Chapter 45 ငါမင်းကိုတွေ့ပြီ
ရုန်ယီသည် ကိုယ်ထူကိုယ်ထအစီအစဉ်ကိုအလေးအနက်မတွေးခဲ့ချေ။
သူပြောင်းရွှေ့လာသည့်နေ့တည်းက ထွက်သွားမည်ဟုပြောနေခဲ့သော်လည်း သည်ရက်ပိုင်းအတွင်း အိမ်တစ်လုံးအလျင်ရှာရန်တစ်ခါမှမစဉ်းစားခဲ့မိပေ။ သူသည်အလုပ်များလွန်းခြင်းနှင့်ယာယီပိုက်ဆံနည်းနေခြင်းကြောင့်ဆိုကာ သူ့ကိုယ်သူအမြဲပြောနေခဲ့သည်။
ယခု သူငွေကြေးကံကောင်းနေသည်၊ ချန်းခယ့်ယောင်ကိုထပ်ချစ်ရန်လည်းမျှော်လင့်ချက်မထားတော့ပေ။ သူအလုပ်များအပြီးသတ်ချိန်အထိစောင့်ရန်စီစဉ်ထားပြီး ပရိသတ်တွေ့ဆုံပွဲပြီးသည်နှင့် သူနေရန်နေရာတစ်ခုကိုချက်ချင်းရှာဖွေကာ တတ်နိုင်သမျှအမြန်ပြောင်းရွှေ့ရမည်။သည်အချိန်များအတွင်း ဖြစ်နိုင်လျှင်သူ၏မြေရှင်ကြီးနှင့်မတွေ့မိအောင်ကြိုးစားရှောင်ရလိမ့်မည်။
ထိုနေ့ကသူ၏ကြောက်လန့်စေသောစွမ်းအားသည် သူစိတ်ကူးထားသည်ထက်ပြင်းထန်ခဲ့သည်၊ သည်ရက်များအတွင်း ချန်းခယ့်ယောင်ပင်သူ့ကိုရှောင်နေခဲ့သည်။ တစ်မိုးအောက်တွင်အတူနေခဲ့ကြသည့်တိုင် သူတို့တစ်ယောက်နှင့်တစ်ယောက်မတွေ့ခဲ့ကြပေ။
ရုန်ယီ ၎င်းကိုအဆုံးသတ်ဟုထင်မိသည်။
ထိုအချိန်တွင် သူ့အရှေ့မှမက်ဆေ့ချ်ကိုငေးကြည့်နေရင်း အံ့ဩသွားမှုကိုသူကိုယ်တိုင်ပင်ခွင့်မပြုရဲပေ။ သူစိတ်ရှုပ်ထွေးခြင်းနှင့်အကူအညီမဲ့မှုကိုသာခံစားရသည်။
သူငေးငိုင်နေချိန် ချန်းခယ့်ယောင်ကအသက်တစ်ရှိုက်စာအတွင်းစာတိုသုံးစောင်ပို့လာသည်။
"မင်းညစာစားတဲ့နေရာကအငှါးယာဉ်ခေါ်ဖို့ခက်မယ်ထင်တယ်၊ အဲဒီမှာပဲနေ၊ ကိုယ်ချက်ချင်းလာခဲ့မယ်"
ချန်းခယ့်ယောင်က သူညစာစားသည့်နေရာကိုသိနေခဲ့သည်။ လျိုယွမ်၏အလုပ်ခွင်မှန်း သူသေချာလုနီးပါးသိနိုင်သည်။ ရုန်ယီ အလိုအလျောက် လမ်းဘေးတစ်ဖက်ကိုတစ်ချက်ခန့်လှမ်းကြည့်ပြီး ခရီးသည်ကြိုရန်စောင့်နေသည့်အငှါးယာဉ်တန်းရှည်ကြီးကိုတွေ့လိုက်ရသည်။ ထို့နောက် သူဂရုစိုက်၍စာပြန်လိုက်သည်။
ချန်းခယ့်ယောင်သည် သူထင်ထားသည်ထက်စောရောက်လာခဲ့၏။
ရုန်ယီ ရင်းနှီးနေသည့်ကားတစ်စီးကအငှါးယာဉ်တန်းရှည်၏ဘေးမှဖြတ်လာကာ လမ်းဘေးတွင်ရပ်လိုက်သည်ကိုတွေ့လိုက်သည်။ ၎င်းနောက် သူ့ဖုန်းကတုန်ခါလာသည်။
ဖုန်းကိုင်လိုက်သည်တွင် တစ်ဖက်မှရင်းနှီးပြီးသားအသံကိုကြားရသည်။
"ကိုယ်ရောက်ပြီ၊ မင်းဘယ်မှာလဲ?"
ရုန်ယီကသူနှင့်မဝေးပေ။ သူက ရှပ်အနက်ရောင်ကိုဝတ်ထားပြီး ပန်းခင်းဘေးရှိမှောင်ရိပ်ထဲတွင်အမူအရာမဲ့စွာရှိနေသည်
"မင်းတွေ့လား? ငါကမင်းကိုဘယ်လိုလုပ်မတွေ့တာလဲ?"
သူကုပ်ကုပ်လေးထိုင်နေပြီး ခပ်တိုးတိုးပြောလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ချန်းခယ့်ယောင်ကားထဲမှထွက်လာသည်။ဘေးပတ်လည်ကိုကြည့်သည်၊ ဖုန်းကိုသူ့နားတွင်ကပ်ကာကိုင်ထား၏။
"ကားထားသည့်နေရာမရောက်ခင်လေးမှာရပ်နေတယ်၊ ကိုယ်လက်မြှောက်ပြလိုက်မယ်၊ မင်းတွေ့ရလား?"
ပြီးနောက် ခဏအကြာတွင် ချန်းခယ့်ယောင်ကတကယ်ကြီးလက်ကိုခပ်ကျယ်ကျယ်ယမ်းပြသည်။
ရုန်ယီ ခေါင်းငုံ့ကာတိတ်တဆိတ်ရယ်နေ၏။
ရက်အနည်းငယ်ကြာပြီးနောက် ချန်းခယ့်ယောင်အသံကိုထပ်ကြားရပြန်ပြီး သူစိတ်မှာလွတ်ထွက်သွားခဲ့သည်။ သူရက်အနည်းငယ်ခန့်မတွေ့မြင်ရသည့်လူက ယခင်ကအတိုင်းတုံးအနေဆဲဖြစ်ပြီး သူ့ကိုထိန်းချုပ်ထား၍မရနိုင်အောင်ရယ်မောစေသည်။
ရုန်ယီသည် သူတို့လူချင်းတွေ့သည့်အချိန်တွင် အနှီသူကိုယခုကဲ့သို့ ဆက်ကြည့်ပြီး စကားပြောနိုင်တော့မည်မဟုတ်။
"ကိုယ့်ကိုမတွေ့သေးဘူးလား?"
ချန်းခယ့်ယောင်မှာပတ်ချာလည်လျှောက်နေပြီး ကူကယ်ရာမဲ့နေသည့်မျက်နှာနှင့်သူ့ဆံပင်ကိုဆွဲနေသည်။
"ကိုယ်နေရာမှားလာမိတာလား?"
ရုန်ယီရပ်လိုက်ပြီးသူ့ထံပြေးသွားလိုက်သည်။
သူတို့တွေ့ချိန်တွင် လေထုကကို့ရို့ကားယားဖြစ်နေခဲ့သည်။
ရုန်ယီက လုပ်နေကျအတိုင်းအနောက်ဘက်ခုံတွင်ထိုင်ခဲ့သည်။ တစ်လမ်းလုံးဘယ်သူမှစကားမပြောခဲ့၍ သူအိပ်ပျော်နေဟန်ဆောင်လာခဲ့သည်။
၎င်းက ချန်းခယ့်ယောင်လူကူးလမ်းဆုံအရောက်၌ ကားကိုရုတ်တရက်ဘရိတ်မအုပ်ခင်အထိပင်။ မျက်လုံးမှိတ်ထားသည့်ရုန်ယီမှာ ရှေ့ကိုချော်ပြီး သူ့ခေါင်းကရှေ့ခုံ၏အနောက်ခြမ်းနှင့်ဆောင့်မိသည်။
သူ့ခေါင်းကိုပွတ်ကာ အရှေ့ကိုကြည့်လိုက်ပြီး အမျိုးသမီးတစ်ယောက်က လမ်းလယ်ခေါင်တွင်ငေးကြောင်နေသည့်ကလေးကိုအမြန်ချီသွားသည်ကိုတွေ့လိုက်သည်။ သူမသည်ကလေးကိုပြန်ခေါ်သွားလျက် ချန်းခယ့်ယောင်၏ကားကိုတောင်းပန်သည့်အမူအရာပြသွားသည်။ ချန်းခယ့်ယောင်က ကားပြတင်းမှန်ကိုချကာလက်ကိုဝှေ့ပြလိုက်သည်။
ရုန်ယီ သူတိုးတိုးလေးပြောနေသည်ကိုကြားလိုက်သည်။
"ငါတော့သေမလိုလန့်သွားတာပဲ"
ပြီးနောက် အနှီသူကအနောက်ကိုလှည့်ကြည့်ကာမေးသည်။
ရုန်ယီ ခေါင်းသာညိတ်ပြသည်။
ထို့နောက် ကားစက်သံကဆိတ်ငြိမ်နေမှုအတွင်းတဖန်ထွက်လာပြန်သည်။
ရုန်ယီ နောက်ကြည့်မှန်မှထိုသူကိုခိုးကြည့်လိုက်သည်၊ မထင်မှတ်ဘဲသူတို့သည် မှန်သေးသေးလေးမှတဆင့်ဖြတ်ကာအပြန်အလှန်ကြည့်နေခဲ့ကြ၏။
နှစ်ယောက်လုံးအလျှင်အမြန်အကြည့်လွှဲလိုက်ကြသည်။ စက္ကန့်အနည်းငယ်ကြာမှချန်းခယ့်ယောင်က တိတ်ဆိတ်နေမှုကိုဖျက်ဆီးလိုက်သည်။
"မင်းနှစ်ရက်လောက်ခရီးရှည်သွားမလို့လား?"
ရုန်ယီ ဖြေပြီးနောက်မှရှုပ်ထွေးသွားသည်။
ခေတ္တခန့်တွေဝေနေပြီး ချန်းခယ့်ယောင်ပြန်ဖြေသည်။
"မင်း suitcase ကိုအပြင်ထုတ်နေတာတွေ့လိုက်လို့"
ရုန်ယီ၏အဝတ်အစားထည့်သည့်သေတ္တာက စတိုခန်းထဲတွင်ထား ထားသည်။ မနေ့တစ်နေ့ကအလုပ်မှပြန်လာပြီး ခရီးအတွက်ပြင်ဆင်ရန် ၎င်းကိုအပြင်ထုတ်ထားခဲ့သည်။ သို့ထိတိုင် သူလုပ်နေခဲ့သည့်တလျှောက် ချန်းခယ့်ယောင်အခန်းတံခါးကတင်းကျပ်နေအောင်ပိတ်ထားသည်။ ချန်းခယ့်ယောင်ကသူလုပ်နေသည့်တစ်လျှောက် နံရံနောက်မှနားထောင်နေခဲ့လေသလော?။
ခဏတာခန့်သံသယများဝင်နေပြီး ရုန်ယီသည်တစ်ချိန်လုံးလျစ်လျုရှုထားခဲ့မိသည့်အရာကို ရုတ်တရက်သတိရသွားသည်။ ချန်းခယ့်ယောင်က ဧည့်ခန်းနံရံထောင့်တွင် ကင်မရာတပ်ထားခဲ့သည်။
သို့ဖြစ်၍ သူအိမ်ထဲတွင်ဂရုစိုက်ပြီးသတိတကြီးထားကာလျှောက်သွားနေခဲ့သမျှကို ချန်းခယ့်ယောင်ကမြင်နိုင်လိမ့်မည်။
သည့်အပြင် မကြာခဏဆိုသလိုရေချိုးပြီးအဝတ်အစားလဲရန်မေ့လျော့ကာ အခန်းထဲသို့ကိုယ်တစ်ပိုင်းအဝတ်မပါဘဲပြန်ပြေးခဲ့ဖူးသည်။ ၎င်းကိုလည်းမြင်တွေ့ပြီးလောက်သည်။
အနည်းငယ်တော့ရှက်စရာကောင်းသည်။
"မင်းပျင်းလာတိုင်းမော်နီတာကိုကြည့်တတ်လား?"
ရုန်ယီသည် အနည်းငယ်မကျေမနပ်ဖြစ်မိသော်လည်း သူ့တွင်တစ်စိတ်တစ်ပိုင်းတာဝန်ရှိသည်။ ချန်းခယ့်ယောင်ကသူ့ကို ကင်မရာတပ်ထားသည့်အကြောင်းပြောခဲ့သည့်တိုင် တစ်ခါမှဂရုမစိုက်ခဲ့ချေ။ အနှီသူက ထိုမျှပျင်းမနေရန်သူမျှော်လင့်သည်။
ကားအတွင်း နောက်တစ်ခါငြိမ်သက်သွားပြန်သည်။ ရုန်ယီမှာမနေနိုင်တော့ဘဲမေးလိုက်၏။
"ငါအဝတ်အစားထည့်တဲ့သေတ္တာထုတ်လာတာတွေ့တယ်...ငါပြောင်းတော့မှာလို့ရောမတွေးမိဘူးလား?"
ချန်းခယ့်ယောင်ကခဏမျှ တွေဝေသွားပြီးပြန်မေးသည်။
"မင်းကပြောင်းတော့မှာလား?"
ချန်းခယ့်ယောင် ထပ်မေးပြန်သည်။
ချန်းခယ့်ယောင်ခေါင်းညိတ်သည်။
ရုန်ယီမှာ ပင်ကိုယ်အသိစိတ်အရဖြစ်လာသည့်မျှော်လင့်ချက်ကပြင်းထန်လွန်းလေရာ အဆိုပါသမားရိုးရှင်းစကားလုံးလေးတစ်လုံးမှစိတ်သက်သာရသွား၍ ရှင်းလင်းသည့်သက်ပြင်းချသံသဲ့သဲ့ကိုသာထုတ်ဖော်လိုက်သည်။
သူဗျာများနေစဉ် ချန်းခယ့်ယောင်ကပြောလာသည်။
"တကယ်တော့...ကိုယ့်အိမ်ထက်သင့်တော်တဲ့အိမ်မျိုးရှာတွေ့ဖို့ခက်လိမ့်မယ်နော်"
မှန်သည်။ သွားလာရေးလွယ်ကူသည်၊ သင့်တင့်သည့်ဈေးရှိသည်၊ ပတ်ဝန်းကျင်ကအဆင်ပြေသည်။ ထို့အပြင် အစားအသောက်ချက်ပြုတ်ပေးသည့်အတွက် ပိုက်ဆံရက်ရက်ရောရောပေးသူရှိသည်၊ အားလပ်ရက်များတွင်အကြိုအပို့လုပ်ပေးပြီး နေမကောင်းဖြစ်သည့်အခါတိုင်းပြုစုပေးသူရှိသည်။ ထပ်ပြောရပါမူ အိမ်တွင်ရှိနေသူကသူသဘောကျနှစ်သက်နေသူပင်။
ဤမျှကောင်းသည့်အိမ်မျိုး သူမည်သည့်နေရာတွင်ထပ်သွားရှာရပါမည်နည်း။
"မင်းငါ့ကိုမပြောင်းစေချင်ဘူးလား?"
ရုန်ယီ သူ့ကိုမေးကြည့်လိုက်သည်။
"ဒီလိုလက်ခံနိုင်လောက်တဲ့အိမ်ငှါးမျိုးရှာဖို့လည်းမလွယ်ဘူးလေ"
ချန်းခယ့်ယောင်ကပြောလာသည်။
"မင်းကအနေအထိုင်တတ်တယ်၊ သန့်ရှင်းရေးလုပ်တတ်ပြီးဟင်းချက်လည်းကောင်းတယ်၊ ကိုယ့်ကိုအများဆိုင်နေရာတွေမှာလည်းသန့်ရှင်းရေးကူလုပ်ပေးတယ်၊ ပြီးတော့ မင်းသာပြောင်းသွားရင်ကိုယ့်အဖေကချက်ချင်းရောက်လာမှာ၊ သူကမင်းနဲ့တခြားစီပဲ"
"မင်းချက်ရပြုတ်ရမှာမကြိုက်ရင် ကိုယ်တို့ပိတ်ရက်တွေဆိုမှာစားလို့ရတယ်"
ချန်းခယ့်ယောင်ကထပ်ဖြည့်ပြောလိုက်သေးသည်။
"ကိုယ်တို့ပိတ်ရက်တွေမှချက်စားလည်းရတာပဲ"
"ဒါမှမဟုတ် ကိုယ်မင်းကိုစိတ်ရှုပ်အောင်လုပ်မိလို့လား?"
"ကိုယ်တိတ်တိတ်လေးနေပေးလို့ရပါတယ်၊ မင်းမြင်ပါတယ်၊ ဒီရက်တွေကိုယ်အသံတောင်မထွက်ဘူးလေ"
ရုန်ယီ ရေးရေးမျှမျက်မှောင်ကြုတ်သည်။
ထပ်ပြီး သည်လူကသူ့ကိုစိတ်ကူးယဉ်လာအောင်စကားအချို့စပြောလာသည်။
ချန်းခယ့်ယောင်၏စကားများက သူ့ကိုအတင်းကာရောမျှော်လင့်ချက်များကိုလျိုဝှက်ကြံစည်မိလာစေသည်၊ သို့သော် အဆုံးသတ်၌မူ သူ၏ကိုယ်ကျင့်တရားများက အေးစက်နေသည့်စောင်ဖြင့်ဖုံး၍သူ၏အလိုဆန္ဒမီးတောက်များကိုငြှိမ်းသက်ပစ်ခဲ့သည်။
"မင်းကိုယ်ပြောလိုက်တဲ့စကားတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားတာလား?"
ရုန်ယီမှာ တုံ့ဆိုင်းနေပြီးမည်သို့ပြန်ဖြေရမည်မသိ။
သူ၏တိတ်ဆိတ်နေမှုကို ခန်းခယ့်ယောင်ကသူ့စိတ်နှင့်သူအဓိပ္ပါယ်ကောက်ပြီး ချက်ချင်းထပ်ဖြည့်ပြောလိုက်သည်။
"အာ...မင်းအများကြီးတွေးနေစရာမလိုပါဘူး၊ ကိုယ်ဘယ်လိုမှသေဘာမထားဘူး၊ကိုယ်ကအဆင်ပြေမယ့်အိမ်ငှါးကိုပဲလိုချင်ရုံပါ"
ချန်းခယ့်ယောင်ကမီးနီကိုစောင့်နေရင်း သူ့ကိုလှည့်ကြည့်သည်။
"ငါအများကြီးမတွေးထားပါဘူး"
ရုန်ယီ ရုတ်ချည့်ဖြတ်ပြောလိုက်သည်၊ သူ၏အသံကမတိုင်ခင်ကထက်ပင်ပိုကျယ်နေသည်။
"ငါအများကြီးတွေးမိနေပြီလို့မင်းကဘာကြောင့်ထင်ရတာလဲ?"
ချန်းခယ့်ယောင်မှာ ထိတ်လန့်သွားရပြီးပြန်မဖြေရဲပေ။
"မင်းကမင်းကိုယ်မင်းအရမ်းအကောင်းမြင်လွန်းနေပြီလို့မခံစားရဘူးလား?"
ရုန်ယီ အသံကိုမြှင့်ပြီးဆက်ပြောနေခဲ့သည်။
"မင်းကတကယ်ပဲ ငါအယ်လ်ဖာတစ်ယောက်ကိုတွေ့တိုင်းအဲဒီလူနဲ့ဒိတ်တဲ့အကြောင်းစတွေးပြီး သူနဲ့တွဲမယ်ပေါ့? အဲဒီအတိုင်းသာဖြစ်ရင်မင်းကတော့ ငါ..ငါ..."
ချန်းခယ့်ယောင်ကတိုးတိုးသက်သာပြောသည်။
"မင်းကိုယ့်ကိုမကြိုက်တာကိုယ်သိပါတယ်"
ရုန်ယီသူ့ထိုင်ခုံကျောဘက်ကိုကန်ပစ်လိုက်သည်။
ကားကရပ်ကွက်ထဲဝင်လာသည်အထိ လူနှစ်ယောက်ကြားရှိလေထုမှာကမောက်ကမဖြစ်နေသည်။
ရုန်ယီမှာ တုန်လှုပ်မိလောက်အောင်နောင်တရသည်။ သူရုတ်တရက် ဘာလို့လမ်းခုလတ်တွင်စိတ်ဆိုးမိမှန်းမသိ။ အဆိုးဆုံးကား စကားလုံးများကိုရွေးချယ်မနေဘဲသူ့စိတ်ထဲရှိနေသည့်အတိုင်းပြောခဲ့ခြင်းပင်။ ချန်းခယ့်ယောင် မည်သို့သောအမှားမျိုးမှလုပ်မထားပုံရသည်။ နောက်ကျနေသည်ကိုပင် သူ့အားလာကြိုပေးခဲ့ပြီးအိမ်ခေါ်လာခဲ့ပေးသည်။ ဤမျှကောင်းသောမြေရှင်ကြီးကို သူမည်သည့်နေရာတွင်ရှာတွေ့နိုင်ဦးမည်နည်း။
သူ့အတွေးများကချန်းခယ့်ယောင်ပြောသမျှနှင့် မှန်ကန်နေ၍အရှက်သည်းပြီး ဒေါသထွက်သွားမိသည်မှာသံသယဖြစ်စရာမရှိချေ။
သူသည်အနှီသူကသူ့အပေါ် မတရားကောင်းပေးပြီး ထိုသို့ကောင်းပေးနေခြင်းကြောင့် သူ့အားနားမလည်သည့်အတွက်ဒေါသထွက်မိခြင်းဖြစ်နိုင်သည်။
သူတို့စကားမပြောဘဲကားပေါ်မှဆင်းခဲ့ကြသည်၊ ကော်ရစ်တာအထိ အရှေ့နှင့်အနောက်လျှောက်ခဲ့ကြသည်၊ ဓာတ်လှေကားအမြန်စီးကာအိမ်ထဲဝင်ခဲ့ကြသည်။
ရုန်ယီတစ်ယောက် သူ့စိတ်ထဲတွင်သူကျိန်ဆဲနေနှင့်သည်။ သူဒေါသထွက်မိသည့်အပေါ် မတောင်းပန်လျှင်ပင်ချန်းခယ့်ယောင်ကို 'ကျေးဇူးတင်ပါတယ်' ဟုပြောသင့်သည်။ နှမြောဖွယ်ကောင်းသည်မှာ အိမ်တံခါးဝရောက်လာသည့်တိုင်အဆိုပါစကားကိုပြောရန် သတ္တိများမစုစည်းနိုင်ခဲ့ခြင်းပင်။
တစ်လမ်းလုံး ရုန်ယီစိတ်ဆိုးခြင်းကိုခံလာရပြီးတိတ်ဆိတ်နေခဲ့သည့်ချန်းခယ့်ယောင်မှာ တံခါးပိတ်သည့်အချိန်တွင်ပြောလာသည်။
"တကယ်တော့ကိုယ်အဲဒီမေးခွန်းတွေမေးနေခဲ့တာက နောက်နှစ်ရက်နေရင် မြို့တော် C မှာဆောင်းဦးရောက်တော့မယ်ဆိုတာပြောချင်လို့မင်းအနွေးထည်တွေယူသွားဖို့သတိရနော်"
အံ့အားသင့်ပြီးတုံးအစွာဖြင့်ရုန်ယီခေါင်းညိတ်လိုက်သည်။
ချန်းခယ့်ယောင်ကနောက်လှည့်ပြီးအခန်းတွင်းဝင်တော့မည့်အချိန်မှသူသတ္တိများရလာသည်။
"ငါ့ကိုလာကြိုပေးတာကျေးဇူးပါပဲ"
ချန်းခယ့်ယောင်ကသူ့ကိုလှည့်ကြည့်ပြီးပြုံးပြလာသည်။
တံခါးပိတ်သွားသည့်အခါ ရုန်ယီအနည်းငယ်ရှက်နေမိသည်။
ရုတ်တရက် နှစ်ယောက်ကြားမှတင်းမာနေခဲ့သောလေထုကပျောက်ကွယ်သွားသည်။ ယခင်ကအတိုင်း သူတို့ဆက်ဆံရေးကဆိုးရွားမနေပေ၊ သူတို့အကြောင်းမရှိအကြောင်းရှာစကားများပြီးမသိလိုက်ခင်မှာပဲပြေလည်သွားခဲ့သည်။
ချန်းခယ့်ယောင်ကကိစ္စတိုင်းတွင်ပွင့်လင်း၍ဖြစ်နိုင်သည်။ ရုန်ယီကသာတစ်ဖက်သက်စိတ်ဆိုးနေခဲ့ပြီး သူနှင့်ပတ်သတ်၍ကောင်းသည့်အဓိပ္ပါယ်မျိုးလည်းမရှိခဲ့ပေ။
အချို့အမှန်တရားများကထပ်တူညီသည့်နည်းဖြင့်အလုပ်ဖြစ်သည်။သူတစ်ယောက်တည်းကသာချစ်နေခဲ့လျှင် ၎င်းက 'တွဲနေခြင်း' ဟုမဆိုနိုင်။ သူတစ်ယောက်တည်းကသာဒေါသထွက်နေလျှင်၎င်းကစကားများသည်ဟုမခေါ်နိုင်ချေ။
ရုန်ယီ ကုတ်အကျီကိုချွတ်၍ အိပ်ရာထက်တွင်လှဲချလိုက်ပြီးသူ့ကိုယ်သူမုန်းစရာကောင်းသည်ဟုခံစားရသည်။
၎င်းကကိုယ်ထူကိုယ်ထပြုမည့်သူ၏အစီအစဉ်ကိုခက်ခဲစေသည်။
ချန်းခယ့်ယောင်က အမှန်တကယ်ပင်မပူးပေါင်းတတ်ချေ။
သူအိပ်ရာမှနောက်တစ်ကြိမ်ထလိုက်သည်၊ တစ်ဝက်ထည့်ပြီးသားအဝတ်အစားအိတ်ကိုပြန်စစ်ဆေးပြီး ချန်းခယ့်ယောင်၏အကြံပေးချက်အတိုင်း အနွေးထည်အနည်းငယ်ကိုအစားထိုးထည့်သည်။ ရုတ်တရက်သူ့ခေါင်းထဲတွင်မေးခွန်းများပြည့်သွားသည်။
မဟုတ်သေး။ ချန်းခယ့်ယောင်က သူအဝတ်အစားသေတ္တာကိုထုတ်လာသည်အားမြင်ရုံဖြင့် ခရီးရှည်သွားမည်ဟုခန့်မှန်းထားခြင်းကထူးဆန်းသည်။ သူသွားမည့်နေရာကိုမော်နီတာမှကြည့်ကာခန့်မှန်းခဲ့ခြင်းပေလား။ ချန်းခယ့်ယောင်ကရာသီဥတုကိုစစ်ဆေးရန်သူသွားမည့်နေရာကိုကြိုတင်ရှာဖွေထားခဲ့ခြင်းလား။ သူ၏ခန့်မှန်းချက်သက်သက်မဖြစ်နိုင်။ သူ ရုန်ယီ၏ခရီးစဉ်အကြောင်းကိုသေချာသိနေခဲ့သည်။
စာရေးသူတွင်ပြောစရာရှိပါသည်။
ချန်းခယ့်ယောင်: ကိုယ်ပြောတာနားထောင်၊ မင်းထင်နေသလိုမဟုတ်ပါဘူး။ ကိုယ်အဲဒီစောင့်ကြည့်ဗီဒီယိုကိုဖျက်လိုက်ပြီးတည်းကအခြားအတွေးတွေမတွေးတော့ပါဘူး။ ဆရာဝန်ကကိုယ့်ကိုအလင်းမထိစေမယ့်ပစ္စည်းမျိုးလိုတယ်တဲ့။ အဲဒါကအနာကုသဖို့လောက်ပါပဲ။ မင်းနားလည်လား?။ ကိုယ်အဲဒီလိုခွဲစိတ်ရမှာကအရမ်းအရေးကြီးတယ်၊ အရမ်းပဲ။ကိုယ်မသွားခင်မင်းကိုနမ်းသွားမယ်လေ ရမလား?
ရုန်ယီ၏အတွင်းစိတ်: ဘာလို့မရရမှာလဲ? အမ်?