြသပေးလိုက်သည်။
"တကယ်ပြောတာ...အဲဒီကောင်လေးကအရူးပဲ"
အစ်မလန်က မခံမရပ်နိုင်ဖြစ်နေပုံဖြင့်ဆိုသည်။
"ရှောင်းရုန်...မင်းတကယ်ပဲအရင်ကဒီကောင်လေးကိုဘယ်လိုများသဘောကျခဲ့တာလဲ?"
ရုန်ယီမှာ အရောင်တောက်နေသည့်ဝက်နံရိုးကိုငုံ့ကြည့်ပြီးသူ့ဗိုက်ထဲမှ Yogurt တွေ ပလုံစီထနေသည်ကိုခံစားရသည်။ သူအဲဒီအချိန်ကချန်းခယ့်ယောင်ကိုဘယ်လိုများကြိုက်ခဲ့မိတာလဲ? ဒါပေါ့၊ ချန်းခယ့်ယောင်ရဲ့ချောမောလွန်းတဲ့မျက်နှာလေးကသူ့ကိုလှည့်စားခဲ့တာလေ။ အနှီအန်တီက သူကိုယ်တိုင်ဖန်တီးခဲ့သည့် ချောမောလွန်းသော 'အရူးလေး' အတွက် ကိုယ်တိုင်သုံးသပ်စာတစ်စောင်ရေးသင့်သည်။
ကံကောင်း၍ သူက ချစ်သူကောင်လေးအဖြစ်ဟန်ဆောင်သည့်နေရာတွင် ကျွမ်းကျင်သည်၊ သူကအရူးတကာ့အရူးဆုံးဖြစ်နေခဲ့လျှင်ပင် လူတိုင်းကိုလိုက်ကြွားနိုင်သေးသည်။
"သူကလူကောင်းတစ်ယောက်ပါ"
ရုန်ယီပြုံးလိုက်သည်။
"သူကရိုးသားပြီးလိုက်လျောညီထွေဆက်ဆံတတ်တယ်...ကျွန်တော့်အပေါ်လည်းကောင်းပါတယ်"
"အဟမ်း!"
လူရိုးကြီးချန်းခယ့်ယောင်က ထူးဆန်းသည့်အသံကိုပြုလုပ်လိုက်၏။
"အမှန်ပဲ"
အစ်မလန်ကသူ့သားလေးအပေါ်တွင်အချစ်များပြည့်နေသေးသည်။
"ယောင်ယောင်ကချဉ်းကပ်ရခက်တယ်ထင်ရပေမဲ့သူကတကယ်ကောင်းပါတယ်...မဟုတ်ရင်...ဒီလိုမျက်နှာကပြောင်းသွားပါ့မလား?...ငါခဏလေးမတွေ့လိုက်ရတာတောင်ဒီနေ့အဲဒါကိုမြင်လိုက်တော့ငါလန့်သွားခဲ့တာ"
"အခုအရမ်းကြီးမဆိုးတော့ပါဘူး...အရင်ကထက်စာရင်ပိုကောင်းလာပါပြီ...လနည်းနည်းလေးအတွင်းလုံးဝမမြင်ရတာဖြစ်သင့်ပါတယ်"
အစ်မလန်ကမျက်မှောင်ကြုပ်ပြီးချန်းခယ့်ယောင်ဘေးတိုက်မျက်နှာကိုအချိန်အတော်ကြာအောင်ကြည့်နေခဲ့သည်၊ သူမအတွေးထဲမှာနစ်မြုပ်နေခဲ့သည်။ ၎င်းကချန်းခယ့်ယောင်ကိုမသက်မသာဖြစ်စေသည်။
"အစားစားလေ...ဘာလို့ကျွန်တော့်ကိုကြည့်နေတာလဲ?"
"မင်းတို့ကိုကြည့်ရတာအတူနေခဲ့တာကြာပြီထင်တယ်"
အစ်မလန်ကရုတ်တရက်ကြီးပြောလာသည်။
"မင်းတို့နှစ်ယောက်လက်ထပ်ရင်ရောဘယ်လိုလဲ?"
ရုန်ယီကဝက်နံရိုးခပ်ကြီးကြီးကိုကိုက်နေစဉ် ထိုစကားကြားလိုက်သည့်အခါသီးသွားတော့သည်။
ဒါကတော့များသွားပြီ။ အတုအယောင်ပါတနာဆက်ဆံရေးဘောင်ကိုကျော်သွားပြီ။
သူချန်းခယ့်ယောင်ကိုအမြန်ကြည့်လိုက်သည်၊ ထိုလူမှာလည်းရုတ်တရက်ကြောင်တောင်တောင်ဖြစ်နေသည်။ သူမကြာခင်စိတ်တည်ငြိမ်သွားပြီး စကားကိုအကျယ်ချဲ့ပြောရတော့၏။
"အဲဒါရဲ့အကြောင်းအရင်းကရုန်ယီ့အလုပ်ကအခုမှတိုးတက်လာတုန်းရှိသေးတယ်လေ...အဲဒါကြောင့်အခုကအချိန်ကောင်းမဟုတ်သေးဘူး"
အစ်မလန်ကအဖြေကိုကျေနပ်ပုံမရ။ သူတစ်ခုခုပြောချင်သည့်တိုင်အဆုံးတွင်သက်ပြင်းသာချလိုက်သည်။
"အေးပေါ့လေ...မင်းတို့လူငယ်တွေကိစ္စပဲ"
လူငယ်လေးနှစ်ယောက်မှာစိတ်သက်သာသွား၍ အသက်ခိုးရှူမိကြ
သည်။
"ငါဒီတစ်ခေါက်ပြန်လာတာကမင်းညီလေးလက်ထပ်တော့မှာမလို့လေ"
ချန်းခယ့်ယောင်မှာညီရှိတယ်? ရုန်ယီ အံ့အားသင့်သွားသည့်ပုံဖြစ်နေ၍အစ်မလန်ကရှင်းပြသည်။
"ငါနောက်အိမ်ထောင်ပြုလိုက်တော့ခင်ပွန်းဘက်ကပါလာတဲ့ကလေးပါ...ယောင်ယောင်ထက်နှစ်နှစ်ငယ်တယ်"
ရုန်ယီခေါင်းညိတ်ပြလိုက်သည်။
ချန်းခယ့်ယောင်က သတင်းများကိုကြားရုံသာကြားခဲ့သည်မှာအံ့ဩစရာမဟုတ်တော့ပေ။ အနှီအလွယ်တကူရလာသည့်ညီလေးက သူနှင့်အရမ်းမနီးကပ်၍ဖြစ်မည်။
"ငါ့ယောက်ျားကလည်းမင်းကိုမင်္ဂလာပွဲလာစေချင်နေတယ်..ဒီတစ်ပတ်ပိတ်ရက်ပဲ...မင်းမှာအချိန်ရှိလား?"
"ဟုတ်ကဲ့"
ချန်းခယ့်ယောင်က ကတိပေးသည်။
"ကျွန်တော်..အမေနဲ့လိုက်ခဲ့ပါ့မယ်..."
"ဒါဆို..."
အစ်မလန်၏အာရုံကရုန်ယီထံရောက်လာပြန်သည်။
"ရှောင်းရုန်ရောငါတို့နဲ့အတူလိုက်ခဲ့မလား?"
ရုန်ယီသည် ချန်းခယ့်ယောင်အခန်းထဲရှိဆိုဖာအတွင်းနစ်နေသည်၊ ဗိုက်က အရှေ့ကိုစူထွက်နေကာနာကျင်နေသည်။
ဝက်နံရိုး၊ ပဲလွမ်းနှင့် Yogurt များက အစာအ်ိမ်ထဲတွင်အချဉ်ပေါက်နေကာထူးဆန်းသည့်အရသာရနေသည်၊ ၎င်းကလေချဉ်တစ်ခါတက်တိုင်း သူ့ကိုအန်ချင်လာစေသည်။
ချန်းခယ့်ယောင်ကသူ့ဘေးတွင်ထိုင်ကာရယ်သည်။
"မင်းမသွားချင်ရင်အလုပ်များနေတယ်လို့ပြောလို့ရတယ်...ကိစ္စမရှိဘူး"
ရုန်ယီ သူ့ကိုတစ်ချက်သာကြည့်လိုက်သည်။
မင်းကငါ့ကိုအခုမှ ဩချစရာအကြံမျိုးပေးတယ်။ ငါကတော့အခုလေးတင်မျက်နှာပြောင်တိုက်ပြီး ကတိပေးလိုက်ပြီလေ။
သူတိတ်နေတာမြင်တော့ ချန်းခယ့်ယောင်ထပ်ပြောပြန်သည်။
"မင်းရဲ့ကြီးမြတ်တဲ့ကြင်နာမှုတွေကဘာနဲ့မှအစားထိုးလို့မရနိုင်ပါဘူး"
မင်းကိုယ်တိုင်ငါ့ကိုလက်နက်ချအညံ့ခံလိုက်တာကလွဲရင်ပေါ့။ စာကြောင်း အပြည့်အစုံကရုန်ယီ့စိတ်ထဲတွင်အလိုအလျောက်ပေါ်လာပြီး
ခဏတွင်းချင်းရွံရှာနေသည့်အမူအရာကိုပြသလာသည်။
မင်းကငါ့ကိုအန်ချင်လာအောင်လုပ်နေတယ်။ မင်းကိုယ်မင်း ငါ့ကိုအညံ့ခံရင်တောင် အသုံးမဝင်တော့ဘူး။ ငါမင်းဆီကဘာမှမလိုချင်တော့ဘူး။ မင်းကအရမ်းစိတ်ရှုပ်စရာကောင်းတာပဲ။
သူချန်းခယ့်ယောင်ကိုကြည့်လိုက်သည်။
"မင်းငါ့ကိုတကယ်ပြန်ပေးဆပ်ချင်ရင် ငါ့ကိုကတိတစ်ခုပေး"
"ပြော"
"အဲဒီလူ...ရှော့ခ်ရလွယ်ပြီးအော်ဟစ်နေတာ...အဲဒါမင်းရဲ့အယ်ဒီတာလား?"
ချန်းခယ့်ယောင်အံ့ဩသွားသည်။
"ငါခန့်မှန်းတာမှန်တယ်မဟုတ်လား?"
ရုန်ယီ စိတ်လှုပ်ရှားနေသည်။
ချန်းခယ့်ယောင်ကို 'ဆရာ၊ဆရာ' ဟုခေါ်နေသည့်လူငယ်က ကလေး
မိဘနဲ့မတူပေ။ သူတို့၏ဟိုရောက်သည်ရောက်စကားများအတွင်း ကွဲပြားသည့်စကားလုံးအနည်းငယ်ရှိသည်။ ချန်းခယ့်ယောင်သည် သူ့အလုပ်ကဦးနှောက်ကိုအခြေခံကြောင်းရှင်းပြခဲ့သည်ကို တွက်ဆကြည့်လျှင် စာရေးသည့်အလုပ်သာရှိတော့သည်။
အတော်လေးအောင်မြင်နေခြင်းမျိုးလည်းဖြစ်နိုင်သည်။ မဟုတ်လျှင်သူ့အယ်ဒီတာက ဒီလောက်သောင်းကျန်းနေပြီး သူလည်းငွေအတွက်ပူပင်စရာမလိုသည့်ဘဝကောင်းတွင်နေထိုင်ရမည်မဟုတ်။
ချန်းခယ့်ယောင်၏အမူအရာကသူ၏မှန်းဆချက်ကိုအတည်ပြုပေးလိုက်သည်။
ဒီလူကအနည်းငယ်ရှက်နေပုံပင်ပေါ်သေးသည်။
ရုန်ယီသူ့ကိုစိုက်ကြည့်နေသည်။
"ဒီတော့မင်းကတကယ်စာရေးဆရာပေါ့?"
"အင်း"
ချန်းခယ့်ယောင်ကအတော်လေးရှက်နေသည်။
"ကိုယ်ကဒီအတိုင်းကြုံရာတစ်ခုနှစ်ခုလောက်ရေးတာပါ...'စာရေးဆရာ' လို့မခေါ်ထိုက်သေးပါဘူး"
ရုန်ယီ သူ့အကြည့်ကိုမကြိုက်သော်ငြားလှောင်ရယ်ရန်ရည်ရွယ်ချက်မရှိပေ။ သူ့နှလုံးသားထဲအမြဲရှိနေသည့်ချန်းခယ့်ယောင်ပုံရိပ်က အားသာရှိပြီးဉာဏ်နည်းနေခဲ့သည်။ ယခု သူ၏ဖုံးကွယ်ထားသည့်နောက်ခံကိုသိလိုက်ရသည့်အခါ ရုန်ယီသူ့ကိုလေးစားမှုအပြည့်ဖြင့်ကြည့်နေမိသည်။
သည့်အပြင် သူ၏ယခုရှက်နေသည့်ပုံစံကြောင့် ပိုပြီးပင်ချောမောနေသယောင်ထင်ရသည်။
"ငါမင်းရေးထားတာဖတ်ချင်တယ်"
ရုန်ယီရင်ဖိုနေသည်။
"မင်းနာမည်ဘာလဲ?"
မစ္စတာချန်းကတွန့်ဆုတ်ဆုတ်နှင့်။
"ကိုယ့်နာမည်ကချန်းခယ့်ယောင်"
အဓိပ္ပါယ်မရှိလိုက်တာ။
"မင်းရဲ့ကလောင်နာမည်ကမင်းနာမည်ပဲလား?"
"မဟုတ်ပါဘူး"
ချန်းခယ့်ယောင်၏လျို့ဝှက်နေသည့်ပုံစံကိုတွေ့ရပြီး ရုန်ယီသံသယများကမြေကြီးလက်ခတ်မလွဲထွက်ပေါ်လာသည်။
"ပြောရမှာရှက်နေရင်တော့မင်းအပြာစာတွေရေးနေတာပဲ...."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ချန်းခယ့်ယောင်ကငြင်းသည်။
"တရားဝင်ထုတ်ဝေခွင့်ရပြီးသားကွ...အိုကေ?"
"အဲဒါဆိုဘာလို့ငါ့ကိုသိခွင့်မပေးတာလဲ?"
"ဘာလို့သိစရာလိုမှာလဲ...မသိခင်ကလည်းအဆင်ပြေနေတာပဲမဟုတ်လား?"
အလွန်အကျွံသံသယဖြစ်ဖွယ်ပင်။
သို့သော်ငြား သူကမပြောရန်ဆုံးဖြတ်ထားပြီး၍ရုန်ယီနှင့်လည်းမသက်ဆိုင်တော့ပေ။
"မင်းကနာမည်ကြီးထင်တယ်"
ရုန်ယီ ခဏခန့်တွေးကြည့်နေသည်။
"ငါမင်းရဲ့အယ်ဒီတာပြောတာကြားလိုက်တာသုံးအုပ်မြောက်ကလွန်ခဲ့တဲ့တစ်နှစ်နဲ့တစ်ဝက်ကဆို"
"ကြည့်စမ်း...မင်းအခုထိနေမကောင်းသေးဘူးပဲ...ဦးနှောက်ကိုအရမ်းအလုပ်မပေးနဲ့"
ချန်းခယ့်ယောင်ကသူ့လက်များကိုအတူပွတ်သပ်လိုက်သည်။
"မင်း Yogurt သောက်ပြီးအိပ်လိုက်ပါလား?"
"Yogurt ဆိုတဲ့စကားကိုထပ်မပြောနဲ့"
ရုန်ယီ မျက်ခုံးများကိုတွန့်ကွေးလိုက်သည်။
"နားထောင်တာနဲ့တင်နေမကောင်းဖြစ်ချင်လာပြီ"
ချန်းခယ့်ယောင်ကစဉ်းစားသည်။
"ဒါဆိုရေနွေးပူပူလေးတစ်ခွက်ဆိုရင်ရော"
"ထားလိုက်တော့"
ရုန်ယီ လက်ယမ်းပြလိုက်သည်။
"ငါမနက်ဖြန်မှအွန်လိုင်းမှာရှာလိုက်မယ်"
ချန်းခယ့်ယောင်မှာအတော်လေးစိတ်သောကရောက်နေပုံရသည်။ သူရုတ်တရက်ပြောလိုက်သည်။
"မင်းနည်းနည်းလေးပြောပြီးမှတော့...ကျန်တာအကုန်လုံးကိုယ့်ကိုပြောပြပါလား?"
ထိုစကားကြည့်လိုက်ရ၍ ရုန်ယီ၏သဘောထားကရုတ်တရက်အလွန်ပျော့ပျောင်းသွားသည်။
"အဲဒါ"
ရုန်ယီ စားပွဲပေါ်တွင်ဖုံးထားသည့်ပုံစံတူထုတ်ကုန်များကိုလက်ညိုးထိုးပြသည်။
"ငါ့အခန်းကိုပြန်ရင်အဲဒီပြက္ခဒိန်ကိုချိတ်ထားချင်တယ်"
ချန်းခယ့်ယောင်မျက်နှာကတမဟုတ်ချင်းမည်းမှောင်သွားပြီး ရုန်ယီကိုအလေးအနက်ထားကြည့်လာသည်။
"ကိုယ့်အလောင်းကိုကျော်သွားပြီးရင်ရမယ်"
"....."
"စဉ်းတောင်မစဉ်းစားနဲ့...ကိုယ်လုံးဝနောက်ဆုတ်ပေးလို့မရတော့တဲ့နောက်ဆုံးစည်းပဲ...လွှင့်မပစ်တာနဲ့တင်ပဲကိုယ့်ရဲ့အကြီးမားဆုံးသနားညှာတာမှုဖြစ်နေပြီ"
ရုန်ယီ ခေါင်းလှည့်လိုက်သည်။
"မင်းသူ့ကိုဘာလို့ဒီလောက်သဘောကျနေတာလဲ..ကိုယ်ဖြင့်နားမလည်နိုင်တော့ဘူး"
ချန်းခယ့်ယောင်ကသူ့ကိုမှုန်ကုပ်ကုပ်ဖြင့်ကြည့်သည်။
"ငါလည်းနားမလည်တော့ဘူး"
ရုန်ယီမျက်နှာကလည်းမှုန်ကုပ်နေသည်။
"မင်းဘာလို့သူ့ကိုဒီလောက်မုန်းနေရတာလဲ?"
ချန်းခယ့်ယောင်ပူလောင်နေသည့်အကြည့်များဖြင့် မျက်လုံးများကိုလွှဲဖယ်ပစ်လိုက်ပြီး စကားထပ်မပြောလာတော့ပေ။
ရုန်ယီ ဉာဏ်အလင်းပွင့်သွားသည်။
"စာရေးဆရာကြီး...ခင်ဗျားသူနဲ့အပြင်မှာသိကြတာလား?"
"မသိပါဘူး"
ချန်းခယ့်ယောင်ကအသံကိုမြှင့်လိုက်သည်။
ရုန်ယီ ဆွံ့အသွားသည်။ သူတစ်စုံတစ်ခုပြောတော့မည့်အခိုက် အရင်ငြင်းဆိုချက်ကမလုံလောက်သေး၍ ချန်းခယ့်ယောင်ကထပ်လောင်းပြောသည်။
"ကိုယ်တို့ကခေတ်ပြိုင်မဟုတ်ဘူး...ဘာမှမပတ်သတ်ဘူး...ကိုယ့်တစ်ဘဝလုံးနဲ့သူကလည်းဘာမှမပတ်သက်ဘူး"
အခုတော့ ရုန်ယီမှာပိုပြီးပင်သံသယရှိလာသည်။
၎င်းကသာမန်ထင်မြင်ချက်ဖြစ်ပြီး အတည်ယူစရာမလို၊ သို့သော် ချန်းခယ့်ယောင်၏တုံ့ပြန်မှုပိုလွန်းခြင်းက ရုန်ယီကိုစတင်ပြီးသံသယဝင်လာစေသည်။
အနှီသူသည်သဘောထားကြီးပြီး ဒေါသထွက်ခဲသည်။ သို့ဖြစ်၍ ဘာကိုမှအတည်ယူမည်မဟုတ်ပေ။
"သိပြီ"
ရုန်ယီ တံတွေးများကိုမြိုချလိုက်သည်။
"မင်းသူ့နောက်ကိုလိုက်ခဲ့ဖူးတယ်...ပြီးတော့သူကငြင်းခဲ့တယ်...အဲဒါကြောင့်မင်းကရှက်ပြီးစိတ်ဆိုးနေတာ?"
ချန်းခယ့်ယောင်အသက်ကိုပြင်းပြင်းရှူလိုက်မိသည်။
"ငါနောက်တစ်ခါမှန်သွားပြန်ပြီ"
"မင်းကမှစာရေးဆရာကြီးပါကွာ"
ချန်းခယ့်ယောင်ကပြောလိုက်သည်။
"ဒီ့ထက်သာပိုပြီးထွင်လုံးထုတ်နိုင်ရင်မင်းစာအုပ်တစ်အုပ်ရပြီးနေလောက်ပြီ"
Xxxxxx