အပိုင်း ၄၂
Viewers 14k

Chapter 42
မင်း...မင်းငါ့ကိုမင်းနဲ့အတူအိပ်စေချင်တာလား?
ချန်းခယ့်ယောင်သည် သူ၏လုပ်ပုံကြောင့်ထိတ်လန့်သွားရကာအလိုအလျောက် ရုန်းမိလိုက်သည်။
"မင်းဘာလုပ်တာလဲ?"
သူသည် သူ့မျက်လုံးပေါ်မှရုန်ယီ၏လက်ကိုဖယ်ပစ်ရန်ကြိုးစားသည့်တိုင် အားအများကြီးမသုံးထား၍ရှုံးနိမ့်သွားရသည်။
ရုန်ယီသည်ချန်းခယ့်ယောင်ခေါင်းကိုအနောက်မှကိုင်ထားသည်။ ချန်းခယ့်ယောင်တစ်ယောက် အခန်းထဲတွင်ရှိနေသည့်အရာများကိုမြင်တွေ့သွားမည်ကို သူတကယ်ကြောက်သည်။ ၎င်းက ချန်းခယ့်ယောင်အတွက် ဝန်ထမ်းမှအလောင်းလုပ်တမ်းသရုပ်ဆောင်ပြခြင်းထက်ပင်အဆတစ်သောင်းခန့် တုန်လှုပ်ဖွယ်ကောင်းသည်။
သူကြမ်းပြင်ပေါ်မှ ရစ်ခွေနေသည့်ပုံစံကိုမြင်လိုက်ပြီးတည်းကမကောင်းသည့်ခံစားချက်ရနေသည်။ ယခုသူ့ရှေ့တွင်တွန်းဖွင့်လိုက်၍ မည်းမှောင်နေသောနံရံနောက်ရှိစာအုပ်စင်ပေါ်မှ ပုလင်းနှင့်စည်ပိုင်းများကိုတွေ့လိုက်သည်တွင် ရုန်ယီ၏သွေးများမှာအေးခဲသွားသည်။
သူတို့ဝင်မလာခင် ဖတ်ခဲ့ရသည့်နောက်ကြောင်းရာဇဝင်အရ ဤအိမ်၏ပိုင်ရှင်ယောကျ်ားမှာ အမည်မသိစုဆောင်းတတ်သောဝါသနာရှိသည်။ ၎င်းကတွားသွားသတ္တဝါ၏ဓာတ်ခွဲနမူနာများ စုဆောင်းမှုမှန်းရုန်ယီတစ်ခါမှမတွေးမိချေ။ စင်ပေါ်မှအပြင်းဆုံးရိုက်ချက်မှာ မီမီထက်နှစ်ဆကြီးသောမြွေတစ်ကောင်ဖြစ်ပြီး ဖန်ခရားလေးတစ်ခုအတွင်းထည့်ထား၏၊၎င်းမှာအထင်အရှားအရှင်ကြီးဖြစ်နေသေးသည်။
သူကိုယ်တိုင်ပင်မြင်တွေ့ပြီးကြောက်သွားခဲ့သည်။ ချန်းခယ့်ယောင်သာအနှီမြွေကိုမြင်ပါကသနားစရာအယ်လ်ဖာမှာ နေရာမှာတင်တစ်အိမ်လုံးပတ်ပြေးနေမည်ကို သူစိုးရိမ်သည်။ အိမ်ကသူတို့အိမ်လည်းမဟုတ်။ ချန်းခယ့်ယောင်ကတစ်ခုခုကိုဝင်တိုက်မိ၍ ကျိုးပဲ့သွားလျှင်သူတို့လျော်ရလိမ့်မည်။
"မကြည့်နဲ့...ဒီဘက်ကိုလှည့်"
ရုန်ယီမှာ ချန်းခယ့်ယောင်ကိုယ်ကိုတစ်ဖက်လှည့်လာရန်ဖိအားပေးနေ၏။
"အဲဒီကပစ္စည်းတွေအကုန်မကောင်းတာတွေချည်းပဲ"
ရုန်ယီခမျာ ချန်းခယ့်ယောင်စိတ်လွတ်ပြီးသောင်းကျန်းမည့်အရေးကြောက်ရ၍ 'မြွေ' ဆိုသောစကားလုံးကိုမပြောရဲပါချေ။
"ဟား"
ချန်းခယ့်ယောင်ထံတွင် မပြောလည်းသိနိုင်သည့်စွမ်းရည်မရှိပေ။ ထိုအစား ရုန်ယီ၏စကားများကသူ၏သိချင်စိတ်ကိုပိုမိုပြင်းပြလာစေသည်။
"ဘယ်လောက်ဆိုးလို့လဲ"
ရုန်ယီသည် အရည်များအတွင်းစိမ်ခံထားရသောအတုမှန်းအစစ်မှန်းမသိသည့်မြွေများကိုတစ်ချက်ကြည့်လိုက်သည်။
"အရမ်းဆိုးတယ်၊ အော်ဂလီဆန်စရာပဲ၊ မင်းလည်းကြည့်ချင်မှာမဟုတ်ဘူး"
ကံမကောင်းစွာနှင့် ၎င်းမှာဆန့်ကျင်ဘက်သဘောသက်ရောက်သွားသည်။ ချန်းခယ့်ယောင်ကအလွန်စိတ်လှုပ်ရှားလာသည်။
"ဘာလဲ? ၊ ဘာလို့မင်းပဲကြည့်နေတာလဲ? ၊ ကိုယ်လည်းကြည့်ချင်တယ်"
သူသည်အချိန်များစွာ လေ့ကျင့်ခန်းပုံမှန်လုပ်လာခဲ့သည့်အယ်လ်ဖာတစ်ယောက်ပင်။ သူကရုန်ယီထက်ပိုသန်မာသည်ဆိုသည့်အချက်မှာသေချာ၏။ သူသာအမှန်တကယ်ဆန္ဒရှိလျှင် ရုန်ယီ၏လက်ထဲမှလွတ်မြောက်ရန် လွယ်ကူလွန်းသည်။ လူတစ်ယောက်ကိုဖမ်းချုပ်ရန်စွမ်းရည်သာလိုအပ်သည်။ သူသည်ရုန်ယီ၏ပြုတ်တူအလားလက်နှစ်ဖက်ကိုခွာနိုင်ရုံမက ရုန်ယီကိုအလွယ်တကူ တစ်ပတ်လှည့်လိုက်နိုင်ပြီးသူ့လက်မောင်းများအတွင်းဆွဲသွင်းထားလိုက်နိုင်သည်။
ရုန်ယီသည် ဘာဖြစ်သွားမှန်းမသိရသေးခင်တစ်နေရာတည်းမှာပင်စက်ဝိုင်းပုံသဏန်နှစ်ပတ်ခန့်ပတ်ပြီးသွားလေပြီ။ သူအသိစိတ်ပြန်ကပ်လာချိန်တွင် သူ့အရှေ့တွင်ရှိနေသည်ကချန်းခယ့်ယောင်၏လည်ပင်း။ ကံခေသည်မှာ သူ၏ရှက်သွေးဖြာနေမှုနှင့်ရင်ခုန်သံကိုမခံစားရသေးခင် သူ့ခါးပေါ်လက်တင်ထားခဲ့သည့်အယ်လ်ဖာထံမှတုန်လှုပ်ဖွယ်ရာအော်သံကြီး ထွက်ပေါ်လာလေ၏။
ရုန်ယီသည် ချန်းခယ့်ယောင်တွင်အတွင်းအားများပါရှိနိုင်သည်ဟုတွေးမိသည်။ သူ့ထံမှခြင်္သေ့ကဲ့သို့ဟိန်းသံက သူ့နားများကိုအူနေစေပြီးတစ်နာရီခွဲခန့်လူကိုမူးဝေနေစေသည်။
ရုန်ယီ ဆေးရုံသွားပြီးဆေးစစ်ကြည့်ရန်တွေးနေခိုက်ဖုန်းမြည်လာသည်။ သူတို့ကိုလက်မှတ်ပို့ပေးခဲ့သည့်သဘောမနောကောင်းလှပါသောယွီဝမ်လော့က သူတို့ပျော်နေလား၊ မပျော်နေလားမသိဘဲမက်ဆေ့ချ်ပို့လာသည်။
"ပျော်စရာကောင်းလားဟင်"
မပြင်ဆင်ထား၍ ရုန်ယီဘယ်လိုပြန်ဖြေရမှန်းမသိပေ။
သူ ဆိုဖာပေါ်တွင်ထိုင်နေပြီး မဝေးလှသည့်စာရေးစားပွဲခုံတွင်ထိုင်နေကြသောလူနှစ်ယောက်ကိုလှမ်းကြည့်သည်၊ အစစ်အမှန်ကမျှော်လင့်ထားသည်ထက်ပိုကာ ပျောက်ကွယ်သွားသည့်ခံစားချက်ပင်။
အဆုံးသတ်တွင် သူပြန်ဖြေလိုက်၏။
"အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်"
ယွီဝမ်လော့ကစိတ်ဝင်စားနေပုံရသည်။
"တကယ်ကြီး?...သန်ဘက်ခါနားရက်ယူတဲ့အခါ သူငယ်ချင်းနှစ်ယောက်ကိုခေါ် ပြီးသွားကြည့်ရမယ်"
ရုန်ယီ သက်ပြင်းသာချလိုက်သည်။
"မင်းစီစဉ်ထားသလိုဖြစ်မှာမဟုတ်ဘူး၊ သန်ဘက်ခါမှာသူတို့လုပ်ငန်းကိုဖွင့်နိုင်ပါ့မလားလို့ငါသံသယဝင်နေတယ်"
ကြောက်လန့်နေသောချန်းခယ့်ယောင်၏ ထိုးစစ်ဆင်သည့်အားကသူစိတ်ကူးထားသည်ထက်ပို၍ အံ့ဩဖွယ်ကောင်းသည်။ ရုန်ယီဖြစ်ပျက်သွားသမျှကိုနားလည်လိုက်ချိန်တွင် ဝန်ထမ်းများကအခန်းထဲသို့ဒရောသောပါးပြေးဝင်လာခဲ့ကြသည်။
အခန်းအပြင်အဆင်မှာဂိမ်းအတွက်ရည်ရွယ်ထားခဲ့သည်၊ ယခုမူပေါက်ကွဲထားသည့် မြင်ကွင်းအဖြစ်ပြောင်းလဲသွားသည်။ လက်ရှိတွင်သူတို့သည် အရင်ဆုံးလျော်ကြေးငွေပျမ်းမျှပမာဏအတွက်စကားပြောကြရသည်။
ချန်းခယ့်ယောင်မှာအကြောက်မပြေသေးပေ။ တစ်ဖက်ကပြောသည်။
"ကျွန်တော်တို့ပျက်စီးသွားတာတွေကိုသက်သေအနေနဲ့ဓာတ်ပုံရိုက်ယူထားလိုက်ပါ့မယ်"
သူ၏မျက်နှာမှာအလွန်အကျွံဖြူဖျော့သွားရပြီး ခေါင်းကိုအသည်းအသန်ယမ်းနေသည်။
ဖန်ခရားထဲမွမြွေမှလွဲကာ အခန်းထဲရှိစင်ပေါ်မှကျန်သည့်အဆိပ်ပြင်းမြွေများနှင့်အမည်မသိဆေးစိမ်တွားသွားကောင်အသေများက သရုပ်ပြရန်အတွက်လုပ်ထားသည့်အတုများသာဖြစ်စေကာမူ ချန်းခယ့်ယောင်အတွက်အင်မတန်ကြောက်စရာကောင်းနေဆဲပင်။
နောက်ဆုံး တစ်ဖက်လူကကျသင့်ငွေကိုပြသလာသည့်အခါ ရုန်ယီမှာအကျိုးအကြောင်းမသင့်သလိုခံစားရသည်။ သူတို့က ပစ္စည်းများပျက်စီးဆုံးရံှုးမှုကြောင့် လုပ်ငန်းကိုပိတ်ရလိမ့်မည်ဟုပြောကြသည်။
"ဒါပေမဲ့ခင်ဗျားတို့ရဲ့ ကြော်ငြာစာထဲမှာမြွေတွေအများကြီးရှိတယ်လို့မပြောထားဘူးလေ"
သူမနေနိုင်တော့၍ကြားဖြတ်ပြောလိုက်သည်။
"ကျွန်တော့်သူငယ်ချင်းကကြောက်လွန်းလို့အခုအရူးလိုဖြစ်နေပြီ၊ ပြီးတော့ကျွန်တော်ခင်ဗျားတို့ကိုလျော်ကြေးလည်းမတောင်းရသေးဘူး"
ချန်းခယ့်ယောင်ကသူ့ကိုပြန်ကြည့်သည်။
"ဘာကိုကြောက်တာလဲ"
"တွေ့လား၊ ကြောက်လွန်းလို့သူ့နားတွေတောင်ကောင်းကောင်းအလုပ်မလုပ်တော့ဘူး"
သူတို့နောက်ဆုံးသဘောတူလိုက်သည့်ကိန်းဂဏန်းမှာ ရုန်ယီကိုရင်နင့်သွားစေသည်၊ သူသည်၎င်းကိုကြားပြီးပြီးချင်း တစ်စုံတစ်ယောက်သူ့အသားကိုလှီးထုတ်သွားသလိုပင်။ ချန်းခယ့်ယောင်ကဒေါသကိုထိန်းချုပ်ထားနိုင်သည်ဟုသူထင်ခဲ့သည်။ သူ၏လုပ်သက်အတွေ့အကြုံအရ ယခုကဲ့သို့သောအခြေအနေမျိုးတွင် အနည်းငယ်အချေအတင်ပြောလိုက်ရုံဖြင့် ငါးဆယ်ရာခိုင်နှုန်းခန့်လျှော့ပေါ့ပေးရန်သဘောတူညီချက်ရနိုင်လောက်သည်။
သို့တစေ ချန်းခယ့်ယောင်သည်အလွန်ဂရုစိုက်နေပုံမရပေ။ သူတို့အပြင်ထွက်လာချိန်တွင် အတုံ့အလှည့်အနေဖြင့်သူသည်ရုန်ယီကိုနှစ်သိမ့်ပေးရန်ကြိုးစားနေခဲ့သည်။
"ထားလိုက်တော့၊ ပိုက်ဆံကအများကြီးမဟုတ်ပါဘူး၊ ပိုက်ဆံကိုဆုံးရှုံးလိုက်ရတာက ကံဆိုးတာတွေပါဖယ်ပြီးသားဖြစ်တယ်"
အမှန်တကယ် အဆင့်အတန်းကွာဟမှုပင်။ သူ့ကိုတစ်လကြိုပြီးအခန်းငှါးခလျှော့ပေးခဲ့ခြင်းမှာ အံဩစရာမရှိတော့။
ရုန်ယီကသူ့ကိုခန့်မှန်းရခက်သည့်အမူအရာဖြင့်ကြည့်နေသည့်အခါချန်းခယ့်ယောင်ကရုတ်တရက်သက်ပြင်းချသည်။
"ပိုက်ဆံဆုံးရုံတင်မကဘူး၊ ကိုယ်လည်းစိတ်ထိခိုက်ရတယ်၊ အခုကိုယ်မျက်လုံးမှိတ်လိုက်တိုင်းအဲဒီမြင်ကွင်းကိုပဲမြင်နေရတော့မှာ၊ ညဘက်အခန်းပြန်ရင်လည်းအိပ်မက်ဆိုးတွေမက်တော့မယ်"
"ငါဘာလုပ်ပေးရမလဲ"
ချန်းခယ့်ယောင် အရှေ့မှသွားနေရင်းပြန်ဖြေ၏။
"ကိုယ်ငယ်ငယ်ကအိပ်မက်ဆိုးတွေမက်ပြီးအိပ်မပျော်တဲ့အခါကိုယ့်အဖေက ကိုယ်နဲ့လာအိပ်ပေးတယ်"
"....."
အဆိုပါစကားက လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုအဖြစ်စောင်းပါးရိပ်ခြည်ပြောနေသလိုမဖွယ်မရာဖြစ်နေမှန်း သူသတိထားမိသည်။
ရုန်ယီသည် သူ့အတွေးများကိုဆက်ဖိနှိပ်ထားလျှင်ရူးတော့သွားမည်မှာသံသယဖြစ်စရာမရှိတော့ဟုတွေးမိသည်၊ နေ့တိုင်း သူ့ကိုယ်သူနေ့အိပ်မက်တွေအလွန်အကျွံမမက်ရန်ဖိအားပေးနေရသည်။ ချန်းခယ့်ယောင်က အရင်ကနည်းတူမဟုတ်တော့ဘဲပိုပြီးထူးဆန်းလာသည်။ သူရုန်ယီကိုအိုမီဂါမှန်းမသိခင်က ရုန်ယီကိုအကဲဖြတ်ရန်ကြိုးစားရင်းအဝေးကြီးထွက်မသွားခဲ့ပေ။
ထိုသူက အိုမီဂါများကိုလက်မခံနိုင်မှန်းသိသာပါလျက် ယခုသူ့ကိုမပြီးနိုင်မစီးနိုင်ပရောပရည်လုပ်နေသည်။ အနှီသူကဘာကိုများတွေးနေပါသနည်း။
ရုန်ယီ နေရာတွင်သာရပ်နေပြီးအနည်းငယ်ပင်မရွေ့၊ သူ့ကိုအနောက်မှကြည့်နေရင်း ရုန်ယီနှုတ်ခမ်းကိုကိုက်ကာစကားပြောရန်ကြိုးစားသည်။ သို့ထိတိုင် သူ၏သတ္တိများကိုစုစည်း၍မရပေ။
မကြာခင် ချန်းခယ့်ယောင်ကလှည့်လာသည်။
"မင်းအဲဒီမှာဘာရပ်လုပ်နေတာလဲ?"
ရုန်ယီသည်သူ့ကိုကြည့်လိုက်ပြီးသူ့လက်သည်းများကိုလက်ဖဝါးထဲ တိတ်တဆိတ်ထိုးစိုက်နေသည်။
"မင်း...မင်းငါ့ကိုမင်းနဲ့အိပ်စေချင်တာလား?"
"....."
ချန်းခယ့်ယောင် သူ့ကိုထိုသို့ပြောလာလိမ့်မည်ဟုမျှော်လင့်မထားပေ။သူ့မျက်လုံးများကပြူးကျယ်နေပြီး ပြန်မဖြေပေ။
ရုန်ယီ သူ့ခေါင်းကိုလှည့်လိုက်သည်၊ သူ့ကိုကြည့်ရန်အလွန်ရှက်နေသည်။
"ရတယ်၊ ငါမင်းကိုကူညီနိုင်ပါတယ်"
အတန်ကြာသည်အထိ တုံ့ပြန်သံမကြားရပေ။ ရုန်ယီမျက်နှာချင်းဆိုင်ရန်အားထုတ်လိုက်ရသည်။
ချန်းခယ့်ယောင်ခမျာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီးရုပ်ပိုင်းဆိုင်ရာအရသက်သောင့်သက်သာဖြစ်နေဟန်မပေါ်။
"မင်းသည်းမခံနိုင်ဘူးမဟုတ်လား?"
ရုန်ယီမျက်လွှာချကာ ခေါင်းငုံ့လျှောက်သွားလိုက်၏။
"ဒါဆိုလည်းအခုကစပြီးတော့ငါ့ကိုနောက်ထပ်ရယ်စရာတွေမလုပ်နဲ့တော့၊ တကယ်ပျင်းစရာကောင်းတယ်"
သူချန်းခယ့်ယောင်အနားမှဖြတ်သွားခိုက် လက်တစ်ဖက်ကရုတ်ချည့်လှမ်းဆွဲသည်။
ရုန်ယီ သူ့ကိုပြန်လှည့်ကြည့်လိုက်၏။
"မင်း...မင်းဘာလိုချင်လို့လဲ?"
"အာ..."
ချန်းခယ့်ယောင်သည် ညှင်းဆဲခံနေရသည့်ပုံစံဖြစ်နေပြီးမပြောခင်တွင်အချိန်အကြာကြီးယူကာစဉ်းစားနေသေးသည်။
"စောသေးတယ်၊ မပြန်ခင်ကိုယ်တို့တစ်ခုခုစားသွားကြမလား?"
"ငါပြောချင်တာက..မင်းဘာလို့ငါ့လက်ကိုအမြဲလာကိုင်နေတာလဲ?"
ရုန်ယီ သူ့ကိုဝါးစားတော့မလိုကြည့်နေသည်။
"....."
ချန်းခယ့်ယောင်ကသူ့အကြည့်ကိုရွှေ့လိုက်သည်။
"မင်းကကိုယ့်လက်ကိုဖယ်မထုတ်ဘူးလေ၊ အဲဒါကြောင့်မင်းမကြိုက်တာမဟုတ်ဘူးလို့ပဲထင်လိုက်လို့"
သေချာပေါက် သူမကြိုက်တာမဟုတ်ပေ။
အကြောင်းမှာသူ့ကိုစိတ်ရှုပ်အောင်လုပ်နေသည်က လက်မဟုတ်ဘဲသူဖြစ်နေ၍။
ရုန်ယီသည် မသိစိတ်အတိုင်းသူ့လက်ကိုဆွဲထုတ်လိုက်ချင်သော်ငြားတစ်ဖက်လူကသူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားသည်။
"သွားရအောင်"
ချန်းခယ့်ယောင်ကသူ့ကိုအဝေးခေါ်သွားသည်။
"မင်းရဲ့အတွေ့အကြုံလေးကိုဖျက်ဆီးမိတဲ့အတွက် ကိုယ်မင်းကိုညစာဝယ်ကျွေးမယ်"
"....."
ရုန်ယီသည်သူဆွဲခေါ်ရာနောက်ပါသွားပြီး အရှေ့ကိုခြေနှစ်လှမ်းလျှောက်လိုက်ရသည်။ နောက်ဆုံး သူမနေနိုင်တော့၍မေးလိုက်၏။
"မင်းတကယ်ကိုဘာလိုချင်နေတာလဲ?"
ချန်းခယ့်ယောင်ကအနောက်ကိုပြန်လှည့်မကြည့်ပေ။
"မင်းလက်လေးတွေကနူးညံ့နေတာပဲလို့ပြောဖူးတဲ့သူရှိလား?"
"မရှိဘူး"
သူ့လက်ချောင်းများကရှည်ပြီးလက်ဆစ်များကတိရိသည်၊ ကြမ်းထော်မနေလင့်ကစား ရှည်နေခြင်းလည်းမရှိ။ ကြည့်ကောင်းရုံသာဖြစ်ပြီး အိုမီဂါတစ်ယောက်၏သွယ်လျသောလက္ခဏာမျိုးမရှိချေ။
ယခင်ကမည်သူမှ ထိုသို့ပြောခဲ့ဖူးခြင်းမရှိ။ ထို့အပြင် မူလတန်းပြီးတည်းက ချန်းခယ့်ယောင်တစ်ယောက်တည်းသာသူ့လက်ကိုကိုင်ဖူးသည့်သူဖြစ်သည်။
"ကြည့်ရတဲ့ပုံစံကအပြတ်အသတ်ကွဲပြားပေမဲ့ ကိုင်လိုက်ရင်နူးညံ့ပြီးနွေးထွေးတယ်"
"ကိုင်ထားလိုက်ရင်သက်သောင့်သက်သာရှိတယ်၊ နူးညံတဲ့လက်ပိုင်ရှင်တွေကအနာဂတ်မှာကြွယ်ဝပြီးအဆင့်အတန်းမြင့်မြင့်နေရတတ်တယ်တဲ့ မင်းကြားဖူးလား?"
"မင်းလက်တွေဘယ်လောက်တောင်ကိုင်ခဲ့ဖူးလို့ဒီလောက်အတွေ့အကြုံရှိနေတာလဲ?"
ချန်းခယ့်ယောင်က၎င်းစကားကိုကြားသည်နှင့်သူ့ထံလှည့်ကြည့်၏။
"နှစ်ယောက်၊ မင်းအပါအဝင်ပေါ့"
"နောက်တစ်ယောက်က..."
ချန်းခယ့်ယောင်ကချက်ချင်းပြန်ဖြေလာသည်။
"သေသွားပြီ"
"....."
"ရည်းစားဟောင်းကသေသွားတာနဲ့မခြားပါဘူး"
ရုန်ယီ ရပ်သွားသည်။
"မင်းမေ့နေတာလား?"
ချန်းခယ့်ယောင်ကသူ့ကိုပြန်ကြည့်သည်။
"ဘာလဲ?"
"ငါလည်းမင်းရဲ့ရည်းစားဟောင်းပဲ"
"....."
ရုတ်တရက်ကြီး ချန်းခယ့်ယောင်ကရှက်သွားပုံရသည်။
ခဏကြာပြီးနောက် သူ့မျက်လုံးများထဲမှာမျက်နှာချိုသွေးမှုအပြည့်ဖြင့်ရုန်ယီကိုပြုံးပြလာသည်။ သူ့အသံကပုံမှန်ထက်ပင်နူးညံ့နေသည်။
"ဒါဆို...မင်းကကိုယ့်ကိုလမ်းခွဲသွားတဲ့ရည်းစားဟောင်းမဖြစ်နိုင်ဘူးလား?"
ရုန်ယီကခေါင်းယမ်းပြသည်။
ပြီးသွားခဲ့သောကိစ္စကို ဘယ်လိုဖျက်ကြမည်နည်း။ သူတို့အချိန်ကိုနောက်ပြန်ခရီးသွား၍လည်းမရတော့ပေ၊ သူတို့ကိုယ်သူတို့လိမ်ညာရန်မှာလည်း ငြီးငွေ့စရာကောင်းသည်။
သူခေါင်းယမ်းလိုက်သည်ကိုမြင်သည့်အခါ ချန်းခယ့်ယောင်ကစိတ်မဝင်စားတော့သလိုပုခုံးတွန့်ပြသည်။ သူ့မျက်နှာကမည်းမှောင်နေကာစကားထပ်မပြောတော့ဘဲရုန်ယီကိုအရှေ့ဘက်ဆွဲခေါ်သွားသည်။
"ငါ့ကိုပြောစမ်းပါ၊ သူကဘယ်လိုလူမျိုးလဲ?"
ချန်းခယ့်ယောင်ထံတွင် ယခင်ကချစ်သူရှိခဲ့ဖူးကြောင်းသူပထမဆုံးကြားဖူးခြင်းဖြစ်၏။ ဂရုမစိုက်ဘဲနေ၍မဖြစ်နိုင်ပေ။
"ဘာမှပြောစရာမရှိပါဘူး"
ချန်းခယ့်ယောင်ကလှည့်မကြည့်ချေ။
"ကိုယ်ကမျက်လုံးကန်းနေခဲ့တာလေ"
"အယ်လ်ဖာလား?"
"အင်း"
"ငါထင်တာ...."
"ဘာလဲ?"
ရုန်ယီပြောလိုက်သည်။
"မင်းညီလို့"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?..ကိုယ်ကသူ့ကိုအချိန်တစ်ခုအထိကောင်းပေးခဲ့ရုံပါ"
ချန်းခယ့်ယောင်ကပြောလိုက်၏။
"ကိုယ်တို့ကသူငယ်ချင်းတွေပါ၊ ပြီးတော့သူကအိုမီဂါလေ၊ အိုမီဂါနဲ့ပတ်သတ်လာရင်ကိုယ်..."
"အိုကေ၊ ငါသိပြီ"
ရုန်ယီ ဖြတ်ပြောလိုက်သည်။
"မဟုတ်ဘူး"
ချန်းခယ့်ယောင်မှာရုတ်တရက်ကြီးစိတ်လှုပ်ရှားလာသည်။
"ကိုယ်အဲဒီလိုပြောချင်တာမဟုတ်ပါဘူး"
ရုန်ယီ ထပ်ပြီးတားပြန်သည်။
"ငါတို့အခုပုံစံကိုငါသဘောမကျဘူး"
ချန်းခယ့်ယောင်သူ့ကိုရှုပ်ထွေးနေသည့်အကြည့်ဖြင့်ကြည့်သည်။
"မင်းရဲ့တကယ့်ရည်ရွယ်ချက်ကိုငါမသိဘူး၊ မင်းဘာပဲလုပ်ချင်ပါစေ ငါအခုအဆင်မပြေသလိုခံစားရတယ်"
ရုန်ယီအခြားလူ၏ခြေချောင်းများကိုငုံ့ကြည့်သည်။
"မင်းဘာလို့ငါ့လက်ကိုအမြဲကိုင်နေရတာလဲ? ဘာလို့ငါမင်းကိုအထင်လွဲလာအောင်ပြောနေရတာလဲ? မင်းငါ့ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တာသိလျက်သားနဲ့ မင်းတကယ်ကိုဘာဖြစ်ချင်နေတာလဲ?"
ချန်းခယ့်ယောင်ကတကယ်ကိုစိတ်ရှုပ်နေပုံရသည်။
"ကိုယ်..."
"ငါထပ်ပြီးမခန့်မှန်းတော့ဘူး"
ရုန်ယီသူ့ကိုကြည့်လိုက်သည်။
"မင်းလက်မခံနိုင်ရင်မင်းလည်းငါနဲ့အတူတူပဲလို့တွေးလိုက်တော့မယ်"
ချန်းခယ့်ယောင်ကရှင်းပြချင်နေဟန်ပေါ်သည်။ သို့ထိတိုင် ရုန်ယီပြောပြီးသွားသည်နှင့်သူ့နှုတ်ခမ်းများကိုတင်းတင်းစေ့လိုက်သည်။
သူတို့သည် တစ်ချိန်လုံးလူများဖြတ်သွားနေကြသည့်လမ်းလေးပေါ်တွင်လက်များကိုဆုပ်ကိုင်ထားဆဲဖြစ်ပြီး မရွေ့ကြဘဲတစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသည်။
ရုန်ယီ သူ့စကားကိုရုတ်သိမ်းပြီးချက်ချင်းထွက်သွားတော့မည့်အချိန်သူ့အရှေ့မှအယ်လ်ဖာကရုတ်တရက်ကြီးပြုံးသည်။
"ဒါဆိုအခုကိုယ်မင်းကိုတောင်းဆိုချင်တာ..."
စကားတစ်ဝက်သာရှိသေးစဉ် ရုန်ယီ၏ရုတ်တရက်အပြုအမူကသူ့ကိုနှောင့်ယှက်လိုက်သည်။
ရုန်ယီသည် စိတ်လိုက်မာန်ပါလုပ်လွန်းသည်ဟုခံစားရသည်။ သို့လင့်ကစား အယ်လ်ဖာကပြုံးလိုက်လျှင်ကြည့်ကောင်းသည်။ နှုတ်ခမ်းများမြင့်တက်သွား၍ပေါ်လာသည့်အတွန့်လေးက လူများကိုမသိလိုက်ဘဲရင်းနှီးချင်လာစေသည်၊ အကြောင်းမှာ သူ၏ပြိုင်စံရှားနူးညံ့သိမ်မွေ့မှုကြောင့်ပင်။
သူအနှီသူကိုနောက်ဆုံးနမ်းခဲ့သည်မှာ မည်သည့်အချိန်ကပါနည်း။
Xxxxxxx