ချန်းခယ့်ယောင်ကစိတ်အနှောင့်အယှက်ဖြစ်စရာပဲ!
သူအလုပ်ပြန်သွားရသည့် ဒုတိယမြောက်နေ့နံနက်တွင် အဖျားကြီးနေခဲ့သည့်ရုန်ယီသည် ခွန်အားအပြည့်နှင့်တက်ကြွနေသည်။
သို့သော် သူ့လုပ်ဖော်ကိုင်ဖက်များ၏မလိုအပ်သောခုခံမှုများကို လျှော့ချနိုင်ရန် သူကုမ္ပဏီကိုလာသည့်အခါပျင်းတွဲနေသည့်အကြည့်ကိုတပ်ဆင်ထားရသည်။
လုပ်ဖော်ကိုင်ဖက်ကုပ္မဦမှ အလုပ်တိုးတက်မှုအခြေအနေအကျဉ်းချုပ်ကိုနားလည်သည့် လူတစ်ယောက်လွှတ်လိုက်မည့်အကြောင်း အကြောင်းကြားလာခဲ့သည်။ ရုန်ယီကအလုပ်တွင်အမြဲတစေ အားစိုက်ထုတ်တတ်သည့်တိုင် ဒီမနက်မှာပင်သူအလုပ်ဖိလုပ်မိခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များကိုအနည်းငယ်စိုးရိမ်စေခဲ့သည်။
သို့သော် တစ်ယောက်မှ အလုပ်ရှင်ကုမ္ပဏီနှင့်ဆက်ဆံရာတွင် မကူညီချင်ကြပေ။ သူဗျာများနေခိုက် တစ်ဖက်ကုမ္ပဏီကဆက်သွယ်လာပြီးအကျဉ်းချုံ့ဆွေးနွေးပြီးနောက် ဖုန်းထဲမှတစ်ယောက်ကပြောလာခဲ့သည်။
"ရှောင်လျိုကမင်းကုမ္ပဏီကိုလာပေးမယ်တဲ့"
အလုပ်ရှင်ကုမ္ပဏီတွင် ရှောင်လျိုဆိုသူကတစ်ယောက်သာရှိသည်။
လျိုယွမ်ကလူကောင်းတစ်ယောက်ပင်။ ရုန်ယီကအသည်းအသန်နေမကောင်းဖြစ်ပြီး နာလန်ပြန်ထူလာခြင်းကိုကြားရသည်နှင့် တစ်ခွန်းမပြောတော့ဘဲ ရုန်ယီကုမ္ပဏီကိုသွားရန်သဘောတူခဲ့သည်။
ရုန်ယီ စိတ်လှုပ်ရှားသွားပြီး အနှီသူအပေါ် အချိန်တိုလေးသဘောကျခဲ့မိခြင်းအတွက်ရှက်မိသွားသည်။
ရုံးခန်းထဲတွင်ပစ္စည်းများပြင်ဆင်လျက်စောင့်နေရင်း သူကအခုထိလူလွတ်ဖြစ်နေသေးသည့်အကြောင်းတိတ်တဆိတ်တွေးမိနေသည်၊ ယင်းကသူ၏စိတ်ကူးငယ်လေးကို ပြန်လည်ရှင်သန်လာမည်ဟုဆိုလိုခြင်းဖြစ်နိုင်သည်။
တွေးပြီးနောက် သိပ်မူမမှန်သေးသလိုခံစားရသည်။
'ငါက single ပဲမဟုတ်ဘူးလား?'
ကောင်လေးလည်းမရှိ၊ crush လည်းမရှိ၊ လုံးဝ single တစ်ယောက်ဆိုတာပြောနေစရာပင်မလို။ သို့တစေ သူ့နှလုံးထဲမှစွဲလန်းမှုမီးတောက်လေးကိုပစ်ပယ်ထား၍မရနိုင်ပေ။
ပုံမှန်မဟုတ်။ ရုန်ယီစဉ်းစားကြည့်သည့်အခါ ဆယ်ပုံတွင်တစ်ပုံကသူလျိုယွမ်နှင့်အရမ်းရင်းနှီးနေခဲ့၍ ဖြစ်နေသည်။
သူ့စွဲလန်းမှုကို လျစ်လျုရှုမထားနိုင်သည့်လူကောင်းတစ်ယောက်၊ လျိုယွမ်သည် ရုန်ယီ၏စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေအကြောင်း တစ်လုံးတစ်ပါဒမှမသိချေ။ စစ်ဆေးခြင်းအလုပ်ပြီးသွားပြီးနောက် သူ့ကျန်းမာရေးကိုအရင်ဂရုစိုက်ခဲ့သည်။
လူနှစ်ယောက်သည် အစည်းအဝေးခန်းတွင်ထိုင်ကာ ခဏတာဆွေးနွေးခဲ့ကြသည်။ ရုန်ယီသည် လျိုယွမ်၏လုပ်ငန်းသုံးဖိုင်အိတ်ပေါ်ရှိအဆင်တန်ဆာလေးပေါ်မှ အာရုံစိုက်မှုကိုမခွာနိုင်ပေ။
အမွှေးဖွာဟမ်းစတာလေးက ကြည့်ရသလောက်ရင်းနှီးနေသည်။ ချစ်စရာကောင်းသည့်တိုင် လျိူယွမ်လိုအရပ်ရှည်သည့်အယ်လ်ဖာနှင့်မလိုက်ဖက်ချေ။
ရုန်ယီ စတင်ပြီးစိတ်ကူးယဉ်တော့သည်။
အလုပ်ပြီးသွားသည့်အခါ လျိုယွမ်ကပစ္စည်းတူရာများကိုစုထည့်နေစဉ်
ရုန်ယီ မရဲတရဲမေးကြည့်လိုက်သည်။
"ဒါကိုမင်းအိတ်မှာချိတ်တာမဟုတ်..."
သူပြော၍မပြီးသေးခင် လျိုယွမ့်မျက်နှာရဲသွားသည်။
"ဘာမှမဟုတ်ပေမဲ့စိတ်ဝင်စားစရာကောင်းတယ်လေ!"
ရုန်ယီ ခေါင်းညိတ်လိုက်သည့်တိုင်အကြည့်များကအောင်ပွဲခံနေ၏။
"တကယ်ပါ...အဲဒါက....ငါ...."
လျိုယွမ်မှာ နားရွက်နှင့်ပါးများကိုကုပ်ခြစ်နေသည်။
"အဲဒါကတော်တော်လေးချစ်ဖို့ကောင်းတယ်ထင်လို့...အဲဒါကြောင့်ငါ...အပျော်အနေနဲ့ချိတ်ထားတာ!"
ရုန်ယီ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်နှုတ်ခမ်းများကိုသပ်လိုက်သည်။
"ဘယ်တစ်ခုကပိုပြီးချစ်ဖို့ကောင်းတာလဲ?၊ ကီးချိန်းလေးလား၊ ဒါမှမဟုတ်မင်းကိုပေးတဲ့..."
လျိုယွမ်က ခပ်ကျယ်ကျယ်ဖြင့်ဖြတ်ပြောလိုက်သည်။
ရုန်ယီ မနေနိုင်တော့ဘဲရယ်လိုက်သည်။
သူကဇာတ်လိုက်မဟုတ်သော်လည်း ဇာတ်ကြောင်းကချစ်စရာကောင်းသည်၊ ၎င်းကဇာတ်ကြောင်းကိုပိုတိုးတက်လာစေရန် သူ့ကိုစိတ်အားတက်ကြွစွာတွန်းပို့ပေးနေသည်။
လျိုယွမ်ကတော့ သူ့ကိုအထင်လွဲသွားသည်။
"မင်းအတွေးလွန်နေစရာမလိုဘူး"
"ငါကအဲဒီလိုလူမျိုးမဟုတ်ဘူး"
သူသည်ပြန်ဖြေနေမည့်အစား ရုန်ယီ့ကိုကြည့်ပြီးရုတ်တရက်မေးလိုက်သည်။
"မင်းနဲ့ခယ့်ယောင်ကဘာတွေလဲ?"
နောက်တစ်စက္ကန့်တွင် ကို့ရို့ကားယားအမှတ်တရများကသူ့ဦးနှောက်ထဲရုတ်ချည့် သွန်ချခံလိုက်ရသည်။
ရှင်းပြရန်ပင် မေ့နေပြီဖြစ်သည့်ဇာတ်လမ်းဟောင်းများက သူရွေးချယ်မေ့ထားသည့်အရာများပင်။ လျိုယွမ်က အတည်ကြီးမှတ်ထားလိမ့်မည်ဟု သူဘယ်တော့မှမမျှော်လင့်ခဲ့ပေ။
"ငါတို့ကြားမှာဘာမှမရှိဘူးလို့မင်းကိုပြောပြီးပြီလေ"
ရုန်ယီ သူ့မျက်နှာကလောင်ကျွမ်းနေသလိုခံစားရသည်။
"သူကလိင်ပိုင်းဆိုင်ရာအထူးဆန်းစစ်မှုမျိုးရှိတာမင်းလည်းသိပါတယ်ဟုတ်တယ်မလား?"
လျိုယွမ်သူ့ကိုကြည့်နေပြီး ဘာမှမပြောပေ။
"ငါ...သေတ္တာကငါမမူးခင်ညဘက်ထဲကဝယ်ထားတာ"
ရုန်ယီ ရှက်စရာအကောင်းဆုံးနေရာကိုကြိုးစားရှောင်နေသည်။
"ချန်းခယ့်ယောင်ကငါ့ကိုဟာသလုပ်ဖို့ တမင်ထုတ်လာတာ"
လျိုယွမ် သံသယရှိနေလင့်ကစားသက်ပြင်းချသံနှင့်ပိုမိုခိုင်မာသည့်ရှင်းပြချက်အတွက်လက်လျှော့လိုက်သည်။
"ငါမင်းရဲ့ကိစ္စကိုမစပ်စုသင့်ပါဘူး"
သူခေါင်းငုံ့၍ ပစ္စည်းများကိုအိတ်ထဲစုထည့်နေရင်းပြောသည်။
"ဒါပေမဲ့...ကျိုးလီကအရမ်းကောင်းပါတယ်၊မင်းနဲ့သာဆိုရင်သူ..."
ရုန်ယီ တောင့်တင်းသွားပြီး ရုတ်ချည်းသိရှိသွားသည်။
သူချစ်သူကောင်လေးအဖြစ်ဟန်ဆောင်ပေးခဲ့သည့်ကိစ္စများရှိခဲ့ပြီးမဆင်မခြင်မေ့ပစ်တတ်သည်။ လျိုယွမ်က ယခုထိသူနှင့်ကျိုးလီကိုချစ်သူများအဖြစ်မှတ်ထားနေခြင်းဖြစ်နိုင်သည်။
သို့ဖြစ်၍ သူနှင့်ချန်းခယ့်ယောင်တို့ကြားရှိဇာတ်လမ်းကလျိုယွမ့်မျက်လုံးထဲတွင် ကိစ္စကြီးဖြစ်လာမည့်လက္ခဏာပင်။
သူတို့ကိုသုံးရက်လုံးမျက်နှာချင်းဆိုင်နေရသည့်အတွင်း လျိုယွမ့်စိတ်အခြေအနေကို ဘုရားသာသိလိမ့်မည်။
ရှင်းပြချက်များ သူ့လျှာမှတဆင့်လွတ်ထွက်မသွားသေးခင်ရုန်ယီမသင့်တော်မှုကိုခံစားရသည်။
လျိုယွမ်ကကျိုးလီအပေါ် ခံစားချက်ရှိနေမှန်းသိသာသည်။ ရုန်ယီကသူတို့နှစ်ယောက်ကိုတွဲစေချင်လျှင်ပင် ကျိုးလီဆန္ဒကိုဂရုမစိုက်၍မရ။ လျိုယွမ်ကိုအကြောင်းစုံမရှင်းပြခင်ကျိုးလီကိုအရင်မေးမြန်းရမည်။
သည့်အပြင် ဒီအချိန်တွင်လျိုယွမ်ကိုအမှန်အတိုင်းပြောပြလိုက်ပါကသူကျိုးလီနှင့်စတွေ့ချိန်ကအတိုင်း အနှီလူက ကပ်ဖားရပ်ဖားလုပ်မှာသံသယဝင်စရာမရှိ။ ရုန်ယီသည် ဤကိစ္စနှင့်ကျိုးလီစိတ်ဆိုးသွားမှာကြောက်သည်။ သို့ဖြစ်ရာ လျိုယွမ်တွင်အခွင့်အရေးမရှိပေ။
ကိစ္စကရှည်လျားထွေပြားတော့မည်ထင်သည်။
လျိုယွမ်က ဒီကိစ္စကိုပိုရှုပ်ထွေးစေချင်လျှင်လွှတ်ပေးထားလိုက်ရတော့မည်။
ရုန်ယီမှာ အောင်သွယ်ဖြစ်ရသောကြောင့်စိတ်ရင်းဖြင့်ပျော်ရွှင်နေသည်မှာ သူအလုပ်သိမ်းပြီးအိမ်ပြန်လာချိန် သူသည်ခိုကိုးရာမဲ့အထီးကျန်ပိုင်ရှင်မဲ့ခွေးတစ်ကောင်ဖြစ်နေမှန်း သိလာသည့်မတိုင်ခင်အထိ။ သူသည်အဝေးကြီးတွင်ရှိနေသည့် စိတ်ကူးယဉ်ခင်ပွန်းနှင့်ပတ်သက်ပြီးဘာမှမရှိသေးပေ။
သူ့နှလုံးခုန်သံကိုမြန်လာစေသည့် အယ်လ်ဖာနှင့်တွေ့ခဲ့သည်မှာအတော်လေးကြာခဲ့ပြီ။ တစ်ချိန်လုံးအလုပ်တွင်အပြိုင်အဆိုင်များနေခဲ့ပြီးသူ့ထံတွင်သူငယ်ချင်းအသစ်နှင့်တွေ့ရန်အခွင့်အရေးမရှိခဲ့ချေ။ သူအသက်ကြီးလာ၍ စိတ်တက်ကြွမှုမရှိတော့ခြင်းမျိုးဖြစ်နိုင်သည်။ သူမြင်မြင်ချင်းချစ်မိသည့်နောက်ဆုံးအကြိမ်က...
အချိန်အတိအကျကိုပြန်မစဉ်းစားရသေးခင်၊ သူနှင့်ချန်းခယ့်ယောင်တို့ပထမဆုံးတွေ့ခဲ့ခြင်းက သူ့စိတ်ထဲမှာဗြုန်းကနဲပေါ်လာသည်။
ရုန်ယီ သံလမ်းပေါ်တွင်ရပ်နေရင်းပျာယာခတ်နေသည်။
မောင်းထုတ်နေတာတောင်မှ မြင်မြင်ချင်းအချစ်၏ခံစားချက်များကိုပြန်တွေးမိနေပြီး ရင်ခုန်သံများမြန်ဆန်နေသေးသည်။
သူလက်တန်းကိုကိုင်၊ ခေါင်းငုံ့ထားပြီး အသက်ပြင်းပြင်းမရှူခင်ခဲရာခဲဆစ် တံတွေးမြိုချလိုက်သည်ကိုပင် နီမြန်းနေသည့်မျက်နှာကိုအရောင်လျော့သွားအောင်မလုပ်နိုင်ပေ။
'စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ လုပ်စမ်းပါ! ငါစိတ်ပြောင်းသွားအောင်အရပ်ရှည်တဲ့ခပ်ချောချောအယ်လ်ဖာတစ်ယောက်ပေးစမ်းပါ၊ သူကအရပ်မရှည်၊ မချောလည်းကိစ္စမရှိပါဘူး။ မျက်လုံးထဲမှာလက်သင့်ခံနိုင်ရုံဆိုရပါပြီ။ သူကငါ့ထက်ပုနေလည်းကိစ္စမရှိဘူး။ ငါ့ရဲ့အညှောင့်ပေါက်နေတဲ့စိတ်နဲ့ လျှောက်ပြေးနေတဲ့ခံစားချက်တွေကိုရပ်တန့်ဖို့တစ်ယောက်ယောက်ကိုလိုအပ်နေတယ်။
သူအိမ်မပြန်ခင် စူပါမားကတ်ကိုအရင်သွားရန်လိုသည်။
သူ့မြေရှင်ကြီးကအစားအသောက်အတွက် တောင်းဆိုနေသည်။
ရုန်ယီ တွန်းလှည်းကိုကောင်တာအထိတွန်းသွားလိုက်ပြီး သူ့စိတ်ကိုပုံရိပ်ယောင်များနှင့်အပြည့်ဖြည့်ထားလိုက်သည်။ လူတစ်ယောက်ကထောင့်မှ ရုတ်တရက်အလျင်စလိုထွက်လာပြီး သူ့လှည်းကိုဝင်တိုက်မိလိုက်မည်၊ ထိုသူလက်ထဲမှပစ္စည်းများကမြေကြီးပေါ်တွင်ပြန့်ကျဲသွားမည်။ သူကတစ်ဖက်လူကိုကြင်နာသည့်ပုံဖြင့်ကူညီကောက်ပေးပြီးအပိုလိုနတ်မင်းကြီးက ကမ္ဘာမြေပေါ်ဆင်းလာခဲ့သလိုမျိုးတစ်ဖက်အယ်လ်ဖာကဘယ်လောက်ချောလဲသိရအောင် သူကြည့်လိုက်မည်။ သူ၏တောင်းပန်မှုနှင့်ကျေးဇူးတင်မှုကိုပြသရန် အရပ် ၁.၉၅ မီတာခန့်အရပ်ရှည်ပြီး ကြွက်သားခြောက်မြောင်းနှင့် ချိုသာသည့်အသံ၊ သွယ်လျသောခြေတံရှည်များနှင့် သူ့ကိုညစာအတူစားရန်ဖိတ်ခေါ်လိမ့်မည်။
သေစမ်း! သူ မြေအရှင်ကြီးကိုဟင်းချက်ပေးဖို့မပြောခဲ့သင့်ပေ။
ဘယ်လောက်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်တဲ့ချန်းခယ့်ယောင်လဲ! ဒီစိတ်ရှုပ်စရာကောင်းတဲ့ကောင်က သူ့ရဲ့လှပတဲ့စိတ်ကူးယဉ်ပုံရိပ်လေးတွေကိုရပ်သွားအောင်ဆွဲထုတ်ပစ်တာပဲ!
ရုန်ယီသည် သူ့မြေအရှင်ကြီးကိုကန်ထုတ်ရန်အာရုံစိုက်နေစဉ် ထောင့်မှ တွန်းလှည်းတစ်စီးထွက်လာပြီး သူ့တွန်းလှည်းကိုဝင်တိုက်လိုက်၏။
သူခေါင်းကိုဆတ်ကနဲမော့လိုက်သည်၊ ပြီးနောက် အံ့အားသင့်သွားသော်ငြား စိတ်ကျေနပ်ဖွယ်မကောင်းချေ။
ဈေးဝယ်တွန်းလှည်းအနောက်တွင် တွန်းလှည်းကိုစကူတာလို ကစားနေသည့် ကလေးတစ်ယောက်ရှိသည်။ သူ့အနောက်မှမဝေးသည့်နေရာတွင် အနည်းငယ်ဝသည့်အယ်လ်ဖာတစ်ယောက်က သူ၏ဝဖိုင့်နေသည့်ကိုယ်ကြီးတလှုပ်လှုပ်နှင့်အမြန်ပြေးလာနေသည်။
ရုန်ယီမျက်လုံးနှင့်ထိုသူတို့အကြည့်ချင်းဆုံစည်းသွားသည့်အခါ သူ့အမူအရာကအေးခဲသွားသည်။
ကမ္ဘာကြီးကတယ်ကျဉ်းတာပဲ! ဒီတစ်ယောက်ကငါခိုးပြီး ဓာတ်မီးကိုင်ပေးခဲ့တဲ့တစ်ယောက်မဟုတ်လား? သူ့နာမည်ကလီ...ဘာဆိုလား?...
အရှက်ရမှုကမွန်းကျပ်ဖွယ်ပင်၊ ဘာကိုမှမသိသေးသည့်ကလေးငယ်က ပျော်ရွှင်စွာဖြင့်ထိုလူထံပြေးသွားသည်။
"ဖေဖေ...ဖေဖေလည်းလုပ်ကြည့်!"
ရုန်ယီ အံ့အားသင့်သွားသည်။
သူ အနှီလူနှင့်နောက်ဆုံးစကားပြောခဲ့သည်က ကျိုးလီနှောင့်ယှက်ခြင်းကို ပိတ်ပင်ရန်ပင်။ အဆီအစ်နေပြီး သူ၏ရာထူးနိမ့်သူကိုကိုယ်ထိလက်ရောက်စော်ကားသည့် ထိုသူထံတွင် ဒီလောက်အရွယ်ကြီးနေသည့်ကလေးတစ်ယောက်ရှိနေမှန်း ရုန်ယီမမျှော်လင့်ထားပေ။
အနှီလီမျိုးရိုးသည် လှည်းတွန်းပြီးထွက်မသွားခင် အပြစ်ရှိစိတ်နှင့် ခေါင်းငုံ့ကာသူ့သားကိုဆူပူရန်စကားလုံးအနည်းငယ်ကိုခပ်တိုးတိုးပြောနေခဲ့သည်။
ရုန်ယီထိုနေရာတွင်ရပ်နေရင်း မရည်ရွယ်ဘဲကလေးကိုအကြိမ်ပေါင်းများစွာခိုးကြည့်မိသည်။
ကလေးကဝတ်စားထားပုံအရ လေးငါးနှစ်အရွယ်သာရှိသေးသည်၊ သူ့ပုံစံက သူ့အဖေကျောင်းတက်တုန်းကအတိုင်းအတော်လေးချောနေခြင်းက ယုတ္တိရှိသည်။
ရုန်ယီသည်မတတ်နိုင်တော့ဘဲ အချိန်များကုန်ဆုံးသွားမှုကိုပူဆွေးခြင်းကြောင့် ဆိုးဆိုးရွားရွားရေရွတ်မိသည်၊ အတိတ်တွင်ကျန်ရစ်ခဲ့သည့်၎င်းလီမျိုးရိုးကို ပွစိပွစိပြောသည်။
ထိုလီမျိုးရိုးက ကြားကြားချင်းခက်ထန်စွာတုံ့ပြန်သည်။ သူလှည့်လာပြီးရုန်ယီ့ကိုစိုက်ကြည့်ပြီး ပြောသည်။
"ငါ့ကိုလာသင်ပေးမနေနဲ့၊ မင်းကမတန်ဘူး"
ရုန်ယီသည် သူနှင့်ကျိုးလီကတကယ်ရွံစရာကောင်းသည့်အတွဲများဟုမှတ်မိလိုက်သည်။
"ငါ့ကောင်လေးအတွက်ပြောတာ၊ ငါကမတန်ဘူးလား?"
မဝေးသည့်နေရာမှ ရုတ်တရက်ထူးဆန်းသည့်အသံထွက်လာသည်။
"ဘာဖြစ်တာလဲ? ၊ သူငယ်ချင်းနဲ့တွေ့လို့လား?"
ရုန်ယီ အသံလာရာကိုကြည့်လိုက်သည်၊ ငယ်ရွယ်ပိန်ပါးသည့်အိုမီဂါတစ်ယောက်။
အနှီအိုမီဂါက သူတို့ဘေးနားလျှောက်လာသည်၊ သဘာဝကျစွာကလေးကိုချီပြီး ရုန်ယီကိုယဉ်ကျေးစွာပြုံးပြသည်။
သူကလီရှောင်းရန်၏ လက်တွဲဖော်ဖြစ်နိုင်သည်။
သူ့ပုံစံက ကျိုးလီနှင့်မအပ်စပ်သော်ငြား ဒီအဆီတွဲနေသည့်ဖက်တီးလီရှောင်းရန်နှင့်ပိုလိုက်ဖက်နေသည်။ အတွဲအစပ်ညီရန် ရုပ်ရည်သွင်ပြင်က ဘယ်သောအခါမှအကြောင်းပြချက်မဟုတ်။
အိုမီဂါအနေဖြင့် သူသည်အယ်လ်ဖာတစ်ယောက်ထံမှဖောက်ပြန်ခံရမည်ကိုအလွန်မုန်းတီးမှာသေချာသည်။ အခြားသူများ၏အတွင်းရေးကိုဝင်ရှုပ်ခြင်းက ပညာရှိတစ်ယောက်၏လုပ်ရပ်မဟုတ်၊ ရုန်ယီသည်မတတ်နိုင်သော်ငြား ဤကိစ္စကိုဝင်မွှေချင်သည်။
သူလီရှောင်းရန်ကိုကြည့်လိုက်ပြီး
"အခုတော့မင်းကလက်ထပ်လိုက်ပြီပေါ့၊ အိုမီဂါနောက်တစ်ယောက်ကိုလိုက်နှောင့်ယှက်တာမသင့်တော်ဘူးလေ၊ ဟုတ်တယ်မလား?"
ကလေးချီထားသည့် အိုမီဂါကတဒင်္ဂတုံ့ဆိုင်းသွားပြီး သူ့ဘေးမှလက်တွဲဖော်ကိုလှည့်ကြည့်သည်။
လီရှောင်းရန် ဒေါသထွက်လွန်းပြီးကြက်သီးမွှေးညှင်းများပင်ထလာသည်၊ ဈေးဝယ်တွန်းလှည်းကိုကန်ထည့်လိုက်ပြီး
"ဘာသောက်အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ? ၊ မင်းကိုယ်မင်းဘာကောင်ထင်နေတာလဲ? ၊ သူတော်စင်ကြီးလား..."
အဆိုပါ စကားနှစ်ခွန်းကိုအကျယ်ကြီးပြောလိုက်သည်။ အိုမီဂါလက်ထဲမှ ကလေးကပြုံးနေသေးသည့်တိုင် နောက်တစ်စက္ကန့်တွင်အော်ကြီးဟစ်ကျယ်ငိုတော့သည်။
ရုန်ယီလည်း စိတ်လွတ်နေသည်။ သူသည်ပြဿနာကိုမီးမွှေးသူမဟုတ်စေကာမူ ရန်မူနေသည့်လူကြောင့်စိတ်တိုနေသည်။
လူအများကြီးကသူတို့ကိုကြည့်နေပြီး အချို့ကစတင်ပြီးတီးတိုးပြောလာကြသည်။
ထို့နောက် ဝတ်စုံပြည့်ဝတ်ထားပြီးရင်ဘတ်တွင်ကတ်ချိတ်ဆွဲထားသည့် လူတစ်ယောက်ကအမြန်ပြေးလာနေသည်။
"ဧည့်သည်တော်တို့၊ ကျွန်တော်ဘာလုပ်ပေးရမလဲ?"
သူကအနားကပ်လာပြီး သူတို့သုံးယောက်လုံး၏မျက်နှာများကိုကြည့်သည်။
"ကျွန်တော်အကူအညီပေးလို့ရတာများရှိလား?"
အခုလေးတင်ပျာယာခတ်နေသည့်ရုန်ယီက ထိုလူ၏မျက်နှာကိုပြန်ကြည့်မိပြီး ရှက်သွေးဖြန်းသွား၏။