Chapter 82
ချစ်သူများနေ့မရောက်သေးဘူးလေ-2
ငယ်စဉ်တည်းက ချန်းခယ့်ယောင်သည် မိဘဘက်မှဆွေမျိုးများနှင့်လည်း ရင်းနှီးခဲ့ခြင်းမရှိပေ။
သူ၏အဖေမှာတစ်ဦးတည်းသောသားဖြစ်ကာ အဘိုးဖြစ်သူဆုံးပါးသွားခဲ့သည်မှာကြာခဲ့ပြီး ဆွေမျိုးညာတကာတို့မှာနှစ်များစွာမျက်နှာမမြင်တွေ့ရဘဲရှိခဲ့သည်။ ကလေးအရွယ်တွင် သူသည်အမေဘက်မှဆွေမျိုးများနှင့်သာမကြာခဏတွေ့ဆုံခဲ့ရစေကာမူ အစ်မလန်ကကွာရှင်းပြီးနိုင်ငံခြားတွင်အခြေချသည့်အခါ နွေဦးပွဲတော်တွင်နှုတ်ခွန်းဆက်စကားပြောရုံအထိသာအဆက်အသွယ်ရှိခဲ့သည်။
အတိတ်တွင်သူသည်အနှီပြဿနာကို နားမလည်နိုင်ခဲ့သည့်တိုင် ရုန်ယီနှင့်အိမ်ပြန်လာသည့်အခါမှ မိသားစုလိုက်လူအုပ်ကြီးရှိနေပြီး နွေဦးပွဲတော်တွင်အလုပ်များနေကြသည်ကိုတွေ့ခဲ့ရသည်။
နွေဦးပွဲတော်တွင် မိသားစုဝင်အားလုံးကရုန်ယီ၏မိခင်ဘက်မှဖြစ်ကြသည်။ နွေဦးပွဲတော်၏ပထမနေ့တွင် သူတို့သည်ရုန်ယီ၏ဖခင်ဘက်မှညီအစ်ကိုမောင်နှမများနှင့် မိသားစုညစာစားရမည်။ ၎င်းကညစာစားပြီးနောက် နှစ်ဖက်တွေ့ဆုံခြင်းကအဆုံးသတ်ပြီဟုသူထင်မြင်ခဲ့သော်ငြားရုန်ယီ၏ဖခင်ဘက်မှဆွေမျိုးများက နေ့တိုင်းထမင်းတစ်နပ်ကျွေးရန်ဖိတ်ခေါ်မည်ဟုမထင်ထားခဲ့ပေ။
ချန်းခယ့်ယောင်သည် ရက်အနည်းငယ်ကြာသူတို့နှင့်ညစာစားပြီး လေ့ကျင့်ခန်းလုပ်ရန်အချိန်မရတော့၍ ကိုယ်အလေးချိန်များတိုးလာတော့၏။
နွေဦးပွဲတော်၏ငါးရက်မြောက်နေ့တွင် သူသည်ဂျက်ကပ်ကိုချွတ်ကာမှန်ရှေ့တွင်ခဏကြာအောင်လှည့်ပတ်ကြည့်ပြီး ရုန်ယီကိုရေချိုးခန်းတွင်းသို့ခေါ်သည်။
"ကိုယ့်ခါးကတုတ်လာတယ်လို့ထင်လား"
ရုန်ယီသည် နှစ်ခါခန့်စစ်ဆေးကြည့်ပြီးရယ်မောသည်။ ပြုံးလျက်သူ့ထံလျှောက်လာကာ လက်ဆန့်ထုတ်သည်။
"မသိသာပါဘူး၊ ငါစမ်းကြည့်မယ်"
ထို့နောက်နှစ်ယောက်သား ရေအတူချိုးလိုက်ရခြင်းဖြင့်အဆုံးသတ်သွားသည်။
ရုန်ယီ ရေချိုးခန်းထဲသို့ဝင်လာစဉ်က အဝတ်များယူမလာမိ၊ ထို့အပြင်ပင်ပန်းနေ၍ ချန်းခယ့်ယောင်ကသာသူ့အားပွေ့ချီကာ အခန်းတွင်းသို့သယ်လာခဲ့ရသည်။
ရုန်ယီ ပြောင်ရှင်းနေသောလက်များကိုချန်းခယ့်ယောင်၏လည်ပင်းတွင်တွယ်ချိတ်ထားပြီး မျက်နှာကိုအနှီသူ၏လည်တိုင်တွင်အပ်ထားကာတီးတိုးပြော၏။ : "မင်းဘယ်လိုလုပ်အရမ်းအားရှိနေရတာလဲ"
ထို့ကြောင့် ချန်းခယ့်ယောင်မှာထွက်လာတော့မည့် "မင်းလည်းဝိတ်တက်လာတာပဲ" ဆိုသောစကားကို ပြန်လည်မြိုချလိုက်ရသည်။
လေထုမှာ ချိုမြိန်ကာနူးညံ့နေပြီး နောက်တဖန်ချစ်တင်းနှောရန်အသင့်တော်ဆုံးအချိန်အခါပင်၊ သို့ထိတိုင် ချန်းခယ့်ယောင်သည်တည်ကြည်သောလူတစ်ယောက်ပမာ ဟန်ဆောင်နေသည်။
သူရုန်ယီကိုအိပ်ရာပေါ်ချပေးပြီးနောက် အခန်းထောင့်မှအဝတ်အစားအိတ်ထံသို့သန့်စင်သောနှလုံးသားနှင့်ရမ္မက်မရှိသောပုံဖြင့်သွားကာ "ကိုယ်မင်းအတွက်ညအိပ်ဝတ်စုံယူပေးမယ်"
ရုန်ယီကစောင်းကြည့်ကာ ခေါင်းညိတ်ပြသည်၊ သို့သော် ဘာကြောင့်ရယ်မသိ ချန်းခယ့်ယောင်အဝတ်အစားအိတ်ကိုဖွင့်လိုက်သည့်အချိန်တွင် သူရုတ်ချည်းနိုးလာပြီးအိပ်ရာပေါ်မှထလာသည်။
"ရပ်လိုက်...ထားလိုက်တော့၊ ငါ့ခရီးဆောင်အိတ်နားမကပ်နဲ့!"
ချန်းခယ့်ယောင်ခမျာ သူ့ကြောင့်လန့်သွားရရှာသည်။
ရုန်ယီသည်အိပ်ရာမှထလာပြီး ဖင်ပြောင်နှင့်လျှောက်ပြေးနေလျှင်အရှက်မရှိသလိုဖြစ်နေမည်မှန်းသိသွားကာ ဂွမ်းကပ်စောင်ကို မ ၍ သူ၏ကိုယ်ပေါ်ခြုံလိုက်သည်။ သူဂွမ်းကပ်စောင်တစ်ထည်နှင့် ဗရုတ်သုတ်ခဖြစ်စွာလာနေသည်ကိုတွေ့သည့်အခါ ချန်းခယ့်ယောင်၏မျက်ခုံးနှစ်ခုက ထိစပ်လုမတတ်ကျုံ့ဝင်သွားသည်။
"အထဲမှာဘာရှိလို့လဲ"
"ကိုယ်ရေးကိုယ်တာပစ္စည်း"
ရုန်ယီသည် ချန်းခယ့်ယောင်နှင့်ခရီးဆောင်အိတ်အကြားတွင်အတင်းဝင်ရပ်လိုက်သည်။
"ဘာမှကြည့်စရာမရှိဘူး"
ချန်းခယ့်ယောင်ကသူ့ကိုကြည့်ကာ: "ကိုယ်ကအဲဒါကိုယုံမယ်ထင်လား"
"....."
ရုန်ယီ နှုတ်ခမ်းကိုသပ်ကာ သိသာစွာဖြင့်မျက်လုံးအားတဝက်ခန့်မှေးစင်းလိုက်သည်။ ထို့နောက် ခေါင်းမော့ကာချန်းခယ့်ယောင်အားပြုံးပြ၏။
"ဟန်နီ၊ ငါညအိပ်ဝတ်စုံမဝတ်ချင်ဘူး"
ချန်းခယ့်ယောင်သည် အလွန်အပျင်းပြေသွားသည်။
'ငါကအရူးလုပ်ရလွယ်တဲ့ပုံများပေါ် နေလို့လား'
ရုန်ယီကသူ့အား အဝေးသိူ့ဆွဲခေါ်သွားရန်ကြိုးစားလိုက်သည်။ အနှီသူကိုရွေ့လာအောင်မလုပ်နိုင်သည်တွင် မှီတွယ်ကာမျက်နှာအားနမ်း၍: "သွားရအောင်"
"အဲဒါကဘာကြီးလဲ"
ချန်းခယ့်ယောင်သည်အလွန်တရာပြတ်သားနေ၏။
ရုန်ယီ သူ့နှုတ်ခမ်းများကိုဖိလိုက်သည်။
"မင်းတစ်ခုခုကိုဝှက်ထားတယ်လို့ကိုယ်ထင်တယ်"
ချန်းခယ့်ယောင်ကသူ့ကိုစိုက်ကြည့်၍ ပြောလိုက်သည်
"ငါသိသားပဲ"
ရုန်ယီမှာ ညည်းတွားလေတော့၏။
"မင်း ကောင်းကောင်းနေပြီးလိမ္မာပါ့မယ်ဆိုတာ အလိမ်အညာပဲ"
"ကိုယ်ကအရမ်းကောင်းခဲ့ပါတယ်၊ မင်းကိုယ့်ကိုမကိုင်နဲ့လို့ပြောတော့ကိုယ်ချက်ချင်းရပ်လိုက်တယ်လေ...ဒါပေမဲ့ မင်းကကိုယ့်ကိုတစ်ခုခုဖုံးကွယ်ထားတယ်၊ ကိုယ်မပျော်တာ..."
ချန်းခယ့်ယောင် စောဒကတက်လိုက်သည်
"ကိုယ်တကယ်ကိုမပျော်တာ"
ရုန်ယီ မျက်မှောင်ကြုတ်ကာစိတ်ထဲတွင် ခေတ္တကြာအောင်လွန်ဆွဲနေပြီး ရုတ်တရက်ဒေါသထွက်လာသည်။ သူဂွမ်းကပ်စောင်ကို မကာ ခရီးဆောင်အိတ်၏အဖုံးကိုကန်ဖွင့်လိုက်သည်။ အိတ်၏ထောင့်မှဘူးလေးတစ်ဘူးကိုထုတ်ကာ ချန်းခယ့်ယောင်အားပစ်ပေးလိုက်၏။
"စိတ်ကုန်ဖို့ကောင်းလိုက်တာ...ယူလိုက်၊ အခုအဆင်ပြေပြီလား"
ပြီးနောက် ချန်းခယ့်ယောင်တုံ့ပြန်လာမည်ကိုပင်မစောင့်တော့ဘဲ ဂွမ်းကပ်စောင်နှင့်အိပ်ရာသို့ပြန်သွားကာ မျက်နှာမှောက်လျက်နှင့်ခေါင်းအုံးပေါ်သို့ ယိုင်တိုင်တိုင်လှဲအိပ်လိုက်သည်။
ချန်းခယ့်ယောင်သည် တုံ့ပြန်ရာတွင်အနည်းငယ်နှေးကွေးသည်၊ ရင်ခုန်လျက်ဖြင့် လေးထောင့်ဘူးလေးအားငုံ့ကြည့်သည်။
"ကိုယ်ဖွင့်ကြည့်လို့ရလား"
သူရုန်ယီကို သတိထားမေးလိုက်၏။
ရုန်ယီကအသံကျယ်ကျယ်ဖြင့်တုံ့ပြန်သည်: "မရဘူး! ချစ်သူများနေ့မှဖွင့်ရမယ်"
"ဒါပေမဲ့ ကိုယ်ဖွင့်လိုက်ပြီ"
ဘူးထဲမှငွေလက်စွပ်လေးအားငုံ့ကြည့်ကာ ချန်းခယ့်ယောင်သည်သူ၏အသံက စိတ်ကူးထဲတွင်မျောနေသေးသည့်နှယ်ခံစားရသည်။
"ကိုယ်ဝတ်လို့ရလား"
"မရဘူး...အဲဒါမင်းအတွက် ချစ်သူများနေ့လက်ဆောင်"
"ဒါပေမဲ့ ကိုယ်ဝတ်လိုက်ပြီ၊ ဘယ်လိုလုပ်ရမလဲ"
ချန်းခယ့်ယောင်က အတွင်းဘက်တွင်စိန်ကွပ်ထားသည့်ပလက်တီနမ်လက်စွပ်ဖြင့်လက်ထပ်ခွင့်တောင်းခဲ့စဉ်က ၎င်းသည်နေ့စဉ်အငြင်းပွားစရာမရှိဘဲ ဝတ်ဆင်ရာ၌အဆင်ပြေစေရန်အတွက်ပင်။ ရုန်ယီကစတိုင်ကိုမကြိုက်၍လား သို့မဟုတ် ၎င်းအဓိပ္ပါယ်ကိုနှစ်သက်၍လားသေချာမသိခဲ့သော်ငြား ထိုနေ့တည်းကသူသည်၎င်းကို ဘယ်သောအခါမှမချွတ်ခဲ့ပေ။
သို့သော် လက်ထပ်ခွင့်တောင်းသည့်လက်စွပ်က လက်ထပ်လက်စွပ်နှင့်ကွဲပြားသည်။ ချန်းခယ့်ယောင်၏လက်ချောင်းကယခုအချိန်အထိအလွတ်ဖြစ်နေသေးသည်။ မကြာသေးခင်ကပင် သူတို့သည်နွေဦးပွဲတော်ကျော်သည့်အခါ ဆင်တူလက်စွပ်တစ်စုံဝယ်ကြရန်ပြောဖြစ်ကြသေးသည်။
ထိုအချိန်က ရုန်ယီသည်သူ၏လက်ချောင်းကိုကြည့်ကာ သူဤတစ်ခုကိုမချွတ်ချင်သည့်အကြောင်းပြောခဲ့ပြီး နောက်ပိုင်းတွင်နှစ်ခုကိုအတူဝတ်ချင်သည်ဟုပြောခဲ့ကြသည်။
ယခုမှပင် ချန်းခယ့်ယောင်သည် အနှီသူကတကယ်၎င်းကိုမချွတ်ချင်၍တူညီသည့်လက်စွပ်တစ်ကွင်းကိုဝယ်ခဲ့ခြင်းဖြစ်ကြောင်း သိသွားသည်။
၎င်းကမှ ဆင်တူလက်စွပ်ဖြစ်စေသည်။
သူသည် ရုန်ယီတစ်ယောက်သူ၏နှစ်လည်ဘောနပ်စ်များအကုန်လုံးကိုသုံးပစ်လိုက်ပြီဟုသံသယရှိနေသည်။
ချန်းခယ့်ယောင်သည် လက်စွပ်ကိုကြည့်နေစဉ်တွင် အရူးတစ်ယောက်ကဲ့သို့ရယ်နေပြီး ရုတ်တရက်ကံကောင်းသည့်နှယ်ခံစားရသည်။
သည်လူသည် ပိုက်ဆံကိုရေလိုသုံးသည့်နေရာတွင် အလွန်တော်၏။ယခုသူနှင့်အတူရှိနေ၍သာ တော်သေးသည်။ မဟုတ်ပါက အနှီသူသည်တကယ်ကို စိုးရိမ်ဖွယ်ရာပင်။
နွေဦးပွဲတော်ပြီးသည်နှင့် အယ်ဒီတာကသူ့နောက်လိုက်မလာခင် စာထပ်ရေးရန်ဆုံးဖြတ်လိုက်သည်။ သူဇာတ်လမ်းအသစ်ကိုအစပျိုးချင်သည်။ သူအဓိကဇာတ်ကောင်းကိုပင်ပုံစံချပြီးနေပြီ။
ဇာတ်လမ်းအဟောင်းကိုတော့၊ မေ့လိုက်တော့။
သူ အတွေးထဲတွင်အချိန်ကောင်းလေးပိုင်ဆိုင်နေရစဉ် အိပ်ရာထဲတွင်လှဲနေပြီး အဆင်မပြေဖြစ်နေသူမှာထပ်မစောင့်နိုင်တော့ပေ။
"မင်းဘာလုပ်နေတာလဲ"
ရုန်ယီကခေါင်းလှည့်လာပြီး သူ့အားစိုက်ကြည့်နေသည်။
သို့သော် ချန်းခယ့်ယောင်သည်သူ၏အကြည့်က ဟန်ပြသက်သက်မှန်းသိသည်၊ ၎င်းက သူရှက်နေသည်ကိုမပြချင်၍တစ်စုံတစ်ယောက်ကိုစိုက်ကြည့်ချင်ဟန်ဆောင်သည်ဟု သတ်မှတ်နိုင်သည်။ အပေါ်ယံတွင်ရက်စက်ခက်ထန်နေပြီး ဖုံးကွယ်ထားသည့်မျှော်လင့်ခြင်းများရှိသည်။
ရုန်ယီယခုမေးနေချင်နေသည်မှာ: မင်းကြိုက်တာလား၊ မကြိုက်တာလား၊ ပျော်တာလား၊ မပျော်လား
'ဒါပေါ့ ကိုယ်တကယ်ကြိုက်တယ် ပြီးတော့ တကယ်လည်းပျော်တယ်၊အခု လူနဲ့လက်စွပ်ကတသားတည်းဖြစ်သွားပြီ' ။ ချန်းခယ့်ယောင်သည်ပျော်ရွှင်နေပြီးအိပ်ရာပေါ်သို့ခုန်တက်သွားသည်။
ပျော်ပျော်ရွှင်ရွှင်ဖြင့် ရုန်ယီကိုနှစ်ကြိမ်နမ်းကာဖက်ထားလိုက်ပြီးနောက် ရုန်ယီ၏သေဘာထားမှာလည်း တမဟုတ်ချင်းပျော့ပျောင်းသွားသည်။
"အခုချစ်သူများနေ့လက်ဆောင်လည်းမရှိတော့ဘူး"
သူချန်းခယ့်ယောင်၏နားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။
"ကိစ္စမရှိဘူး၊ ကိုယ်..."
ချန်းခယ့်ယောင်သည်အရေးပေါ်ဘရိတ်အုပ်လိုက်လေသည်။
မကောင်းတော့ပေ။ သူသည်နွေဦးပွဲတော်အတွက်အလုပ်များနေပြီးချစ်သူများနေ့ရောက်တော့မည်ကိုမသိခဲ့။ Surprise လက်ဆောင်ကရခဲ့ပြီဆိုပေမဲ့ ပြန်ပေးစရာဘာမှမရှိသေးဘူး!
ရုန်ယီကတန်ဖိုးမထားဘူးဆိုပြီး ခံစားသွားရင်ဘယ်လိုလုပ်မလဲ?
ချန်းခယ့်ယောင် ပျာယာခတ်သွားပြီးဖုံးကွယ်နိုင်ရန် ရုန်ယီကိုပွေ့ဖက်ကာ ပိုနမ်းရှုံ့လိုက်သည်။
ရုန်ယီသည် အနှီသူ၏စိတ်ထဲတွင်ဘာတွေဖြစ်နေမှန်းမသိရှာ။ သူသည်ပူးပေါင်းလိုစိတ်အပြည့်ဖြင့်တုံ့ပြန်ခဲ့ပြီး လေထုသည်နောက်တဖန်ရမ္မက်ဆန္ဒများနှင့် နိုးကြားလာပြန်သည်။ ချန်းခယ့်ယောင်သည်နောက်တစ်ကြိမ် စပ်ယှက်ခြင်းက မနက်ဖြန်အချိန်ဇယားကိုသက်ရောက်မည်မဟုတ်ဟုတွေးနေစဉ်မှာပင် သူတွန်းထုတ်ခံလိုက်ရသည်။
ရုန်ယီ၏မျက်နှာကနီရဲနေသည်၊ သူ့အားတွန်းထုတ်လိုက်ပြီးသည့်နောက် ပုံမကျပန်းမကျနှင့်သူ့ကိုယ်ကိုထိန်းလိုက်ပြီး အိပ်ရာအစွန်းတွင်ကိုယ်ကိုကွေးကာ ကြမ်းပြင်ကိုမျက်နှာအပ်ပြီးသူ၏ပါးစပ်ကိုအုပ်ထား၏။
ချန်းခယ့်ယောင်သည်နှစ်စက္ကန့်ခန့် မျက်မှောင်ကြုတ်ကာရပ်နေသည်။
ဤသို့သောမြင်ကွင်းမျိုးက မကြာသေးခင်ကပင် သူတို့နှစ်ယောက်လုံး၌ဖြစ်ခဲ့ဖူးသည်။ အန်နေသောလူပုဂ္ဂိုလ်သာပြောင်းသွားခဲ့၏။
"မင်းအဆင်ပြေရဲ့လား"
ချန်းခယ့်ယောင်အိပ်ရာထဲမှထွက်ကာ သူ့အတွက်အမှိုက်ပုံးယူလာပေးပြီး ရေတစ်ခွက်ခပ်ပြီးပြေးလာသည်။
ရုန်ယီ နာကျင်နေရသည်ကိုမြင်သည့်အခါ သူ၏စိတ်အခြေအနေကရှုပ်ထွေးလာသည်။
ကိစ္စများအားလုံးအဆင်ပြေနေခဲ့သည်။ အနှီသူသည်အဘယ်ကြောင့်နမ်းနေသည့်အချိန်တွင် တွန်းထုတ်ရသနည်း။ အစားများသွား၍ကားမဖြစ်နိုင်သည်မှာသေချာ၏။
ရုန်ယီ မျက်ရည်များအပြည့်ဖြင့်လှမ်းကြည့်လိုက်သည်တွင် လူနှစ်ယောက်သည် ခဏကြာအောင်အပြန်အလှန်ကြည့်မိကြပြီး ရုတ်တရက် နှစ်ယောက်လုံး၏မျက်နှာများတောင့်တင်းသွားကြသည်။
တစ်ယောက်မှ စကားမဆိုမိကြချေ။
ချန်းခယ့်ယောင်၏နှလုံးသားလေးမှာ နောက်တစ်ကြိမ်လှိုင်းထလာပြန်သည်။
သူမည်သည့်လက်ဆောင်မှမပြင်ထားခဲ့သည်မှာမှန်၏၊ သို့သော် ဘုရားကသူတို့အား လက်ဆောင်ကြီးတစ်ခုပြင်ဆင်ပေးထားသည်ထင်၏။
"မင်းမနက်ဖြန်ဆေးရုံသွားချင်လား"
သူဂရုတစိုက်ဖြင့်မေးလိုက်သည်။
ရုန်ယီကား တံတွေးမြိုချလိုက်သည်၊ တောင့်တောင့်ကြီးခေါင်းညိတ်ပြပြီးအိပ်ရာထဲပြန်ခွေနေကာ သူ၏ခေါင်းကိုစောင်ဖြင့်အုပ်ထားလိုက်၏။
ချန်းခယ့်ယောင်ကစောင်ထဲဝင်ရန် အားကုန်သုံးကြိုးစားလင့်ကစားရုန်ယီကထွက်မလာတော့ပေ။