ငါကတော့မင်း 'အလောင်း' ကို ကိုယ်ထိလက်ရောက်စော်ကားလိုက်မှာပဲကြောက်တယ်!
ဖုန်းချပြီးသည့်အခါ ရုန်ယီမှာ စိတ်နှင့်ကိုယ်မကပ်နိုင်သေးဘဲရှိ၏။
ဤအခြေအနေကိုမြင်ရ၍ ချန်းခယ့်ယောင်ကသူ့အရှေ့တွင်လာရပ်ကာမေးသည်။
"သူပြောတာကတော့သူ့သမီးရုတ်တရက်ကြီးနေမကောင်းဖြစ်လာလို့မလာနိုင်တော့ဘူးတဲ့"
ရုန်ယီသူ့ကိုကြည့်ပြီး ရေရွတ်သည်။
အံ့အားသင့်မှုအနည်းအကျဉ်းကြောင့် ချန်းခယ့်ယောင်မှာသွားကျွတ်တော့မည်အထိရယ်သည်။
"နှမြောဖို့ကောင်းလိုက်တာ"
သူသည်ခေါင်းကိုခါယမ်း၍ ပြုံးသည်။
"မင်းကြိုးစားပမ်းစားပြင်ဆင်ပြီးဝတ်လာခဲ့ရတာတွေအလကားဖြစ်ကုန်ပြီ၊ ဒီနေရာမှာမင်းကိုဝမ်းသာပေးမဲ့သူဘယ်သူမှမရှိဘူး၊ ပြီးတော့သူကလက်ထပ်ပြီးသား၊ မင်းမှာအခွင့်အရေးလေးတောင်မရလိုက်ဘူး"
ရုန်ယီ သူ့ကိုတမဟုတ်ချင်းကြည့်လိုက်သည်။ သို့သော် အနှီအချိန်လေးတွင် စိတ်ဓာတ်မကျနေပေ။ ယွီဝမ်လော့ကလက်ထပ်ပြီးသမီးလေးတစ်ယောက်လည်းရှိသည်။ သူ့တွင်အခွင့်အရေးမရှိတော့သလိုချန်းခယ့်ယောင်တွင်လည်းမရှိတော့။ သူတို့နှစ်ယောက်လုံးက အတူတူနီးပါးပင်။ ထိုအကြောင်းစဉ်းစားလိုက်သည့်အခါ ရုန်ယီအနည်းငယ်စိတ်ပေါ့ပါးသွားသည်။
ချန်းခယ့်ယောင်ကပြောရန်ပြင်နေစဉ် ရုန်ယီ၏ဖုန်းကနှစ်ကြိမ်တုန်ခါလာသည်။
ယွီဝမ်လော့က ကတိအတိုင်းအွန်လိုင်းလက်မှတ်နှစ်စောင်ကိုပို့ပေးလာပြီး အနောက်မှစာပါထပ်ပို့ပေးလာသည်။
"လက်မှတ်သုံးစောင်၊ တစ်စောင်ကိုအပိုယူပြီးပျော်ခဲ့ကြပါ"
ရုန်ယီသည် တွန့်ဆုတ်နေပြီးနောက် ချန်းခယ့်ယောင်ကိုမက်ဆေ့ချ်ပြရန်ဖုန်းကိုလှည့်လိုက်သည်။ ချန်းခယ့်ယောင်ကတစ်ချက်လေးသာကြည့်ပြီးခေါင်းညိတ်သည်။
"ဒါပေမဲ့၊ ကိုယ်တို့ဒီကိုရောက်နေပြီးမှတော့လက်မှတ်တွေမဖြုန်းတီးသင့်ဘူးလေ၊ သေဘာတူလား?"
ရှင်းပြရခက်ခဲစွာဖြင့် သူနှင့်ချန်းခယ့်ယောင်တို့နှစ်ယောက်သာကစားရရန်ဖြစ်လာသည်။
လက်မှတ်ယူပြီး ဝန်ထမ်း၏လမ်းညွှန်ချက်အတိုင်း ဧည့်သည်များအတွက်အသိပေးစာကိုဖတ်ကာဂိမ်းထဲဝင်ခဲ့ကြသည်။ အခန်းလွတ်ထဲတွင်သူတို့နှစ်ယောက်သာကျန်နေခဲ့သည်။
ဝင်ပေါက်လမ်းကျဉ်းလေးသည် ကျဉ်းမြောင်းပြီးမီးမှိန်မှိန်လေးသာထွန်းထားကာ ကြက်သီးထဖွယ်လေထုကိုရည်ရွယ်ချက်ရှိရှိဖန်တီးထား၏။
သို့ထိတိုင် ထိုအချိန်တွင် သူ့အနောက်ရှိလူကတစ်လမ်းလုံးစကားများလာခဲ့သောကြောင့် ရုန်ယီသည်လမ်းကျဉ်းလေးအတွင်းလျှောက်သွားနေခြင်းကိုအလွန်အမင်းခက်ခဲသည်ဟုခံစားရသည်။
"ကိုယ်အခုဒိတ်လုပ်နေသလိုခံစားရတယ်"
ရုန်ယီ မကြားသလိုနေလိုက်သည်။
"မီးရောင်လေးမှိန်ပြီးနေရာကကျဉ်းကျဉ်းလေး"
ချန်းခယ့်ယောင်ကဆက်ပြောနေဆဲ။
"ဒါကစုံတွဲတွေအတွက်အပြင်အဆင်မျိုးပဲ"
ရုန်ယီ သူ့ကိုလျစ်လျုရှုထားသည်။
ချန်းခယ့်ယောင်ကစိတ်မပျက်သေး။
"မင်းကြောက်နေလား? ၊ ကိုယ့်လက်ကိုကိုင်ထားလို့ရတယ်နော်"
ရုန်ယီ သူ့ကိုမရှိသလိုသဘောထားနေသည်။
"ကြောက်လွန်းလို့စကားတောင်မပြောနိုင်တော့ဘူးလား?"
"မင်းကအရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ"
ရုန်ယီ သူ့ကိုသည်းမခံနိုင်တော့လေရာခေါင်းကိုလှည့်ကာစိုက်ကြည့်လိုက်သည်။
ချန်းခယ့်ယောင်မှာ ပါးစပ်ချက်ချင်းပိတ်သွားစေကာမူ နှုတ်ခမ်းထောင့်လေးကအပေါ်တက်သွားကာအပြုံးဖျော့ဖျော့လေးပေါ်လာသည်။ အလင်းရောင်က အလွန်ဆိုးနေသော်ငြား ရုန်ယီသည်ထိုသူကသူ့ကိုခပ်ပြုံးပြုံးကြည့်နေသည်ကိုဖြင့်မြင်ရသေးသည်။
အကြေက်တရားများထပ်မရှိနိုင်တော့ချေ။
သူ့စိတ်ကအခြားသော လှုံ့့ဆော်မှုတစ်ခုကိုအပြင်းအထန်ခံစားနေရသည်။
ရုန်ယီတစ်ဖက်သို့အမြန်လှည့်၍သုတ်ချေတင်လိုက်၏။
"ပြဿနာမရှာနဲ့၊ ငါ့ကိုစိတ်ပျက်အောင်မလုပ်နဲ့"
ကော်ရစ်ဒါအဆုံးတွင်တံခါးတစ်ချပ်ရှိသည်။
ရုန်ယီ ပျာတိပျာယာနှင့်အချိန်ဆွဲမနေဘဲ တံခါးလက်ကိုင်ကိုလှည့်ဖွင့်လိုက်သည်။ တံခါးကိုဖွင့်လိုက်ပြီးသည်နှင့်သူ စိတ်တင်းကျပ်မှုကိုခံစားလိုက်ရသည်။
အခန်းထဲတွင်မီးမဖွင့်ထားပေ။ ကော်ရစ်တာမှရိုးတိုးရိပ်တိတ်ကျနေသည့် အလင်းရောင်မှလွဲကာအရာအားလုံးပကတိမှောင်မိုက်နေသည်။ ဘာတစ်ခုမှမမြင်ရလုနီးပါးပင်။
၎င်းကိုမြင်သည်နှင့် ချန်းခယ့်ယောင်က အခန်းထဲသို့ကြည့်ရန်ဖုန်းကိုထုတ်ကာ ဖုန်းမီးလေးကိုဖွင့်လိုက်သည်။ ထို့နောက် ယောကျ်ားနှစ်ယောက်လုံးမှာတပြိင်တည်း ပင့်သက်ရှိုက်မိလိုက်သည်။ ရုန်ယီမှာခြေတစ်လှမ်းပင်နောက်ဆုတ်မိသွားပြီး သူ့ကျောကချန်းခယ့်ယောင်ရင်ဘတ်နှင့်တိုက်မိသွားသည်။
အခန်းအလယ်ရှိ ဆိုဖာပေါ်တွင်လူတစ်ယောက်သည် ဖျော့တော့စွာဖြင့်မလှုပ်မယှက်လဲလျောင်းနေပြီး ၎င်းဘေးပတ်လည်တွင်သွေးများအိုင်နေသည်။
ရုန်ယီသည်အလွယ်တကူကြောက်တတ်သည့်သူမဟုတ်သော်ငြား အပြင်းအထန်တုန်လှုပ်သွားသည်။ သူလက်ညိုးတစ်ချောင်းမြှောက်ကာ လူရှိရာကိုလက်ညိုးထိုးပြလိုက်သည်။
ဘေးတွင်ချထားသည့်လက်ကိုချန်းခယ့်ယောင်ကကိုင်ထားသည်။
"ကိုယ်မင်းကိုပြောထားတယ်လေ၊ မင်းကြောက်နေရင်ကိုယ့်ကိုကိုင်ထားပါဆို"
ရုန်ယီ ပြန်မဖြေသည့်တိုင်သူ့လက်ကိုတင်းကျပ်နေသည်အထိဆွဲထားသည်။
ရုန်ယီ ဆိုဖာကိုအနီးကပ်ကြည့်ရန်တုံ့ဆိုင်းနေသည်၊ ချန်းခယ့်ယောင်က ဘေးနံရံကိုမီးထိုးရန်ဖုန်းမီးကိုချိန်ညှိနေသည်။ ထို့နောက် သူတို့အခန်းမီးကိုဖွင့်လိုက်ကြသည်။
သူတို့မီးဖွင့်လိုက်သည်နှင့် တစ်ခန်းလုံးလင်းထိန်သွားသည်။ စိတ်ပိုင်းဆိုင်ရာအရ အသေအချာပြင်ဆင်ပြီးဆိုဖာကိုထပ်ကြည့်လိုက်သည့်အခါ အလွန်အကျွံကြောက်စရာမကောင်းတော့ပေ။ ရုန်ယီသည်ချန်းခယ့်ယောင်လက်ကိုကိုင်ထားလျက် သတိထားကာထိုလူရှိရာကိုခြေနှစ်လှမ်းတိုးသွားသည်၊ ပြီးနောက် သူအံ့အားသင့်ဖွယ်အရာတစ်ခုကိုတွေ့ရှိသွားသည်။
အဆိုပါ 'အလောင်းကောင်' ကဝန်ထမ်းတစ်ယောက်သရုပ်ဆောင်နေခြင်းသာ။
ထိုဝန်ထမ်းမှာ အင်မတန်ချောမောနေလေသည်။
ရုန်ယီမှာထပ်မံကြောက်ရွံ့မနေတော့ပေ။ သူတံတွေးမြိုချလိုက်ပြီးဝန်ထမ်းအနားတွင်ဆောင့်ကြောင့်ထိုင်ကာ အသေအချာကြည့်နေ၏။
ချန်းခယ့်ယောင်ကသူ့ကိုအနောက်မှလှမ်းဆွဲသည်။
ချန်းခယ့်ယောင်က သူ့ကိုဆွဲ မ သည်။
"အခြားလူမျက်နှာကိုစိုက်ကြည့်ပြီးဘာသဲလွန်စတွေ့မှာလဲ?"
"သူမျက်နှာမူထားတဲ့ဘက်ကိုကြည့်လေ"
သူစတင်ပြီးယုတ္တိမရှိသည့်စကားများပြောလာသည်။
"အင်း...အဲဒီမှာစာအုပ်စင်ရှိတယ်၊ စာအုပ်စင်ပေါ်မှာသတိထားမိလောက်စရာရှိမလားလို့သွားရှာချေ"
"ငါသူ့ကိုယ်ပေါ်မှာသဲလွန်စထပ်ရှာလိုက်ဦးမယ်"
ထို့နောက် သူချန်းခယ့်ယောင်ဆွဲ မ သည်ကိုသာခံလိုက်ရ၏။
ဧည့်သည်များ လမ်းမှားမည့်အရေးမှရှောင်ရှားနိုင်ရန် အခန်းထဲမှပရိဘောဂများကိုရိုးရှင်းစွာဖြင့်ပြင်ဆင်ထားသည်။ အခန်းလယ်မှဆိုဖာခုံမှလွဲ၍ စာအုပ်စင်တစ်စင်သာရှိသည်၊ တီဗွီစင်ပေါ်တွင်တီဗွီရှိသည်၊ အလယ်တွင်လက်ဖက်ရည်စားပွဲခုံအလွတ်တစ်ခုရှိပြီး နံရံပေါ်တွင်ပန်းချီကားတစ်ချပ်ရှိသည်။
နေရာတိုင်းကသံသယဝင်စရာကောင်းသည်။
လူနှစ်ယောက်သည်တစ်ခန်းလုံးကိုမွှေနှောက်ရှာကြပြီးရှုပ်ပွနေသည့်ပစ္စည်းများသာတွေ့ခဲ့ရသည်၊ လက်ရှိတွင်မည်သည့်အရာကအသုံးဝင်နိုင်မှန်းမသိကြချေ။
ဆိုဖာတွင်ထိုင်တွေးနေရင်း ရုန်ယီပြောလိုက်၏။
"key item ကအဲဒီလူပေါ်မှာပဲရှိမယ်လို့ငါထင်တယ်"
ရုန်ယီ မတ်တပ်ရပ်ပြီးပြောလိုက်သည်။
"သူ့အကျီအိတ်ကပ်ထဲသွားရှာမယ်"
ချန်းခယ့်ယောင်ကသူ့ကိုတားသည်။
"သူ့ဆီမှာသော့ရှိမရှိရှာမယ်"
ချန်းခယ့်ယောင်ကလှည့်ကာထိုသူထံသွားသည်။
"ငါလုပ်လို့ရတာကိုဘာလို့မင်းကလုပ်မှာလဲ?..မင်း..."
"မင်းကိုယ်မင်းစိတ်မထိန်းနိုင်ဘဲ 'အလောင်း' ကိုကိုယ်ထိလက်ရောက်စော်ကားမိမှာစိုးလို့၊ ပြီးရင်ကိုယ်တို့နှစ်ယောက်လုံးဒီနေရာကနေနှင်ထုတ်ခံရလိမ့်မယ်"
ရုန်ယီ၏မျက်နှာကနီရဲသွား၏။
"မင်းဘာတွေပြောနေတာလဲ!..မင်းသူ့မျက်နှာချောချောလေးကိုကြည့်ပြီးမကောင်းတာတွေစဉ်းစားနေတာသိသာတယ်!"
"အဲဒီတော့မင်းကသူ့ကိုချောတယ်ထင်တယ်ပေါ့"
ယောကျ်ားသားနှစ်ယောက်သည် စကားတပြောပြောနှင့်ထိုသူလှဲနေသည့်နေရာထံလျှောက်သွားကြသည်၊ နာခံမှုရှိစွာဖြင့်အလောင်းကောင်ပမာ တစ်ချက်မလှုပ်ဘဲသရုပ်ဆောင်နေသည့်ဝန်ထမ်းသည်သိသာထင်ရှားစွာတုန်ယင်နေသည်။
မိတ်ကပ်လိမ်းခြယ်ထားသည့်သူ့မျက်နှာမှာ အနည်းငယ်ဖျော့တော့နေပုံရသည်။
"ကြည့်ပါလား၊ မင်းအလောင်းကိုခြောက်လိုက်မိပြီ"
"သူ့ကိုတဏှာမျက်လုံးနဲ့ကြည့်နေတာမင်းလေ"
ချန်းခယ့်ယောင်ကား မကျေမနပ်ဖြစ်နေပြီ။
"သူ့ကိုရှာချင်တာလည်းမင်းပဲ"
ရုန်ယီမှာဒေါသထွက်လွန်း၍ အလောင်းကိုပင်ဆွဲထူပြီးဆုံးဖြတ်ခိုင်းလိုက်ချင်သည်။
"ဘာသေဘာလဲ? ငါသူ့အိတ်ကပ်တွေရှာနေတုန်းကမင်းပဲငါ့ကိုမျက်စိဒေါက်ထောက်ကြည့်နေခဲ့တာလေ"
"ကိုယ်လုပ်တာကိုင်တာမှားနေရင်မင်းကိုယ့်ကိုအချိန်မရွေးတားလိုက်လို့ရတယ်၊ အိုကေ?"
ရုန်ယီက တွန့်ဆုတ်နေပြီးခေါင်းညိတ်ပြသည်။
ထိုသူက ရှပ်အကျီဝတ်ထားပြီး အတွင်းအကျီ၏ရင်ဘတ်အနားတွင်အိတ်ကပ်ရှိသည်။ အနှီအနေအထားကအနည်းငယ်ကို့ရို့ကားယားဖြစ်နေသည်။ ချန်းခယ့်ယောင်သည် ရုန်ယီ၏စူးရှသည့်အကြည့်များအောက်တွင်အလွန်အမင်းသတိထားနေရသောကြောင့် ရှာဖွေရန်သူ့လက်နှစ်ချောင်းကိုသာသုံးရသည်။
ချန်းခယ့်ယောင်ကခေါင်းညိတ်သည်။
ရုန်ယီသည်အမြင်မမှားမှန်းသိသည်။ အလောင်းကထပ်လှုပ်သွားခဲ့သည်။
နှစ်ယောက်လုံး အကြည့်ချင်းဖလှယ်လိုက်ကြပြီးထိုသူ၏ဘောင်းဘီအိတ်ကပ်ကိုလှည့်ကြည့်လိုက်ကြသည်။
"ဒီတစ်ခါတော့မင်းလုပ်တော့"
ချန်းခယ့်ယောင်က 'ကျေးဇူးပြု၍' အမူအရာမျိုးလုပ်ပြသည်။
ရုန်ယီ တံတွေးများမြိုချလိုက်ပြီးချန်းခယ့်ယောင်၏နည်းလမ်းအတိုင်းလက်နှစ်ချောင်းထုတ်ကာ ဂရုတစိုက်နှင့်စမ်းတဝါးဝါးနှိုက်နေသည်။
"တကယ်နွေးနေတယ်၊ ငါအထဲထဲစစ်ကြည့်လိုက်မယ်"
ထိုအခိုက် တစ်လျှောက်လုံးသည်းခံနေရသည့်အလောင်းမှာမချုပ်တည်းနိုင်တော့ဘဲ ပါးစပ်ဖွင့်လာပြီးတိုးတိုးလေးပြောသည်။
"သဲလွန်စကကျွန်တော့်ကိုယ်ပေါ်မှာမရှိဘူး"
တစ်လျှောက်လုံး သက်ရှိလူသားတစ်ယောက်ကသရုပ်ဆောင်နေမှန်းသိသည့်တိုင် 'အလောင်း' ကရုတ်တရက်ကြီးစကားပြောလာခြင်းမှာအနည်းငယ်ထိတ်လန့်စရာကောင်းနေသေးသည်။ ရုန်ယီကသူ့လက်ကိုချက်ချင်းရုတ်ကာ ချန်းခယ့်ယောင်နားကပ်သွားပြီးမှီထားလိုက်သည်။
အလောင်းကမျက်လုံးမှိတ်ထားပြီးအလွန်အမင်းနာကျင်နေပုံဖြင့်ဆိုသည်။
"ကုတ်ဖြည်ဖို့ကစာအုပ်စင်ထိပ်မှာရှိတယ်"
နောက်ဆုံး သူတို့နှစ်ယောက်သည်နောက်အခန်းတစ်ခန်းကိုချောမွေ့စွာဝင်သွားနိုင်ခဲ့ပြီး အလွန်ရှက်နေခဲ့ကြသည်။
"ကိုယ့်အထင်တော့အခန်းဖွဲ့ထားတာတွေကနည်းနည်းလိုသေးတယ်"
ချန်းခယ့်ယောင်ကတိုးတိုးလေးသာဆိုသည်။
"ကိုယ်ပေါ်မှာဘာပစ္စည်းမှမထားရင်လည်းအိတ်ကပ်ပါတဲ့အကျီတော့မဝတ်ခိုင်းသင့်ပါဘူး"
ရုန်ယီ ထောက်ခံသည့်အနေဖြင့်ခေါင်းညိတ်ပြသည်။
သို့သော်ငြား သူမဆိုင်းမတွဆက်ပြောလာ၏။
"အဲဒီလိုဆိုရင်လည်းမင်းကသူ့အဝတ်အစားတွေကိုချွတ်ပြီးစစ်ဆေးကြည့်ဦးမှာပဲ"
ရုန်ယီ ခပ်တိုးတိုးငြင်းသည်။
စကားပြောနေစဉ် နှစ်ယောက်လုံးသည်နံရံပေါ်မှအချက်ပြများကိုဂရုတစိုက်ရှာဖွေကြသည်။ ပြီးခဲ့သည့်အခန်းတွင်ရှာတွေ့ခဲ့သည့်စာရွက်အရဤအခန်းကလျို့ဝှက်ချက်ရှိနေသည့်အခန်းလွတ်တစ်ခန်းဖြစ်နိုင်၏။အသေအချာရှာဖွေကြည့်ကြပြီးသည်တွင် ယောကျ်ားပျိုနှစ်ယောက်သည် နံရံပေါ်တွင်အခေါင်းပေါက်တစ်ခုကိုတွေ့ကြသည်။ ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်လုံးအချိန်အတန်ကြာတွန်းနေကြသည့်တိုင်လုံးဝမရွေ့ပေ။ 'ငါတို့လုပ်နေတာမှားနေပြီထင်တယ်'၊ သူတို့တွေးမိကြသည်။
"လျို့ဝှက်ထိန်းချုပ်ဂီယာတစ်ခုရှိမယ်ထင်တယ်"
ရုန်ယီကမပြောခင်စဉ်းစားနေသည်။
"ပန်းအိုး၊ စားပွဲတင်မီးအိမ် ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်၊ လှည့်ကြည့်လိုက်နံရံပွင့်သွားလိမ့်မယ်"
"ဒါပေမဲ့အခန်းထဲမှာအဲဒီလိုမျိုးမှမရှိတာ"
ချန်းခယ့်ယောင်ကအခန်းကိုလှည့်ပတ်ကြည့်သည်။
"ကောက်ချက်ချကြည့်ပြီးတူနေရင်လိုက်ရှာကွာ၊ ဟုတ်ပြီလား?"
အခန်းထဲတွင်ရှာနေရင်းသူပြောလိုက်သည်။
"မင်းစာရေးဆရာမဟုတ်ဘူးလား"
"စာရေးဆရာဖြစ်နေတာနဲ့အဲ့ဒါကဘာဆိုင်လို့လဲ?"
ရုန်ယီ တစ်ခုခုကိုသတိရသွားသည်၊ အခန်းကိုလှည့်လည်ကြည့်နေရင်းတစ်ခါမှမမေးဖူးသလိုဟန်ဆောင်ပြီးမေးလိုက်သည်။
"မင်းရဲ့ကလောင်နာမည်ကဘာလဲ? ငါ့ကိုတစ်ခါမှမပြောဖူးသေးဘူးနော်"
"မင်းရှာဖွေတဲ့နေရာမှာပဲအာရုံစိုက်ထားပါလားကွာ?"
အနှီသူသည် မေးခွန်းကိုရှောင်ရှားနေတာသိသာ၏၊ ရုန်ယီကလည်းအလွတ်မပေးချင်ပေ၊ သူဆက်ပြောလိုက်သည်။
"ငါ့မှာအကြိုက်ဆုံးစာရေးဆရာရှိတယ်၊ မင်းသူ့ကိုသိလားတော့ငါလည်းမသိဘူး"
ရုန်ယီကစကားပြောနေစဉ် ချန်းခယ့်ယောင်ကိုကြည့်နေခဲ့သည်။
တစ်ဖက်လူ၏မျက်နှာအမူအရာကပြောင်းလဲသွားသည်။
လိမ်သည်။ သူ့အခန်းထဲမှစာအုပ်စင်ပေါ်တွင် 'နဂါးရှာပုံတော်' ဆိုသည့်စာအုပ်တွဲရှိသည်။ သူစာရေးဆရာကိုမသိဘူးဟုပြောလျှင်မည်သူမှယုံမည်မဟုတ်။ သူ့အမူအရာကလည်းအလွန်ကိုသံသယဖြစ်ဖွယ်ကောင်းသည်။
ရုန်ယီသည် တစ်စုံတစ်ခုကိုထပ်ပြောရန်တွေးနေစဉ်သူတစ်ခုခုကိုနင်းမိလိုက်သည့်အသံထွက်လာသည်။ ထို့နောက် တစ်ချိန်လုံးငြိမ်နေခဲ့သော နံရံက 'ကလစ်' ဆိုသည့်အသံထွက်လာသည်။
သူတစ်ချက်ငုံ့ကြည့်ပြီး ကြမ်းပြင်တွင်လေးထောင်အဖုလေးကိုတွေ့လိုက်သည်။
ချန်းခယ့်ယောင်သည်နံရံကိုသွားကာ နောက်တစ်ခါတွန်းနေခိုက်ရုန်ယီသည် ဆောင့်ကြောင့်ထိုင်၍မြင့်တက်နေသည့်ကြမ်းပြင်ဖုလေးကိုအနီးကပ်လေ့လာနေသည်။ အပေါ်တွင်ထွင်းထားသည့်ပုံစံကိုမြင်လိုက်ပြီးနောက် သူထိတ်လန့်သွားကာတစ်စုံတစ်ရာဖြစ်ပျက်တော့မည်ကိုခံစားရသည်။ သူခုန်ထလိုက်ပြီးချန်းခယ့်ယောင်ထံအမြန်ပြေးသွားလိုက်၏။
သူ နံရံကိုဖွင့်ရန်တွန်းနေသောခန်းခယ့်ယောင်ကျောကိုထိလိုက်သည်။ ပြောနေရင်းလက်လှမ်းကာ ချန်းခယ့်ယောင်မျက်လုံးကိုအုပ်ထားလိုက်သည်။
စာရေးသူတွင်ပြောစရာရှိပါသည်။
အလောင်း: ငါ့မှာနာမည်မရှိပါဘူး။ ငါနှုတ်ထွက်ဖို့စီစဉ်ထားတယ်။ ငါကြယ်ငါးလေးလိုချင်သေးတယ်။