ငါ Yogurt ထပ်မသောက်ချင်တော့ဘူး!
သူ fan ကလပ်ကိုဆက်သွယ်လိုက်သည့်အခါ 'အထူးအကျိုးကျေးဇူးများ' ဆိုသည့် ကော်လံသည် "အိုင်ဒေါနှင့်တွေ့ဆုံရမည့်သီးသန့်အခွင့်အရေး' ဟုပြောထားခဲ့သည်၊ သို့သော် ဖြစ်နိုင်ချေနည်းလွန်းသည်ဟုထင်၍ သူဘာမှမျှော်လင့်မထားခဲ့ပေ။
သူကံအကောင်းဆုံးလူဖြစ်လိမ့်မည်ဟု တစ်ခါမှမတွေးထားခဲ့ပေ။ ရုန်ယီရင်ဖိုမှုကိုခံစားနေရသည်။
တစ်ချိန်တည်းမှာပင် သူ့ပျော်ရွှင်မှုကိုဝေမျှရန်ဘယ်သူမှမရှိချေ။ သူနှင့်စိတ်ဝင်စားမှုချင်းတူသည့် တစ်ဦးတည်းသောသူငယ်ချင်းရှောင်ကျန်းက အခုချိန်တွင်အလုပ်ကြိုးစားနေသည်။ သူခွင့်တင်ထားသောကြောင့်သူအောင်ပွဲခံလျှင် တပါးသူကိုအထင်သေးရာရောက်နိုင်သည်။
လက်မှတ်ကိုကိုင်ထားရင်း ရုန်ယီအခန်းထဲတွင်နှစ်ကြိမ်ခန့်စက်ဝိုင်းပတ်လှည့်နေသည်၊ သို့ရာတွင် သူ့ခေါင်းကမူးဝေနေဆဲဖြစ်ကာအဖျားကအရှင်းမပျောက်သေးသောကြောင့် ခန္ဓာကိုယ်ကစတင်ဆန့်ကျင်လာသည်။
ရုန်ယီ အိပ်ရာပေါ်ခုန်တက်ပြီးလက်မှတ်ကို ဧရာမအနမ်းပေးလိုက်၏။ ထို့နောက် အချိန်ဇယားကိုစီစဉ်ရန်သူ့ဖုန်းကိုထုတ်လိုက်သည်။
ချန်းခယ့်ယောင်အခန်းထဲမှထွက်လာပြီး ဆေးသောက်ကာအချိန်အ
တန်ကြာတမှေးအိပ်ပြီးနောက် ရုန်ယီကောင်းကောင်းအနားယူပြီးလေပြီ။ သူအိပ်ရာမှနောက်တဖန်ထလာပြီး သူ၏နာကျင်အားနည်းနေသည့်ကြွက်သားများပါ သူအတော်လေးနေထိုင်ကောင်းသွားခဲ့သည်။ သူ့ခေါင်းကအချိန်အကြာကြီးမူးဝေခြင်းမျိုးမရှိတော့၊ အမြင်အာရုံလည်းမဝါးတော့ဘဲ ဦးနှောက်မှာလည်းကောင်းစွာအလုပ်လုပ်နေသည်၊ သူဝမ်းသာသွားသည်။
သူ့အတွက်ညစာကိုပင်သူကိုယ်တိုင်ပြင်ဆင်နိုင်သလိုခံစားရသည်။
သူအခန်းထဲမှထွက်လာသည်၊ မီးဖိုချောင်ထဲမှချက်ပြုတ်နေသည့်အသံမျိုးကြားရသည်။ အစ်မလန်ကထွက်သွားခဲ့ပြီဖြစ်၍ ၎င်းကချန်းခယ့်ယောင်ဖြစ်နိုင်သည်။
ဒီလူတကယ်ချက်ပြုတ်တတ်တာလား?
ရုန်ယီက အလွန်သိချင်စိတ်ပြင်းပြနေပြီးအထဲဝင်သွား၍မေးလိုက်၏။
"ဘယ်လို 'ဟင်းလျာရဲ့အမှောင်ဘက်ခြမ်း' ကိုချက်ပြုတ်နေတာလဲ?"
နောက်တော့ သူ့ရင်ခုန်သံစည်းချက်မှာလွဲချော်သွားသည်။
အစ်မလန်ကလှည့်ကြည့်လာသည်၊ လက်ထဲတွင်ဒယ်ပြားကိုင်ထားလျက်သူ့ကိုပြုံးပြလာသည်။
"အာ...ကြည့်ရတာငါခရမ်းသီးကိုတူးအောင်လုပ်မိပြီထင်တယ်"
"တောင်းပန်ပါတယ်၊ ကျွန်တော်ထင်လိုက်တာ..."
ရုန်ယီမှာ အမြန်ရှင်းပြလိုက်ရသည်။
အစ်မလန်ကခပ်ပြုံးပြုံးနှင့်ဆိုသည်။
"သူပြောတာတော့လေးနာရီခွဲလောက်ပြန်ရောက်မယ်တဲ့၊ ခဏနေရင်ပြန်လာလောက်မလား?"
ရုန်ယီ ခဏတာတွန့်ဆုတ်နေသော်လည်းမနေနိုင်ဘဲမေးလိုက်ရသည်။
"ယောင်ယောင်ကငါ့ကိုဒီအနားက ဟိုတယ်မှာတွေ့တာ၊ မင်းကကျန်းမာရေးကောင်းတာမဟုတ်ဘူး၊ အပြင်စာတွေကမင်းကိုနေပြန်ကောင်းလာအောင်လုံလောက်တဲ့အာဟာရမပေးနိုင်ဘူး၊ အဲဒါကြောင့် ငါဒီကိုလာပြီး နေ့လည်မှာမင်းကိုညစာလာချက်ပေးတာ"
ရုန်ယီ လုံးဝလှုပ်ရှားသွားသည်။
"အစ်မလန်၊ တောင်းပန်ပါတယ်။ ကျွန်တော်အစ်မအခန်းကိုယူပြီးအလုပ်ရှုပ်အောင်လုပ်မိလိုက်တယ်။ ကျွန်တော်..."
"မပြောနေနဲ့တော့။ မင်းကယောင်ယောင်နဲ့ဆက်ဆံရေးကောင်းတာပဲ၊ အနှေးနဲ့အမြန်မိသားစုတွေဖြစ်လာမှာပဲ"
အစ်မလန်ကသူ့ကိုပြန်ပြုံးပြသည်။
"မင်းနောက်ထပ်အနားယူသင့်တယ်၊ ညစာအသင့်ဖြစ်ရင်မင်းကိုခေါ်လိုက်မယ်"
ရုန်ယီ့ဘဝတွင် သူအခြားယောက်ျားတစ်ယောက်၏ကောင်လေးအဖြစ်မရေမတွက်နိုင်အောင်ဟန်ဆောင်ခဲ့ဖူးသည်၊ သို့သော် သူလိပ်ပြာမလုံစိတ်ကိုယခုမှပထမဆုံးအကြိမ်ခံစားဖူးတာပင်။
အစ်မလန်က ပြည့်စုံလွန်းသည်၊ သိမ်မွေ့ပြီးလှပသည်၊ စဉ်းစားတတ်ပြီး အခြားသူများအပေါ်လည်းဂရုစိုက်ပေးရာတွင်တော်သည်၊ သူမကတကယ်နတ်ဘုရားမတစ်ပါးနှင့်တူသည်။ လူကြီးတစ်ယောက်ကိုလှည့်စားနေခြင်းကရုန်ယီ၏ အပြစ်ရှိစိတ်ကိုဖောင်းကားလာစေပြီးပေါက်ကွဲထွက်လောက်သည်။
ကိုယ်ကျင့်တရားရုန်းကန်မှုကိုထပ်ပေါင်းလိုက်သည့်အခါ သူအလွန်အမင်းစိတ်ရှုပ်ထွေးနေရသည်။
မကြာသေးခင်က သူချန်းခယ့်ယောင်အဖေနှင့်တွေ့ခဲ့ဖူးသည်။ သူ၏အထင်သေးဖွယ်ရာ အပေါ်ယံအမြင်ဖမ်းစားချက်အရ အန်ကယ်၏ကိုယ်ရည်ကိုယ်သွေးက ဖြစ်ကတတ်ဆန်းနိုင်ပြီးဆုံးဖြတ်ရခက်သည်၊ သို့တစေ အနှီသူသည်သဘောကောင်းသည်မှာထင်ရှားပြီး သိမ်မွေ့သူဖြစ်ကာ အဆင်ပြေနိုင်ရန်မခက်ခဲပေ။
ပုံပန်းသွင်ပြင်အရ သူတို့ကတစ်ယောက်နှင့်တစ်ယောက် ကောင်းကင်ဘုံကဖန်တီးပေးခဲ့သည့်စုံတွဲများနှယ် မပြည့်စုံပေ။ သူတို့၏ငယ်ရွယ်ချိန်တွင် လက်ထပ်ခဲ့ကြခြင်းက ထိုအချိန်ရှိလူများစွာ၏ချီးမြှောက်မှုအဖြစ်တွေ့မြင်ဖူးပြီးဖြစ်စေခဲ့သည်။
သူတို့၏ခွာပြဲမှုအတွက် စိတ်မကောင်းဖြစ်ပေးသည့်လူများနှင့်လည်း
တွေ့ကြုံပြီးခဲ့လောက်သည်။ လိုက်ဖက်ညီသည့်စုံတွဲကိုဘယ်အရာက ကွဲကွာစေခဲ့သနည်း။
အဲဒီအန်ကယ်ချောချောက တကယ်ကြီးမိန်းမရှုပ်တဲ့လူများလား?
အဆိုပါ ပုံစံနှင့် မည်သည့် ငယ်ရွယ်သောအိုမီဂါအရိုင်းလေးကိုမဆိုလှည့်စားရန်လွယ်ကူသည်။ ဤကိစ္စနှင့်သာဆိုပါက အစ်မလန်မှာမခံချင်စိတ်အများအပြားကိုခံစားရလိမ့်မည်။
အနှီလူရှုပ်လူပွေဗီဇကို ဖျောက်နိုင်မဖျောက်နိုင် မသေချာသေးပေ။ ချန်းခယ့်ယောင်က ယခုအချိန်တွင်ဇာတ်လမ်းအရှုပ်အထွေးများမရှိနိုင်သေးပေ၊ ဆယ်ပုံကိုးပုံခန့်က သူမလုပ်ချင်၍မဟုတ်၊ မလုပ်နိုင်ခြင်းကြောင့်ပင်။
သည့်အပြင် လူနည်းစုကသာ အယ်လ်ဖာအချင်းချင်းကိုလက်ခံနိုင်ကြသည်။ အခွင့်အရေးရ၍ သူတို့ဆုံတွေ့ခဲ့ကြလျှင်ပင် အပြန်အလှန်သဟဇာတမဖြစ်နိုင်ပါချေ။
သို့ဖြစ်၍ အနှီသူက ကာဆာနိုဗာဟုတ်မဟုတ်ပြောရခက်သည်။
အချိန်တစ်ခုကြာခဲ့လျှင် သူချန်းခယ့်ယောင်၏ 'Schrödinger' ဟုခေါ်နိုင်လောက်သည်။
ရုန်ယီ မြင်ယောင်ရန်ကြိုးစားရင်းအိပ်ရာထဲတွင်လဲလျောင်းနေသည်။ ခဏအကြာတွင် အပြင်ဘက်မှဆူညံသံအချို့ထွက်လာသည်။
မကြာခင် တစ်စုံတစ်ယောက်ကသူ့အခန်းတံခါးကိုလာခေါက်သည်။
ချန်းခယ်ယောင် တံခါးပေါ်ကိုကိုယ်တစ်ဝက်မှီထားသည်။
ရုန်ယီ သူ့ကိုမျက်တောင်လေးကိုခတ်ပြကာလက်မြှောက်၍ လက်ညိုးလေးဖြင့်ခေါ်သည်။
ချန်းခယ့်ယောင်မှာ စဉ်းစားရခက်သွားသည်။ သူအထဲဝင်မလာခင်တွေဝေနေသေး၏။ သူ့အနောက်မှတံခါးကိုပိတ်ကာ ထိတ်လန့်နေပုံရ
သည်။ သူစကားပြောသည့်အခါ ကိုယ်တိုင်ပင်မသိလိုက်ဘဲအသံကိုနှိမ့်ထားမိသည်။
"မင်းအဖေ? ၊ ဘာလို့အရင်ကဒီကိုမလာတာလဲ?"
ရုန်ယီကသူခိုးနှယ် အသံကိုနှိမ့်မေးသည်။
ချန်းခယ့်ယောင်က ရုန်ရီထူးခြားသည့်စကားတစ်ခုခုပြောလာမည်ဟုထင်ခဲ့သည်။ ဤအတိုင်းကြားလိုက်ရသည့်အခါ မရယ်ဘဲမနေနိုင်တော့ချေ။
"သေချာပေါက်သူဒီကိုလာတာပေါ့၊ သူလာတဲ့အချိန်တိုင်းမင်းကအလုပ်မှာလေ"
"ဒါပေမဲ့၊ ကိုယ်ကအစ်မလန်ဒီမှာရှိနေတယ်လို့ပြောလိုက်တော့ရက်ပိုင်းလောက်လာမှမဟုတ်ဘူး"
ရုန်ယီ စမ်းမေးကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့သူတို့တွေ့ဖို့မလိုလို့လေ"
ချန်းခယ့်ယောင်ကပြောပြီး ခေါင်းယမ်းသည်။
"အဲဒါလောက်လေးနဲ့စိတ်ရှုပ်မခံနဲ့တေ့ာ့၊ မင်းနေကောင်းသွားပြီလား?"
မေးခွန်းမေးပြီး လက်ကိုဆန့်ထုတ်၍ရုန်ယီ့နဖူးပေါ်တင်သည်။
"အဖျားကတော့ကျသွားပြီထင်တယ်"
ရုန်ယီခေါင်းကို အသာရှောင်လိုက်ပြီးရှင်းမပြတတ်သည့်ထိတ်လန့်မှုများဖြင့်
"ငါအခုလေးတင်တိုင်းထားတာ၊ ကောင်းသွားပြီ"
"ဖြစ်ပျက်သွားတာတွေကမြန်လိုက်တာ"
ချန်းခယ့်ယောင်မှာ နောက်ဆုံးတွင်စိတ်ချသွားရသည်။
"ညစာမရသေးဘူး၊ မင်းဗိုက်ဆာပြီလား?"
"ငါ Yogurt တော့ထပ်မသောက်ချင်တော့ဘူး"
ရုန်ယီအသည်းအသန်ခေါင်းခါလိုက်သည်။
ချန်းခယ့်ယောင်ကရယ်လျက်ပြောလာသည်။
"ကိုယ်မင်းအတွက်အဆာပြေမုန့်တွေဝယ်လာတယ်၊ ထွက်ပြီးလာစားလှည့်ချေ"
သူရုန်ယီ့အတွက် စတော်ဘယ်ရီအရသာ ကိတ်လေးတစ်လုံးဝယ်လာပေးသည်။
အရသာကောင်းသည့်တိုင် စားနေစဉ်တစ်ချိန်လုံးအကြည့်ခံနေရခြင်းက စိတ်မဖြောင့်ပေ။
ရုန်ယီမှာတဖန်နေမကောင်းဖြစ်ချင်လာသည်။
"ဘာလုပ်နေတာလဲ? ၊ မင်းမှာအခြားလုပ်စရာမရှိတော့ဘူးလား?"
ချန်းခယ့်ယောင်က အေးအေးလူလူခေါင်းယမ်းပြသည်။
"မင်းအယ်ဒီတာတော့ငိုတော့မှာပဲ"
ရုန်ယီ ခေါင်းငုံ့ကာသူ့ကိုထပ်ကြည့်မနေတော့ဘဲကိတ်မုန့်ကိုစားနေလိုက်တော့သည်။
ရုန်ယီကသူ့ကိုကြည့်ပင်မနေတော့။
ချန်းခယ့်ယောင်မှာ ခေတ္တခန့်တွေးနေသည်။
"မင်းစတော်ဘယ်ရီအရသာကြိုက်လိမ့်မယ်လို့ကိုယ်ထင်လို့လေ"
ထင်ယောင်ထင်မှားဖြစ်နေခြင်းမျိုးမဟုတ်။ ဒီလူကသူ့ကိုတမင်တကာလှောင်ပြောင်နေခြင်းကသေချာသည်။ သူတုံ့ပြန်လိုက်လျှင်သည်လူကိုအနိုင်ရအောင်အခွင့်အရေးပေးသလိုဖြစ်သွားလိမ့်မည်။
သို့သော် မတုံ့ပြန်လျှင်လည်းရုန်ယီမှာခံပြင်းမှုကိုခံစားနေရသည်။ ရုန်ယီ ကိတ်ပေါ်မှစတော်ဘယ်ရီနှစ်လုံးကိုထိုးစိုက်လိုက်သည်၊ ခေါင်း
ကိုမြှောက်ကာ ချန်းခယ့်ယောင်ကိုစိုက်ကြည့်လိုက်သည်။
ပြိုင်ဘက်ကတော့ဂရုစိုက်ပုံမရ၊ ပျော်ရွှင်နေပုံပင်ပေါ်သေးသည်။
"ဘာလို့လဲ၊ စတော်ဘယ်ရီလတ်လတ်ဆတ်ဆတ်လေးမကြိုက်ဘူး
ချန်းခယ့်ယောင်ကမျက်နှာကိုရှေ့တိုးလာပြီး ပါးစပ်ဟပေးသည်။
ရုန်ယီ တဒင်္ဂခန့်တွေဝေနေသည်။
ထိုအချိန် သူငြင်းပယ်ချင်သော်ငြား သူ့မျက်လုံးများကချန်းခယ့်ယောင်၏ပြုံးနေသောမျက်လုံးများနှင့်ဆုံတွေ့သွားသည့်အခါ အမည်မသိအကြောင်းပြချက်အချို့ကြောင့် သူစတော်ဘယ်ရီကိုယူလိုက်ပြီးချန်းခယ့်ယောင်ပါးစပ်ထဲထည့်ပေးလိုက်လေရာ ဆွဲဆောင်မှုပိုရှိသွားသည်။
ချန်းခယ့်ယောင်ကမျက်လွှာချကာ စတော်ဘယ်ရီကိုကိုက်လိုက်သည့်အချိန် ရုန်ယီ့လက်ကထိန်းမရအောင်တုန်ယင်သွားသည်။
သူလက်ကိုအမြန်ပြန်ရုတ်လိုက်သည်၊ ခံစားချက်များကရှုပ်ထွေးနေ
သည်။ သူ့အပြုအမူကိုထိန်းချုပ်ရန် တစ်စုံတစ်ခုပြောချင်သော်ငြား
ချန်းခယ့်ယောင်ကရုတ်ချည့်မျက်မှောင်ကြုပ်သည်။ မျက်ခုံးများတင်
မက သူ့တစ်မျက်နှာလုံးရှုံ့တွလာသည်။
"ဝိုး...ဘာလို့ဒီလောက်အေးရတာလဲ?"
သူခါးသက်သည့်မျက်နှာနှင့်ဝါးနေသည်။
"ချဉ်လည်းချဉ်သေးတယ်၊ ကိုယ့်သွားတွေတော့ပျော့စိကုန်ပါပြီ"
"မင်းကိုယ်တိုင်စားချင်တာလေ"
ရုန်ယီ ခေါင်းငုံ့ကာကျန်နေသေးသောကိတ်များကိုသူ့ပါးစပ်ထဲအပြည့်သိပ်ထည့်လိုက်သည်၊ ပြီးနောက် အခန်းထဲသို့ခြေကုန်သုတ်ပြေးသွားပြီး အနောက်မှတံခါးကိုဆွဲပိတ်လိုက်သည်။
ကိတ်ပေါ်မှစတော်ဘယ်ရီကြီးအများစုကမချိုပေ။
သို့သော် ကိတ်များကတော့ချိုသည်၊ ရုန်ယီအရမ်းနှစ်သက်သည်။ သူစတော်ဘယ်ရီအရသာကိုနှစ်သက်သည်။
ချန်းခယ့်ယောင်သည် ညစာမစားခင်သူ့ကိုမုန့်များကျွေးတတ်သည်။
၎င်းကား အကျင့်ဆိုးတစ်ခုပင်။
ညစာစားပွဲတွင် အစ်မလန်ကသူ့အတွက်အထူးတလှယ်ချက်ပေးထားသည့်ဟင်းပွဲများနှင့် စားပွဲတစ်ခုလုံးပြည့်နေခဲ့သည်၊ ရုန်ယီ့ အစာအိမ်မှာ ၎င်းတို့အတွက်နေရာမကျန်တော့ပေ။ သိူ့သော်ငြား အစ်မလန်ကိုစိတ်မပျက်စေချင်၍ ဘယ်လိုနည်းနှင့်ဖြစ်စေ ထိုးသိပ်ထည့်ရန်ဆုံးဖြတ်ထားသည်။
စတော်ဘယ်ရီသီးတစ်လုံးသာစားထားသည့်ချန်းခယ့်ယောင်ကလည်းခံတွင်းမတွေ့ပုံပင်။
အနှီသူမှာသူ့လည်ချောင်းထဲသို့ Yogurt များလောင်းချထားပြန်ပြီ
ဟု ရုန်ယီသံသယဝင်လာသည်။ ၎င်းတို့သည် ဒိတ်မကုန်ခင်နာရီပိုင်းခန့်သာလိုတော့သည်၊ ရေခဲသေတ္တာထဲတွင် တစ်ပါကင်ပင်ကျန်နေလောက်သေးသည်။ တွေးနေရင်း တစ်ဝက်ရောက်မှ မနေ့ကမှယနေ့ထိသူတို့ Yogurt ဘူးတစ်ပါကင်သောက်ရန်ကျန်နေသေးသည်။
ချန်းခယ့်ယောင်သည်သူ့ကိုယ်သူ Yogurt အရသာအဖြစ်ပြောင်းထားနိုင်သည်။
ဒါဆိုငါအခုနေသူ့ကိုနမ်းလိုက်ရင်...သူ...
ရုန်ယီ သူ့အတွေးနှင့်သူထိတ်လန့်သွားပြီး အသိပြန်ဝင်လာသည့်အခါမျက်နှာကရဲပတောင်းခတ်လာသည်။
အစားပဲစား၊ လျှောက်မတွေးနေနဲ့။
သူပါးစပ်အပြည့် ထမင်းတလုတ်သွင်းလိုက်သည်။ သူကြည့်လိုက်သည့်အခါ ချန်းခယ့်ယောင်ကသူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရ၏။
ရုန်ယီသည် ထမင်းစားပွဲတွင်ယဉ်ကျေးရည်မွန်သည့်အပြုအမူနည်းပါးမှုအတွက် အရှက်မရသေးခင်ချန်းခယ့်ယောင်မျက်နှာကဖြူလျော်လာသည်ကိုသူတွေ့လိုက်သည်။
ချန်းခယ့်ယောင် သူ့ပန်းကန်လုံးနှင့်တူကိုပြန်ချသည်။
"ကိုယ်လုပ်စရာရှိသေးတယ်၊ မင်းတို့နှစ်ယောက်ပဲစားလိုက်ကြတော့"
သူသည်သူ့အခန်းထဲသို့အမြန်ပြန်သွားသည်၊ ရုန်ယီကစိတ်ရှုပ်ထွေးစွာကျန်ရစ်ခဲ့ပြီး အစ်မလန်ကစိုးရိမ်နေသည်။
"သူလည်းနေသိပ်ကောင်းပုံမရဘူး"
"မနေ့ညကအနွေးထည်မဝတ်ဘဲအပြင်ထွက်သွားလို့အအေးမိနေတာများလား?"
ရုန်ယီ့ပါးစပ်က ထမင်းများနှင့်ပြည့်နေသည်။ စကားပင်ကောင်းကောင်းမပြောနိုင်၍ အမူအရာနှင့်သာမေးဟန်ပြနိုင်သည်။
"သူအခုလေးတင်အန်တော့မလိုဖြစ်နေတယ်ထင်တယ်၊ ငါသူ့ကိုလိုက်ရှာတော့ဘေစင်နားမှာငေးကြောင်ကြောင်ဖြစ်နေတာတွေ့လိုက်တယ်"
အစ်မလန်က စိတ်ပူစွာဖြင့်မျက်ခုံးများကိုတွန့်ချိုးထားသည်။
"ငါသူ့ကိုနေမကောင်းဘူးလားမေးတော့၊ သူကမဟုတ်ဘူးတဲ့"
ရုန်ယီ ဘာပြောရမှန်းပင်မသိတော့။
ချန်းခယ့်ယောင် ဤတစ်ကြိမ်နေမကောင်းဖြစ်ရတာသူ့ကြောင့်ပေလားမသေချာချေ။ သူ့ကိုစတော်ဘယ်ရီကျွေးလိုက်ပြီးတည်းက သူကအခန်းထဲပြန်သွားပြီး နှစ်ယောက်ကြားတွင်ထိတွေ့မှုမရှိတော့။
တကယ်ကြီးကိုအစာအိမ်က မသက်မသာဖြစ်တာများလား?
Yogurt သောက်တာများသွားလို့များလား?
ညစာစားပြီးချိန် ရုန်ယီသည်ချန်းခယ့်ယောင်၏ကျန်းမာရေးအခြေအနေနှင့်ပတ်သတ်ပြီးစိတ်မချသေးသောကြောင့် အခန်းတံခါးသွားခေါက်ကြည့်သည်။
ချန်းခယ့်ယောင်က သူ၏ဘက်စုံသုံးပြေးစက်ပေါ်တွင်ချွေးများမနည်း
သူသည် နေမကောင်းဖြစ်ရန်ပင်အားပြည့်လွန်းနေသည်။
ရုန်ယီသည် သူ့ပါးနှင့်လည်ပင်းပေါ်မှချွေးများကိုကြည့်လိုက်သည်၊ ချွေးများကြောင့်ကိုယ်ပေါ်ကပ်နေသည့် တီရှပ်က သူ့ခန္ဓာကိုယ်အချိုးအစားကိုပုံဖော်ထားသည်။ သူ့နှလုံးမှာလည်းကားမတော်တဆဖြစ်တော့မည့်အတိုင်း အခုန်မြန်နေသည်။
သူစကားပြောနေစဉ် ကျောဘက်တွင်သူ့လက်များကိုပွတ်နေမိသည်။
"မင်း..ညစာစားပြီးပြီးချင်းလေ့ကျင့်ခန်းလုပ်နေတာလား၊ အဲဒါအစာချေစနစ်အတွက်မကောင်းဘူးမဟုတ်လား?"
"အဆင်ပြေလောက်ပါတယ်၊ ကိုယ်လည်းညစာအများကြီးမစားထားဘူးလေ"
ချန်းခယ့်ယောင်မျက်လုံးများကတဖျတ်ဖျတ်တောက်ပလာသည်။
"ဘာရယ်မဟုတ်ပါဘူး၊ မင်းညစာအများကြီးမစားလို့လာမေးကြည့်တာပါ"
"ကိုယ် Yogurt တွေစားတာများသွားလို့ပါ"
ချန်းခယ့်ယောင်ကသူ့ဘေးမှတဘတ်ကိုယူပြီး မျက်နှာကိုသုတ်သည်။
"နောက်တော့၊ ကိုယ်ဗိုက်ဆာတဲ့အခါစားလိုက်ပါ့မယ်"
"အစာအိမ်ဟောင်းလောင်းနဲ့လေ့ကျင့်ခန်းလုပ်တာလည်းမကောင်းဘူးနော်"
သူသည်စကားလုံးများပိုထွက်လာစေရန် ဦးနှောက်ကိုကလော်ထုတ်နေခဲ့သော်ငြား ရုတ်တရက်ချန်းခယ့်ယောင်ကရယ်လာသည်။
"ဘာလို့ကိုယ့်ကိုစိတ်ပူနေတာလဲ?"
"မင်းအလုပ်တွေပြီးလို့ညစာစားပြီးတိုင်းအိပ်ရာထဲလှဲနေတာကိုယ်မြင်ပါတယ်၊ မင်းရဲ့ကိုယ်ခံအားကအရမ်းနည်းလို့ တုပ်ကွေးမိတာနဲ့ဖျားတတ်တာမဆန်းတော့ပါဘူး"
ဖျားတယ်?...မင်းကမှငါ့ကိုဖျားအောင်လုပ်နေတာ!
ငါကမင်းကိုဂရုစိုက်လို့ဒီနေရာအထိလာတယ်၊ ပြီးတော့ မင်းကငါ့ကိုဒီလိုမျိုးပြောတယ်? အားပဲရှိပြီးဉာဏ်မရှိတဲ့အရူးကောင်!
ရုန်ယီ သူ့နှလုံးသားထဲမှာပင်အပြစ်တင်နေသည့်တိုင် သူ့ရင်အုပ်ကကြီးမကြီးသိချင်၍ တိတ်တိတ်လေးကြည့်လိုက်သည်။ သို့ထိတိုင် တီရှပ်ကကြားခံနေ၍ သူအသေအချာမမြင်ရပေ။
၎င်းကသူ့အသိစိတ်ကိုနှောင့်ယှက်နေသည်။