မင်းခဏတဖြုတ်လေးစားလိုက်ရတာကိုစိတ်မပူဘဲနေလို့ရမလား?
မင်္ဂလာဧည့်ခံပွဲတရားဝင်မစတင်ခင် ရုန်ယီသည် ချန်းခယ့်ယောင်၏စိတ်မချမ်းသာစရာဇာတ်လမ်းကို ပြတ်တိပြတ်တောင်းကြားခဲ့ရသည်။
ချန်းခယ့်ယောင်အဖေက ရုန်ယီ၏စိတ်ကူးထဲကအတိုင်း ချောမောခန့်ညားနေဆဲ Casanova မဟုတ်တော့ပေ။ ဆန့်ကျင်ဘက်အားဖြင့်သူ့ပြဿနာက အချစ်တစ်ခုတည်းအတွက်အစွဲအလမ်းကြီးနေခဲ့ခြင်းမျိုးဖြစ်နိုင်သည်။
ငယ်ရွယ်စဉ်တွင် မတော်တဆဖြစ်ရပ်လေးမတိုင်ခင်က သူ့ထံတွင်ချစ်ရသည့် ဘီတာမိန်းကလေးတစ်ယောက်ရှိခဲ့ဖူးသည်။ သူသည်သူမကိုချစ်ကြောင်းဝန်ခံရန် သတ္တိများရှိခဲ့သော်ငြား ကံခေစွာဖြင့်ငြင်းပယ်ခံခဲ့ရသည်။ မိန်းကလေးကသူ့ကို သူသည်ငယ်ရွယ်သေးပြီး ကျောင်းပြီးမှပြန်လာသင့်ကြောင်းပြောခဲ့သည်။
၎င်းကအကြောင်းပြချက်တစ်ခုသာဖြစ်နိုင်သည့်တိုင် သူအတည်မှတ်ယူထားခဲ့သည်။ ထိုအချိန်သည် မိန်းကလေးကသူ့ထက် အသက်အတော်လေးကြီးပြီးသူ့အတန်း၏အတန်းပိုင်ဆရာမဖြစ်နေခဲ့သည်။
သို့သော် သူအထက်တန်းကျောင်းပြီးချိန်တွင် ချန်းခယ့်ယောင်ကလမ်းလျှောက်တတ်စအရွယ်ရောက်နေပြီ။ ဆရာမမှာလည်းလက်ထပ်ပြီးသွားပြီ။ ၎င်းနောက် သူတို့ထပ်မတွေ့ဖြစ်ကြတော့ပေ။
ချန်းခယ့်ယောင်အဖေက အချိန်တစ်ခုကိုဖြတ်သန်းလာခဲ့ပြီးတဖြည်းဖြည်း ရင့်ကျက်လာခဲ့သည်၊ သို့ထိတိုင် သူ့စိတ်ထဲရှိမမေ့နိုင်သေးသောလူက အချိန်ကာလများ၏တိုက်စားခံရတာတောင် ၎င်း၏အလှတရားတစ်ဝက်ပင်ပြယ်လျော့မသွားခဲ့ချေ။
သူ့မှတ်ဉာဏ်ထဲတွင် အနှီသူသည်ပိုလှပလာ၊ ပိုသန့်စင်ပြီးချစ်စဖွယ်ဖြစ်လာကာ ပိုကာစိတ်အာရုံကိုဖမ်းစားနိုင်သူဖြစ်လာခဲ့သည်။ ငယ်ရွယ်စဉ်ကအိပ်မက်တိုင်းကို ပြန်မရနိုင်တော့သလို ဘယ်တော့မှမေ့နိုင်မည်လည်းမဟုတ်တော့။ သူမျက်လုံးများကိုဖွင့်ကာဘေးဘက်လှည့်ကြည့်လိုက်တော့ အဆုံးမဲ့ဟင်းလင်းပြင်ကိုသာခံစားရသည်။
အစ်မလန်ကလုံးဝနားလည်နိုင်မည်မဟုတ်ချေ။
သူမတွင်လည်း လူပျိုလှည့်ခဲ့ဖူးသူအများကြီးရှိခဲ့ပါသည်၊ ယခုမူဒီလူအတွက် ချမှတ်ထားခဲ့သည့် ကတိကဝတ်များအကုန်လုံးသည် စိတ်ရင်းနှင့်ရိုက်ခတ်မှုလေးတစ်ဝက်ပင်ပြန်မရတော့ပေ။
ထို့ကြောင့် သူမဘဝထဲတွင်သူမ၏သားငယ်လေးတစ်ယောက်သာကျန်ရစ်ခဲ့တော့သည်။ ချန်းခယ့်ယောင်၏ရောက်ရှိလာမှုက သူမကိုချောက်နက်ထဲတွန်းချခဲ့သည့်တိုင် နွေးထွေးမှုနှင့်စိတ်သက်သာမှုတို့ကိုပါယူဆောင်လာနိုင်ခဲ့သည်။
"ကိုယ်ကလေးတုန်းက၊ သူ့ကိုတကယ်ကြောက်တာ"
ချန်းခယ့်ယောင် လက်တစ်ဖက်နှင့်သူ့ခေါင်းကိုကိုင်ထားသည်။ သူရုန်ယီဘက်ကိုမျက်နှာလှည့်ထားသော်ငြား မကြည့်နေပေ။
"သူကိုယ့်ကိုဒေါသထွက်လာရင်ကိုယ်လည်းဘာလုပ်ရမှန်းမသိတော့ဘူး"
ရုန်ယီမှာ စိတ်ကူးကြည့်ရန်ပင်ခက်ခဲနေသည်။
သူ့မှတ်ဉာဏ်ထဲရှိအစ်မလန်က အမြဲညင်သာသည်၊ သူမအသံလေးကပင်နူးညံ့ပြီး နားထောင်သူတိုင်းကိုမသိလိုက်ခင်ပင်တည်ငြိမ်အေးချမ်းမှုရစေသည်။
""ကိုယ်ငယ်ငယ်က ကိုယ့်အဖေကိုသဘောကျတယ်၊ သူကအမြဲတကျည်ကျည်လုပ်တတ်ပေမဲ့ ကိုယ့်ကိုတစ်ခါမှမဆူဘူး၊ မရိုက်ဘူး ပြီးတော့ကိုယ့်ကိုပျော်စရာကောင်းတဲ့နေရာတွေလည်းခေါ်သွားပေးတယ်"
"ဒါပေမဲ့ အစ်မလန်ကကိုယ်တို့သားအဖ အရမ်းကပ်နေတာတွေ့ရင်စိတ်ဆိုးတယ်၊ အဲဒီအချိန် ကျောင်းကပြန်လာတိုင်းကိုယ်အရမ်းစိတ်ရှုပ်ရတယ်၊ အိမ်ပြန်လာတိုင်းသူကကိုယ့်ကိုစိတ်မချမ်းသာရအောင်ပြောဆိုနေတတ်တယ်လေ"
ရုန်ယီလက်ဆန့်ပြီး ချန်းခယ့်ယောင်၏ဘောင်းဘီအနားစကိုဆွဲလိုက်သည်။
"ဒါဆိုလည်းပြန်မစဉ်းစားနဲ့တော့၊ ငါနားမထောင်ရလည်းကိစ္စမရှိဘူး"
နောက်ဆုံး၌ ချန်းခယ့်ယောင်ကသူ့ကိုကြည့်လာပြီးရယ်သည်။
"ကိစ္စမရှိပါဘူး၊ ပြီးသွားခဲ့ပြီလေ"
သူရုန်ယီလက်ဖမိုးကိုအလိုအလျောက်ကိုင်လိုက်ပြီး ပြောသည်။
"သူဦးလေးနဲ့အတူရှိနေတည်းကဒေါသထွက်တာမမြင်ရတော့ပါဘူး၊သူ့ကိုကိုယ်တွေ့ရတိုင်း သူပြန်ငယ်သွားသလိုပဲ"
ရုန်ယီမှာ ရုတ်တရက်ကြီးစိတ်လှုပ်ရှားလာသည်။ သူ့မျက်လုံးများကိုရှောင်ရှားရန် အစ်မလန်ကိုရှာရန်ဝေ့ဝိုက်ကြည့်လိုက်သည်။
သူဘယ်သူ့ကိုမှမတွေ့ရသေးခင် ရုတ်တရက် ဟောခန်းမထဲမှမီးများမှိန်ကျသွားသည်။
ထို့နောက် ဂီတသံထွက်လာပြီး ဝတ်စုံပြည့်နှင့် MC က မိုက်နှင့်စင်ပေါ်တက်လာသည်။
ချန်းခယ့်ယောင်ကသူ့လက်ကိုဆုပ်ကိုင်ထားသည့်အားကိုလျှော့လိုက်ပြီး တူကိုကောက်ကိုင်လိုက်သည်။
"အခုကိုယ်တို့ကိုဘယ်သူမှမတွေ့ရတော့ဘူး၊ ကိုယ်ဗိုက်ဆာနေပြီ!"
ရုန်ယီသည် ယခုလိုမင်္ဂလာပွဲမျိုးကိုလိုချင်ခဲ့ဖူးသည်။
မင်္ဂလာမောင်နှံအသစ်၊ ခမ်းနားသည့်ဝတ်စုံများဝတ်ထားသည်၊ စင်၏အလယ်တွင်ရပ်နေပြီး MC နှင့်ဧည့်သည်များအောက်တွင်သူတို့အချစ်ကိုသက်သေထား၍ လက်စွပ်များလဲလှယ်ကြပြီး တယုတယနမ်းကြသည်။ အခမ်းအနားသုံးရောင်စုံစက္ကူစလေးများက လေထဲတွင်သံစဉ်များနှင့်အတူကခုန်နေသည်။ အရာအားလုံးက 'ကြည်နူးဖွယ်' ဆိုသည့်စကားလုံး၏ပြယုခ်ဖြစ်နေသည်။
ရုန်ယီစင်ပေါ်ကြည့်ကာ တိုးလျစွာဆိုသည်။
သူ့ဘေးရှိလူက လုံးဝစိတ်ထဲမရောက်ပေ။
"ဝိုး!..စက္ကူတွေကကိုယ်တို့စားပွဲပေါ်အထိပျံလာတာလား?"
ချန်းခယ့်ယောင်သည်သူ့အရှေ့ရှိ စားပွဲတစ်ခုလုံးအပြည့်အစားအသောက်များကိုညစ်ပတ်သွားမှာ စိုးရိမ်နေသည်။
ရုန်ယီက အမှောင်ထဲမှာပင်သူ့ကိုစိုက်ကြည့်နေလိုက်သည်။
"မင်းခဏတဖြုတ်လေး စားတာကိုစိတ်မပူဘဲနေလို့ရမလား?"
ချန်းခယ့်ယောင်က နာခံစွာနှင့်တူကိုချလိုက်ပြီး ရုန်ယီအကျေီလက်စကိုဆွဲလိုက်သည်။
"မင်းအရင်ချပေးတဲ့မုန်လာဥကိုမြည်းကြည့်ပါလား?၊ အရမ်းအရသာရှိတယ်၊ မင်းကိုယ့်ကိုချက်ပေးပါလား?"
ရုန်ယီ မျက်ဆံလှန်ကာသူ့လက်ထဲကအကျႌလက်စကိုပြန်ဆွဲလိုက်၏။ထို့နောက် မျက်မှောင်ကြုပ်ကာ သူ့တူကိုကောက်ကိုင်ပြီးပါးစပ်ထဲတစ်ဖက်သွင်းလိုက်သည်။
သူဟင်းပွဲထဲတွင်ထည့်ထားသည့်အမည်ကိုစူးစမ်းနေစဉ် စင်ပေါ်အကြည့်ရောက်နေသည့် ချန်းခယ့်ယောင်ကရုတ်တရက်ပြောလာသည်။
"မှန်တယ်၊ ဝတ်စုံဖြူကပိုကြည့်ကောင်းတယ်၊ ဟုတ်တယ်မလား?"
ရုန်ယီ ချက်ချင်းခေါင်းညိတ်ပြသည်။
ချန်းခယ့်ယောင်သည် စင်ပေါ်မှအကြည့်ကိုဘေးဘက်ရွှေ့လိုက်ပြီးရယ်သည်။
"မင်းနဲ့သာဆိုဒီဝတ်စုံနဲ့ပိုကြည့်ကောင်းမှာသေချာတယ်"
ရုန်ယီ ဝါးနေသည်ကိုခဏရပ်လိုက်သည်။
"ပြီးတော့၊ အဖြူရောင်ကပုံပန်းသဏ္႑ာန်ရွေးတယ်"
"မင်းလိုခါးသွယ်ပြီးခြေတံရှည်တဲ့လူနဲ့ပဲသင့်တော်တာ"
ရုန်ယီမျက်နှာကစပြီးပူလာသည်။ သူခေါင်းငုံ့လိုက်ပြီးအသံတိုးတိုးနှင့်ရွတ်နေသည်။
"မင်းတွေးတာများနေပြီ၊ ကိုယ်ဟာကိုယ်စားစမ်းပါ"
သို့သော်လည်း ချန်းခယ့်ယောင်ကတူမကိုင်ပေ။
သူသည်အချို့အကြောင်းပြချက်များကြောင့် မကောင်းတော့သလိုခံစားရသည်။ သူသည်ပုပ်သိုးနေသည့်မျက်နှာထားနှင့် ရေနှစ်ခွက်သောက်ပစ်လိုက်သည်။
ဒီလူကအဝေးသို့ရွေ့သွားသည်။
"မလာနဲ့...မလာနဲ့...ငါနဲ့ဝေးဝေးနေ"
ဘာကြောင့်မှန်းမသိ ရုန်ယီစိတ်တိုနေသည်၊ ထို့ကြောင့် သူသည်သူ့ကိုအာရုံထပ်မထားနေတော့ဘဲ ခေါင်းလှည့်ပြီးစတိတ်စင်ကိုသာကြည့်နေလိုက်တော့သည်။
ညစာစားပွဲမပြီးခင် ယောကျ်ားသားနှစ်ယောက်ကြားတွင်ပြောစရာထပ်မရှိတော့ပေ။
ချန်းခယ့်ယောင်ကကားမောင်းရမည်ဖြစ်၍ မသောက်ပေ။ ရုန်ယီကနည်းနည်းသောက်လိုက်သည်၊ သူသောက်လိုက်ရသည်ကိုနောင်တမရသော်ငြား ဖြည်းဖြည်းချင်းရီဝေဝေဖြစ်လာသည်။
သူတို့ကားထဲရောက်ပြီးနောက် ရုန်ယီသည်အမြန်ထိုင်ခုံနောက်ကိုမှီလိုက်သည်၊ မျက်လုံးများမှိတ်ထားပြီး အိပ်ချင်ယောင်ဆောင်နေသည်။ ခဏအကြာ သူအိပ်ပျော်တော့မည့်ဆဲဆဲချန်းခယ့်ယောင်ခေါ်နေသံကိုကြားရသည်။
ရုန်ယီ မျက်လုံးများကိုမှိတ်ထားရင်း တုံ့ပြန်လိုက်သည်။
"ကိုယ်မင်းအိပ်ပျော်သွားပြီလားသိချင်ရုံပါ"
ချန်းခယ့်ယောင်ကတခစ်ခစ်ရယ်ပြီးမေးသည်။
"ကားကလှုပ်နေတယ်လို့မင်းထင်လား?"
ချန်းခယ့်ယောင်ကထပ်မေးပြန်သည်။
"အဲဒါဆိုသကြားလုံးတစ်ဘူးလောက်ဝယ်ချင်လား?"
ရုန်ယီ မျက်လုံးများဖွင့်လိုက်သည်။
"မင်းကဘာလို့ဒီလောက်စိတ်ရှုပ်စရာကောင်းတာလဲ"
ချန်းခယ့်ယောင်စကားမပြောဘဲ ရယ်ပဲနေသည်။
ရုန်ယီက ၎င်းနှင့်ပတ်သက်ပြီးမပျော်ပေ။ သူမတ်မတ်ထိုင်ပြီးတစ်စုံတစ်ခုပြောမည်အလုပ် ချန်းခယ့်ယောင်ထံမှအထူးတလှယ်အာမေဋိတ်သံထွက်လာသည်။ ထို့နောက် သူကားကိုလမ်းဘေးချရပ်လိုက်သည်။
ရုန်ယီသည် အရှေ့ကြည့်လိုက်ပြီး လမ်းဘေးတွင်လူတစ်ယောက်ကသူတို့ကိုသာမန်ထက်ပုံကြီးချဲ့ကာ မတ်တပ်ရပ်လက်ပြနေသည်ကိုမြင်ရသည်။ မဝေးလှသည့်နေရာတွင် ကားတစ်စီးပျက်နေပုံရသည်။
လမ်းမကအနည်းငယ်ခေါင်သည့်နေရာတွင်ရှိသည်၊ လူသွားလူလာအနည်းငယ်နှင့်ကားအနည်းငယ်ရှိသည်။ ဒီလူကအခက်အခဲတွေ့နေပုံရပြီးအကူအညီတောင်းနေခြင်းဖြစ်နိုင်သည်။
ချန်းခယ့်ယောင် ကားပေါ်မှဆင်းသွားပြီး ရုန်ယီကလည်းအကူအညီတောင်းသည့်လူကိုကြည့်လိုက်ပြီး 'အာ' ဆိုသည့်အသံထွက်သွား၏။
သူချန်းခယ့်ယောင်ထက်အရင် အမြန်လျှောက်သွားပြီးတစ်လုံးချင်းပြောလိုက်သည်။
"ကျွန်တော်တို့အချင်းချင်းသိကြလား?"
သူသည်ရုန်ယီကို အထက်အောက်ကြည့်ကာတစ်စုံတစ်ခုကိုမှတ်မိသွားခဲ့သည်။
"အို့!...သတိရပြီ၊ ကျွန်တော်တို့အရင်ကတွေ့ဖူးခဲ့ကြတာပဲ"
ဘေးတွင်ဖယ်ကြဉ်ခံထားရသည့်ချန်းခယ့်ယောင်ကကြားဝင်ဖြတ်၏။
"တိုက်ဆိုင်လိုက်တာ၊ မင်းသူငယ်ချင်းလား?"
ရုန်ယီ ခေါင်းလှည့်လိုက်သည်။
"တကယ့်သူငယ်ချင်းတွေတော့မဟုတ်ဘူး"
သူတို့သည်တွေ့ဖူးခဲ့ကြသော်ငြား စကားပြောခဲသည်။ ထိုသူနာမည်ကိုယွီဝမ်လော့မှန်း သိခဲ့သည်က သူ့ရင်ဘတ်ရှိအမည်ကတ်ပြားကြောင့်
ဖြစ်သည်။ ထိုသူကိုကောင်းကောင်းမှတ်မိနေရခြင်းမှာ ယွီဝမ်လော့ကအလွန်တရာချောမောနေခြင်းကြောင့်သာ။
"ကျွန်တော်တို့အရင်နေ့ကစူပါမားကတ်မှာတွေ့ခဲ့ကြတယ်လေ"
ချန်းခယ့်ယောင်ကသူ့ကိုကြည့်ပြီးရုန်ယီကိုကြည့်သည်။
တကယ်ကြီး ယွီဝမ်လော့ကားကပျက်နေသည်။
ပိုဆိုးတာက သူ့မိုဘိုင်းဖုန်းမှာအားကုန်သွားပြီးအကူအညီပင်ခေါ်မရတော့ပေ။ လက်ရှိ ပတ်ဝန်းကျင်တွင်ဘယ်သူမှရှိမနေ။ ဖြတ်သွားသည့်ကားနှစ်စီးကလည်းသူ့ကိုမမြင်ချင်ဟန်ဆောင်သွားကြသည်။ နောက်ဆုံးမှာ သဘောကောင်းသည့်လူတစ်ယောက်ကသူ့ကိုကူညီချင်စိတ်ရှိပြီး နှစ်ယောက်လုံးကလည်းအရင်ကတွေ့ဆုံခဲ့ဖူးကြသည်။ ယွီဝမ်လော့ခမျာ အလွန်ပျော်ရွှင်သွားသည်။
ချန်းခယ့်ယောင်က ဖုန်းငှါးပေးလိုက်သည့်အခါ သူချက်ချင်းကားဆွဲကုမ္ပဏီကိုဆက်သွယ်လိုက်သည်။ သို့ရာတွင် ရောက်လာဖို့ကအချိန်အနည်းငယ်ကြာဦးမည်။ကားဆွဲကုမ္ပဏီကလာသည့်လမ်းတွင်သူ့ကိုဆက်သွယ်မရမှာစိုးရိမ်သည်၊ ချန်းခယ့်ယောင်နှင့်ရုန်ယီမှာ သူနှင့်အတူစောင့်နေပေးရသည်။
"ဘုရားသခင်ကစောင့်ရှောက်ပါစေဗျာ"
"ခင်ဗျားကအရမ်းကြင်နာတတ်တာပဲ၊ မဟုတ်ရင် ဒီညကျွန်တော်ကားထဲမှာအိပ်ရမှာ"
ရုန်ယီ သူ့မျက်နှာကိုကြည့်ကာခေါင်းညိတ်ပြလိုက်သည်။
ချန်းခယ့်ယောင်ကသူ့နားထဲကပ်ပြောသည်။
"ဒီတော့...မင်းသူ့အတွက်ဘာများအသေအချာလုပ်ပေးလိုက်လို့လဲ?"
ရုန်ယီ သူ့ကိုမသိချင်ယောင်ဆောင်နေလိုက်သည်။
ခဏအကြာတွင် ကားဆွဲသည့်ကားတစ်စီးရောက်လာသည်။ ယွီဝမ်လော့က ဝန်ထမ်းနှင့်စကားပြောနေသည့်အချိန်ရုန်ယီကချန်းခယ့်ယောင်ကိုဘေးဘက်ဆွဲခေါ်လာပြီး အလေးအနက်ဖြင့်ကြည့်သည်။
"သူကကြည့်ကောင်းနေလို့မင်းကသူ့ကိုကြင်နာပြလိုက်တာလား?"
ချန်းခယ့်ယောင်ကအီလေးဆွဲနေသည်။
"ကိုယ်ကားရပ်လိုက်တော့သူ့မျက်နှာတောင်သေချာမမြင်လိုက်ရပါဘူး"
"ဒါပေမဲ့..သူကတကယ်ချောတာပဲ"
ချန်းခယ့်ယောင်ကထပ်ပြောပြန်သည်။
ရုန်ယီကသူ့ကိုစိုက်ကြည့်ပြီး ကားဆွဲနေသည့်ကားကိုကြည့်နေသည့်ယွီဝမ်လော့ထံလျှောက်သွားလိုက်သည်။
သူအဓိကအချက်ကိုသာတိုက်ရိုက်ပြောလိုက်သည်။
ယွီဝမ်လော့ကအံ့ဩသွားသည့်တိုင် သူ့ဖုန်းကိုချက်ချင်းထုတ်လိုက်သည်။
"ကျွန်တော့် QR ကုတ်ကိုဖတ်လိုက်လို့ရတယ်၊ အာ...ဒါပေမဲ့...ကျွန်တော်အခုဖုန်းဖွင့်လို့မရဘူး...ကျွန်တော့်ကိုအရင်အပ်ထားလိုက်လေ၊အိမ်ရောက်မှလက်ခံလိုက်မယ်"
မှင်သက်သွားပြီး ချန်းခယ့်ယောင်ကအမြန်ရောက်လာသည်။
"ခင်ဗျားလည်းကျွန်တော့်ကိုအပ်လိုက်လို့ရတယ်"
ယွီဝမ်လော့ကသူ့ကိုပါပြောလိုက်သည်။
"ဒီနေ့အတွက်ခင်ဗျားကိုကျေးဇူးတင်ပါတယ်၊ တခါတေလ ကျွန်တော်ညစာဖိတ်ကျွေးပါ့မယ်"
နောက်ဆုံး ချန်းခယ့်ယောင်ကသာယွီဝမ်လော့အိမ်ကိုကားမောင်းပို့ပေးခဲ့ရသည်။
ရုန်ယီက ကားနောက်ခုံတွင်ထိုင်ကာတစ်လမ်းလုံးယောကျ်ားနှစ်ယောက်ကြားရှိ စိတ်ချမ်းမြေ့ဖွယ်စကားဝိုင်းကိုနားထောင်လာရသည်။ သူတို့သည် သူစိတ်မဝင်စားသည့်ကားများအကြောင်းကိုပြောဆိုလာကြ၏။ကံကောင်း၍ သူအိပ်မပျော်ခင်အထိမကြာမြင့်လိုက်ချေ။
သူနိုးလာတော့ ကားကအောက်ထပ်လှေကားရင်းတွင်ထိုးရပ်ထားပြီးသူနှင့်ချန်းခယ့်ယောင်တို့နှစ်ယောက်သာရှိသည်။
ချန်းခယ့်ယောင်ကသူ့ကိုနောက်ပြန်လှည့်ကြည့်လာသည်။
ရုန်ယီအကြောဆန့်လိုက်ပြီး သူ့မျက်နှာကိုလက်ဖြင့်ပွတ်သပ်လိုက်၏။
"အိပ်ရာကနေတော့နိုးလာပြီ၊ အမူးရောပြေပြီလား?"
"မင်းအခုလေးတင်ဘာလုပ်ခဲ့လဲဆိုတာတော့မှတ်မိတယ်မဟုတ်လား?"
ရုန်ယီ မျက်ခုံးများကိုတွန့်ကွေးလိုက်ပြီးအိတ်ကပ်ထဲမှဖုန်းကိုထုတ်ပြီးစစ်ဆေးလိုက်သည်။
သူငယ်ချင်းဖြစ်ကြောင်း အထောက်အထားမက်ဆေ့ချ်တစ်စောင်ဝင်နေ၏။
ရုန်ယီက အသံကိုနှိမ့်ကာရေရွတ်သည်။
သူခေတ္တတွေဝေနေပြီးမှချန်းခယ့်ယောင်ကိုကြည့်သည်။
"မင်းကိုရောအပ်လိုက်သေးလား?"
ချန်းခယ့်ယောင်ကသူ့ကိုပြုံးပြသည်။