အပိုင်း ၃၄
Viewers 14k

Chapter 34
မင်းတို့နှစ်ယောက် အရင်ကအတူအိပ်ခဲ့ကြဖူးလား?
ရုန်ယီသည် ညဘက်အိပ်ရာဝင်သည့်အချိန်အထိ ရုတ်တရက်တစ်စုံတစ်ခုကိုနားမလည်နိုင်ဘဲဖြစ်နေသေးသည်။
မနေ့က သူအပြင်တစ်နေရာတွင်သွားနေရန် အတိအလင်းစိတ်ပိုင်းဖြတ်ထားခဲ့သည်။ အကြောင်းအရင်းမရှိ သူဘာကြောင့်ဒီအိပ်ရာထဲတွင်အိပ်နေနိုင်ရသေးသနည်း။
နေမကောင်းသေး၍ဖြစ်နိုင်သည်။ အဖျားပျောက်သွားသည့်တိုင်သူနေထိုင်မကောင်းသေးပေ။ ယခုကဲ့သို့သောအခြေအနေမျိုးတွင် သူတစ်ယောက်တည်းအပြင်တွင်သွားနေမည်ဆိုပါက ချန်းခယ့်ယောင်မှာသေချာပေါက် သူ့ကိုစိတ်ပူနေရလိမ့်မည်။
သူစိတ်မသန့်သလိုခံစားရလိမ့်မည် သို့မဟုတ် သူ့ကိုယ်သူအပြစ်တင်နေပြီး စိတ်သောကရောက်၍ဝမ်းနည်းနေသည့်လူသန်ကြီးဖြစ်လာလိမ့်မည်။
ထို့ကြောင့် သူလိမ်လိမ်မာမာနှင့်ပြန်လာခြင်းက ချန်းခယ့်ယောင်အတွက်သနားကြင်နာမှုအပြုအမူဟုမှတ်ယူနိုင်သည်။
ရုန်ယီသည် သူ့ကိုယ်သူအောင်မြင်စွာအယုံသွင်းလိုက်နိုင်ပြီး စောင်ပုံထဲ ပို၍တိုးဝင်လိုက်သည်။
တစ်နာရီခွဲပြီးမကြာခင် သူ၏ကျနေပြီးသည့်ကိုယ်အပူချိန်ကပြန်တက်လာသည်။ သူပုံမှန်အိပ်နေကျအချိန်မတိုင်ခင်ဖြစ်သော်ငြား သူဇဝေဇဝါဖြစ်နေသည်။
သူစောင်အောက်မှာပင် ကိုယ်ကိုဂရုတစိုက်လှည့်ကာချန်းခယ့်ယောင်ကိုကြည့်လိုက်သည်၊ အနှီသူသည်မနေ့ကအတိုင်း ကွန်ပျုတာရှေ့တွင်မျက်မှန်တပ်လျက်သားထိုင်နေသည်။
ဒီလူကသူ့အရှေ့တွင် Yogurt သုံးခွက်သောက်ခဲ့သည်။ သူ့မျက်နှာမှာ ကွန်ပျုတာမှအလင်းနှင့်အရိပ်များကြောင့်အရောင်အမျိုးမျိုးပြောင်းနေသည်။ ကိုးနာရီကျော်ပြီးဆယ်နာရီထိုးသည့်အခါ ရုပ်ရှင်ထပ်ကြည့်ပြန်သည်။ ကြည့်ရသည်မှာ အယ်ဒီတာ၏မျက်ရည်တွဲလဲပြစ်တင်ချက်များက သူ့အပေါ်ဘယ်လိုသက်ရောက်မှုကောင်းမှမဖြစ်စေခဲ့ပုံပင်။
ရုန်ယီ အနှီသူကိုတဒင်္ဂခန့်ချောင်းကြည့်နေပြီးနောက် ကိုယ်ကိုလှည့်
ကာစောင်ကိုအပေါ်ဘက်သို့ ပိုတိုးခြုံလိုက်သည်။
သူနှာခေါင်းကိုဖုံးထားမိ၍ဖြစ်နိုင်သည်၊ သူပိုပြီးအိပ်ငိုက်လာသည်။ သို့သော်စောင်၏အနံ့ကမွှေးနေ၍ ချော့သိပ်ခံနေရသလိုခံစားလာရပြီးရီဝေလာသည်။
ရုန်ယီ၏ဝိုးတဝါးစိတ်ကသူ့ကိုယ်သူတွေးနေသည်၊ စောစောအိပ်တော့၊မနက်ဖြန်ထွက်သွားမယ့်အကြောင်းလည်းမပြောနဲ့တော့။
သို့သော် သူညလယ်ရောက်သည့်အခါချန်းခယ့်ယောင်နှိုးတာကိုခံလိုက်ရသည်။
သူအပြည့်အဝမနိုးသေးခင် အိပ်မက်ဆိုးတစ်ခုမက်ခဲ့သည်။ အိပ်မက်မှာအပိုင်းအစများနှင့်ဖရိုဖရဲဖြစ်နေသည်။ စုစည်း၍ သို့မဟုတ် ပြန်အစဖော်ရန်မဖြစ်နိုင်၊ မသက်သာဖွယ်အိပ်မက်များကသာ ထပ်တလဲလဲဖြစ်ပေါ်နေခဲ့ပြီး သူ့ကိုစိတ်အိုက်လာစေသည်။ ဖန်တရာတေနေသောရုန်းကန်မှုများအကြား ချန်းခယ့်ယောင်အသံကရုတ်ချည့်ဘေးပတ်လည်မှထွက်ပေါ်လာပြီး ညင်သာသည့်အားတစ်ခုကသူ့ကိုရွှံ့တောထဲမှဖြည်းညှင်းစွာဆွဲထုတ်သွားခဲ့သည်။
သူမျက်လုံးများကိုဖွင့်လိုက်သည့်အခါ တစ်စုံတစ်ယောက်ကအမှောင်ထဲတွင်သူ၏ဂွမ်းကပ်စောင်နှင့်အလုပ်ရှုပ်နေသည်။
ရုန်ယီ သူ့ကိုစိတ်ရှုပ်ထွေးနေသည့်မျက်လုံးများနှင့်ကြည့်လိုက်ပြီး အသံကိုနှိမ့်မေးလိုက်သည်။
"ဘာဖြစ်..."
သူစကားပြောလိုက်တော့ သူ့လည်ချောင်းကခြောက်သွေ့ပြီးအက်ကွဲနေသည်ကိုသိလိုက်ရသည်။
ချန်းခယ့်ယောင်ကသူကန်ထုတ်ထားခဲ့သည့် စောင်ကိုပြန်ခြုံပေးပြီးနဖူးကိုစမ်းကြည့်သည်။ ခဏအကြာတွင် သူဘာစကားမှမပြောတော့ဘဲလှည့်သွားပြီးအခန်းအပြင်ဘက်ထွက်သွားသည်၊ အိပ်တဝက်နိုးတဝက်နှင့်ရုန်ယီကို ပိုးတုံးလုံးကဲ့သို့ထုပ်ထားခဲ့သည်။
ချန်းခယ့်ယောင်က လက်ထဲတွင်သာမိုမီတာကိုင်ပြီးအမြန်ပြန်ဝင်လာသည်။
"မင်းနဖူးတွေပူချစ်နေတာပဲ...အခုလေးတင်အိပ်မက်ဆိုးမက်လိုက်သေးတယ်မဟုတ်လား?"
ပြောနေလျက် သူရုန်ယီကိုသာမိုမီတာအားပါးစပ်ထဲကိုက်ထားရန်ခြေဟန်လက်ဟန်ပြသည်။
ရုန်ယီ သူ့ပါးစပ်ကိုဟပြီး လျှာအောက်တွင်သာမိုမီတာကိုထားလျက်ဆိုသည်။
"ကြည့်ရတာ..."
"စကားမပြောနဲ့"
ချန်းခယ့်ယောင်ကဖြတ်ပြောလိုက်သည်။
ဘာလဲ? ။ ငါ့ကိုမေးသလိုနဲ့မင်းကိုယ်မင်းမေးနေတာပဲ။ ရုန်ယီမကျေမနပ်ဖြစ်သွားသည်။
သုံးမိနစ်အကြာတွင် ချန်းခယ့်ယောင်က သူ့ပါးစပ်ထဲမှသာမိုမီတာကိုထုတ်သည်၊ မီးလုံအနားသွားကာစစ်ဆေးကြည့်ပြီး ချက်ချင်းမျက်နှာကစူပုပ်သွားသည်။
"ထပြီးအဝတ်အစားဝတ်တော့"
ချန်းခယ့်ယောင် သူ့လက်ကိုမြှောက်ကာ အခန်းမီးကိုဖွင့်လိုက်သည်။
"ကိုယ်မင်းကိုဆေးရုံခေါ်သွားပေးမယ်"
ရုန်ယီ အူကြောင်ကြောင်ဖြစ်သွားသည်။
"ကိုယ်ပူလာပြန်ပြီလား?"
"၃၉.၁ ဒီဂရီ"
ရုန်ယီ မလှုပ်သေးတာမြင်တော့သူအိပ်ရာဘေးသွားပြီး အဝတ်အစားဝတ်ကန်ကူညီပေးလိုက်သည်။
"အမြန်လုပ်...အချိန်ဆွဲမနေနဲ့...မင်းဦးနှောက်ကလောင်သွားပြီးဉာဏ်ရည်နိမ့်သွားလိမ့်မယ်"
ညဉ့်နက်သန်းခေါင်တွင်အရေးပေါ်လူနာများမရှိပေ။
ရုန်ယီကားထဲမှထွက်ပြီး ချန်းခယ့်ယောင်ခေါ်သည့်အနောက်လိုက်ရ
သည်။ သူတို့အလျင်လိုနေခဲ့သည်၊ သာမန်ဘဝ၏လူပြိန်းအသိမရှိ
သည့် ချန်းခယ့်ယောင်တစ်ယောက်ကျန်းမာရေးအာမခံကတ်ကိုယူလာရန်မေ့သွားခဲ့၍ သူတို့ဖောင်ထပ်ဖြည့်လိုက်ရသည်။
ချန်းခယ့်ယောင်ကစိတ်စောနေသော်ငြား ရုန်ယီကားအေးဆေးနေသည်။ သူနေမကောင်းဖြစ်နေသည်ဟုပင်မခံစားရပေ။ သူ့စိတ်ကပေါ့ပါးနေပြီး နောက်ဆုံးအကြိမ်အရက်မူးတုန်းကနှင့်မကွာခြားချေ။
အကြိုစစ်ကြည့်စဉ်ကထက် အဖျားကတစ်ဒဿမပိုနေခြင်းမှာ ချန်းခယ့်ယောင်ကိုအပြင်းအထန်တုန်လှုပ်သွားစေသည်။ ရုန်ယီကသူ့ကိုအပြောနှင့်နှစ်သိမ့်ပေးသည်။
"မပူပါနဲ့...အဆင်ပြေပါတယ်...အဆိုးဆုံးကအဆိုးဆုံးဖြစ်လာတာပဲ...ငါကဦးနှောက်ဗလာနဲ့အရူးတစ်ယောက်ဖြစ်သွားရုံပေါ့...ဟား...ဟား..ဟား..."
ချန်းခယ့်ယောင်ခမျာထိတ်လန့်နေသည်။
နောက်ဆုံးသူတို့ဆေးပေးခန်းထဲဝင်ခဲ့ကြသည်။ ဆရာဝန်ကရိုးရှင်း
သည့်မေးခွန်းအနည်းငယ်မေးပြီး စူးစမ်းချင့်ချိန်နေပုံရသည်။
"နေ့ခင်းတုန်းကအဖျားနည်းနည်းရှိပြီးအခြားမသက်သာတဲ့နေရာမရှိဘူးပေါ့?"
ဆရာဝန်ကမေးမြန်းလာသည်။
"ဖောင်ထဲဖြည့်ထားတဲ့အတိုင်းအမှန်ပါပဲ...မင်းကအိုမီဂါမဟုတ်လား?"
ချန်းခယ့်ယောင်ကသူ့အစားပြန်ဖြေသည်။
"ဟုတ်ကဲ့...အမှန်ပါပဲ"
"မင်းကသူ့ရဲ့အယ်လ်ဖာပေါ့?"
ချန်းခယ့်ယောင်ကဆက်မပြောခင် အချိန်ခဏယူသည်။
"ကျွန်တော်ကသူ့သူငယ်ချင်းပါ"
"အိုး..."
ဆရာဝန်ကခေါင်းညိတ်သည်။
"မင်းတို့နှစ်ယောက် အရင်ကအတူအိပ်ခဲ့ကြဖူးလား?"
"...."
နှစ်ယောက်လုံး သူတို့ခေါင်းများကိုခါယမ်းလိုက်ကြသည်။
"အရင်ဆုံးစမ်းသပ်ကြတာပေါ့"
ရုန်ယီ ဆေးယူပြီးဧည့်ကြိုနေရာတွင်ထိုင်ကာစမ်းသပ်ချက်အဖြေကိုစောင့်နေသည်၊ ချန်းခယ့်ယောင်ကသူနှင့်သိပ်မဝေးသည့်နေရာတွင် အမှိုက်ပုံးထဲအန်ချနေသည်။
သူ၏အားနည်းနေသည့်ခြေလှမ်းများကြောင့်သာမဟုတ်ရင် ရုန်ယီမှာတဟုန်ထိုးပြေးသွားပြီး ထိုငတိ၏ဖင်ကိုဆောင့်ကန်ပစ်လိုက်မည်။
ချန်းခယ့်ယောင်ကသူ့ပါးစပ်ကိုသုတ်ပြီးပြန်လာချိန်တွင် ရုန်ယီသူ့ကိုစိုက်ကြည့်လိုက်သည်။ သူ့အကြည့်ကအားနည်းနေသည်မှာကံဆိုးသည်၊ လူသတ်တော့မည့်အရှိန်အဝါများမပါဘဲအခြားလူကိုအထင်အမြင်လွဲသွားစေသည်။
"ဘာဖြစ်လို့လဲ"
ချန်းခယ့်ယောင်မှာ စိုးရိမ်နေပုံရသည်။
"ထပ်ပြီးနေရမသက်သာဖြစ်နေလို့လား?"
"အဲဒီလောက်တောင်ဆိုးတာလား?"
ရုန်ယီ သူ့အရှေ့မှကြမ်းပြင်ကိုငုံ့ကြည့်လိုက်သည်။
"ဆရာဝန်ကပုံမှန်အတိုင်းမေးမြန်းတာပါပဲ...အဲဒါတောင်အဲဒီပမာဏလောက်လေးအန်ချင်ရလောက်အောင်ဖြစ်သွားစေတာလား?"
"မဟုတ်ပါဘူး....ကိုယ်က..."
ချန်းခယ့်ယောင်ကရှက်နေပုံပေါ်သည်။
"ဒီကပိုးသတ်ဆေးအနံ့တွေကိုမခံနိုင်ရုံပါပဲ..တစ်မျိုးမတွေးပါနဲ့"
သူတို့ဝင်လာခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။ အနံ့ရှူရုံပင်မကတော့ပေ။သူကဘာလို့အခုအန်နေရတာလဲ?
၎င်းကဆင်ခြေသက်သက်ပင်။
သို့ထိတိုင် ဒီကိစ္စကိုအိတ်သွန်ဖာမှောက်မေးမြန်းနေပါက အရှက်ကွဲလိမ့်မည်ဟုခံစားရ၍ ရုန်ယီသူ့ကိုလျစ်လျုရှုထားလိုက်တော့သည်။
သူချန်းခယ့်ယောင်ကိုစကားမပြောချင်သော်ငြား ချန်းခယ့်ယောင်ကသူ့ကိုဆက်နှောင့်ယှက်နေသည်၊ သူ့ကိုရေသောက်ချင်လားဟုမေးသည်၊ဆေးသောက်လိုက်လျှင်သက်သာသွားမည့်အကြောင်းပြောသည်။ သူခဏလောက်ငြိမ်နေပြီးလျှင် အိပ်ချင်လားမေးပြန်သည်၊ သူ့မျက်လုံးများကိုမှိတ်ထားပြီး ခဏတဖြုတ်အနားယူ၍ရကြောင်းပြောသည်။
ချန်းခယ့်ယောင်နောက်ဆုံးစာကြောင်းကိုပြောပြီးနောက် သူရုန်ယီလိုကြမ်းပြင်ကိုစိုက်ကြည့်နေသည်။
"မင်းကိုယ့်ပုခုံးကိုမှီပြီးအနားယူလို့ရပါတယ်"
ရုန်ယီ သူ့ကိုယ်သူတွေးလိုက်သည်၊ ငါကတော့မလုပ်ချင်ဘူး။
သူချန်းခယ့်ယောင်မျက်နှာနှင့်ပုခုံးကိုကြည့်ရန်လှည့်လိုက်သည်။ ထို့
နောက် သူ့မျက်လုံးများကိုမှိတ်ပြီးဂရုတစိုက်နှင့်ချန်းခယ့်ယောင်ပုခုံးပေါ် သူ့ခေါင်းကိုမှီလိုက်သည်။
ဆေးစစ်ချက်အဖြေက ပရိုမုန်းရောဂါ ဟုအဖြေထွက်လာသည်။
လိင်ခွဲခြားမှုပြီးတည်းက ကာလရှည်ကြာထိန်းချုပ်ဆေးများနှင့်အသားကျလာသည့် လူငယ်လေးများသည် ရုပ်ပိုင်းဆိုင်ရာမေထုန်မှီဝဲသည့်စက်ဝန်းက ဆေးများနှင့်ထိန်းချုပ်ခံထားရပြီးမရပ်တန့်နိုင်ဟုဆိုကာ မကြာခဏသတိမပြုမိတတ်သည့်အရာတစ်ခုရှိသည်။ ၎င်းကမျိုးရိုးဗီဇကိုအနည်းနှင့်အများဆန့်ကျင်နေသည့်အတွက် အိုမီဂါများ၏ခန္ဓာကိုယ်ကယခုကာလတွင်အနည်းငယ်အားနည်းတတ်ပြီး အထူးသဖြင့် အယ်လ်ဖာများအပေါ် ပိုမိုသက်ရောက်တတ်သည်။
ရုန်ယီ့အခြေအနေက အယ်လ်ဖာပရိုမုန်းများနှင့်အချိန်အတန်ကြာကင်းကွာနေခဲ့၍ မထိန်းချုပ်နိုင်ဖြစ်ခဲ့ခြင်းမှာထင်ရှားသည်။ သူ့ခန္ဓာကိုယ်ကတုံ့ပြန်မှုလိုချင်သည်၊ သို့ရာတွင် ဆေးများကထိန်းချုပ်ထားသည်။ သူစပ်ယှက်မှုမလုပ်နိုင်သောကြောင့်ဖျားနာရသည်။
ထိုသို့သောအခြေအနေမျိုးက ရှားပါးသည့်တိုင် အယ်လ်ဖာများနှင့်နီးကပ်သည့်ဆက်ဆံရေးမရှိသည့် အိုမီဂါအနည်းစုတွင်သာဖြစ်တတ်၏။
မကြာသေးခင်ကအတွေ့အကြုံကိုအကဲဖြတ်ချက်အရ သူတို့အိပ်ရာတစ်ခုတည်းတွင်အလှည့်ကျအိပ်ခဲ့ရာမှ ပြဿနာစလာခြင်းဖြစ်မည်။
ဆေးများအကြောင်းပြောပြပြီးသည့်အခါ ဆရာဝန်ကနားလည်လွယ်မည့်နည်းလမ်းဖြင့်ပြောပြခဲ့သည်။
"အရင်ကဒီလိုဆက်သွယ်မှုမျိုးမရှိခဲ့လို့ပါ...တစ်ခါလောက်လုပ်ကြည့်
တာလည်းအဆင်ပြေပါတယ်"
ရုန်ယီ့မျက်နှာကရဲတွက်သွားသည်။
သူစကားတစ်လုံးမှမပြောရဲဘဲ တစ်ချိန်တည်းမှာပင်သူတို့အပြင်ရောက်လျှင်ချန်းခယ့်ယောင်တစ်ယောက် အမှိုက်ပုံးတွင်သွားအန်နေမည်ကိုစိုးရိမ်သွားသည်။
တွေးကြည့်ရုံနှင့်ပင် ရုန်ယီ့ကိုဒေါသထွက်လာစေသည်။
ချန်းခယ့်ယောင်ကဤတစ်ကြိမ်တွင်အရမ်းကြံ့ခိုင်နေသည်။
သူမအန်ခဲ့သော်ငြား သူ့မျက်နှာကဖြူဖျော့နေပြီး ခြေလှမ်းများကလေထဲလွင့်နေသည်။
ရုန်ယီ၏မကျေမနပ်အကြည့်အောက်မှာပင် အပြစ်ရှိစိတ်ကိုပြသလိုက်သည်။
"ကိုယ့်အမှားပါ"
သူသည်ဆန္ဒအလျောက်ပင်ဝန်ခံလာသည်။
"ကိုယ်တို့ပြန်ရောက်ရင်အစ်မလန်အတွက်နောက်ထပ်နေရာတစ်ခုရှာလိုက်မယ်...မင်းနောက်တစ်ရက်လောက်ခွင့်ယူပြီးကောင်းကောင်းအနားယူလိုက်လေ"
ရုန်ယီ ကောင်းကင်ကိုမော့ကြည့်လိုက်သည်၊ ၎င်းကငါးဝမ်းဗိုက်လိုအဖြူရောင်ဖျော့ဖျော့သန်းနေပြီး သူ့အတွေးများကိုရစ်ထွေးနေစေသည်။
အားလုံးကအလုပ်များနေကြသည်။ သူကခေါင်းဆောင်ဖြစ်နေပြီးခွင့်
နှစ်ရက်ယူလိုက်လျှင် မကောင်းလှပေ။ သို့တစေ ဤကျန်းမာရေးအခြေအနေနှင့်ကုမ္ပဏီကိုသွားခဲ့လျှင်လည်း သူအလုပ်လုပ်နိုင်မည်မဟုတ်ချေ။
ချန်းခယ့်ယောင်ကားထဲဝင်လိုက်သည်နှင့် ကားခုံနောက်ကိုမှီချလိုက်သည်၊ သူ့ကိုယ်ပေါ် ရှိနေရာတိုင်းက မသက်မသာဖြစ်နေသည်။
"ငါပြန်ရောက်ရင်နေစရာမရှိတော့ဘူး"
သူအသံကိုနှိမ့်ပြီးအထွန့်တက်လိုက်သည်။
"အစ်မလန်ကနိုးနေလောက်ပြီ...ကိုယ်သူ့ပစ္စည်းတွေကိုသိမ်းခိုင်းပြီး
မင်းအခန်းကိုပြန်ယူလိုက်မယ်"
ရုန်ယီ မျက်လုံးများကိုခဏမှိတ်ပြီးပြောလိုက်သည်။
"မင်းအစ်မလန်ကိုဘယ်လိုပြောချင်လဲ"
"မင်းနေမကောင်းဘူးလို့ပဲပြောရုံပေါ့"
"အဲဒီအတိုင်းဆိုသူငါ့ကိုဘယ်လိုထင်သွားမလဲ...ငါ့အထင်တော့အ
ကြောင်းပြချက်ကောင်းမဟုတ်ဘူးနော်"
ရုတ်တရက် ချန်းခယ့်ယောင်ကရယ်သည်။ ရယ်ပြီးနောက် သူဘာမှမပြောလာ၍ ကားထဲတွင်တိတ်ဆိတ်နေသည်။
ရုန်ယီမမေးဘဲမနေနိုင်တော့ပေ။
"မင်းဘာကိုရယ်တာလဲ?"
"မင်းခုနကပြောတဲ့ပုံကကိုယ်ထင်တာ..."
"ဘာလဲ?"
ချန်းခယ့်ယောင်ကခေါင်းယမ်းသည်။
"ဘာမှမဟုတ်တော့ဘူး"
တစ်ဝက်တစ်ပျက်နှင့်ပြောသည့်စကားက စိတ်ပျက်စရာကောင်းသည်၊ဒီအတိုင်းထားလိုက်ရန်လည်း တွန့်ဆုတ်နေသည်၊ သူခုံကိုကန်ပြီးပြောလိုက်သည်။
"ပြောမှာသာပြောစမ်းပါ"
"မကန်ပါနဲ့"
ချန်းခယ့်ယောင်စိုးရိမ်သွားသည်။
"မင်းနောက်ဆုံးတစ်ခါကန်လိုက်လို့သန့်ရှင်းရေးလုပ်တုန်းကကိုယ့်ပိုက်ဆံတွေကုန်သွားပြီးပြီ"
ရုန်ယီ သူ့ခြေထောက်ကိုပြန်ရုတ်လိုက်သည်။
"မကန်တော့ဘူး...ပြောတော့"
"ကြည့်ရတာ...မင်းကဟန်ဆောင်ဂိမ်းထဲအရမ်းစိတ်နှစ်ထားပုံရတယ်..မင်းရဲ့အနာဂတ်ယောက္ခမလောင်းကမင်းကိုသဘောမကျမှာစိုးရိမ်နေသလိုပဲ"
ရုန်ယီ ရုတ်ချည့်ပင်သူ့ကတိကိုချိုးဖောက်မိသွားသည်။
"ငါမင်းကိုသေတဲ့အထိကန်ပစ်တော့မယ်"
နောက်ဆုံး ရုန်ယီမှာ ချန်းခယ့်ယောင်တစ်ယောက်အစ်မလန်နှင့်ဘယ်လိုဖြေရှင်းလိုက်မှန်းမသိရတော့ပေ။
သူအိမ်ပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲရှိဆိုဖာတွင်တစ်မှေးအိပ်လိုက်သည်။ သူနိုးလာသည့်အချိန် မနက်မိုးလင်းနေပြီ။ တစ်ညလုံးအလုပ်များနေခဲ့သည့်ချန်းခယ့်ယောင်က အိပ်ရာထဲဝင်သွားခဲ့သော်ငြားအစ်မလန်ကိုကားဘယ်နေရာတွင်မှရှာမတွေ့ပေ။ ဆိုဖာဘေးမှလက်ဖက်ရည်သောက်သည့်စားပွဲတွင်စာတိုတစ်စောင်ရှိနေသည်၊ 'အခန်းကိုမင်းယူလိုက်တော့၊ နိုးလာလို့အစာပြေစားစရာမရှိရင်ရေခဲသေတ္တာထဲမှာYogurt တွေရှိတယ်၊ အားနာစရာမလိုဘူး'
အလုပ်စသည့်အချိန်ကကျော်သွားခဲ့ပြီ။ ရုန်ယီ တဒင်္ဂမျှတွန့်ဆုတ်နေပြီးနောက် ကုမ္ပဏီကိုဖုန်းဆက်ခွင့်တိုင်လိုက်သည်။
ဆေးနှင့် Yogurt တစ်ခွက်သောက်ပြီးသည့်နောက် သူအလွန်အမင်းလွမ်းနေရသည့်အခန်းသို့ပြန်လာကာ စားပွဲပေါ်တွင်ဈေးပေါမည်ဟုထင်ရသည့် ခါလီအိတ်တစ်လုံးကိုတွေ့ရသည်။
အိတ်ထဲတွင်မနေ့ကမှရောက်လာသည့် သူ၏အိုင်ဒေါမော့ယွီဖေး၏ပုံစံတူထုတ်ကုန်များရှိနေသည်။ ချန်းခယ့်ယောင်ကပစ္စည်းများအကုန်လုံးကိုစုထည့်ရန် တမင်တကာရုပ်ဆိုးလွန်းသည့်အိတ်ကိုယူလာခဲ့သည်။ ထိုသူကတကယ်ကို အရွဲ့တိုက်တတ်သည့်စိတ်မျိုးရှိသည်။
ရုန်ယီမှာ အဆိုပါရတနာလေးများကိုသတိထားပြီးအမြန်ထုတ်လိုက်၏။
တစ်စုံတစ်ယောက်၏အိုင်ဒေါကိုအခြားသူရှေ့တွင် တမင်အရှက်ခွဲခြင်းက မယဉ်ကျေးရာရောက်သည်၊ သို့သော်ငြား သူ့အိုင်ဒေါကိုမနှစ်သက်သည့်သူ့ကို သူ့အိုင်ဒေါအကြောင်းဆက်ပြောနေခြင်းကလည်းရင့်သီးသည့်အပြုအမူမဟုတ်ပေ။
ရုန်ယီက အနှီလောဂျစ်ကိုနားလည်ပါသည်။ သို့ထိတိုင် အချို့အကြောင်းအရင်းများကြောင့် သူခွင့်မပြုချင်ပေ။ ချန်းခယ့်ယောင်ကအိမ်ပိုင်ရှင်ဖြစ်နေ၍ အနှီသူက၎င်းတို့ကိုပြသရန်ခွင့်မပြုလည်းကိစ္စမရှိ၊ သူ့ဖုန်းထဲကိုပြောင်းထည့်ထားလည်းရတယ်မဟုတ်လား?
သူဖုန်းစင်လေးကိုကောက်ကိုင်လိုက်သည်တွင် လေးထောင့်ကတ်လေးတစ်ကတ်ကရုတ်တရက်ထွက်ကျလာသည်။
ရုန်ယီ ကောက်ယူကြည့်လိုက်သည်။ ၎င်းကသူ့ဘေးနားလေးတွင်သာ။
၎င်းကမော့ယွီဖေး ဖန်ကလပ်၏တွေ့ဆုံပွဲအတွက် အထူးလက်မှတ်ပင်။!
စာရေးသူတွင်ပြောစရာရှိပါသည်။
ဆရာချန်း: ဒေါက်တာ ကျေးဇူးပြုပြီးမပြောပါနဲ့တော့။ ပုံရိပ်တွေကကျွန်တော့်ခေါင်းထဲမှာ ပြေးလွှားနေတယ်။ ဘုရားရေ၊ ပုံရိပ်တွေချည့်မဟုတ်ဘဲ အသံသက်ရောက်မှုလည်းရှိတယ်။ ဒါပေမဲ့ ဒီအသံတွေကဘာလို့ အရမ်းစစ်မှန်ပြီးရွံစရာကောင်းနေရတာလဲ?
Xxxxxxx