အပိုင်း ၈၁ (Extra )
Viewers 14k


Chapter 81
ချစ်သူများနေ့မရောက်သေးဘူးလေ-1



မကြာသေးခင်က ချန်းခယ့်ယောင်သည် ရုန်ယီကသူ့အပေါ်ဖုံးကွယ်ထားသည့်အရာတစ်ခုခုရှိနေသည်ဆိုသောခံစားချက်ရနေသည်။

ထိုသူသည် နွေဦးပွဲတော်အတွက်ရုန်ယီ၏ဇာတိမြေကိုအတူပြန်ကြရန်စီစဉ်ကြပြီးတည်းက ထူးဆန်းလာသည်။ အနှီသူသည်အမြဲအာရုံကအခြားတစ်နေရာရောက်နေတတ်သည်၊ စိတ်ကဗလာဖြစ်နေပြီး အကြောင်းမရှိသုန်မှုန်နေသောမျက်နှာဖြင့် တစ်ယောက်တည်းထိုင်နေတတ်၏။

အဆိုပါစိုးရိမ်ပူပန်နေမှုအကြောင်းအရင်းကို ရှာတွေ့ရန်မခဲယဉ်းပေ။

ခရီးမထွက်ကြခင် နှစ်ရက်အလို ထုတ်ပိုးကြစဉ်ကချန်းခယ့်ယောင်သည် နှစ်ယောက်လုံး၏ပစ္စည်းများကိုခရီးဆောင်အိတ်ကြီးတစ်အိတ်ထဲတွင်မျှထည့်ကြရန်ပြောခဲ့သည်။ အခြားပစ္စည်းအပိုထည့်ရန်ရှိသေးလျှင် ကျောပိုးအိတ်ထဲတွင်ထည့်သွား၍ရသည်။ နှစ်ယောက်သည်အတူနေလာခဲ့သည်မှာကြာခဲ့ပြီဖြစ်သောကြောင့် သီအိုရီအရ ပုဂ္ဂိုလ်ရေးရာခွဲခြားရန်မည်သည့်အရာမျှမရှိသင့်တော့ချေ။

သို့ပါသော် ရုန်ယီကလက်မခံ။ လေးစားမှုဖြင့်သူတို့၏ပစ္စည်းများကိုတစ်အိတ်စီခွဲရန်တောင်းဆိုသည်။

၎င်းကချန်းခယ့်ယောင်ကို တဖြည်းဖြည်း မမြင်တွေ့ချင်သလိုခံစားလာရစေသည်။

ခုခံပြောနိုင်ရန် သူသည်ရုန်ယီ ခရီးဆောင်အိတ်များကိုခွဲထုတ်နေစဉ်စောဒကတက်ပြနေပြီး ၎င်းကရုန်ယီကိုသူ့အားကော်လံမှဆွဲကာအပြင်ဘက်မောင်းထုတ်ရန်ဖြစ်လာစေသည်။

ရုန်ယီ၏ပိတ်ထားသောအခန်းတံခါးကိုကြည့်ကာ ချန်းခယ့်ယောင်ကဒေါသထွက်ကာဝမ်းနည်းပြီး အားကိုးရာမဲ့နေသလိုခံစားရသည်။

"ရုန်ယီ၊ အဲဒီကနေသေချာနားထောင်!"

သူအပြင်ဘက်မှအော်ဟစ်နေသည်၊ "မင်းလုပ်ခဲ့တာအတွက်ဒီနေ့ညပြန်ပေးဆပ်ရမယ်!"

သူ၏အရှေ့တံခါးက အနည်းငယ်ဟလာသည်။

ရုန်ယီကကိုယ်တပိုင်းမှီကာ: "သောက်ရေးမပါတာတွေလုပ်မနေနဲ့! အဝတ်တွေသွားထည့်တော့၊ ပြီးရင်ငါလာစစ်မယ်"

စစ်ဆေးပွဲကိုလည်းမအောင်မြင်ချေ။

"မင်းမျက်နှာသုတ်ပဝါတွေ၊ သွားတိုက်တံတွေမယူတော့ဘူးလား"

ရုန်ယီသည် သူ၏ခရီးဆောင်အိတ်အလွတ်ကိုအကြီးအကျယ်ဒေါသထွက်နေပုံဖြင့်မျက်မှောင်ကြုတ်ကြည့်နေသည်: "မင်းကအတွင်းခံလေးနှစ်ထည်ပဲယူသွားပြီးတော့ တလှည့်စီဝတ်မှာလား"

သည်တစ်ကြိမ် နွေဦးပွဲတော်အတွက် ရုန်ယီ၏မိသားစုအိမ်ကိုပြန်ခဲ့ကြလင့်ကစား ရုန်ယီ၏အခန်းမှာတက္ကသိုလ်တက်တည်းကမနေတော့၍စတိုခန်းဖြစ်နေခဲ့သည်မှာကြာပြီ။ လူကြီးနှစ်ယောက်အား မနှောင့်ယှက်မိဘဲ အေးအေးလူလူနေနိုင်ရန်နီးရာဟိုတယ်ကိုကြိုတင်မှာထားခဲ့ကြပြီးပြီ။

"ဟိုတယ်မှာအကုန်ရှိတာပဲ၊ ဘာလို့မင်းဟာမင်းအများကြီးယူသွားမှာလဲ"

"ဟိုတယ်ကမျက်နှာသုတ်ပဝါတွေကမသန့်ဘူး
...ခွက်တွေရောပဲ၊ အဲဒါကြောင့် ငါတစ်ခါသုံးပလက်စတစ်ခွက်လေးနည်းနည်းယူလာတယ်၊ ပိုရင်မင်းနဲ့မျှသုံးမယ်"

ချန်းခယ့်ယောင် မျက်မှောင်ကြုတ်၍: "တကယ်တော့မဟုတ်ဘူး...မင်းအဲဒီမှာဝယ်လို့လည်းရတယ်၊ ဒုက္ခရှာလို့ကွာ"

"မင်းမျက်နှာသုတ်ပဝါအသစ်ကိုသေချာမလျှော်မချင်းသုံးလို့မရဘူး...မင်းကတကယ်ကိုညစ်ပတ်တာပဲ...မင်းမှာဘာလို့ညအိပ်ဝတ်စုံတောင်မရှိတာလဲ"

 ချန်းခယ့်ယောင်သည်ဘေးတွင်သာရပ်နေပြီး ရုန်ယီကသူ၏အဝတ်အစားထည့်သည့်သေတ္တာထဲသို့ တစ်ခုချင်းဖြည့်နေသည်ကိုသာကြည့်နေနိုင်သည်။

"ထမင်းငတ်မယ့်ဘေးကနေမလွတ်မြောက်နိုင်ဘူး"

သူမတတ်နိုင်ဘဲရေရွတ်မိသည်။

"ဟေး...မင်းဒါကိုယူလာဖို့တော့သတိရသေးတယ်ပေါ့"


ရုန်ယီသည် သူ၏အဝတ်အစားသေတ္တာထောင့်မှပုလင်းသေးလေးကိုဆွဲထုတ်ကာရယ်လိုက်သည်။
၎င်းက အောက်ခံမိတ်ကပ်ပုလင်းပင်။

ချန်းခယ့်ယောင်၏မျက်နှာပေါ်မှ အနာရွတ်သည်မှိန်နေပြီဖြစ်၍မျက်နှာချင်းဆိုင်စကားပြောမှသာမြင်ရသည်။ သို့သော် ချန်းခယ့်ယောင်ကအနည်းငယ်စိုးရိမ်နေသေး၍ နေရာစုံတွင်မေးမြန်းကြည့်ပြီးနောက် ပုလင်းတစ်လုံးကိုဝယ်လာနိုင်ခဲ့သည်။ သူအကြိမ်အနည်းငယ်စမ်းသပ်ကြည့်သည်၊ သူ၏လက်ညိုးပေါ်သို့အစက်အနည်းငယ်ချကာ အနာရွတ်ပေါ်လိမ်းကြည့်သည်။

ရုန်ယီ၏စကားမှာ: "တစ်ယောက်ယောက်က မင်းအနားကိုကပ်လာပြီးမင်းကိုမနမ်းသရွေ့ သိသာတဲ့ပြဿနာမျိုးမဟုတ်ပါဘူး"

လောကကြီးတွင် လူတစ်ယောက်တည်းကသာအဆိုပါပြဿနာ၏အဖြေကိုရှာတွေ့လိမ့်မည်။

"မင်းကကိုယ်နဲ့လက်ထပ်ထားတယ်ဆိုတာကိုအခြားသူတွေသိအောင်ကြိုးစားချင်ရုံပါ"

ရုန်ယီကရယ်ပြီး ရုတ်ချည်းခေါင်းစဉ်ပြောင်းလိုက်သည်။

"ထောင့်မှာအဲဒီလိုမျိုးထိုးထည့်ထားတာကိုပြောချင်တာ၊ ကျိုးပဲ့သွားရင်ဘယ်လိုလုပ်မလဲမင်းတွေးကြည့်ဖူးလား...မင်းကတကယ်ကိုစိတ်ပူနေရတာပဲ"

ချန်းခယ့်ယောင်ကရုန်ယီ၏ခေါင်းပေါ်မှမိုးကြည့်နေပြီး တစ်ခါကသူ၏သူငယ်ချင်းတစ်ယောက် မတော်တဆမှုဖြစ်ကြောင်းဖုန်းထဲမှကြားခဲ့ရဖူးသလို သူ၏အသံကအလွန်ညင်သာနေသည်။ 

"ကိုယ်ကအချိန်တစ်ခုရောက်ရင် ကလေးယူဖို့အကြောင်းတွေးနေတာမဟုတ်ပါဘူး၊ အင်း...တစ်ချက်တော့ရှိတယ်၊ ဒါပေမဲ့...တကယ်တော့လေ....အခုကိုယ်ဒီကလေးကြီးတစ်ယောက်ကိုထိန်းနေရတာနဲ့တင်အတော်လေးပင်ပန်းနေပြီ၊ နောက်ထပ်ကလေးသေးသေးလေးတစ်ယောက်ကိုတွေးကြည့်တာနဲ့တောင်ကြောက်တယ်၊ မဟုတ်ဘူး၊ဒီလူကကူညီပေးနိုင်မယ်လို့မင်းထင်လား၊ ဟေး...သူကဘယ်လိုလူလဲဲဆိုတာအကြောင်းမဟုတ်ဘူး၊ကူညီချင်တယ်ဆိုရင်တောင်ကိုယ်ကတော့ကူညီခွင့်မပေးနိုင်ဘူး၊ သူနောက်ထပ်ပြဿနာမရှာသရွေ့အဆင်ပြေတယ်"

ချန်းခယ့်ယောင်သည် အမှားကြီးလုပ်မိသည့်နှယ်ခံစားရသည်။

သူရုန်ယီကိုမသိခင် နှစ်များစွာကျန်းမာသန်စွမ်း၍ကြီးပြင်းလာခဲ့သည်၊သို့သော် သူသာဘဝတွင်နုံအသူဖြစ်နေခဲ့ပါက ရုန်ယီကသူ့ကိုထုတ်ပြောထားပြီးလောက်ပြီ။

အနည်းဆုံး သူ့တသက်မှာဒီနေ့အထိ မီးဖိုချောင်ကိုပြာကျအောင်တော့မလုပ်ခဲ့ဘူးလေ၊ ဟုတ်တယ်မလား?

သူတို့ကလေးယူရန်တစ်ခါမှမပြောခဲ့ကြသည့်တိုင် ချန်းခယ့်ယောင်၏အမြင်ကရုန်ယီနှင့်တူသည်။

သူတို့သည်အလွန်ချစ်ကြသည့်ဘီတာစုံတွဲတစ်တွဲကိုသိကြသည်၊ ထို့နောက်ခင်ပွန်းဖြစ်သူသည် ကလေးတစ်ယောက်ရပြီးသည်နှင့်စိတ်ဖိစီးလာသည်။

"ငါသူ့အပေါ် တစ်ရာရာခိုင်နှုန်းချစ်ခဲ့ပါတယ် အခုတော့အများဆုံးမှဆယ်ရာခိုင်နှုန်းပဲရှိတော့တယ်၊ မင်းသိလား"

သူချန်းခယ့်ယောင်ကိုရင်ဖွင့်နေခဲ့သည်၊ "သူနေ့တိုင်း သူ့သားနဲ့အိပ်တယ်၊ ကလေးကသူ့ကိုမမြင်တော့ငိုတယ်၊ သူ့စိတ်ထဲမှာသူ့သားကနံပါတ်တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး အခုနေရာလွတ်တောင်မရှိတော့ဘူး၊ ငါကဘယ်မှာလဲ၊ ငါလည်းမသိတော့ဘူး"

ချန်းခယ့်ယောင်သည် ထိုနေရာတွင်သူ့ကိုယ်သူစိတ်ကူးကြည့်လိုက်ပြီးတုန်လှုပ်သွားလေသည်။

ပြန်လည်စဉ်းစားကြည့်သည်တွင်ယခုကဲ့သို့ တနေကုန်ရုန်ယီ၏တကျည်ကျည်အလုပ်ခံနေရသည်ကသာ၍ကောင်း၏။

မည်မျှပင် နေ့အချိန်၌စိတ်ဆတ်နေခဲ့ပါစေ၊ ရုန်ယီသည် ညဘက်တွင်သူ၏အမှားကိုဝန်ခံရစမြဲ။ 

အနှီသူကတကယ်ကိုကောင်းမွန်လာသည်။ ချစ်စရာကောင်းကာ လူကိုတွယ်ကပ်တတ်လာသည်။ သင်သူ့ကို အချိနအလအလောက်ပေး၍မရပ်မနားချော့မော့ပြောလျှင်သင်ပြောချင်သည့်မည်သည့်အရာမဆို ပြောလာလိမ့်မည်။ အလွန်ကိုချစ်စရာကောင်းသည်။ 

ဤသည်မှာ ချန်းခယ့်ယောင်သည်ရုန်ယီ၏၏မိသားစုနှင့်အတူ နွေဦးပွဲတော်တွင်မနေချင်ရသည့်အကြောင်းအရင်းပင်။

အနာဂတ်၌သူတို့ထံတွင်ကလေးများရှိလာခဲ့ပါမူ အချိန်မည်မျှခံမည်လဲဘုရားပင်သိရန်မသင့်တော်ချေ။ ချန်းခယ့်ယောင်သည် ၎င်းနစ်နာချက်များကိုလက်ရှိတွင် သည်းခံနိုင်မည်ဟုမထင်ထားပေ။

သူတို့သည် နွေဦးပွဲတော်အတွက်လေယာဉ်လက်မှတ်နှစ်စောင်ကိုဝယ်ထားခဲ့ကြသည်။

နေ့လည်အချိန်တွင်လေယာဉ်ဆိုက်ပြီး ရုန်ယီ၏အမေဖုန်းခေါ်ဆိုချိန်တွင် သူတို့၏ခရီးဆောင်အိတ်များနှင့်ဟိုတယ်သို့သွားရန်ပြင်နေကြသည်။ 

သူမက အိမ်တွင််မိသားစုဝင်အများကြီးရောက်နေကြ၍ ပြင်ဆင်ထားလျှင်ကောင်းမည်ဟုပြောလေသည်။

ချန်းခယ့်ယောင်ကထိတ်လန့်သွားသည်။
အနှီသူသည် သူ၏မိဘများထံမှတစ်ကြိမ်ထောက်လှမ်းခံရပြီးနောက်ဝါရင့်နေပြီဟုယူဆနိုင်သည်။

သို့သော် ယောက္ခမဖြစ်သူ၏ဖုန်းထဲမှအသံကိုဆန်းစစ်ကြည့်လျှင် သူသည်မိသားစုကြီးတစ်ခုနှင့်ပတ်သက်ရတော့မည်ဟုထင်မြင်ရသည်။

သူသည်စိတ်ဖိစီးလာပြီး ချက်ချင်းအစာအိမ်ဆေးကိုပင်ထုတ်သောက်ရတော့မည်ဟုထင်ခဲ့သည်။
ထို့နောက် ရုန်ယီကသူ့ထက်ပို၍စိတ်လှုပ်ရှားနေသည်ကိုတွေ့လိုက်ရ၏။

လက်ဆွဲအဝတ်သေတ္တာကို သူနှင့်ဘေးတိုက်ဆွဲနေသောဤလူသည်သွားနေရာမှရုတ်ချည်း သူ၏လက်မောင်းကိုလှမ်းချိတ်လာသည်။

"နောက်ပြီးကျရင် ငါ့အကြောင်းအများကြီးပိုပြောပေးဖို့မမေ့နဲ့နော်"

နီရဲနေသောမျက်နှာနှင့်ရုန်ယီသည် သူ၏နားထဲသို့ကပ်ပြောလာသည်။ချန်းခယ့်ယောင် တဒင်္ဂအေးခဲသွားကာခေါင်းညိတ်လေ၏။

"အထူးသဖြင့် ဆံပင်ကောက်ကောက်နဲ့အမျိုးသမီးကိုတွေ့ရင် မင်းပြောသင့်တာက...ပြောသင့်တာ..."

ရုန်ယီသည် မျက်ခုံးများတွန့်ကွေးကာမှန်ကန်သောစကားလုံးအားရရန်ကြိုးစားသည့်တိုင် အဖြေထွက်မလာတော့။

"ရပါတယ်၊ မင်းကိုယ့်ကိုတွေးထားသလိုပြောလို့ရတယ်...ကိုယ်အလုပ်ဖြစ်အောင်ကြိုးစားကြည့်ပါ့မယ်"

ရုန်ယီကသူ့ကိုဖျတ်ကနဲကြည့်ကာ: "ကျေးဇူးပြုပြီး ပုံကြီးတော့မချဲ့ပါနဲ့"

ချန်းခယ့်ယောင်ကား သူပုံကြီးချဲ့နေသည်ဟုမထင်ပေ။
ရောက်သွားပြီးနောက် သူဖြစ်ပျက်နေသမျှကိုအမြန်သိလိုက်ရသည်။ရုန်ယီပြောခဲ့သူက သူ၏အဒေါ်ဖြစ်ပြီး ရုန်ယီနှင့်အတော်လေး မတူညီသည့်အိုမီဂါ သားတစ်ယောက်ရှိသည်။ ရုန်ယီထက်ငယ်ရွယ်ပြီး ကလေးကချောမောသည်၊ စကားပြောညင်သာကာထိခိုက်လွယ်မည့်ပုံပေါ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် အနှီသူသည်ချန်းခယ့်ယောင်အတွက်အလှအပကိုလုံးလုံးလျားလျားနားမလည်နိုင်ဖွယ်ပင်။

သို့သော်ငြား ၎င်းကပုံသွင်းထားပြီးသော လူအများစု၏အိုမီဂါများနှင့်ပုံသေကားကျဖြစ်နေပြီဟုဆိုလိုသည်။ စကားပြောချိန်တွင် ချန်းခယ့်ယောင်သည် အနှီအဒေါ်သည် ရုန်ယီအပေါ်အတော်လေးလွှမ်းမိုးနိုင်သည်ကိုသိလိုက်သည်။

"မလွယ်ဘူးနော် ရှောင်ချန်း၊ အယ်လ်ဖာတစ်ယောက်အတွက်နဲ့သူ့အပေါ် အမှားလုပ်လိုက်ရတာလေ"

ဆိုဖာတွင်ဝိုင်းထိုင်နေပြီး နေကြာစေ့စားကာအခြားသူများနှင့်စကားပြောနေစဉ် သူမသည်ချန်းခယ့်ယောင်ကိုပြောလာခဲ့ခြင်းဖြစ်သည်။

ချန်းခယ့်ယောင်ကချက်ချင်း လည်ချောင်းရှင်းလိုက်သည်။

"ဘာလို့လဲ! သူကအရမ်းကိုချစ်စရာကောင်းတာပဲ၊ ဘာလို့ဘယ်သူမှနားမလည်နိုင်ကြတာလဲ၊ သူအယ်လ်ဖာဖြစ်နေရင်တောင် ကျွန်တော်စိတ်ထဲထားမှာမဟုတ်ဘူး၊ သူကလက်ဖျားခါလောက်တဲ့လူပါ၊ သူ့လိင်အမျိုးအစားကဘာဖြစ်ဖြစ်ကျွန်တော်ဂရုမစိုက်ဘူး"

ပြောပြီးသည့်နောက် သူလုပ်သည်မှာအလွန်ကောင်းသည်ဟုထင်သွားပြီး ချက်ချင်းပင်ရုန်ယီကိုပြုံးလျက်လှည့်ကြည့်ကာ ဆုတစ်ဆုရရန်ကြိုးပမ်းလိုက်သည်။

သို့တိုင် ရုန်ယီကသူ၏နဖူးကိုအုပ်ထားပြီး
သူချန်းခယ့်ယောင်တစ်ယောက်သာမြင်နိုင်မည့်နေရာမှ မျက်လုံးကပ်ကြည့်လိုက်သည်။

ချန်းခယ့်ယောင်ကလူအုပ်ကြီးရှေ့တွင်သာ သူ၏လက်ကိုဆွဲကာလက်ချောင်းများအချင်းချင်းလိမ်ယှက်၍ လူတိုင်းကိုပြုံးပြလိုက်သည်။

အဒေါ်ဖြစ်သူက သံသယဝင်သွားပြီးတစ်ခုခုကိုသတိရသွားသည်: "နင်တို့ကြားပြီးကြပြီလား၊ နွေဦးပွဲတော်အတွက် အိမ်ပြန်လာဖို့ လူတွေကိုဒိတ်ငှါးပေးတဲ့အွန်လိုင်းလုပ်ငန်းရှိတယ်တဲ့၊ ငါတော့အမှန်လို့မထင်ဘူး"

"အို့"

ရုန်ယီက သူမကိုမေးကြည့်လိုက်သည်။

"နွေဦးပွဲတော်ဒိတ်မှာ ကျွန်တော့်ယောကျ်ားနဲ့တူတဲ့လူကိုငှါးဖို့ဘယ်လောက်ပေးရမလဲ"

ချန်းခယ့်ယောင်ကအနည်းငယ်ရယ်လိုက်သည်။

"ကိုယ်ကငှါးဖို့မဟုတ်ပါဘူး၊ မင်းနဲ့အတူနှစ်ယောက်တည်းအိမ်ပြန်မှာပါ"

အမျိုးသမီး၏မျက်နှာက ထူးဆန်းနေဆဲဖြစ်သည်ကိုတွေ့ရသည့်အခါ သူသည်ကိုယ်ကိုဘေးယိမ်းပြီး ရုန်ယီ၏ပါးပြင်ပေါ်အနမ်းချွေလိုက်သည်။

အခန်းယူထားသည့်ဟိုတယ်ကရုန်ယီ၏အိမ်အနားတွင်သာရှိသည်။

လက်ချင်းတွဲထားလျက် ရုန်ယီသည် ဟိုတယ်ပြန်သည့်လမ်းတလျှောက်တွင်မပျော်ပေ။

"သူမယုံတာသေချာတယ်...ငါက ပြီးပြည့်စုံတဲ့ပါတနာကိုမရှာတွေ့နိုင်ဘူးလို့ သူထင်နေတာ"

ချန်းခယ့်ယောင်ကအလွန်ပျော်နေသည်။ 

"ဒီလိုမျိုးပြီးပြည့်စုံတဲ့ပါတနာမျိုးလား"

ရုန်ယီကသူ့ကိုတစ်ချက်ကြည့်ပြီး ရုတ်တရက် မျက်နှာကနီရဲလာသည်။

"တစ်ချက်ကြည့်တာနဲ့ မျက်စိမှောက်သွားလောက်အောင်ပြီးပြည့်စုံတဲ့ပါတနာလား"

"....."

ချန်းခယ့်ယောင်ကသူ့ကိုတိတ်တဆိတ်ကြည့်လိုက်သည်။

ရုန်ယီကသူ့အား နားထဲသို့တီးတိုးမပြောခင် စက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းနေခဲ့သေးသည်။

"သူကအရမ်းတွေမနာလိုဖြစ်နေတာ"

ချန်းခယ့်ယောင်ကတိတ်ဆိတ်နေသည်ကိုမြင်သည့်အခါ သူအသံတိမ်တိမ်ဖြင့် ထပ်ဖြည့်ပြောလိုက်သည်။

"သူ့မျက်လုံးတွေကနီရဲနေတာပဲ ဘာလို့လဲဆိုတော့ ငါ့မှာဒီလိုကောင်းတဲ့ပါတနာရှိနေလို့"

ချန်းခယ့်ယောင်ကသူ့အားပွေ့ဖက်ကာ ပါးကိုနမ်းလေသည်။

"မင်္ဂလာဆောင်ဖိတ်စာပို့လိုက်တဲ့အချိန်ကျရင် သူယုံမှာပါ"

သူ ရုန်ယီကို အပြုံးတစ်ပွင့်နှင့်ပြောလိုက်လေ၏။